ONEA EV TAXI

ONEA EV TAXI စွမ်းသူအောင် နှင့် ONEA တို့ ပူးပေါင်းဆောင်ရွက်သည့် ပဲခူး -ရန်ကုန် EV Taxi Group

09/10/2026

🚘⚡ OneA — ကားတွေထက် ပိုတဲ့အရာက ယုံကြည်မှုပါ။

ကားတစ်စီးချင်းစီရဲ့ နောက်ကွယ်မှာ
ကြိုးစားနေတဲ့ Team တစ်ခုရှိပါတယ်။ 💛

OneA ကို အားပေးယုံကြည်ကြတဲ့ မိတ်ဆွေတစ်ဦးချင်းစီကို လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိပါတယ်။ 🙏

OneA EV Taxi — Moving Forward Together. 💛

ပဲခူး ↔ ရန်ကုန် — ခရီးစဉ်စီစဉ်ထားပြီလား? 🚘⚡အလုပ်ကိစ္စနဲ့ ရန်ကုန်သွားမလား၊မိသားစုဆီ ပြန်မလား၊ဒါမှမဟုတ် ကိုယ့်ရဲ့ အရေးကြီး...
07/10/2026

ပဲခူး ↔ ရန်ကုန် — ခရီးစဉ်စီစဉ်ထားပြီလား? 🚘⚡

အလုပ်ကိစ္စနဲ့ ရန်ကုန်သွားမလား၊
မိသားစုဆီ ပြန်မလား၊
ဒါမှမဟုတ် ကိုယ့်ရဲ့ အရေးကြီးတဲ့ခရီးတစ်ခုအတွက်လား—

OneA EV Taxi နဲ့ သွားလိုက်ပါ။ 💛

📍 ပဲခူး ↔ ရန်ကုန်
💰 ခရီးစဉ် 20,000 ကျပ်မှ စတင်
🕐 ၂ နာရီခြား ခရီးစဉ်များ
🚘 EV Taxi — သက်တောင့်သက်သာ၊ သန့်ရှင်းပြီး စိတ်ချရတဲ့ ခရီးစဉ်

ခရီးစဉ်အချိန်နဲ့ ထိုင်ခုံနေရာကို ကြိုတင်စီစဉ်ချင်ရင်—

📞 Booking: 09 695 181 833

ဒီနေ့ ဘယ်ကိုသွားမလဲ?
OneA နဲ့ သွားကြမယ်။ 💛⚡

တစ်နေ့တာရဲ့ ခရီးတိုင်းမှာ… 🚘💛တစ်ယောက်ယောက်အတွက်ကအလုပ်သွားဖို့ ခရီးတစ်ခု၊💼တစ်ယောက်ယောက်အတွက်ကမိသားစုဆီ အမြန်ပြန်ဖို့ ခရီး...
04/10/2026

တစ်နေ့တာရဲ့ ခရီးတိုင်းမှာ… 🚘💛

တစ်ယောက်ယောက်အတွက်က
အလုပ်သွားဖို့ ခရီးတစ်ခု၊💼

တစ်ယောက်ယောက်အတွက်က
မိသားစုဆီ အမြန်ပြန်ဖို့ ခရီးတစ်ခု၊🏡🧑‍🧑‍🧒‍🧒

တစ်ယောက်ယောက်အတွက်တော့
အရေးကြီးတဲ့ ချိန်းဆိုမှုတစ်ခု ⌚️⏳
ဖြစ်နေနိုင်ပါတယ်။

ခရီးတစ်ခုစီမှာ ရည်ရွယ်ချက်တွေ
မတူကြပေမယ့်
အားလုံးမှာ တူညီတဲ့ ဆန္ဒတစ်ခုတော့ ရှိပါတယ်။

🍀လိုရာခရီးကို အဆင်ပြေချောမွေ့ပြီး
စိတ်ချမ်းသာစွာ ရောက်ရှိသွားဖို့ပါ။❤️🚕✅

အဲဒီဆန္ဒလေးတွေကို နားလည်ထားတဲ့အတွက်

ကျွန်တော်တို့ OneA EV Taxi ကလည်း
ခရီးစဉ်တိုင်းကို အလေးထားပါတယ်။
☺️🙏✌️☺️

🚘 သန့်ရှင်းသပ်ရပ်တဲ့ ကားများ
⚡ သက်တောင့်သက်သာရှိတဲ့ EV ခရီးစဉ်များ
🤝 လေးစားမှုရှိတဲ့ ဝန်ဆောင်မှု
💛 ယုံကြည်စိတ်ချရတဲ့ ခရီးစဉ်အတွေ့အကြုံ

