U Aung Moe Kyaw ရေကြောင်းသယ်ယူပို့ဆောင်ရေး

  • Home
  • Myanmar
  • Monywa
  • U Aung Moe Kyaw ရေကြောင်းသယ်ယူပို့ဆောင်ရေး

U Aung Moe Kyaw ရေကြောင်းသယ်ယူပို့ဆောင်ရေး Transportation

09/01/2023

နိင်ငံစီးပွါးရေးမဏ္ဍိုင်

ထန်းပင်တွေ မခုတ်ကြပါနဲ့

ယခုအချိန်မှာ
သေချာပေါက်ပြောရဲပါပြီ

ထန်းသကာရည်ဟာ
Maple syrup
ထက်သာလွန်သလို

ထန်းသကြားကလဲ
Coconut sugar
ထက်သာလွန်ပါတယ်

အကောင်းတကာ
အကောင်းဆုံးအဖြေရအောင်

Green toddy အဖွဲ့ဟာ ရပ်မနေပါဘူး
ကိုဗစ် ရှိနေလို့ အပြင်မထွက်ဘဲ
လုပ်ငန်းပိုခရီးရောက်ပါတယ်

နိင်ငံခြားကစက်ပစ္စည်း
ဝယ်ယူဘို့ဆိုတာက
ထန်းချက်လုပ်ငန်းနဲ့ အသုံးတည့်ပါ့မလား
ဆိုတာကတကြောင်း

ဈေးကြီးတာကလဲ
အစဦးရင်းနှီးဘို့ရာ
တွန့်ဆုပ်မိတာကတကြောင်း

အဲဒီတော့လဲ
အင်တာနက်ပေါ်မှာ
သူတို့စက်တွေ ရနိင်သမျှ လှန်လှောရှာဖွေပြီး
စမ်းသပ်ထုပ်လုပ်ဘို့
ကြိုးစားနေကြတာပါ

ယခုစက်ကတော့
သူတို့ဆီမှာလဲ နောက်ဆုံးပေါ်လို့
ပြောလို့ရတဲ့
ရေခဲစက်စနစ်ပါ

ထန်းရည်ကို အေးခဲပြီး
ရေခဲဖယ်ထုပ်ပြီး
ထန်းရည်အပြစ် ချက်ယူဘို့ရာပါ

ဒါအောင်မြင်သွားရင်
နိင်ငံးခြားဈေးကွက်ကို
ကိုင်တွယ်နိင်ပါပြီ

ထန်းပင်တပင်ကနေ ရတဲ့
ထန်းရည်ချို တန်ဘိုးဟာ
ဈေးကွက်ဝင်သွားပြီဆိုရင်

တရက်ကို အနိမ့်ဆုံး ၅၀၀၀ကျပ်ကနေ
၁၅၀၀၀ ကျပ်ထိ ဝင်ပါမယ်

မိမိပတ်ဝန်းကျင်က
ထန်းပင်တွေ ရေတွက်ကြည့်ပါ
တနေ့ဝင်ငွေနဲ့
အလုပ်အကိုင်အခွင့်အလမ်း
အများကြီးရပါမယ်

တပင်ကို ၁၅၀၀၀ ကျပ်နဲ့ ခုတ်ရောင်းခဲ့ရင်
သင့်အမှားအတွက် နောင်တဟာ

နောက် ၁၈ နှစ်ကြာမှ
ထန်းရည်ထုပ်ရတဲ့ ထန်းပင်ကို
သင်ပြန်ပိုင်ဆိုင်မှာပါ

နိင်ငံစီးပွါးရေးအမြင်နဲ့ကြည့်ရင်

ထန်းထွက်ပစ္စည်းဟာ အားလုံးထက်
သာလွန်ကောင်မွန်နေတယ်ဆိုရင်

အခြားနိင်ငံများဟာလဲ
ထန်းပင်တွေစိုက်ဘို့ ကြိုးစားကြမှာပါ

ဒါပေမဲ့
ဈေးကွက်တန်းဝင်ဘို့
သူတို့ နောက်ထပ် ၁၈ နှစ် စောင့်ရပါမယ်

မြန်မာ့ထန်း
တခေတ်ဆန်းရမယ်ဆိုတာ
ရဲရဲကြီး
အာမခံပါတယ်

U Maung Maung Soe
credit

07/01/2023
06/01/2023

" မြန်မာပြည်က ဘွဲ့
အမေရိကားမှာအသုံးဝင်တယ်ဆိုရင်
ဆူရှီလိပ်နေတဲ့သူတွေ
အမေရိကားမှာ ရှိတော့မှာမဟုတ်ဘူး" တဲ့...

