RNP နိုင်ငံတကာ ပစ္စည်းပို့ဝန်ဆောင်မှု

RNP နိုင်ငံတကာ ပစ္စည်းပို့ဝန်ဆောင်မှု ကုမ္ပဏီတိုက်ရိုက်ဖြင့်ပို့ဆောင်ပေးပါသည်။

နိုင်ငံခြားကိုပထမဆုံး ပစ္စည်းပို့တဲ့အချိန်တုန်းက ဘယ်အခက်ခဲတွေကြုံခဲ့ကြရလဲ?ဒီထဲမှာမပါတဲ့ တခြားအခက်အခဲတွေရှိရင်လည်းပြောသွာ...
23/08/2026

နိုင်ငံခြားကိုပထမဆုံး ပစ္စည်းပို့တဲ့အချိန်တုန်းက ဘယ်အခက်ခဲတွေကြုံခဲ့ကြရလဲ?

ဒီထဲမှာမပါတဲ့ တခြားအခက်အခဲတွေရှိရင်လည်းပြောသွားကြပါဦးနော်။
ကောမန့်ထဲမှာအဖြေတစ်လုံးတည်းရေးခဲ့လည်းရပါတယ်။

အဖြေများတဲ့အချက်တွေကို နောက်ပိုင်းတွေမှာအသေးစိတ်ရှင်းပြပေးသွားပါမယ်။ ❤️

=====================

Phone/Viber : (+66) 0889846155 | (+66) 0614026288
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

မနေ့က “OTOP ထိုင်းဒေသထွက်ကုန်ပြပွဲ”မှာ  ပြည်ပကနေ မှာယူထားတဲ့ ထိုင်းမုန့်နဲ့ စားစရာတွေ၊ အဝတ်အထည်၊ လက်ဆောင်ပစ္စည်းတွေကို R...
17/08/2026

မနေ့က “OTOP ထိုင်းဒေသထွက်ကုန်ပြပွဲ”မှာ ပြည်ပကနေ မှာယူထားတဲ့ ထိုင်းမုန့်နဲ့ စားစရာတွေ၊ အဝတ်အထည်၊ လက်ဆောင်ပစ္စည်းတွေကို RNP Express အဖွဲ့သားတွေကလိုက်လံဝယ်ယူပေးပြီး စုစည်းထုပ်ပိုးကာ ပြည်ပကို တစ်ပါတည်းပို့ဆောင်နိုင်ဖို့ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီတစ်ခေါက်က ပွဲသွားလေ့လာတာတင်မဟုတ်ပါဘူး။ ပစ္စည်းလိုက်ရှာဝယ်ရတာ၊ ဆိုင်အမျိုးမျိုးကနေ စုယူရတာ၊ ထုပ်ပိုးပြီး ပြည်ပပို့ဖို့ စီစဉ်ရတာတွေကို ကိုယ်တိုင်အဆင့်ဆင့်လုပ်စရာမလိုဘဲ တစ်နေရာတည်းကနေ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ RNP က ကူညီပေးခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

နောက်များမှာလည်း Event တွေရှိလာရင် update ပေးသွားမှာဖြစ်ပြီး လူကြီးမင်းတို့လိုအပ်တဲ့ပစ္စည်းတွေရှိရင်လည်းကြိုတင်ပြီးစာရင်းပေးထားနိုင်ပါတယ်ခင်ဗျာ။

15/08/2026

ဒီလိုမျိုးဝိတ်တွက်ခံရဖူးလား?

နိုင်ငံတကာကိုပစ္စည်းများပို့ဆောင်တဲ့အခါမှာ ဈေးနှုန်းတွက်ချက်ပုံလေးတွေကိုရှင်းပြထားပါတယ်။

မရှင်းတာလေးတွေရှိရင် comment ထဲမှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ...

