YBS လမ်းညွှန်

YBS လမ်းညွှန် YBS စီးသူတိုင်း သွားလိုရာခရီးကို လမ်းပြပေးမည့် YBS လမ်းညွှန် #လမ်းညွှန် #ရန်ကုန်
(1)

တကယ်ကို ချီးကျူးစရာကောင်းတဲ့ 128 ယာဥ်မောင်းကိုအောင်ဇော်ဟိန်းပါ။ကျွန်တော် YBS ကားမျိုးစုံစီးဘူးပါတယ်။ဒီအကိုလို ခရီးသည်တွေ...
23/08/2026

တကယ်ကို ချီးကျူးစရာကောင်းတဲ့ 128 ယာဥ်မောင်း
ကိုအောင်ဇော်ဟိန်းပါ။ကျွန်တော် YBS ကားမျိုးစုံစီးဘူးပါတယ်။ဒီအကိုလို ခရီးသည်တွေအပေါ်မှာ စိတ်ရှည်တာ ဖော်ရွေတာ ယဥ်ကျေးတာမတွေ့ဖူးဘူး။

ဒီနေ့မြောက်ဒဂုံ ကအပြန် စိန်ဂျွန်ထိ ဒီကားနဲ့ပြန်လာခဲ့တာကားပေါ်စတက်ထဲက ယဥ်ကျေးပျူငှာတဲ့အသံနဲ့ ကဒ်သမားများစက်ပျက်နေလို့ အကြွေမပါရင် ပိုက်ဆံမပေးပဲစီးလို့ရပါတယ်ခမျ။
အလယ်တန်လေး နောက်မှာချောင်ရင်လိုက်တိုးပေးပါခမျ။
ခရီးသည်များရှေ့အပေါက်ကတက်ပြီး ဆင်းမဲ့မှတ်တိုင်ရောက်ရင်နောက်အပေါက်စဆင်းရမှာပါခမျ။
ကားပေါ်မှာခရီးသည်များ များလာပြီးဖြစ်တဲ့အတွက် မိမိတို့၏ပစ္စည်းများကို မေ့မကျန်အောင်(ခါးပိုက်နိုက်)ဂရုစိုက်ကြပါခမျ။
ကားမှာလူပြည့်နေပြီဖြစ်တဲ့အတွက် နောက်ကားကိုစောင့်စီးပေးကြပါခမျနဲ့ တစ်လမ်းလုံးယဥ်ယဥ်ကျေးကျေးပြောလာတယ်။

အသက်ကြီးတဲ့လူတွေ ကားပေါ်တက်တာ ဆင်းတာ ကြာရင်လည်းစိတ်ရှည်ရှည်နဲ့စောင့်ပေးသလို လမ်းမှာလည်းကားခြင်း အတင်းကျော်တက်တာ လမ်းလုမောင်းတာမရှိသလို သူ့ကားကို ကျော်တက်တာ ဖျက်ဝင်တာ လုမောင်းတာ ရှိရင်လည်းစိတ်ဆိုဒေါသထွက်တာမရှိပဲ အပြုံးမပျက်သူ့ကားသူဂရုစိုက်ပြီးမောင်တယ်။ သူ့အသက်မေးကြည့်တာ ၄၂ တဲ့ ကားမောင်းတာလည်းကျွမ်းကျင်ပိုင်နိုင်ပုံရတယ်တယ်။

❤️ ဒီကားကိုစီးဖူးတဲ့သူ ရှိလားဗျ။ ကြုံရင်စီးကြည့်ကြပါ စီးရတာ တကယ်ကို စိတ်ချမ်းသာတယ်။ ကားနံပါတ်က 4P/9934 ထင်တယ်။

်းညွန်

YBS စီးသူ ပြည်သူတစ်ဦးရဲ့ စကားသံ မျှဝေပေးခြင်းကားခ ၆၀၀ ကို ပြန်ရုပ်သိမ်းတဲ့အတွက် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။လူကြီး...
23/08/2026

YBS စီးသူ ပြည်သူတစ်ဦးရဲ့ စကားသံ မျှဝေပေးခြင်း

ကားခ ၆၀၀ ကို ပြန်ရုပ်သိမ်းတဲ့အတွက် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့အရှုံးပေါ်ရခြင်း အကြောင်းက ကားတိုင်း ကဒ်ဖြတ်စက်မရှိတာ ရယ် ပြည်လမ်း အပါဝင် ရန်ကုန်မြို့ရဲ့ လမ်းမတိုင်းမှာ တစ်မှတ်တိုင်ကိုအချိန်မှတ် တစ်ယောက်ရှိပါတယ် သူတို့ကို လူကြီးမင်းတို့ရဲ့ ကားသမားများက ပိုက်ဆံတွေ ကို အလကားရနေသလို ပေးနေကြလို့ အရှုံးပေါ်နေတာပါ အဲ့ဒီ အချိန်မှတ်တွေကြောင့် ကားစီးတဲ့ ပြည်သူများဟာ ရုံးတက် နောက်ကြ ရုံးဆင်း နောက်ကြ ဖြစ်နေကြတဲ့အပြင် ယဉ်အန္တရာယ် များစွာ ကြုံတွေ့နေရပါတယ် တာဝန်ရှိလူကြီးမင်းများ အဲ့ အချိန်မှတ်များကို ရှင်းလင်းပေးစေခြင်ပါတယ်