ကျွန်တော်တို့အတွက်
ခရီးသည်တစ်ယောက်စီဟာ
ခရီးစဉ်တစ်ခုထက် ပိုပါတယ်။ 🥰🙏

ပဲခူးမြို့ရဲ့ နေ့စဉ်ခရီးတွေမှာ OneA ကို ရွေးချယ်အားပေးကြတဲ့
မိတ်ဆွေတစ်ဦးချင်းစီကို
အထူးကျေးဇူးတင်ရှိပါတယ်။ 🙏💛

OneA EV Taxi
ခရီးတိုင်းမှာ သင့်အတွက်။ 🚘⚡

📞 Booking : 096 9518 1833

“OneA ရဲ့ ဈေးနှုန်းက ဘယ်လိုသတ်မှတ်ထားလဲ?”OneA ကို စီးနင်းကြတဲ့ Customer များအနေနဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီး မေးမြန်းလာတာတွေ...
22/09/2026

“OneA ရဲ့ ဈေးနှုန်းက ဘယ်လိုသတ်မှတ်ထားလဲ?”

OneA ကို စီးနင်းကြတဲ့ Customer များအနေနဲ့
ဈေးနှုန်းနဲ့ပတ်သက်ပြီး မေးမြန်းလာတာတွေ ရှိတာကြောင့်
ဒီအချက်လေးကို ရှင်းပြပေးချင်ပါတယ်။ ❤️

OneA မှာ သတ်မှတ်ထားတဲ့
ခရီးစဉ်ဈေးနှုန်း အတိုင်းသာ
ဝန်ဆောင်မှုပေးပါတယ်။

ခရီးစဉ်တစ်ခုအတွက် သတ်မှတ်ထားတဲ့ဈေးနှုန်းကို
ခရီးသည်တစ်ဦးချင်း၊ ယာဉ်မောင်းတစ်ဦးချင်းအလိုက်
မိမိသဘောအလျောက် ပြောင်းလဲကောက်ခံခြင်း မရှိပါဘူး။

ဒါကြောင့် OneA နဲ့ စီးနင်းပြီး
သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ပိုမိုကောက်ခံခံရတယ် ဆိုရင်—

📩 OneA Page Messenger
📞 OneA Hotline 09695181833
09695181844

ကနေ ခရီးစဉ်အချက်အလက်နဲ့အတူ ဆက်သွယ်ပေးပါ။

ကျွန်တော်တို့ တိတိကျကျစစ်ဆေးပေးပါမယ်။

နောက်တစ်ခုက ( ရုံးဖုန်း ဖြစ်တဲ့
📞 OneA Hotline 09695181833
09695181844 ) ကို ဆက်သွယ်ထားတာလားကိုလည်း ပြန်လည်စစ်ဆေးပေးပါနော် ။

ဈေးနှုန်းကို တစ်သတ်မတ်တည်းထားတာက
Customer တိုင်းကို အကောင်းဆုံး ဝန်ဆောင်မှု့ပေးချင်လို့ပါ။

OneA — One Standard. One Fare. ❤️⚡

တစ်ခါတလေ Brand တစ်ခုအကြောင်းကို Brand ကိုယ်တိုင်ပြောတာထက် Customer တွေပြောတာက ပိုအဓိပ္ပါယ်ရှိပါတယ်။ ❤️OneA ရဲ့ Post တွေမ...
20/09/2026

တစ်ခါတလေ Brand တစ်ခုအကြောင်းကို Brand ကိုယ်တိုင်ပြောတာထက် Customer တွေပြောတာက ပိုအဓိပ္ပါယ်ရှိပါတယ်။ ❤️

OneA ရဲ့ Post တွေမှာ Comment ရေးပေးကြတဲ့သူတွေ၊
အားပေးစကားပြောပေးကြတဲ့သူတွေ၊
အကြံပြုပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

Comment တစ်ခုချင်းစီကို ကျွန်တော်တို့ ဖတ်ပါတယ်။
Reply တစ်ခုချင်းစီကိုလည်း တတ်နိုင်သလောက် ပြန်ဖြေပါတယ်။

