21/12/2018
လုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင် အမျိုးအစားများ
🔘🔘🔘🔘🔘
🎶 လုပ်ငန်းလိုင်စင်များကတော့
"က" "ခ" "ဂ" "ဃ" "င" ဆိုပီးရှိပါတယ်
နောက်ဆုံးက စလို့ပြောကြည့်ရအောင်.
📌" င " လုပ်ငန်းလိုင်စင်
အိမ်မှာကားလေးဝယ်ထားတယ်
ဥပမာ ။ ဟိုက်ဂျက်လိုမျိုးလေးပေါ့
ကိုယ်ပိုင်ကားလေး နံပါတ်အနက်နဲ့ တနိုင်တပိုင် စီးပွားရေးလေးလုပ်လို့ အိမ်ဆိုင်လေးနဲ့ အခြားအလုပ်လေးအတွက် ပစ္စည်းလေးတွေ သယ်မယ် ပို့မယ်ဆိုရင် အဲ့ဒီ "c" ကိုယ်ပိုင်စီးပွားပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်လေး လုပ်ထားရပါ့မယ် (အစိမ်းရောင်)
မိမိလုပ်ငန်းအမျိုးအစားပါ ဖော်ပြလို့ပေါ့.
( ကုန်မာ/စားသောက်ကုန်/အလှကုန် စသည့်ဖြင့်)
📌"ဃ" လုပ်ငန်းလိုင်စင်ကတော့
နိုင်ငံခြားသား ခရီးသည်တွေကို Taxi လုပ်တာပါ
(ပဋိညာဉ်ပို့ဆောင်ခွင့်)
ကားနံပါတ်ကလဲအပြာ လုပ်ငန်းလိုင်စင် "ဃ" ကလဲ အပြာပါ.
( ဃ လုပ်ငန်းမှာနှစ်မျိူးရှိပါမယ်
ဟိုတယ်ခရီး ဃ ခြား
စက်ရုံကျောင်းကုပ္ပဏီစသည် ကြိုပိ့ု
ဃ ကြိုပိ့ု ခွဲခြားထားပါသည်)
📌"ဂ"လုပ်ငန်းလိုင်စင်က
လက်ရှိပြေးဆွဲနေတဲ့ Taxi တွေအတွက်ပါ
စင်လုံးငှားပို့ဆောင်ခွင့်
နံပါတ်အနီ လုပ်ငန်းလိုင်စင်အနီပါ.
📌"ခ"လုပ်ငန်းလိုင်စင်ကတော့ ခရီးသည်ပို့ဆောင်ခွင့် ပါ
အခုပြေးဆွဲနေတဲ့ လိုင်းကားတွေ Express တွေမှာ အဲ့ဒီ "ခ" လုပ်ငန်းလိုင်စင် လုပ်ထားတယ်လေ.
📌နောက်တစ်ခုက
ကုန်စည်ပို့ဆောင်ခွင့် "က" လုပ်ငန်းလိုင်စင် ပါ
ကုန်စည်သယ်ယူပို့ဆောင်မယ် ဆိုရင် "က"လုပ်ငန်းလိုင်စင် လုပ်ထားလိုက်ပါ
"က"လုပ်ငန်းလိုင်စင်ဆိုရင် စပယ်ယာလိုပီဆိုတာလဲ မမေ့ပါနဲ့.
🕯တစ်ခါတလေမှသာတွေ့ရတဲ့ "စ" လုပ်ငန်းလိုင်စင် ဆိုတာ ယာယီပို့ဆောင်ခွင့်(သို့) အထူးလိုအပ်ချက်များ ဖြည့်တင်းရန် အတွက်လည်းကောင်း လိုင်စင်အသစ် လဲလှယ်ချိန် ရက်ကြာနေပါက
အသုံးပြုတဲ့ လုပ်ငန်းလိုင်စင်ပါ.
ဘုရားဖူးကားတွေမှာ တွေ့ရပါတယ်.
💡ကားနှင့်ပတ်သတ်၍ အလုပ်လုပ်မည်ဆိုလျှင်
မသိသေးပါက လေ့လာလို့ရပါပီဗျာ.။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》 ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
လုပ္ငန္းအလိုက္ လုပ္ငန္းလိုင္စင္ အမ်ိဳးအစားမ်ား
🔘🔘🔘🔘🔘
🎶 လုပ္ငန္းလိုင္စင္မ်ားကေတာ့
"က" "ခ" "ဂ" "ဃ" "င" ဆိုပီးရွိပါတယ္
ေနာက္ဆံုးက စလို႔ေျပာၾကည့္ရေအာင္.