ဒါက မြန်မာပြည်ကနေပြီး အမေရိကားရဲ့ဆူရှီလောက
အကြောင်း မသိသေးသူတွေ ပြောကြတဲ့စကားပါ... ဆူရှီလိပ်တာ ပိုက်ဆံဘယ်လောက်ရမှန်း ဆူရှီလုပ်ငန်းလုပ်သူတွေပဲသိကြပါတယ်...

USA ဆိုတာ တကယ့် U Start Again...
ရောက်လာတာနဲ့ ဘဝကို အစက ပြန်စရတာထုံးစံပါ... ကြိုးစားရတယ်၊ ဇွဲရှိရတယ်၊ အလုပ်လုပ်နိုင်ရတယ်...
အာ့လိုဆိုရင် သုံးလေးနှစ်နဲ့ အသီးအပွင့်အကျိုးကျေးဇူးကို ခံစားရပါပြီ...
ရောက်ခါစမှာ ပင်ပန်းလို့ ညည်းတဲ့သူတွေရှိတယ်၊
"ငါမလုပ်ချင်တော့ဘူး လာမိတာမှားပြီ" ဆိုပြီး နောက်ပြန်ဆုတ်ချင်တဲ့သူမျိုးတွေလည်းရှိကြတယ်...
ဒါပေမယ့် အလုပ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ပိုက်ဆံလည်း တကယ်ကိုရပါတယ်...

အမေရိကားက ဆူရှီလောက ကို ကျမတို့မြန်မာလူမျိုးတွေပဲ လက်ဝါးကြီးအုပ်ထားတာပါ...
ရောက်ခါစမှာ ကြုံရာဝင်လုပ်ရတာ ထုံးစံဖြစ်တဲ့အတွက် မြန်မာတွေအတော်များများဟာ ဆူရှီလိပ်ကြပါတယ်...
ဘွဲ့ရ ပညာတတ်တွေလည်း လိပ်ကြတာပဲ...
မြန်မာပြည်က တချို့မသိနားမလည်တဲ့သူတွေဟာ ဆူရှီအလုပ်ကို အထင်သေးစရာလို့မြင်ကြတယ်... လုံးဝကိုမဟုတ်ပါဘူးရှင်...
အမေရိကားမှာ ဆူရှီဝယ်စားနိုင်တဲ့သူတွေဟာ ပိုက်ဆံရှိတဲ့သူတွေပါ... ဆူရှီဟာ အမေရိကားရဲ့ စျေးကြီးတဲ့ စားသောက်ကုန်ထဲမှာပါဝင်ပါတယ်...
ဆူရှီလုပ်ငန်းလုပ်ကိုင်သူတွေဟာ အလုပ်ကြိုးစားတဲ့သူတွေ၊ ဇွဲရှိတဲ့သူတွေပါ... ကိုယ်ပိုင်ဆိုင်ဖွင့်ထားရင် တစ်ပတ် ၇ ရက် ၊ နားရက်မရှိပဲလုပ်ရတာမျိုးပါ... လူခွဲရှိရင်တော့ တမျိုးပေါ့...
သူများဆိုင်မှာ အခစားဝန်ထမ်းလုပ်ရင်လည်း တပတ် ၆ ရက်တော့လုပ်ရပါတယ်... လုပ်ရတာနဲ့တန်အောင်လည်း ပိုက်ဆံတကယ်ကိုရပါတယ်...

ဘွဲ့ရပညာတတ်ပြီး ဘာလို့ဆူရှီလုပ်နေလဲဆိုရင် သူတို့ဟာ အမေရိကားကို first generation အနေနဲ့ဝင်လာတဲ့သူတွေပါ... မိသားစုအလိုက်ဝင်လာကြတယ်... သားသမီးတွေအတွက် ပိုပြီးစဥ်းစားပေးကြတယ်...
ဆူရှီလုပ်ငန်း လုပ်ပြီး ကလေးတွေကို support ပေးကြတယ်...
သူတို့ဘွဲ့တွေနဲ့ပြန်ပြီးအသုံးချမနေကြတော့ပဲ ဘွဲ့နဲ့သက်ဆိုင်တဲ့ အလုပ်တွေလည်း လိုက်ရှာမနေတော့ဘူး...
first generation ဖြစ်တဲ့အတွက် ပိုက်ဆံရတဲ့ဆူရှီအလုပ်ကိုပဲ အမြဲလုပ်သွားကြတော့တယ်...
သူတို့ဘဝတွေကတော့ ဆူရှီလုပ်ငန်းလုပ်ရင်း အချိန်ကုန်ဆုံးသွားပေမယ့် သူတို့သားသမီး second generation တွေကတော့ ပညာတတ်တွေ အလုပ်ကောင်းကောင်းတွေ နေရာကောင်းကောင်းတွေမှာရကုန်ကြတယ်....
အမေရိကားကို ရောက်လာတဲ့ first generation တိုင်းရုန်းကန်ရတာ ထုံးစံပါ...
သူတို့သားသမီး second generation တွေကျတော့ သူတို့လို ရုန်းကန်စရာမလိုတော့ပါဘူး...