်းညွှန် Page မှ ပြန်လည်မျှဝေပေးခြင်းသက်သက်သာဖြစ်ပါသည်။

◇ YBS(ဒလ - တွံတေး) ယာဥ်လိုင်း ယာဥ်စီးခ​ကောက်ခံပုံပြောင်းလဲမည်♻📌ဇွန်လ ၁ရက်နေ့မှစတင်ကာ YBPC ကုမ္ပဏီမှတာဝန်ယူပြေးဆွဲလျက်ရှိ...
09/06/2026

◇ YBS(ဒလ - တွံတေး) ယာဥ်လိုင်း ယာဥ်စီးခ​ကောက်ခံပုံပြောင်းလဲမည်♻

📌ဇွန်လ ၁ရက်နေ့မှစတင်ကာ YBPC ကုမ္ပဏီမှတာဝန်ယူပြေးဆွဲလျက်ရှိသော ဒလ(ချယ်ရီသင်္ဘောဆိပ်) - တွံတေး(ရွှေဆံတော်ဘုရား) ယာဥ်လိုင်းသည် မူလ ယာဥ်စီးနင်းခအား ငွေသားဖြင့်ဆိုလျှင် ၈၀၀ကျပ် ၊ YPS Cardဖြင့်ဆိုလျှင် ၇၀၀ ကျပ်ဟု သတ်မှတ်ကောက်ခံလျက်ရှိရာ ဇွန်လ ၁၅ရက် နေ့မှစတင်ပြီး ယာဥ်စီးခအား ပြန်အမ်းငွေအခက်အခဲများကြောင့် ငွေသားဖြင့် စီးနင်းခွင့်ပေးတော့မည်မဟုတ်ပဲ YPS cardဖြင့်သာ စီးနင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း တွံ​တေးယာဥ်လိုင်းဂိတ် မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

သို့ဖြစ်ပါ၍
◽ ဒလ-ဆူး​လေ ​ယာဥ်လိုင်း၏ ကျောင်း​ရှေ့နှင့်၀န်ထမ်းအိမ်ရာဂိတ် ၊ ဒလ - တွံ​တေး ယာဥ်လိုင်း၏ ချယ်ရီဆိပ်ဂိတ်နဲ့ ​ရွှေဆံ​တော်ဘုရားဂိတ်​များနှင့် ဒလ Capitalတို့တွင် YPS Card အသစ်ဝယ်ယူခြင်းနှင့် ငွေဖြည့်ခြင်းဝန်ဆောင်မှုရရှိနိုင်မှာဖြစ်ပြီး YPS ကတ် ဝယ်ယူသူများအနေဖြင့် ကတ်အသစ်တစ်ကတ်လျှင် ၁၅,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ကတ်တန်ဖိုး ၉,၀၀၀ ကျပ်နှင့် ကတ်ငွေ ၆,၀၀၀ ကျပ် ပါရှိမှာ ဖြစ်ပါသည်။💵

📍YBS တွံတေး - ဒလ ယာဥ်လိုင်း၏ခရီးစဥ်လမ်းကြောင်း⤵

🔴ဒလ(ချယ်ရီဆိပ်) - ဒလ-တွံတေးလမ်း - ပျော်ဘွယ်လေး - ဘုရားငုတ္တို - ကံဘဲ့ - ဗောင်းတော်ချုပ်လမ်းဆုံ - တွံတေးမြို့ဈေး - တွံတေး(ရွှေဆံတော်ဘုရား)

YBS စီးနင်းရာတွင်လွယ်ကူအဆင်​ပြေ​သော လမ်းညွှန်ခြင်းများကို​မေးမြန်းနိုင်ရန်နှင့် YBSနဲ့ပတ်သတ်​သောသတင်းအချက်လတ်များသိရှိ​စေရန်
Join YBS လမ်းညွှန် Telegram channel & group >>> https://t.me/ybs_directory_23 / https://t.me/ybs_directory


်းညွှန်

◇ဒလတံတားနှင့်တိုးချဲ့ပြေးဆွဲလာသော YBS များ◽မြန်မာ - ကိုရီးယားချစ်ကြည်ရေးတံတားဖွင့်လှစ်ပြီးနောက် ဒလ - ရန်ကုန်ခရီးစဉ်များအ...
07/06/2026

