02/08/2026
ဆိုင်ကြီးဖွင့်ထားပြီး လက်ထိုင်ခါပြဖို့ ဝန်ထမ်းတွေကို လစာပေးထားတာများလား 😂
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီရှိ၊မရှိ ဆိုင်းဘုတ် ထောင်ထားသင့်ဟု ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဆို
ရာမညအသံ ဇူလိုင် ၃၁ ၊ ၂၀၂၆ ။
ဆီမရှိဘူး၊မရောင်းဘူးဆို ဆိုင်ဝမှဆိုင်းဘုတ်ထောင်ထားသင့်တယ်ဟု ကျိုက်မရောမြို့နယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ၎င်း၏လူမူကွန်ယက်စာမျက်နှာမှတဆင့်အကြံပြုပြောကြားသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပန့်ရောက်မှ သမီးရည်းစားပြောသလို ကပ်ပြီးဆီကုန်နေတယ်ပြောတယ်ဟု ဦးသန့်ဇော်ကဆိုသည်။
စက်သုံးဆီခွဲတမ်းကြောင့် ဆီဆိုင်တွေ ဆီထိန်းရောင်းကြတယ် ဟု ဦးသန့်ဇော်က ပြောကြားသည်။
မမှန်မကန်ပြုလုပ်နေတဲ့ဆီဆိုင်များကို အ ထောက်အထားနဲ့တိုင်ကြားနိုင်သည်ဟု ဦးသန့်ဇော်ကဆိုသည်။
ဆီဆိုင်တွေက ဆီမရောင်းတော့ ဟိုဆိုင်မှာရနိုးနိုးဒီဆိုင်မှာရနိုးနိုးဆိုပြီး လိုက်ထည့်ရတာ ဆိုင်ရတော့မှ ဆီကုန်နေတယ်ဆိုတော့ ကိုယ်မှာရှိတဲ့ ဆီကုန်သွားတာပဲအဖတ်တင်တယ် ဆီရှိ၊မရှိတရားဝင် ကြေညာထားသင့်တယ်ဟု အိုးဝေသုံးဘီးယာဉ် မောင်းတစ်ဦးက ပြောကြား သည်။
မွန်ပြည်နယ်အတွင်းစက်သုံးဆီပြတ်လပ်မှုမရှိ အောင်ဆောင်ရွက်လျှက်ရှိသည်ဟု မွန်ပြည် နယ်စွမ်းအင်ဝန်ကြီးဦးဇေယျာဦးမှ ပြောကြားထားသော်လည်း လက်ရှိတွင်စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများပြတ်လပ်လျှက်ရှိသည်။
ရာမညအသံ
၃၁၊၇၊၂၀၂၆။