မြန်မာပြည်ကဘွဲ့ရပြီး အမေရိကားမှာ ဆူရှီလိပ်နေတဲ့ first generation တွေဟာ သူတို့ရဲ့ဘွဲ့က အမေရိကားမှာ အသုံးမဝင်လို့ လုံးဝမဟုတ်ပါ... သူတို့ကိုယ်တိုင်ဘွဲ့လက်မှတ်ကို
ဂျောင်ထိုးထားပြီး ဆူရှီလုပ်ငန်းကိုပဲရွေးချယ်ကြတဲ့သူတွေပါရှင်..

အမေရိကားမှာ ဆူရှီဆိုင်တွေယူပြီး ကြီးပွားချမ်းသာနေတဲ့ မြန်မာတွေအများအပြားရှိပါတယ်...

နောက်တစ်ချက်က အမေရိကားရောက်ရောက်ချင်း မြန်မာပြည်က မာစတာဘွဲ့ကြီးပိုက်ပြီး
" ငါ့တိုင်းပြည်မှာ ငါက မာစတာ... မင်းတို့ကုမ္ပဏီမှာ မန်နေဂျာပေး" ဆိုပြီး သွားလျှောက်ရင် ဘယ်သူမှ မခန့်ပါဘူး...
စာရေးသူကိုယ်တိုင်လည်း မြန်မာပြည်မှာ မာစတာဘွဲ့ရခဲ့
ပေမယ့် အမေရိကားက ကုမ္ပဏီမှာ စလုပ်တဲ့အခါ သာမာန်ဝန်ထမ်းအနေနဲ့ဝင်လုပ်ရပါတယ်...
သူတို့ နိုင်ငံက ဘွဲ့ရတွေကတော့ ရာထူးရှိတဲ့နေရာတွေ တန်းရပါတယ်... သူတို့တိုင်းပြည်က မာစတာဆိုရင် ကျောင်းဆင်းတာနဲ့ ရာထူးကြီးပိုင်းတန်းခန့်တာပါ...

မြန်မာပြည်က မာစတာကတော့ တန်းပြီး ဘယ်သူမှ ရာထူးကြီးပိုင်းမပေးပါဘူး... လုပ်သက်နဲ့ လုပ်ငန်းခွင်မှာတော်မှ နေရာရပါတယ်...
သာမန်ဝန်ထမ်းအနေနဲ့ စဝင်၊ မြန်မာပြည်က ဘွဲ့ရခဲ့တဲ့သူဖြစ်တော့ ကြိုးစားတယ် တော်တယ်ဆိုရင် ၆ လလောက်နဲ့ Team leader ပေး၊ သိပ်မကြာဘူး Supervisor တွေဖြစ်...

လုပ်ငန်းလိုအပ်ချက်အရ လက်ထောက်မန်နေဂျာ၊
မန်နေဂျာတွေခေါ်တော့မယ်ဆိုရင်တော့ လုပ်သက်ရှိတယ်၊ ကြိုးစားတယ်ဆိုတဲ့အချက်နဲ့အတူ မြန်မာပြည်ကဘွဲ့လည်းရခဲ့တယ်ဆိုတဲ့ ဘွဲ့လက်မှတ်နဲ့ မန်နေဂျာရာထူးကို ရပါတယ်ရှင်...
ဘွဲ့မရရင်တော့ မန်နေဂျာမဖြစ်ပါဘူး...
မြန်မာပြည်ကဘွဲ့နဲ့လည်း လုပ်ငန်းခွင်မှာ ရိုးသားကြိုစား လုပ်သက်ရှိရင် ရာထူးရှိတဲ့နေရာကိုရပါတယ်...
အထက်လူကြီးတွေကလည်း ဘယ်တိုင်းပြည်ကပဲ ဘွဲ့ရခဲ့တဲ့သူကိုမဆို အောက်ခြေဝန်ထမ်းနေရာမှာပဲ အမြဲမထားပါဘူး... သူနဲ့သင့်တော်လိုက်ဖက်မယ့် နေရာ တနေရာတော့ ပေးကြပါတယ်...

ကွာခြားချက်ကတော့ မြန်မာပြည်က ဘွဲ့သမားတွေဟာ မန်နေဂျာဖြစ်ဖို့ step by step၊ သွားရပေမယ့် သူတို့နိုင်ငံက ဘွဲ့ရကျောင်းဆင်းတွေကတော့ ဝင်တာနဲ့ရာထူးရှိပိုင်းနေရာ
တွေ တန်းရပါတယ်..
အာ့တချက်ကတော့ ကွာခြားပါတယ်ရှင်...