=====================

Phone/Viber : (+66) 0889846155 | (+66) 0614026288
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

13/08/2026

လူကြီးမင်းတို့ကုန်ပစ္စည်းတွေကို နိုင်ငံတကာက မိသားစု၊ သူငယ်ချင်း သို့မဟုတ် ဖောက်သည်များဆီ အချိန်မှီပို့ဆောင်ဖို့ ကျနော်တို့တာဝန်ထားလိုက်ပါ

📢 ထိုင်းနိုင်ငံ အမေများနေ့ ရုံးပိတ်ရက် အသိပေးကြေညာချက်၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) သည် ဘုရင်မကြီးမယ်တော် သီရိ...
11/08/2026

📢 ထိုင်းနိုင်ငံ အမေများနေ့ ရုံးပိတ်ရက် အသိပေးကြေညာချက်

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) သည် ဘုရင်မကြီးမယ်တော် သီရိခေတ် (Queen Sirikit The Queen Mother) ၏ မွေးနေ့အထိမ်းအမှတ်နေ့နှင့် ထိုင်းနိုင်ငံ၏ အမေများနေ့ဖြစ်ပါသဖြင့် RNP Express Thailand ရုံးများ (Big C Rajdamri နှင့် ရန်ကုန်ရုံးခွဲမှအပ) နှင့် warehouse ကို တစ်ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

ဩဂုတ်လ ၁၃ ရက် (ကြာသပတေးနေ့) မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားပါမှာဖြစ်ပါတယ်။ ရုံးပိတ်ရက်အတွင်း စာပြန်ဆိုမှုနှင့် ဝန်ဆောင်မှုအချို့ အနည်းငယ်နှောင့်နှေးနိုင်သည်ကို နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

သားသမီးတွေအတွက် မေတ္တာ၊ ခွန်အားနဲ့ နွေးထွေးမှုတွေ အမြဲပေးစွမ်းနေကြတဲ့ အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်စရာ အမေများနေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ RNP Express မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️🌼



“ပို့ဆောင်ခပေးပြီးပြီဆို လက်ခံသူဘက်က ဘာမှထပ်ပေးစရာမလိုတော့ဘူးလား?”အမြဲတမ်းတော့ မဟုတ်ပါဘူးခင်ဗျာ။နိုင်ငံတကာသို့ ပစ္စည်းပိ...
09/08/2026

“ပို့ဆောင်ခပေးပြီးပြီဆို လက်ခံသူဘက်က ဘာမှထပ်ပေးစရာမလိုတော့ဘူးလား?”

အမြဲတမ်းတော့ မဟုတ်ပါဘူးခင်ဗျာ။

နိုင်ငံတကာသို့ ပစ္စည်းပို့ရာမှာ ကုန်ကျစရိတ်တွေကို အောက်ပါအတိုင်း ခွဲခြားထားနိုင်ပါတယ်။

• ပို့ဆောင်ခ
• သွင်းကုန်အခွန်
• ကုန်သွယ်လုပ်ငန်းခွန်နှင့် အခြားအခွန်များ
• အကောက်ခွန်ရှင်းလင်းခ သို့မဟုတ် ကိုင်တွယ်ခ
• ပစ္စည်းအမျိုးအစားအလိုက် လိုအပ်နိုင်တဲ့ ခွင့်ပြုမိန့်နှင့် စစ်ဆေးခ

ဒီကုန်ကျစရိတ်တွေကို ဘယ်သူပေးရမလဲဆိုတာက ပို့မယ့်နိုင်ငံရဲ့ စည်းမျဉ်း၊ ပစ္စည်းအမျိုးအစား၊ ကြေညာထားတဲ့တန်ဖိုးနဲ့ သဘောတူထားတဲ့ ပို့ဆောင်မှုစည်းကမ်းပေါ် မူတည်ပါတယ်။

ဥပမာ-

• DDU စည်းကမ်းမှာ သွင်းကုန်အကောက်ခွန်ရှင်းလင်းတာနဲ့ အခွန်တွေကို လက်ခံသူဘက်က ပေးရတတ်ပါတယ်။
• DDP စည်းကမ်းမှာတော့ ပို့သူဘက်က သွင်းကုန်လုပ်ငန်းစဉ်နဲ့ အခွန်တွေကိုပါ တာဝန်ယူတတ်ပါတယ်။

ဒါကြောင့် မပို့ခင် “ပို့ဆောင်ခ ဘယ်လောက်လဲ” လို့မေးရုံတင်မဟုတ်ပဲ...

