22/10/2020
သို့/
ကားလုပ်ငန်းရှင်အုံနာကြီးများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ...
***ပိုလျှင်လှူ မပိုလျှင်မျှဝေ***
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ကုန်တင်ယာဉ် ယာဉ်မောင်း၊ယာဉ်နောက်လိုက်များ ခင်ဗျာ ~
(၁-၈-၂၀၂၀)ရက်နေ့မှ စတင်၍
သက်ဆိုင်ရာဒေသအသီးသီးတွင် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုခံယူပြီး ရောဂါပိုးတွေ့ အဖြေ(+) ဖြစ်၍ _
* ဆေးကုသမှုခံယူနေသော ကုန်တင်ယာဉ်မောင်း/ယာဉ်လိုက်များ၊
* ဆေးကုသမှုခံယူပြီးသော ကုန်တင်ယာဉ်မောင်း/ယာဉ်လိုက်များ အား တစ်ဦးလျှင် ၁၀၀,၀၀၀-ကျပ်နှုံး ထောက်ပံ့လှူဒါန်း သွားမည့် အစီအစဉ်တစ်ရပ်ကို _
* Tringle Tyre
IME International Co,Ltd မှ
(မ တည်အလှူငွေ ကျပ် - ၃,၀၀၀,၀၀၀ )
* Sailun Tyre
စန်းငွေရောင်ကုမ္ပဏီ မှ
(အလှူငွေ ကျပ် - ၆၀၀,၀၀၀ )
* Daw Mar Cho [TC Used Clothing] မှ
(အလှူငွေ ကျပ် - ၅၀၀,၀၀၀ )
တို့ ၏ မတည်လှူဒါန်းမှု နှင့် မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း မှ
စီမံဆောင်ရွက်လျှက်ရှိပါသည်။
စည်းကမ်းသတ်မှတ်ချက်များ
----------------------------
၁။ အဝေးပြေးကုန်စည်တင်ယာဉ် ယာဉ်မောင်း/ယာဉ်နောက်လိုက် ဖြစ်ရပါမည်။
၂။ ကုန်စည်တင်ယာဉ် (မြို့တွင်းခေါက်တိုယာဉ်) ယာဉ်မောင်း ဖြစ်ရပါမည်။
၃။ (+)အဖြေ စစ်ဆေးထွက်ရှိစဉ်က မောင်းနှင်သော ယာဉ်နံပါတ်၊ယာဉ်လိုင်စင်၊ယာဉ်မောင်းလိုင်စင်၊ယာဉ်နောက်လိုက်လိုင်စင် ဖော်ပြပေးရပါမည်။
၄။ Covid-19 ရောဂါပိုး စစ်ဆေးခဲ့သည့်နေရာကို ဖော်ပြပေးရပါမည်။
၅။ ဆေးကုသမှုခံယူပြီးပါက ဆေးရုံဆင်းလက်မှတ် ဖော်ပြပေးရပါမည်။
၆။ လက်ရှိအချိန်တွင်လည်း ကုန်စည်တင်ယာဉ် ယာဉ်မောင်း/ယာဉ်နောက်လိုက် ဖြစ်ပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာ၏ ထောက်ခံချက် တင်ပြရပါမည်။
[[လိုအပ်သောစာရွက်စာတမ်းများအား - ရုံးဖွင့်ရက်များတွင် ( နံနက် ၁၀း၀၀ ~ ညနေ ၃း၀၀ ) အတွင်း ဖော်ပြပါ Viber ဖုန်းများသို့ ပေးပို့တင်ပြ ရပါမည်။ ]]
ဆက်သွယ်ရန်
-------------
အသင်းရုံး
အဆောင်(BB)၊ အခန်း(၁)၊
ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း၊
အမရပူရမြို့နယ်၊
မန္တလေးမြို့ ။
Viber ဖုန်းနံပါတ်
-----------------
09 - 2043775
09 - 5173978
09 - 2006328
လှူဒါန်းပေးအပ်မည့်အစီအစဉ်
----------------------------
ကာယကံရှင်မှ အဆိုပြုသော ငွေလွှဲစံနစ်ဖြင့် ပေးအပ်လှူဒါန်းပါမည်။
လှူဒါန်းမှု ကာလ
----------------
အလှူရှင်ကြီးများ၏ လှူဒါန်းမှုအပေါ်တွင် အခြေခံ၍လှူဒါန်းသော အစီအစဉ်ဖြစ်၍ ဆက်သွယ်တင်ပြမှု အစဉ်အတိုင်းသာ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ဖြစ်ပါသည်။
အလှူငွေအားလုံး ပေးအပ်လှူဒါန်းပြီးသွားလျှင် လှူဒါန်းမှုရပ်နားမည်ဖြစ်ပါသည်။
အလှူရှင်များသို့ ဖိတ်ကြားနှိုးဆော်ခြင်း
------------------------------------
စေတနာရှင် အလှူရှင်များ၊ လုပ်ငန်းရှင်ကြီးများ၊ ယာဉ်ပိုင်ရှင်ကြီးများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်ကြီးများအားလည်း ဤ လှူဒါန်းမှုအစီအစဉ်တွင် ပါဝင်လှူဒါန်းနိုင်ကြပါရန် လေးစားစွာ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
လှူဒါန်းရန် ဘဏ်ငွေစာရင်းများ
------------------------------
ဧရာဝတီဘဏ်ငွေစာရင်းအမှတ် -
0079202010070097
ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ် -
12130204300309901
[[အလှူရှင်ကြီးများအနေနှင့် ဘဏ်ငွေစာရင်းတွင် ထည့်ဝင်လှူဒါန်းပေးကြပါရန်နှင့် လှူဒါန်းပြီးစီးမှု မှတ်တမ်းအား Viber ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပို့ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။]]
[[အလှူရှင်ကြီးများစာရင်း နှင့် လှူဒါန်းထောက်ပံ့မှုရရှိပြီးသူများစာရင်းကို အသင်း၏ facebook လူမှုကွန်ယက်စာမျက်နှာ Mrftsa Mdy တွင် ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။]]
* ပါဝင်လူဒါန်းလိုသော
လုပ်ငန်းရှင်ကြီးများ၊
ယာဉ်ပိုင်ရှင်ကြီးများ၊
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်ကြီးများ အနေနှင့် လှူဒါန်းမှု အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက -
ဦးကျော် သူရ [ ၀၉ - ၄၀ ၂၇၁ ၅၅ ၄၄ ]
ဦးကျော်လွှမ်းမိုး[၀၉ - ၅၁၅၁၉၁၉] တို့သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
/မန္တလေးတိုင်းဒေသကြီးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
Copy From Ko Kyaw Hlwan Moe