ဘာကြောင့်လဲဆိုတော့
OneA ကို တည်ဆောက်နေတာ
ကားတွေနဲ့တင် မဟုတ်ဘဲ
Customer တွေနဲ့အတူ တည်ဆောက်နေတာမို့ပါ။🙏🙏🙏

Thank You, Bago. ❤️⚡
✅TRUST BRAND = OneA EV ✅



📲09695181833
📲09695181844

📞⚡ လူတွေနဲ့ ဆက်သွယ်ပြောဆိုရတာ ဝါသနာပါသလား?Customer တွေရဲ့ လိုအပ်ချက်ကို စိတ်ရှည်စွာနားထောင်ပေးနိုင်ပြီး၊ ယဉ်ကျေးပျူငှာစွ...
13/09/2026

📞⚡ လူတွေနဲ့ ဆက်သွယ်ပြောဆိုရတာ ဝါသနာပါသလား?

Customer တွေရဲ့ လိုအပ်ချက်ကို စိတ်ရှည်စွာနားထောင်ပေးနိုင်ပြီး၊
ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်တဲ့သူတစ်ယောက်ဆိုရင်…

💚💛 OneA EV Taxi Team မှာ သင့်အတွက် နေရာတစ်နေရာ ရှိပါတယ်။

📞 ရာထူး —Customer Service & Call Operator

👤 လူဦးရေ — ၁ ဦး ( မ )

💰 အခြေခံလစာ — ၃၅၀,၀၀၀ ကျပ်မှ စတင်၍

📍 လုပ်ငန်းခွင် — ပဲခူးမြို့

• ဖုန်းဖြင့် Customer များအား ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်သူ

• Customer များ၏ လိုအပ်ချက်များကို စိတ်ရှည်စွာ နားထောင်ပြီး တိကျစွာ ပြန်လည်ဖြေကြားနိုင်သူ

• Phone Application များကို
အခြေခံအသုံးပြုနိုင်သူ

• အလုပ်ချိန်အတွင်း တာဝန်ယူမှုရှိပြီး အာရုံစူးစိုက်လုပ်ကိုင်နိုင်သူ

• ပြဿနာများကို စိတ်အေးအေးထား၍ ဖြေရှင်းနိုင်သူ

• Team နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်ကိုင်လိုသူ

💚 OneA မှာ ဘာကြောင့် လာလုပ်သင့်လဲ?

Customer Service & Call Operator ဆိုတာ
OneA EV Taxi ရဲ့ Customer တွေနဲ့
ပထမဆုံးထိတွေ့ဆက်သွယ်ရတဲ့
အရေးကြီးတဲ့သူ တစ်ဦးဖြစ်ပါတယ်။

Customer တစ်ယောက်ရဲ့
📞 ပထမဆုံးဖုန်းခေါ်ဆိုမှုကနေ
😊 နောက်ဆုံးကျေနပ်မှုအထိ…

သင့်ရဲ့ အသံ၊ သင့်ရဲ့ ပြောဆိုပုံ၊ သင့်ရဲ့ ဝန်ဆောင်မှုပေးပုံက OneA ရဲ့ Brand Image တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။

ဒါကြောင့် လူတွေနဲ့ ဆက်သွယ်ရတာကို နှစ်သက်ပြီး
“Customer ကို ကောင်းမွန်တဲ့ Service ပေးချင်တယ်” ဆိုတဲ့စိတ်ရှိသူဆိုရင် OneA Team ကို လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ 💚⚡

📞 အလုပ်လျှောက်ထားရန် အခုပဲ ဆက်သွယ်လိုက်ပါ။

09-695181833
09-695181844

📢 ဒီအလုပ်နဲ့ သင့်တော်မယ့်သူတစ်ယောက်ကို သိတယ်ဆိုရင် Mention / Share လုပ်ပေးလိုက်ပါ။

🚕 ONEA EV TAXI
🌱 Clean Energy • Better Tomorrow

07/09/2026

ကျယ်ဝန်းသန့်ရှင်းသော အဆင့်မြင့် ခရီးသွား ခံစားမှု့ ကို OneA EV Taxi ဖြင့် ရယူလိုက်ပါ ။

📲 09695181833
📲 09695181844

#ပဲခူး ရန်ကုန် EV Taxi
EV Taxi
# စီးလုံးငှါး
#တစ်ဦးချင်း
# EV Taxi
# Bz3X
# Toyota
# BYD