◇ဒလတံတားနှင့်တိုးချဲ့ပြေးဆွဲလာသော YBS များ

◽မြန်မာ - ကိုရီးယားချစ်ကြည်ရေးတံတားဖွင့်လှစ်ပြီးနောက် ဒလ - ရန်ကုန်ခရီးစဉ်များအား YBSယာဥ်လိုင်းကုမ္ပဏီအသီးသီးက တိုးချဲ့ပြေးဆွဲလျက်ရှိပါသည်။ ၎င်းတို့မှာ

◽Yangon Urban Public Transportation (YUPT) ကုမ္ပဏီက ဒလ - ဗိုလ်တထောင် ခရီးစဉ်ကိုလည်းကောင်း ၊

◽Yangon Bus Public Company (YBPC) က ဒလ - ဆူးလေ လမ်းကြောင်း (၃)ခု နှင့် ဒလ - တွံတေး ခရီးစဉ်ကိုလည်းကောင်းစသည်ဖြင့်အသီးသီး တိုးချဲ့ပြေးဆွဲလျက်ရှိလာသည်။

📍သို့ဖြစ်ပါ၍ထိုထပ်တိုး တိုးချဲ့ပြေးဆွဲထားသော ယာဉ်လိုင်းများမှာ YBS ယာဉ်လိုင်းများထဲတွင် အက္ခရာနံပါတ်မပါဘဲ ပြေးဆွဲပေးသောယာဉ်လိုင်းသစ်များဖြစ်ပြီး ၎င်းယာဉ်လိုင်းသစ်များကို လက်ရှိတွင်လည်းနံပါတ်တပ်ဆင်ထားခြင်းမရှိပဲ ပြေးဆွဲလျက်ရှိပါသည်။

📌တိုးချဲ့ပြေးဆွဲလျက်ရှိသော ဒလခရီးစဥ်ယာဥ်လိုင်းသစ်များ

🔴YBS {ဒလ-ဆူးလေ} (ကျောင်းရှေ့)

🟥ဒလ(​ကြိုဆိုပါ၏) - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - အ​ရေး​ပေါ်ဌာန > သံ​ဈေး > ကမ်းနားလမ်း > ၆ထပ်ရုံး > ဆူး​လေ > အ​နော်ရထာလမ်း > လသာ > အ​ရေး​ပေါ်ဌာန > သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - ဒလတံတား - ဒလ-တွံတေးလမ်းဆုံ - ဒလ(​ကြိုဆိုပါ၏)

🔴YBS {ဒလ-ဆူးလေ} (ဝန်ထမ်းအိမ်ရာ)

🟥ဒလ(​၀န်ထမ်းအိမ်ရာ) - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - အ​ရေး​ပေါ်ဌာန > သံ​ဈေး > ကမ်းနားလမ်း > ၆ထပ်ရုံး > ဆူး​လေ > အ​နော်ရထာလမ်း > လသာ > အ​ရေး​ပေါ်ဌာန > သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - ဒလတံတား - ဒလ-တွံတေးလမ်းဆုံ - ဒလ(​၀န်ထမ်းအိမ်ရာ)

🔴YBS {ဒလ-ဆူးလေ} (ချယ်ရီဆိပ်)

🟥ဒလ(​ချယ်ရီသင်္ဘောဆိပ်) - ဗိုလ်ချုပ်ပန်းခြံ - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - အ​ရေး​ပေါ်ဌာန > သံ​ဈေး > မဟာဗန္ဓုလလမ်း > သိမ်ကြီး​စျေး > ဆူး​လေ > အ​နော်ရထာလမ်း > လသာ > အ​ရေး​ပေါ်ဌာန > သရက်​တော​ကျောင်း(ဗိုလ်ချုပ်လမ်း) - ဒလတံတား - ဒလ-တွံတေးလမ်းဆုံ - ဒလ(​ချယ်ရီသင်္ဘောဆိပ်)

🔵YBS {ဒလ- ဗိုလ်တထောင်}

🟦ပျော်ဘွယ်ကြီး - ရဲချောင်းဝ - ​ညောင်ငုတ္တို - သပြေကုန်း - ကြိုဆိုပါ၏ - ဒလ-တွံတေးလမ်းဆုံ - ဒလတံတား - ဗိုလ်ချုပ်စျေး > လမ်း၅၀(ဗိုလ်ချုပ်လမ်း) > ဗိုလ်တထောင်ဘုရား(ဂိတ်ဖျား) > ကုန်သည်လမ်း > မော်တင် > သခင်မြပန်းခြံ > ဗဟိုရ်စည် > ဒလတံတား - ဒလ-တွံတေးလမ်းဆုံ - ကြိုဆိုပါ၏ - သပြေကုန်း - ​ညောင်ငုတ္တို - ရဲချောင်းဝ - ပျော်ဘွယ်ကြီး

