𝙆𝙮𝙖𝙬 𝙎𝙩𝙪𝙙𝙞𝙤

  • Home
  • South Korea
  • Seoul
  • 𝙆𝙮𝙖𝙬 𝙎𝙩𝙪𝙙𝙞𝙤

𝙆𝙮𝙖𝙬 𝙎𝙩𝙪𝙙𝙞𝙤 Korea ဗဟုသုတ အကြောင်းအရာများ မျှဝေပေးမှာမလို့ Followလုပ်ခဲ့ပေးပါအုံးခင်မျ 🇰🇷

11/04/2026

ကိုးရီးယားက ရဲဝန်ထမ်းတွေ
တစ်လကို လစာဘယ်လောက်ရလဲ #ကိုရီးယားနေထိုင်မှု #မြန်မာ #

ခွင့်ပြန်လုပ်သား ၁၀၀ ကျော် ကို OWIC ကတ်ပါ ကုမ္ပဏီနှင့်လုပ်ကိုင်နေသည့်ကုမ္ပဏီ မတူညီလို့ ဆိုကာ ပြည်ပပြန်ထွက်ခွင့်ပယ်ချ ပြည...
10/04/2026

ခွင့်ပြန်လုပ်သား ၁၀၀ ကျော် ကို OWIC ကတ်ပါ ကုမ္ပဏီနှင့်လုပ်ကိုင်နေသည့်ကုမ္ပဏီ မတူညီလို့ ဆိုကာ ပြည်ပပြန်ထွက်ခွင့်ပယ်ချ

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC)မှာပါရှိတဲ့
လုပ်ငန်းကုမ္ပဏီနဲ့ အမှန်တကယ်သွားရောက် အလုပ်လုပ်ကိုင်မယ့် လုပ်ငန်းကုမ္ပဏီ မတူလို့ဆိုကာ ပြည်ပကနေ ခွင့်ဖြင့်ပြန်လာတဲ့ လုပ်သား ၁၀၀ကျော်ကို ပြည်ပပြန်ထွက်ခွင့် စစ်ကော်မရှင် လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ပြည်ပ ထွက်ခွာမယ့် အလုပ်သမားတွေက အလုပ်သမားဝန်ကြီးဌာနထံ သက်မှတ်ထားတဲ့ အချက်အလက် တွေနဲ့အတူ နေပြည်တော်အလုပ်သမားရုံးကို ပြည်ပထွက်ခွင့်လျှောက်ထားရပြီး ထွက်ခွင့်ပြုခြင်းမပြုခြင်းကို အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ Safe Migration တယ်လီဂရမ်ကနေ ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်က စပြီး လက်ရှိအချိန်ထိ OWICကတ်ပါ ကုမ္ပဏီနဲ့လက်ရှိလုပ်နေတဲ့ ကုမ္ပဏီ မတူဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွင့် ပယ်ချခံရတဲ့ ခွင့်ပြန် လုပ်သား၁၀၀ကျော်ရှိ ကြောင်း စာရင်းတွေအရသိရပါတယ်။

"အရင်က OWICကတ် ကအလုပ်နဲ့ အခု အလုပ် လုပ်ငန်း မတူ လည်း ထွက်ခွင့်ပြုတယ် ပြီးခဲ့မတ်လ နောက်ဆုံးပတ်မှာ စပြီး မပေးတော့တာ လူငယ်တွေ ပြည်ပမထွက်ရအောင် ပိုပြီး တင်းကြပ်လိုက်တာ ဒီလို မတူရင် ထွက်ခွင့်မရဘူးလို့လဲ ကြိုပြီး အသိပေးကြေညာတာမျိုး မရှိတော့ ခွင့်ပြန်လုပ်သားတွေ နစ်နာဆုံးရှုံးမှုပိုများကုန်တာပေါ့""လို့ ပြည်ပထွက်ခွင့်လျှောက်ထားမှုအတွက်ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။

အခုလို OWIC ကတ်ပါ အလုပ်နဲ့ လက်ရှိ လုပ်နေတဲ့ အလုပ်မတူညီလို့ ပြည်ပထွက်ခွင့် မရတဲ့ ခွင့်ပြန် လုပ်သားတွေ မှာ ကြိုတင်ဖြတ်ထားတဲ့လေယာဉ်လက်မှတ်ခ များဆုံးရှုံးသလို အချိန်မီ လုပ်ငန်းခွင်မဝင်နိုင် လို့ အလုပ်အကိုင်ဆုံးရှုံးရမယ်​့ အနေထားတွေပါ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