📌" င " လုပ္ငန္းလိုင္စင္
အိမ္မွာကားေလးဝယ္ထားတယ္
ဥပမာ ။ ဟိုက္ဂ်က္လိုမ်ိဳးေလးေပါ့
ကိုယ္ပိုင္ကားေလး နံပါတ္အနက္နဲ႔ တႏိုင္တပိုင္ စီးပြားေရးေလးလုပ္လို႔ အိမ္ဆိုင္ေလးနဲ႔ အျခားအလုပ္ေလးအတြက္ ပစၥည္းေလးေတြ သယ္မယ္ ပို႔မယ္ဆိုရင္ အဲ႔ဒီ "c" ကိုယ္ပိုင္စီးပြားပို႔ေဆာင္ခြင့္ လုပ္ငန္းလိုင္စင္ေလး လုပ္ထားရပါ့မယ္ (အစိမ္းေရာင္)
မိမိလုပ္ငန္းအမ်ိဳးအစားပါ ေဖာ္ျပလို႔ေပါ့.
( ကုန္မာ/စားေသာက္ကုန္/အလွကုန္ စသည့္ျဖင့္)
📌"ဃ" လုပ္ငန္းလိုင္စင္ကေတာ့
ႏိုင္ငံျခားသား ခရီးသည္ေတြကို Taxi လုပ္တာပါ
(ပဋိညာဥ္ပို႔ေဆာင္ခြင့္)
ကားနံပါတ္ကလဲအျပာ လုပ္ငန္းလိုင္စင္ "ဃ" ကလဲ အျပာပါ.
( ဃ လုပ္ငန္းမွာႏွစ္မ်ိဴးရိွပါမယ္
ဟိုတယ္ခရီး ဃ ျခား
စက္႐ုံေက်ာင္းကုပၸဏီစသည္ ႀကိဳပိ့ု
ဃ ႀကိဳပိ့ု ခြဲျခားထားပါသည္)
📌"ဂ"လုပ္ငန္းလိုင္စင္က
လက္ရွိေျပးဆြဲေနတဲ႔ Taxi ေတြအတြက္ပါ
စင္လံုးငွားပို႔ေဆာင္ခြင့္
နံပါတ္အနီ လုပ္ငန္းလိုင္စင္အနီပါ.
📌"ခ"လုပ္ငန္းလိုင္စင္ကေတာ့ ခရီးသည္ပို႔ေဆာင္ခြင့္ ပါ
အခုေျပးဆြဲေနတဲ႔ လိုင္းကားေတြ Express ေတြမွာ အဲ႔ဒီ "ခ" လုပ္ငန္းလိုင္စင္ လုပ္ထားတယ္ေလ.
📌ေနာက္တစ္ခုက
ကုန္စည္ပို႔ေဆာင္ခြင့္ "က" လုပ္ငန္းလိုင္စင္ ပါ
ကုန္စည္သယ္ယူပို႔ေဆာင္မယ္ ဆိုရင္ "က"လုပ္ငန္းလိုင္စင္ လုပ္ထားလိုက္ပါ
"က"လုပ္ငန္းလိုင္စင္ဆိုရင္ စပယ္ယာလိုပီဆိုတာလဲ မေမ႔ပါနဲ႔.
🕯တစ္ခါတေလမွသာေတြ႔ရတဲ႔ "စ" လုပ္ငန္းလိုင္စင္ ဆိုတာ ယာယီပို႔ေဆာင္ခြင့္(သို႔) အထူးလိုအပ္ခ်က္မ်ား ျဖည့္တင္းရန္ အတြက္လည္းေကာင္း လိုင္စင္အသစ္ လဲလွယ္ခ်ိန္ ရက္ၾကာေနပါက
အသံုးျပဳတဲ႔ လုပ္ငန္းလိုင္စင္ပါ.
ဘုရားဖူးကားေတြမွာ ေတြ႔ရပါတယ္.
💡ကားႏွင့္ပတ္သတ္၍ အလုပ္လုပ္မည္ဆိုလွ်င္
မသိေသးပါက ေလ့လာလို႔ရပါပီဗ်ာ.။
🚘🚘🚘🚘🚘
#ကားခ်စ္သူ
Credit》》 ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