🔴YBS {ဒလ- တွံတေး}

🟥ဒလ(ချယ်ရီဆိပ်) - ဒလ-တွံတေးလမ်း - ပျော်ဘွယ်လေး - ဘုရားငုတ္တို - ကံဘဲ့ - ဗောင်းတော်ချုပ်လမ်းဆုံ - တွံတေးမြို့မဈေး - တွံတေး(ရွှေဆံတော်ဘုရား)

အောက်ပါအတိုင်းပြေးဆွဲလျက်ရှိပါသည်။

YBS စီးနင်းရာတွင်လွယ်ကူအဆင်​ပြေ​သော လမ်းညွှန်ခြင်းများကို​မေးမြန်းနိုင်ရန်နှင့် YBSနဲ့ပတ်သတ်​သောသတင်းအချက်လတ်များသိရှိ​စေရန်
Join YBS လမ်းညွှန် Telegram channel & group >>> https://t.me/ybs_directory_23 / https://t.me/ybs_directory


်းညွှန်

YBS - 95 ဂိတ်ရင်းနေရာပြောင်းရွှေ့ပြေးဆွဲမည်*********************************************ကျောက်တန်း မကျီးတန်းလမ်းထိပ်မှ ဗ...
04/06/2026

YBS - 95 ဂိတ်ရင်းနေရာပြောင်းရွှေ့ပြေးဆွဲမည်
*********************************************

ကျောက်တန်း မကျီးတန်းလမ်းထိပ်မှ ဗဟန်း ၃ လမ်းသို့ပြေးဆွဲလျက်ရှိသော YBS - 95 ယာဥ်လိုင်းဂိတ်ရင်းနေရာအား ၅.၆.၂၀၂၆ ရက်နေ့မှစတင်၍ သီတာမြိုင်(ကရက်)လမ်းဆုံသို့ပြောင်းရွှေ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရပါသည်။

**YBS-95 ခရီးစဥ်လမ်းကြောင်း**
သီတာမြိုင်(ကရက်)လမ်းဆုံ - လမ်းမတော်လမ်း - မကျီးတန်းလမ်းထိပ် - နည်းပညာတက္ကသိုလ် - ဘုရားကုန်း - အောင်ချမ်းသာ - သာကေတအဝိုင်း - ကျောက်တိုင် - တာမွေစျေး - မင်္ဂလာစျေး - နတ်မောက်လမ်း - ဗဟန်း ၃ လမ်း

ိတ်ရင်းပြောင်းရွှေ့
်းညွှန်

◇ဒလ - တွံတေး ကိုYBS ယာဥ်လိုင်းအသစ်ပြေးဆွဲမည်။◽မနက်ဖြန် ဇွန်လ ၁ရက်နေ့မှစတင်ကာ ဒလ - တွံတေးယာဥ်လိုင်းအား Yutong အမျိုးအစား ...
31/05/2026

◇ဒလ - တွံတေး ကိုYBS ယာဥ်လိုင်းအသစ်ပြေးဆွဲမည်။

◽မနက်ဖြန် ဇွန်လ ၁ရက်နေ့မှစတင်ကာ ဒလ - တွံတေးယာဥ်လိုင်းအား Yutong အမျိုးအစား ဘတ်စ် ဖြင့် YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်ပါသည်။

📍ဂိတ်ရင်းမှာ တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီး
📍ဂိတ်ဖျားမှာ ဒလ (ချယ်ရီသင်္ဘောဆိပ်) ဖြစ်ပါသည်။

💵ယာဥ်စီးခနှုန်းထားမှာ တစ်ဦးလျှင် ခရီးစဥ်အစအဆုံးလျှင် ၈၀၀ကျပ် ဖြစ်ပြီး YPS Cardဖြင့်ဆို ၇၀၀ကျပ် ကျသင့်မည့်ဖြစ်ပါသည်။

📌သို့ဖြစ်ပါ၍၎င်း ဒလ - တွံတေး ယာဥ်လိုင်းသစ်ကြီး၏ အသေးစိတ်အချက်အလက်များကိုမနက်ဖြန် ဇွန်လ၁ရက်နေ့တွင် YBS လမ်းညွှန် Pageမှ အသေးစိတ်ထပ်မံဖော်ပြသွားမည်ဖြစ်ပါသည်။

်းညွှန်

🔴 ဒလ - တွံ​တေး YBS ယာဥ်လိုင်းသစ်ကို မကြာမီ​ပြေးဆွဲ​ပေးသွားဖြစ်​ကြောင်း အသိ​​ပေးအပ်ပါသည်။ ်းညွှန်
29/05/2026

🔴 ဒလ - တွံ​တေး YBS ယာဥ်လိုင်းသစ်ကို မကြာမီ​ပြေးဆွဲ​ပေးသွားဖြစ်​ကြောင်း အသိ​​ပေးအပ်ပါသည်။

