ရွှေအိုး Shwe Ohe Express

ရွှေအိုး Shwe Ohe Express Public transport service company
Yangon - Mawlamyaing - Yae

01/01/2026

2026 နှစ်သစ်ဦးမှာ ဗိုက်ဝရုံတင်မကဘဲ စိတ်ပါချမ်းမြေ့စေဖို့ ... 🍛
“နှစ်သစ်မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ရွှေအိုးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်မယ့် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ကျွန်တော်တို့ ဂိတ်ကို လာရောက်ကြတဲ့ ခရီးသွားမိဘပြည်သူတွေနဲ့ လမ်းသွားလမ်းလာ အပေါင်းတို့ကို စတုဒီသာ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီလှူဒါန်းမှုဟာ ခရီးသွားသူတွေ၊လမ်းသွားလမ်းလာတွေအတွက်တင် မဟုတ်ပါဘူးနော် ...
❌ ဘယ်သူဖြစ်ဖြစ်
❌ ဘယ်ကလာလာ
ဂိတ်ရှေ့ကို ရောက်လာတဲ့ မိဘပြည်သူ၊ ညီအစ်ကိုမောင်နှမ မည်သူမဆို အားပါးတရ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဘာတွေပြင်ဆင်ထားလဲဆိုတော့ -
အိမ်ချက်လက်ရာအတိုင်း အရသာရှိလှတဲ့ ...
🐷 ဝက်သားဆီပြန်ဟင်း မွှေးမွှေးလေးနဲ့
🍃 ချဉ်ပေါင်ဟင်း စပ်စပ်လေးကို စီစဉ်ထားပါတယ်။
• ဘယ်နေရာလဲ: အောင်မင်္ဂလာအဝေးပြေးဝင်း၊ ရွှေအိုး / လင်းထက်ကြယ် ဂိတ်။
• ဘယ်နေ့လဲ: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့၊ နေ့လည် ၁ နာရီ။
နှစ်သစ်မှာ ကုသိုလ်တူ အတူတူဆင်နွှဲရင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာတွေ ဝေမျှချင်တာမို့ လက်တို့ပြီး လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
"နှစ်သစ်မှာ လာဘ်လာဘတိုးပွါးကြပါစေ ... ရွှေအိုး / လင်းထက်ကြယ် မိသားစု"
#ရွှေအိုး #လင်းထက်ကြယ် #အောင်မင်္ဂလာအဝေးပြေး #နှစ်သစ်ဦး #စတုဒီသာ #အားလုံးကိုဖိတ်ခေါ်ပါတယ် #ဝက်သားဆီပြန်

Address

Mawlamyine

Telephone

+959450607922

Website

Alerts

Be the first to know and let us send you an email when ရွှေအိုး Shwe Ohe Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share