"OWICကတ်နဲ့ အခုလုပ်နေတဲ့ ကုမ္ပဏီနဲ့မတူလို့ ထွက်ခွင့်မရဘူး နေပြည်တော်အလုပ်သမားရုံးကို ဖုန်းဆက်မေးတော့ အချက်အလက်အစုံနဲ့ OWICကတ်ပြန်လုပ်ရမယ် ပြောတယ် အဲ့အတွက်ကြာချိန်က ၃လ အထက်မှာဘဲ ရှိတယ် ခွင့်ယူထားတဲ့ အချိန်နဲ့မလောက်တော့ဘူး ထိုင်းကိုလာတုန်းကတော့ MOUနဲ့ ဟိုရောက်တော့ အလုပ်ကအဆင်မပြေဘဲ တခြားအလုပ်ကိုပြောင်းလိုက်ရတာ တစ်ဖက်နိုင်ငံမှာ ကိုယ့်နိုင်ငံသားတွေ ဘယ်လိုအခက်ခဲနဲ့ရုန်းကန်ရတယ် လုပ်သားအခွင့်ရေးတွေဆုံးရှုံးနေတာကျတော့ မကူညီတဲ့အပြင် ကိုယ့်နိုင်ငံက ထွက်ခွင့်ကိုတောင် အမျိုးမျိုး ပိတ်ပင်နေတာကြီးကတော့ အတော်လေး ဆိုးပါတယ်""လို့ထွက်ခွာခွင့်ပယ်ချခံရတဲ့ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။

ထွက်ခွာခွင့်ပယ်ချခံရတဲ့ လုပ်သား အများစုမှာ မိမိတို့ရဲ့ အလုပ်အကိုင်ဆုံးရှုံးမှာ ကြောက်ပြီး ပြည်ပထွက်ခွင့်ပြုမယ့် အချိန်ကို မစောင့် တော့ဘဲ အဂတိ လိုက်စားတဲ့ ဌာနဆိုင်ရာဝန်ထမ်း အချို့ စီစဉ်ပေးတဲ့ လမ်းကြောင်း နဲ့ ငွေကြေးများစွာပေးပြီး ရသလို နည်းလမ်းနဲ့ ပြည်ပကို ပြန်လည်ထွက်ခွာနေရတယ်လို့ သိရပါတယ်။

ပြည်ပ ထွက်ခွာရာမှာလည်း လေကြောင်းဖြင့်သွားရောက်တာမျိုးရှိသလို အောက်လမ်းက တစ်ဆင့် ထွက်ခွာသူတွေရှိကာလမ်းကြောင်းရှင်းပေးခ တွေမှာ လည်း အခြေနေပေါ်မူတည်ပြီး ကျပ်သိန်း၄၀အထိ ပေးရတာတွေရှိတယ်လို့ သိရပါတယ်။

#ကိုရီးယားနေထိုင်မှု #မြန်မာ

09/04/2026

တောင်ကိုးရီးယားကအနုပညာကြေး
အမြင့်ဆုံးသရုပ်ဆောင် 10ဦး #ကိုရီးယားနေထိုင်မှု #မြန်မာ #

တောင်ကိုးရီးယားနှင့်​မြောက်ကိုးရီးယား ဘယ်တုံးက စပြီး ကွဲသွားတာလည်း ဘာလို့ကွဲသွားတာလည်းကိုးရီးယားဟာ မူလက တစ်နိုင်ငံတည်းဖြ...
07/04/2026

တောင်ကိုးရီးယားနှင့်​မြောက်ကိုးရီးယား ဘယ်တုံးက စပြီး ကွဲသွားတာလည်း ဘာလို့ကွဲသွားတာလည်း