်းညွှန်

◇ MSL Myanmar event ကျင်းပမည့်နေရာသို့ရောက်ရှိသောYBSများ🔶 May 30 & 31 (မေလ ၃၀ရက်နှင့်၃၁ရက်) တွင်ကျင်းပမည့် MLBB Super Le...
29/05/2026

◇ MSL Myanmar event ကျင်းပမည့်နေရာသို့ရောက်ရှိသောYBSများ

🔶 May 30 & 31 (မေလ ၃၀ရက်နှင့်၃၁ရက်) တွင်ကျင်းပမည့် MLBB Super League Myanmar (MSL Myanmar) အခမ်းအနားကျင်းပရာ သုဝဏ္ဏအမျိုးသားအားကစားရုံသို့ရောက်ရှိမည့်YBS ယာဥ်လိုင်းများမှာ -

🚏အသင်းတိုက်မှတ်တိုင် (လေးထောင့်ကန်လမ်းမကြီး)

🔴YBS - 3 (၃)
🔴YBS - 7 (၇)
🟣YBS - 10 (၁၀)
🔴YBS - 13 (၁၃)
🔴YBS - 24 (၂၄)
🔴YBS - 62 (၆၂)
🔵YBS - 84 (၈၄)
🔴YBS - 111 (၁၁၁)
🔴YBS - 112 (၁၁၂)
🔴YBS - 113 (၁၁၃)
🔴YBS - 114 (၁၁၄)
🔴YBS - 128 (၁၂၈)

စသည့်ယာဥ်လိုင်းများစီးပါက အသင်းတိုက်မှတ်တိုင် ဆင်း၍ မီးပွိုင့်ရှိရာလမ်းဆုံကနေ ဝေဇယန္တာလမ်းထဲလျှောက်ပါ။

🚏သုဝဏ္ဏလမ်းဆုံမှတ်တိုင်

🟣YBS - 10 (၁၀)
🔴YBS - 24 (၂၄)
🔴YBS - 25 (၂၅)
🔴YBS - 63 (၆၃)
🔴YBS - 75 (၇၅)
🔵YBS - 84 (၈၄)
🔴YBS - 110 (၁၁၀)
🔴YBS - 118 (၁၁၈)
🔴YBS - 114 (၁၁၄)
🔴YBS - 144 (၁၄၄)

စသည့်ယာဥ်လိုင်းများစီးနင်းပါက သုဝဏ္ဏလမ်းဆုံမှတ်တိုင်ဆင်း၍ ဝေဇယန္တာလမ်းထဲသို့လျှောက်ပါ။

🚏သုဝဏ္ဏဘောလုံးကွင်းမှတ်တိုင်(ဝေဇယန္တာလမ်းမ)

🔵YBS - 93 (၉၃)
🟣YBS - 32 (၃၂)

စသည့်ယာဥ်များစီးနင်းပါက အားကစားကွင်းရှေ့နားထိရောက်သည်။

🔷သို့ဖြစ်ပါ၍ အထက်ပါဖော်ပြပါ အတိုင်း စီးနင်း၍ ၎င်း event သို့သွားရောက်နိုင်ပါသည်။

အားလုံးမင်္ဂလာရှိသောနေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။💐

YBS စီးနင်းရာတွင်လွယ်ကူအဆင်​ပြေ​သော လမ်းညွှန်ခြင်းများကို​မေးမြန်းနိုင်ရန်နှင့် YBSနဲ့ပတ်သတ်​သောသတင်းအချက်လတ်များသိရှိ​စေရန်
Join YBS လမ်းညွှန် Telegram channel & group >>> https://t.me/ybs_directory_23 / https://t.me/ybs_directory

်းညွှန်

Edit - ပြန်လည်ပေးအပ်ပြီးပါပြီပုံပါဖုန်းတစ်လုံး ကမ္ဘာအေးဘုရားလမ်း နဝဒေးမှတ်တိုင်နားကနေကော​က်ရထားပါတယ်ပိုင်ရှင်အနေနဲ့ ဖုန်...
28/05/2026

Edit - ပြန်လည်ပေးအပ်ပြီးပါပြီ

ပုံပါဖုန်းတစ်လုံး ကမ္ဘာအေးဘုရားလမ်း နဝဒေးမှတ်တိုင်နားကနေကော​က်ရထားပါတယ်
ပိုင်ရှင်အနေနဲ့ ဖုန်းအမျိုးအစား ၊ password ၊ wallpaper ပုံပြော၍ 09663980414 / 09959084148 ကိုဆက်သွယ်နိုင်ပါတယ်

်းညွှန်

◇ ခရီးစဥ်မိုင်​ပေါင်းအရှည်ဆုံး YBS (သို့) မြို့ပြမှမြောက်ဘက်အစွန်ဆုံးသို့ပြေးဆွဲပေးသော YBSခရီးသွားမိဘ​ပြည်သူများအနေနဲ့ Y...
27/05/2026