(Edit : 14.9.2026 )လုပ်ဖော်ကိုင်ဖက်ကောင်း ရသွားပါပြီ ။ ✌️ဝိုင်းဝန်း ဖြန့်ဝေ ပေးသူ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျ ။ 🙏🚨 Exc...
06/09/2026

(Edit : 14.9.2026 )လုပ်ဖော်ကိုင်ဖက်ကောင်း ရသွားပါပြီ ။ ✌️ဝိုင်းဝန်း ဖြန့်ဝေ ပေးသူ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျ ။ 🙏

🚨 Excel ကျွမ်းကျင်သော Accountant များအတွက် အလုပ်အကိုင်အခွင့်အရေးကောင်းတစ်ရပ် 🚨

စာရင်းဇယားများကို တိကျစွာ ကိုင်တွယ်နိုင်ပြီး Microsoft Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများအနေဖြင့် OneA EV Taxi ၏ လုပ်ငန်းခွင်တွင် ရေရှည်လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။

ရာထူး — Accountant (စာရင်းကိုင်)
လူဦးရေ — အမျိုးသမီး ၁ ဦး
အခြေခံလစာ — ၆၀၀,၀၀၀ ကျပ်မှ စတင်၍
လုပ်ငန်းတည်နေရာ — OneA EV Taxi ဟင်္သာကုန်း - ပဲခူးမြို့ ။

လျှောက်ထားသူများအတွက် လိုအပ်ချက်များ

• ကွန်ပျူတာအသုံးပြုမှု ကောင်းမွန်ရမည်။
• Microsoft Excel နှင့် Spreadsheet များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။
• LCCI အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။
• စာရင်းပိုင်းဆိုင်ရာ တိကျသေချာမှုရှိရမည်။
• တာဝန်ယူမှုရှိပြီး အလုပ်ကို စနစ်တကျ ဆောင်ရွက်နိုင်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်ကိုင်လိုစိတ်ရှိရမည်။

အထက်ဖော်ပြပါ လိုအပ်ချက်များနှင့် ကိုက်ညီပြီး OneA EV Taxi နှင့်အတူ ရေရှည်လက်တွဲလုပ်ကိုင်လိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်
09-695181833
09-695181844

အလုပ်အကိုင်အခွင့်အရေးနှင့် ကိုက်ညီသူများ၊ Accountant သို့မဟုတ် LCCI အောင်မြင်ထားသူများ သိရှိနိုင်ရန် မျှဝေပေးနိုင်ပါသည်။

ONEA EV TAXI
Clean Energy • Better Tomorrow

🌧️☔️မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ ပဲခူး-ရန်ကုန် သွားလာမယ့် မိဘပြည်သူများအတွက် လမ်းခရီး အဆင်ပြေချောမွေ့စေဖို့ OneA EV...
21/05/2026

🌧️☔️မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ ပဲခူး-ရန်ကုန် သွားလာမယ့် မိဘပြည်သူများအတွက် လမ်းခရီး အဆင်ပြေချောမွေ့စေဖို့ OneA EV Taxi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။✌️🥰

⛈️☔️မိုးရေထဲ လမ်းပေါ်ထွက်ပြီး ကားထွက်စောင့်စရာမလို
လူကြီးမင်းတို့ အိမ်ရှေ့အထိ

ပဲခူးမှ ရန်ကုန် - ရန်ကုန် မှ ပဲခူး

အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ဖြင့်(Door-to-Door)
လာရောက်ကြိုပို့ပေးမှာဖြစ်လို့
☔️☔️မိုးစိုမှာ ပူစရာမရှိတော့တဲ့အပြင် 🥰

OneA ရဲ့စံသတ်မှတ်ဈေးနှုန်း
✅ရှေ့ခန်း ၂၅,၀၀၀ ကျပ် /
✅နောက်ခန်း ၂၀,၀၀၀ ကျပ်)
✅စီးလုံးငှါး ၈၅,၀၀၀ ကျပ်
အတိုင်းသာ

စျေးနှုန်းအပြောင်းအလဲမရှိ 😇

စိတ်အေးချမ်းသာစွာဖြင့်
ခရီးသွားနိုင်ဖို့
ကျွန်တော်တို့မှ ဝန်ဆောင်မှု့ပေးပါရစေ🙏🫡

📞 Booking Hot Line: 09695181833

"

Address

185, THANATPIN Road
Bago
08011

Website

Alerts

Be the first to know and let us send you an email when ONEA EV TAXI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category