၁။ အခွန်တွေ ပါပြီးသားလား
၂။ လက်ခံသူဘက်က ထပ်ပေးရမယ့် ကုန်ကျစရိတ်ရှိလား
၃။ ဘယ်ပို့ဆောင်မှုစည်းကမ်းကို အသုံးပြုထားလဲ

ဆိုတာတွေကိုပါ သေချာစစ်ဆေးထားကြရအောင်။

ဒီနေရာမှာ သိထားသင့်တာတစ်ခုက အချို့ထပ်မံကျသင့်နိုင်တဲ့ ကုန်ကျစရိတ်တွေကို RNP Express Myanmar က သတ်မှတ်ကောက်ခံတာမဟုတ်ဘဲ သွားရောက်မယ့်နိုင်ငံရဲ့ အကောက်ခွန်ဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတ်မှတ်တာမျိုးလည်း ရှိပါတယ်။

ဒီလိုကုန်ကျစရိတ်တွေဟာ ပစ္စည်းအမျိုးအစား၊ ကြေညာတန်ဖိုးနဲ့ အကောက်ခွန်စစ်ဆေးမှုရလဒ်ပေါ် မူတည်တာကြောင့် တချို့အခြေအနေတွေမှာ ပစ္စည်းရောက်ရှိစစ်ဆေးချိန်မှသာ အတည်ပြုနိုင်ပါတယ်။ နိုင်ငံတကာပို့ဆောင်ရေးမှာ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်တတ်ပေမဲ့ RNP Express Myanmar အနေနဲ့ မပို့ခင် သိရှိနိုင်တဲ့ သတ်မှတ်ချက်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကုန်ကျစရိတ်တွေကို တတ်နိုင်သမျှ ကြိုတင်ရှင်းပြပေးသွားမှာပါ။

=====================

Phone/Viber : (+66) 0889846155
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

🇹🇭 ထိုင်းနိုင်ငံ အမေများနေ့ အထိမ်းအမှတ်အလုပ်တွေရှုပ်နေလို့ ဖုန်းမဆက်ဖြစ်တဲ့နေ့တွေ ရှိနိုင်ပေမယ့် အမေ့ကို သတိရတဲ့စိတ်ကတော...
07/08/2026

🇹🇭 ထိုင်းနိုင်ငံ အမေများနေ့ အထိမ်းအမှတ်

အလုပ်တွေရှုပ်နေလို့ ဖုန်းမဆက်ဖြစ်တဲ့နေ့တွေ ရှိနိုင်ပေမယ့် အမေ့ကို သတိရတဲ့စိတ်ကတော့ ဘယ်တော့မှ မဝေးပါဘူး။
တစ်ခါတလေ အမေကြိုက်တတ်တဲ့ ပစ္စည်းလေး၊ အသုံးဝင်မယ့် လက်ဆောင်လေးတစ်ခုကို သေချာထုပ်ပိုးပြီး ပို့ပေးလိုက်တာက “အမေ့ကို သတိရနေတယ်” ဆိုတဲ့ စကားထက်ပိုပြီး နွေးထွေးစေပါတယ်။

ထိုင်းနိုင်ငံမှာနေပြီး နိုင်ငံခြားကို ပထမဆုံးအကြိမ် ပစ္စည်းပို့ဖို့ စီစဉ်နေတယ်ဆိုရင်
RNP Express ကို တစ်ခါမှ အသုံးမပြုဖူးသေးတဲ့ Customer အသစ်များအတွက် နိုင်ငံတကာပို့ဆောင်ခနှုန်းမှ 35% လျှော့ပေးနေပါပြီ။

• အနည်းဆုံးပို့ဆောင်ခ သတ်မှတ်ချက်မရှိ
• Promotion Code - MOM35
• ပရိုမိုးရှင်းကာလ - ဩဂုတ်လ 7 မှ 16ရက် 2026 အထိ
• လတ်ကဘန် (ဘန်ကောက်) သို့ စတင်ပို့ဆောင်သည့် သတ်မှတ်လမ်းကြောင်းများအတွက်သာ
• Special Route များ မပါဝင်ပါ
• အခြားပရိုမိုးရှင်းများနှင့် တွဲဖက်အသုံးပြု၍မရပါ