ကိုးရီးယားဟာ မူလက တစ်နိုင်ငံတည်းဖြစ်ခဲ့ပေမဲ့ ၁၉၁၀ ခု
နှစ်မှာ ဂျပန်ရဲ့ ကျူးကျော်မှုကို စတင်ခံခဲ့ရပြီး ၃၅ နှစ်တိုင်တိုင် ဂျပန်လက်အောက်မှာ နေခဲ့ရပါတယ်။ မြန်မာနိုင်ငံ ဂျပန်ခေတ် (၃ နှစ်နီးပါး) နဲ့ နှိုင်းယှဉ်ရင် သူတို့မှာ ဆယ်စု
နှစ် သုံးခုကျော်ကြာအောင် ခါးသီးတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တာပါ။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်ရှုံးနိမ့်သွားတဲ့အတွက် ကိုးရီးယားဟာ လွတ်လပ်ရေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဒါပေမဲ့ စစ်အပြီးမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက် (ရုရှား) တို့က ကိုးရီးယားမှာရှိတဲ့ ဂျပန်တပ်တွေကို လက်နက်ဖြုတ်ဖို့အတွက် ကိုးရီးယားကျွန်းဆွယ်ကို နှစ်ပိုင်း ခွဲလိုက်ကြပါတယ်။
အဲ့ဒီမှာ နာမည်ကျော် ၃၈ ဒီဂရီ မျဉ်းပြိုင် (38th Parallel) ဆိုတာ ပေါ်လာတာပါ။ မြောက်ပိုင်းကို ဆိုဗီယက်ယူနီယံက ထိန်းချုပ်ပြီး တောင်ပိုင်းကို အမေရိကန်က ထိန်းချုပ်ခဲ့ပါတယ်။
မူလက ယာယီခွဲထားတာ ဖြစ်ပေမဲ့ ကွန်မြူနစ်နဲ့ ဒီမိုကရေစီ ဝါဒအားပြိုင်မှုတွေကြောင့် အဲ့ဒီမျဉ်းက အမြဲတမ်း နယ်စပ်စည်းလို ဖြစ်သွားခဲ့ပါတယ်။
• ၁၉၄၈ ခုနှစ်မှာတော့ တောင်ကိုးရီးယားက (Republic of Korea) အဖြစ် ဩဂုတ်လ ၁၅ ရက်မှာလည်းကောင်း၊ မြောက်ကိုးရီးယားက (Democratic People’s Republic of Korea) အဖြစ် စက်တင်ဘာလ ၉ ရက်မှာလည်းကောင်း သီးခြားစီ နိုင်ငံထူထောင်လိုက်ကြပါတယ်။
• ၂ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးကို ကွန်မြူနစ်စနစ်အောက် သွတ်သွင်းဖို့ မြောက်ကိုးရီးယားက တောင်ပိုင်းကို ကျူးကျော်ရာကနေ ၃ နှစ်ကြာ ကိုးရီးယားစစ်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။
• လူပေါင်း သန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ အဲ့ဒီစစ်ပွဲဟာ ၁၉၅၃ ခုနှစ်မှာ စစ်ပြေငြိမ်းရေးစာချုပ် (Armistice) နဲ့ တိုက်ပွဲတွေကို ရပ်နားလိုက်ပါတယ်။
• စစ်ပွဲပြီးတဲ့အခါ ၃၈ မျဉ်းပြိုင်အနီးမှာ DMZ လို့ခေါ်တဲ့ စစ်မဲ့ဇုန်ကို သတ်မှတ်ခဲ့ပါတယ်။
အရေးကြီးဆုံးအချက်က ၁၉၅၃ မှာ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ဟာ "စစ်ပွဲပြီးဆုံးခြင်း" စာချုပ်မဟုတ်ဘဲ "တိုက်ပွဲခဏရပ်နားခြင်း" သဘောတူညီချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာအရ ပြောမယ်ဆိုရင် ကိုးရီးယားနှစ်နိုင်ငံဟာ အခုထိ စစ်ဖြစ်နေဆဲ အခြေအနေမှာပဲ ရှိနေပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး နယ်စပ်မျဉ်းတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
အခုလို တစ်နိုင်ငံတည်းကနေ ဝါဒမတူလို့ နှစ်ခြမ်းကွဲသွားရတဲ့ သမိုင်းကြောင်းကို သူငယ်ချင်းတို့ ဘယ်လိုမြင်ကြလဲ?
#ကိုရီးယားနေထိုင်မှု

02/04/2026

32000တန် DJI Mic miniလေးက
ဘယ်လိုလူတွေအတွက် ဖြစ်မလဲ?
#ကိုရီးယားနေထိုင်မှု

30/03/2026

Samsung ဗီယက်နမ် အထစ်အငေါ့
နောက်ဆုံးပိုင်း
Samsung မရှိရင် ဗီယက်နမ်က အစွယ်မရှိတဲ့🐅လိုပဲ #ကိုရီးယားနေထိုင်မှု #မြန်မာ