◇ ခရီးစဥ်မိုင်​ပေါင်းအရှည်ဆုံး YBS (သို့) မြို့ပြမှမြောက်ဘက်အစွန်ဆုံးသို့ပြေးဆွဲပေးသော YBS

ခရီးသွားမိဘ​ပြည်သူများအနေနဲ့ YBS တွေ
ထဲ ဘယ်လိုင်း ဘယ်နံပါတ်ကခရီးစဥ်လမ်းကြောင်းအရှည်ဆုံးလဲဆိုတာ သိကြရဲ့လား👀

မသိ​ကြဘူးဆိုရင်တော့ ယခုတစ်ခေါက်မှာတော့ YBSထဲမှာ ခရီးစဥ်လမ်းကြောင်းအရှည်ဆုံးဖြစ်တဲ့ YBS 106 အကြောင်းကိုပြောပြပေးသွားပါမယ်နော် 😁

📍ပထမဆုံးအနေနဲ့ ပြောရရင်တော့ YBS 106 က City bus အမျိုးအစားတွေထဲ Long distance bus အမျိူးအစားဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့မြောက်ဘက်မှာရှိတဲ့ ဥက္ကံမြို့ကနေ စိန့်ဂျွန်းကိုပြေးဆွဲပေးတဲ့ယာဥ်လိုင်းတစ်လိုင်းဖြစ်ပါတယ်။ ဥက္ကံမြို့ဆိုတာကတော့ ရန်ကုန် -ပြည်လမ်းမပေါ်မှာရှိပြီး ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း သုံးဆယ်မြို့အစပ်ကမြို့လေးတစ်မြို့ဖြစ်တဲ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းသို့သွားနိုင်မယ့်တံခါးတစ်ချပ်ဖြစ်နေပါတယ်။

ဒါဆိုဒိီလိုမြို့လေးကနေ ရန်ကုန်မြို့ထဲ စိန့်ဂျွန်းမှတ်တိုင်ထိဆွဲပေးတဲ့ YBS 106 အကြောင်းကိုဆက်လက်ဖတ်ရှုကြရအောင်နော်

📌ဥက္ကံမြို့နှင့်ရန်ကုန်မြို့အကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ

◽106အကြောင်းမပြောခင် ဥက္ကံမြို့နဲ့ရန်ကုန်မြို့ကြားက သယ်ယူပို့ဆောင်ရေး ကဏ္ဍအကြောင်းကိုအရင်ပြောပြပါရစေနော်၊ ဥက္ကံမြို့နဲ့ရန်ကုန်မြို့ ဟာ ခေတ်အဆက်ဆက် သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုရှိခဲ့ပါတယ်။ လက်လှမ်းမီ သလောက်ပြောပြရမယ်ဆိုရင်တော့ ယခင် မထသ ခေတ်က ဥက္ကံနဲ့ရန်ကုန်မြို့ကို မြောက်ပိုင်းခရိုင် ၁၅၂ ယာဥ်လိုင်း နှင့် ရွှေရန်ကုန် ဥက္ကံ - ဆူးလေ ယာဥ်လိုင်းစသဖြင့် သယ်ယူပို့ဆောင်ရေး မှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်။

📍YBS စနစ်ပြောင်းချိန် ဥက္ကံနှင့်ရန်ကုန်ကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ

🔷ယခင်မထသစနစ်ကနေ ယခုYBS စနစ်ကိုပြောင်းချိန်မှာတော့ YBS 55 ဖြင့်စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ YBS 55 ဟာ ဥက္ကံ-ထောက်ကြန့် ထိပဲပြေးဆွဲခဲ့တာဖြစ်တဲ့အတွက် စီးနင်းသူ ခရီးသည်တွေ မှာ ရန်ကုန်မြို့ထဲသို့ သွားလိုလျှင် တိုက်ရိုက်မရောက်ပဲ နှစ်ဆင့်ပြောင်းစီးခဲ့ရတာကြောင့် အဆင်မပြေမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ထို့ကြောင့် YBS 55ကို ထောက်ကြန့်ကနေမှ ပြည်လမ်းတစ်လျှောက် မော်တင်ထိ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးခဲ့ပါတယ်။

၎င်း 55 နံပါတ်နဲ့

ဥက္ကံ - မော်တင် - အဖျောက် - အင်းစိန် တို့ကို ကားကြီးအမျိုးအစား
ဥက္ကံ - သမိုင်းကိုတော့ မီနီဘတ်စ်အမျိုးအစားဖြင့်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