ပို့ဆောင်လိုတဲ့နိုင်ငံ၊ ပစ္စည်းအမျိုးအစားနဲ့ ခန့်မှန်းအလေးချိန်ကို Page Messenger မှာ ပေးပို့ပြီး Promotion အကျုံးဝင်မှုကို invoice မထုတ်မီ စစ်ဆေးအတည်ပြုနိုင်ပါတယ်။

=====================

Phone/Viber : (+66) 0889846155
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

4 ကီလိုပဲရှိတဲ့ ပါဆယ်ကို 7.2 ကီလိုလို့တွက်တာ ကြုံဖူးလားဗျ?နိုင်ငံတကာကိုပစ္စည်းပို့ဆောင်တဲ့အခါမှာ ဝိတ်ပေါ်ကတကယ့်အလေးချိန်...
06/08/2026

4 ကီလိုပဲရှိတဲ့ ပါဆယ်ကို 7.2 ကီလိုလို့တွက်တာ ကြုံဖူးလားဗျ?

နိုင်ငံတကာကိုပစ္စည်းပို့ဆောင်တဲ့အခါမှာ ဝိတ်ပေါ်ကတကယ့်အလေးချိန်တစ်ခုတည်းနဲ့ မတွက်တတ်ပါဘူး။ ပါဆယ်/အထုပ်ကပေါ့ပေမယ့် နေရာအများကြီးယူရင် Volumetric Weight (ထုထည်အလေးချိန်) ကိုလည်း နှိုင်းယှဉ်တွက်ချက်ပါတယ်။

ဥပမာ - ကတ္တားပေါ်ကအလေးချိန် = 4ကီလို

ပါဆယ်ဆိုဒ် = 40 × 30 × 30 cm
Volumetric Weight (ထုထည်အလေးချိန်) = 40 × 30 × 30 ÷ 5,000 = 7.2ကီလို

တကယ့်အလေးချိန် 4 ကီလိုဖြစ်ပေမယ့် ဒီဥပမာလေးမှာတော့ 7.2 ကီလိုကပိုများတဲ့အတွက် chargeable weight ဖြစ်နိုင်ပါတယ်။

ဒါကြောင့်ဈေးနှုန်းဖြတ်ဖို့ quotation မတောင်းခင်
1) ချိန်စက်နဲ့ချိန်ပါ
2) ပါဆယ်/box အပြင်ဘက်အတိုင်းအတာကို cm နဲ့တိုင်းပါ
3) အသုံးမလိုတဲ့ box အလွတ်နေရာကို လျှော့ပါ

သတိထားရမှာက ကုန်ပစ္စည်း စာရင်းတွက်နည်း(Divisor) နဲ့ ဂဏာန်းဖြတ်နည်း (Rounding rule) တွေဟာ ပို့ဆောင်ရေးကုမ္ပဏီ (Carrier) နဲ့ ဝန်ဆောင်မှုအမျိုးအစား (Service) တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။

တကယ်လို့ တွက်နည်းမသေချာရင်/သိလိုတဲ့မေးခွန်းတွေရှိခဲ့ရင်လည်း RNP Express မှာအသေးစိတ်လာ‌ရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ…

=====================

Phone/Viber : (+66) 0889846155
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

🎉 RNP Express နဲ့ BTS Skytrain တို့ Partner ဖြစ်လိုက်ကြပါပြီ 🚈🤝📦ရထားခဏခဏစီးရတဲ့ BTS เหมาเที่ยว (Extreme Saving) package ...
04/08/2026

🎉 RNP Express နဲ့ BTS Skytrain တို့ Partner ဖြစ်လိုက်ကြပါပြီ 🚈🤝📦

ရထားခဏခဏစီးရတဲ့ BTS เหมาเที่ยว (Extreme Saving) package ဝယ်ထားတဲ့ဖောက်သည်တော်တွေအတွက် အသုံးဝင်မယ့်အကျိုးခံစားခွင့်တွေ ပါလာပါတယ်ခင်ဗျာ။