29/03/2026

တောင်ကိုးရီးယားက
ဈေးအကြီးဆုံး တိုက်ခန်းများ #ကိုရီးယားနေထိုင်မှု #မြန်မာ

27/03/2026

Samsung ဗီယက်နမ် အထစ်အငေါ့
တတိယပိုင်း #ကိုရီးယားနေထိုင်မှု #မြန်မာ

26/03/2026

ကိုးရီးယားမှာ ဒီစက်လေးဆောင်ထား
😀😀😀😀
#ကိုရီးယားနေထိုင်မှု #마사지

25/03/2026

ကိုးရီးယားမှာ စကူတာဝယ်ရမလား?
လျှပ်စစ် စက်ဘီးဝယ်ရမလား?
#ကိုရီးယားနေထိုင်မှု #ကိုရီးယားနေထိုင်မှု #전기자전 #킥보드

25/03/2026

Samsung ဗီယက်နမ် အထစ်အငေါ့
Samsung က ဗီယက်နမ်ကို
ဘယ်လောက်ထိလုပ်ပေးခဲ့လည်း
အရပ်စကားနဲ့ပြောရရင် ဗီယက်နမ်ရဲ့
🧡နှစ်လုံးက Samsungပဲ
အဲ့လောက်ထိတိုင်းပြည်အတွက်ကျေးဇူးရှင်လို့ပြောလို့ရတယ်
#မြန်မာ

🚘 ဖိနပ်မပါတဲ့ကောင်ကလေးမှသည် ကမ္ဘာကျော် Hyundai သူဌေးကြီးဆီသို့..."မင်း ကြီးလာရင် ဘာဖြစ်ချင်သလဲ ဂျူယန်..."ဆန်အိတ်တွေ အတူထ...
25/03/2026

🚘 ဖိနပ်မပါတဲ့ကောင်ကလေးမှသည် ကမ္ဘာကျော် Hyundai သူဌေးကြီးဆီသို့...

"မင်း ကြီးလာရင် ဘာဖြစ်ချင်သလဲ ဂျူယန်..."
ဆန်အိတ်တွေ အတူထမ်းနေတုန်း အဖေဖြစ်သူက မေးခဲ့တဲ့ အမေးစကားကို ကျွန်တော် ဒီနေ့ထိ မှတ်မိနေတုန်းပါ။

အဲဒီတုန်းက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အဖြေက "အခုလို အလုပ်ကြမ်းတွေတော့ မလုပ်ချင်တော့ဘူး အဖေ" ဆိုတာပါပဲ။

📍 ဆင်းရဲမွဲတေမှုနဲ့ အိမ်မက်တို့ရဲ့အစ
ကျွန်တော့်ကို "အဆန်" (Asan) ဆိုတဲ့ ဆင်းရဲလွန်းတဲ့ ရွာကလေးမှာ မွေးခဲ့တာပါ။ နင်းထားတဲ့ မြေကြီးတောင် ကိုယ်ပိုင်မဟုတ်တဲ့ဘဝ၊ တစ်ရက် ထမင်းတစ်နပ် မှန်
အောင်မစားရတဲ့ ဘဝမျိုးပါ။
အဖေကတော့ မြေပိုင်ယာပိုင်ရှိမှ ဘဝက အာမခံချက်ရှိမယ်လို့ အမြဲပြောလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စပါးခင်းတွေထဲမှာပဲ ဘဝကို အဆုံးမသတ်ချင်ခဲ့ဘူး။

📍 ခြေဗလာနဲ့ ခရီးစဉ် (၂၀၀ ကီလိုမီတာ)
အသက် ၁၆ နှစ်အရွယ်မှာ လက်ထဲမှာ တစ်ပြားမှမပါဘဲ အိမ်ကနေ ထွက်လာခဲ့တယ်။ ၂၀၀ ကီလိုမီတာ (မိုင် ၁၂၀ ကျော်) ခရီးကို ခြေဗလာနဲ့ လမ်းလျှောက်ပြီး ဆိုးလ် (Seoul) မြို့ကို တက်ခဲ့တာပါ။
• ခြေထောက်မှာ ဖိနပ်မပါဘူး။
• လဲစရာ အဝတ်အစား ၃ ထည်လောက်ပဲပါတယ်။
• တစ်ခုတည်းသော တွန်းအားကတော့ "ဆာလောင်မှု" ပါပဲ။