၎င်း ယာဥ်လိုင်းကြီး၏ ကဏ္ဍကျဆုံးခန်း📉

🔶သို့သော်မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီး ဖြစ်ခဲ့ပါတယ် ၎င်း YBS 55 နဲ့ YBS 37 ယာဥ်လိုင်းတို့ အဆုံးရွားဆုံးယာဥ်တိုက်မှုဖြစ်ခဲ့ပြီး ထိုယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းယာဥ်တိုက်မှုအကြောင်းအား အသေးစိတ်ဖတ်လိုပါက YBS Explore page က၎င်းအဖြစ်အပျက်ဆိုးအကြောင်း ရေးထားတဲ့ဆောင်းပါးကို ဤ post အောက်မှာ linkချပေးထားပါမယ်။

ဒါဆိုဆက်လိုက်ကြရအောင်
အဲ့ဒီ ဆိုးရွားတဲ့ယာဥ်တိုက်မှုအဖြစ်ကြောင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများက YBS 55 ကိုဖျက်သိမ်းလိုက်ပါတယ် ထိုကဲ့သို့ ဖျက်သိမ်းမှုကြောင့် ဥက္ကံနဲ့ရန်ကုန်၏သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အသက်သွေးကြောဖြစ်သော ၎င်းယာဥ်လိုင်းဖျက်သိမ်းခံလိုက်ရခြင်းကြောင့် ခရီးသွားမိဘပြည်သူများစွာ သွားရေးလာရေး အခက်အခဲများစွာကြုံတွေခဲ့ရပါတယ်။

အစားထိုးကုစားခြင်း♻

◽55 ယာဥ်လိုင်းဖျက်ပြီးမကြာခင်မှာတော့ YBS 90 ယာဥ်လိုင်းပေါ်ပေါက်လာပါတယ်။ 90 စတင်ပြေးဆွဲချိန်မှာတော့ ဥက္ကံ - ထောက်ကြန့် ခရီးစဥ်ဖြင့်ပြေးဆွဲခဲ့ရမှာမှ နောက်ပိုင်းမှာ ဥက္ကံ - တိုက်ကြီး - သီရိမင်္ဂလာစျေးသစ်ဆိုပြီးထပ်မံတိုးချဲ့ပြေးဆွဲခဲ့ပါတယ်။

ဥက္ကံမြို့အတွက်မျှော်လင့်ချက်ရောင်ခြည်သန်းလာပုံ🔅

🔷၂၀၁၈ခုနှစ် ၊ မေလဆန်းမှာတော့ YBS 37 ယာဥ်လိုင်းဖြင့် ဥက္ကံ - ဆူးလေ ကိုစတင်ပြေးဆွဲခဲ့ပြီး YBS 90ဟာလည်း တိုက်ကြီး - သခင်မြပန်းခြံဖြင့် ခရီးစဥ်များတိုးချဲ့ပြေးဆွဲခဲ့ပါတယ်။ ကဲ နိဒါန်းမှာတင်ရှည်သွားလို့လိုရင်းဖြစ်တဲ့ YBS 106 အကြောင်းကိုပြန်ဆက်လိုက်ရအောင်

📌စတင်ပေါ်ပေါက်ခဲ့ပုံ

🔶ပထမဆုံးအနေဖြင့် ၂၀၁၈ ခုနှစ် ၊ မေလဆန်းပိုင်းမှာ YBS 37 ( ဥက္ကံ - ဆူးလေ) ကို YBPC ကုမ္ပဏီ က တာဝန်ယူပြေးဆွဲခဲ့ပါတယ်

ဆင့်ကဲ့ပြောင်းလဲခဲ့ပုံ📈

◽ယခင်က YBS 37 ယာဥ်လိုင်းကို
ဝါယာလက် - ဆူးလေ
ထောက်ကြန့် - ဆူးလေ
မှော်ဘီ - ဆူးလေ
လှည်းကူး - ဆူးလေ
ဥက္ကံ - ဆူးလေ စသဖြင့် လေးမျိုးပြေးဆွဲခဲ့ပါတယ်။ သို့သော်နောက်ပိုင်းတွင်
ထောက်ကြန့် - ဆူးလေ ကို YBS 37
ဝါယာလက် - ဆူးလေ ကို YBS 104
​မှော်ဘီ - ဆူးလေ ကို YBS 105
လှည်းကူး - ဆူးလေ ကို YBS 107 နှင့်
ဥက္ကံ - ဆူးလေ ကို YBS 106 ဟု အသီးသီးပြောင်းလဲပြေးဆွဲခဲ့ပါတယ်။

YBS 106 ယာဥ်လိုင်း ကိုတော့ စစချင်းပြေးဆွဲချိန်မှာတော့ Ankaiအမျိုးအစားနဲ့ပြေးဆွဲခဲ့ပြီး ယခုချိန်မှာ တော့ Yutong နဲ့ ankai စသည့်ယာဥ်အမျိုးအစားနှစ်မျိုးဖြင့် တွဲဖက်အသုံးပြုပြေးဆွဲလာပါတယ်။