Rabbit Rewards App ထဲက RNP Express အခွင့်အရေးကို ရယူလိုက်ရုံနဲ့ -

🎁 RNP ရှော့ပင်အိတ် အခမဲ့
စင်ထရယ်ဝေါရှေ့မှာရှိတဲ့ Big C Ratchadamri (တတိယထပ်) ဒါမှမဟုတ် လတ်ကဘန် branch (သုဝဏ္ဏဘူမိလေဆိပ်အနီး) မှာ လက်ခံရယူနိုင်ပါတယ်။

🏷️ နိုင်ငံတကာပစ္စည်းပို့ဆောင်ခ 1,000 ဘတ် လျှော့ဈေး
ပို့ခ 5,000ဘတ် ပြည့်တဲ့ပို့ဆောင်ခြင်းမှာ walk-in သို့မဟုတ် အွန်လိုင်းချန်နယ်ကနေ အသုံးပြုနိုင်ပါတယ်။

Promotion ကာလ - ယနေ့မှ စက်တင်ဘာ 30, 2026 အထိ

အသုံးပြုနည်း
1) BTS package (Xtreme Saving Package) ဝယ်ပြီး Rabbit Rewards App ဖွင့်ပါ
2) RNP benefit ကို Redeem လုပ်ပြီး QR သို့မဟုတ် ကူပွန်ရယူပါ
3) သတ်မှတ်ထားတဲ့ branch သို့မဟုတ် အွန်လိုင်းချန်နယ်တွေမှာလည်းပြသနိုင်ပါတယ်

ဒီအခွင့်အရေးက Rabbit Rewards မှာ ကူပွန်ရရှိထားသူများအတွက်သာ ဖြစ်ပြီး promotion terms သက်ရောက်ပါတယ်။ မပို့ခင် ကူပွန်ရရှိနိုင်မှု နဲ့ ပို့ဆောင်မှုအကျုံးဝင်ခွင့်ကို အရင်စစ်ပေးပါနော်။

အသေးစိတ် - https://www.rnpexpress.com/promotion/

ထမင်းကြော်မွှေးမွှေးလေးအတွက်သုံးမဲ့ ပဲငံပြာရည်ဂိုဏ်းသားတွေရော၊ အိမ်အလွမ်းပြေခေါက်ဆွဲကြော်/သုပ်လုပ်မဲ့ ကြာညို့အဖွဲ့သားတွေ...
03/08/2026

ထမင်းကြော်မွှေးမွှေးလေးအတွက်သုံးမဲ့ ပဲငံပြာရည်ဂိုဏ်းသားတွေရော၊ အိမ်အလွမ်းပြေခေါက်ဆွဲကြော်/သုပ်လုပ်မဲ့ ကြာညို့အဖွဲ့သားတွေအတွက်ရော မြန်မာ (သို့) ထိုင်းကနေ နိုင်ငံတကာကို အဆင်ပြေပြေ ချောချောမွေ့မွေ့ပို့ဆောင်ပေးနေပါတယ်ခင်ဗျ။

အရည်အတွက်များရင်ကန့်သတ်ချက်လေးတွေရှိနိုင်လို့ မပို့ဆောင်ခင် သိသင့်သိထိုက်တာ၊ မရှင်းလင်းတာများကို Chat box မှာအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

=====================

Phone/Viber : (+66) 0889846155
Line :
🌐 https://www.rnpexpress.com/

📍Warehouse - လတ်ကဘန် (သုဝဏ္ဏဘူမိလေဆိပ်အနီး)၊ ဘန်ကောက်မြို့ ၊ 10520။
ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်တို့မှာလည်း RNP Express ရုံးခွဲရှိတယ်နော်။

ที่อยู่

42/7 (Warehouse 25) RNP Express Co. Ltd. Phatthana Chonnabot 3 Road, Khlong Song Ton Nun, Bangkok
Lat Krabang
10520

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ RNP နိုင်ငံတကာ ပစ္စည်းပို့ဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์