📍 အောက်ခြေဘဝက ရုန်းကန်မှုများ
ဆိုးလ်ရောက်တော့ ပန်းရံအကူ၊ အလုပ်ကြမ်းသမား၊ လက်သမား... ရရာအလုပ်ကို ကျရာနေရာကနေ လုပ်ခဲ့တယ်။
• ညဘက်ဆိုရင် ဆောက်လက်စ အဆောက်အဦ ကြမ်းပြင်ပေါ်မှာ အိပ်ရတယ်။
• အရမ်းအေးတဲ့ ဆောင်းတွင်းမှာ သွေးတွေခဲမသွားအောင် ကိုယ့်ကိုယ်ကိုယ် "သတင်းစာစက္ကူတွေ" နဲ့ ပတ်ပြီး အိပ်ခဲ့ရတယ်။
• အဲဒီညတွေမှာ ကျွန်တော် ကတိပေးခဲ့တာက "တစ်နေ့ကျရင် ကိုယ်ပိုင်အိမ်ကြီးတစ်လုံး ဆောက်နိုင်ရမယ်" ဆိုတာပါပဲ။

📍 အောင်မြင်မှု၊ ကျရှုံးမှုနဲ့ Hyundai ၏ အစ
စုထားတဲ့ ပိုက်ဆံလေးနဲ့ အလုပ်ရုံတစ်ခု ဖွင့်နိုင်ခဲ့ပေမဲ့ လူလိမ်နဲ့တွေ့ပြီး ရှိသမျှ အကုန်ပြောင်သွားခဲ့ဖူးတယ်။ ဗိုက်ဆာတာထက် ရှက်တာက ပိုခံရခက်ပါတယ်။ ရွာပြန်ဖို့အထိ တွေးမိခဲ့ပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးခဲ့တယ် -
"မင်းမှာ အကုန်ဆုံးရှုံးပြီးသားပဲ... ဘာကြောက်စရာ ကျန်သေးလို့လဲ"

ဒီလိုနဲ့ ထပ်ခါထပ်ခါ ကြိုးစားရင်း အလုပ်ရုံသေးသေးလေးကနေ ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တယ်။ အဲဒီနာမည်က "Hyundai" တဲ့။

📍 "လယ်သမားက ကားထုတ်တာ ဘယ်သူယုံမှာလဲ"
လူတွေက လှောင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင်ကား "Hyundai Pony" ထွက်လာတဲ့နေ့မှာ လူတွေ ငိုခဲ့ကြတယ်။
ကျွန်တော်လည်း ငိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ဘီး ၄ လုံးပါတဲ့ ကားတစ်စီးတင် မဟုတ်ဘဲ ကျွန်တော်တို့ နိုင်ငံရဲ့ "ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်း" မို့လို့ပါ။

💡 သူဌေးကြီးပေးချင်တဲ့ ဘဝသင်ခန်းစာ (၃) ချက်
၁။ ဇာစ်မြစ်ဟာ အဆုံးသတ်မဟုတ်ဘူး
"မင်းဘယ်ကလာသလဲဆိုတာက မင်းဘယ်ကိုသွားလို့ရသလဲဆိုတာကို အဓိပ္ပာယ်သတ်မှတ်မပေးဘူး။"
၂။ ပညာထက် အတွေ့အကြုံက အရေးကြီးတယ်
ကျွန်တော် တက္ကသိုလ်မတက်ဖူးဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမှားတွေဆီကနေ သိက္ခာရှိရှိ သင်ယူခဲ့တယ်။
၃။ အရှုံးမပေးတဲ့ စိတ်ဓာတ်
ပိုက်ဆံမရှိပေမဲ့ သတ္တိရှိရင် ဆက်လုပ်ပါ။ ဘယ်သူမှ မယုံကြည်ပေမဲ့ ကိုယ်တိုင်ယုံရင် ဆက်လုပ်ပါ။ ဘဝက တစ်ခါတလေကျရင် "အရှုံးမပေးတတ်တဲ့ စိတ်" တစ်ခုတည်းကိုပဲ တောင်းဆိုတတ်လို့ပါ။
နောက်တစ်ခါ လမ်းမှာ Hyundai တံဆိပ်ကို မြင်မိရင်... ဒါဟာ ဖိနပ်မပါတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ ကြီးမားတဲ့ အိပ်မက်ကနေ စခဲ့တာဆိုတာကို သတိရပေးပါခင်ဗျာ။ ❤️

Address

Seoul

Website

Alerts

Be the first to know and let us send you an email when 𝙆𝙮𝙖𝙬 𝙎𝙩𝙪𝙙𝙞𝙤 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙆𝙮𝙖𝙬 𝙎𝙩𝙪𝙙𝙞𝙤:

Share