🗂၎င်း၏ ​ပြေးဆွဲပုံအချက်အလက်များ

🔷ဥက္ကံမြို့နဲ့ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်ဟာ YBS စနစ်ထဲ အပြောင်းအလဲများစွာနဲ့ရင်ဆိုင်ခဲ့ရပင်မဲ့ ယခုချိန်မှာတော့ ဥက္ကံမြို့နဲ့ရန်ကုန်မြို့သို့ ရန်ကုန်-ပြည်လမ်း တစ်လျှောက် YBS 106 တစ်လိုင်းထဲပြေးဆွဲလျ​က်ရှိပါတယ်။ YBS 106 ယာဥ်လိုင်းဟာ ခရီးစဥ် မိုင်ပေါင်း ၇၀ ခန့်ရှိပြီး ၎င်းဟာ

⏰ဥက္ကံ - ရန်ကုန် အား မနက်၅နာရီမှ မနက်၁၁နာရီ
⏰ရန်ကုန် - ဥက္ကံ အား မနက်၁၀နာရီခွဲမှ ညနေ၅နာရီ ထိ ပြေးဆွဲလျက်ရှိ၍

💵ယာဥ်စီးခနှုန်းထားမှာ ခရီးစဥ်ကြားပိုင်း အတက်အဆင်းများအား ၄၀၀ ကျပ် နှင့် ခရီးအစ-အဆုံးကိုမူ ၁၆၀၀ကျပ်ဟူ၍ သတ်မှတ်ထားပါသည်။ ထို့အပြင် ယာဥ်စီးခအား ငွေသားအပြင် YPS card နှင့်ပါ ပေးချေနိုင်ပါတယ်။ သို့သော် ကဒ်ဖြတ်ရာတွင်လည်း အခြားသောကားများနှင့်မတူပဲ long distance bus အမျိုးအစားဖြစ်သောကြောင့် အတက်တစ်ခါအဆင်းတစ်ခါ ကဒ်ဖြတ်ရန်လိုပါတယ်။
ထိုကဲ့သို့ကဒ်မဖြတ်ပါက မိမိမှာ ခရီးစဥ်အစအဆုံး မစီးသော်လည်း မိမိ၏ ကဒ်ထဲမှ ၁၆၀၀ကျပ်အား ယာဥ်စီးခအနေဖြင့်ကောက်ခံသွားမှာဖြစ်ပါတယ်။

‼သတိထားရန် - ရန်ကုန်မြို့၏ ဂိတ်စတွင်သွားစီးလိုပါက စိန့်ဂျွန်းမှတ်တိုင်တွင်သွားစီးနိုင်ပြီး ၄င်းမှပြည်လမ်းတစ်လျှောက်မှတ်တိုင်များမှလည်းစီးနင်းနိုင်ပါသည်။

🔵သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် မူ YBS 106 ဟာ ခရီးစဥ်လမ်းကြောင်းအရှည်ဆုံး YBS ယာဥ်လိုင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ဥက္ကံနှင့်ရန်ကုန် လမ်းကြောင်း၏ ခရီးသွားလာရေးအဆင်ပြေစေရန်အသက်သွေးကြောတစ်ခုကဲ့သို့ပင်ဖြစ်နေပါသည်။ ၎င်းဟာ ရန်ကုန်မြို့ထဲမှ ရန်ကုန်မြို့မြောက်ဘက်အစွန်ဆုံး ပဲခူးတိုင်းအနောက်ဘက်သို့ ရောက်အောင်ပို့နိုင်မည့် ယာဥ်လိုင်းတစ်ခုအနေဖြင့်ပြေးဆွဲလျ​က်ရှိနေကြောင်း ဒီနေရာမှာတင် နှုတ်ခွန်းဆက်သလိုက်ပါတယ် ။
ဒါကြောင့်ဖတ်ရှုသူတို့အနေနဲ့ YBS 106 ယာဥ်လိုင်းကိုဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ကြပါအုန်းနော်

ဒါဆိုနောက်တစ်ပတ်မှပြန်တွေ့ကြပါမယ်🗓
အားလုံးမင်္ဂလာရှိသော​နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေ🌹

🖊Admin Noddle ​ရေးသားတင်ပြသည်။

YBS နဲ့ပတ်သတ်တဲ့အ​ကြောင်းရာများနှင့် မိမိသွားလိုတဲ့ YBSလမ်း​ကြောင်းများကို အချိန်နဲ့တ​ပြေးညီ​မေးမြန်းပြီးသိရှိနိုင်ဖို့ YBS လမ်းညွှန် Telegram Channel နဲ့ Groupကို Subscribe& Joinထားလိုက်ပါ >>> Channel > https://t.me/ybs_directory_23/ Group > https://t.me/ybs_directory



်းညွှန်

Address

Hlaing

Alerts

Be the first to know and let us send you an email when YBS လမ်းညွှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share