မြန်မာပြည်က ဘွဲ့အမေရိကားမှာ သုံးစားလို့မရဘူးဆိုတာက ပြန်ပြီးအသုံးမချတဲ့သူတွေအတွက်ပါ...
အမြဲ ကြိုးစားနေမယ်၊ English စာကိုသေချာလေး လေ့လာနေမယ်ဆိုရင် သင်ဟာ မြန်မာပြည်ကဘွဲ့နဲ့ပဲ အမေရိကန်တိုင်းပြည်မှာ ကောင်းမွန်တဲ့ရာထူးနေရာလေးတစ်ခု ဧကန်အမှန်ကိုရလာမယ်ဆိုတာ မယုံမရှိပါနဲ့ရှင်...
U Start Again ဆိုတဲ့စကားကိုတော့ မေ့လို့မရဘူးပေါ့လေ...

crd

03/01/2023

07/12/2022

✅✅✅

06/12/2022

သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့

ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေး
ရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့
အောင်မြင်မှုဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်။

Credit: Phoe Lu

23/10/2022

လူတွေနဲ့စကားပြောရင် သိပ်မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မရောလိုက်နဲ့။
ကိုယ့်အားနည်းချက်ကို နင်းသွားတတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မစပ်စုနဲ့။
အထင်သေးအမြင်သေး ပြန်ကြည့်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်တယ်။

လူတွေနဲ့စကားပြောရင် ဖြတ်မပြောနဲ့။
မယဥ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ်မှတ်တတ်တယ်။

လူတွေနဲ့စကားပြောရင် သိပ်အတင်းမပြောနဲ့။
သူ့အကြောင်းလဲ တစ်ခြားလူတွေကို သင်ပြောမှာပဲလို့ သတ်မှတ်တတ်တယ်။

သိထားရမှာက
လူတိုင်းက စိတ်သောကများကြတဲ့အတွက်
ပေါ့ပေါ့ပါးပါးစိတ်ချမ်းသာစရာစကားပဲ
ကြားချင်ကြတယ်။

သို့ဖြစ်၍ သူတစ်ပါး စိတ်ချမ်းသာဖို့
အဓိကထား ရည်ရွယ် ပြောဆိုပါ။

စကားဆိုတာ အမှန်တရား
ဖြစ်စေဦးတော့ ပြောသင့် မပြောသင့်
ချင့်ချိန်ပါ။

မှန်တဲ့စကားက နားထောင်သူအတွက်
အကျိုးရှိကောင်းရှိမယ်။
ပြောတဲ့သူအတွက်တော့ အန္တရာယ် အသွယ်သွယ်
ရန်အသွယ်သွယ် ဖြစ်ပွားတတ်တယ်။

အရမ်းရင်းနှီးသူပင် ဖြစ်ပါစေ
စကားကိုချင့်ချိန်ပြောလိုက်ပါ။



မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပြီး
ပြန်လည်မျှဝေပါတယ်။



ချစ်ခြင်းအားဖြင့်
ပြေခိုင်

02/10/2022

”Secular Buddhism အကြောင်း”

◾️ဒီဘက်နောက်ပိုင်း ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်လို့ အပြောများ၊ အရေးများလာပေမဲ့ ကျွန်တော့်စာတွေ၊ ဆွေးနွေးမှုတွေကို သေချာဖတ်ကြည့်၊ နားထောင်ကြည့်မယ်ဆိုရင် Secular Buddhism ဘက်ကို ပိုရောက်တာ သတိထားမိပါလိမ့်မယ်။

ဘာသာ၊ သာဿနာ စောင့်ရှောက်မယ်ဆိုပြီး ဗုဒ္ဓဘာသာဝင်တွေ တခြားဘာသာ ပြောင်းမသွားအောင်၊ ဘာသာမဲ့ ဖြစ်မသွားအောင်၊ ဒါမှမဟုတ် တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းလာအောင် ရေးနေတာ မဟုတ်ပါဘူး။ အဲ့လိုပဲ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ မဟုတ်သလို ဗေဒင်တွေ၊ နက္ခတ်တွေနဲ့ ရောနှောရေးတာမျိုးလည်း မဟုတ်ဘူး။ ဗုဒ္ဓအဆုံးအမတွေကို အခြေခံ ကျင့်သုံးပြီးမှ ဘဝတစ်ခုကို တန်ဖိုးရှိအောင်၊ အေးချမ်းအောင် ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ဘက်ကို ရေးတာ များပါတယ်။

◾️Secular Buddhism ဆိုတာကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ပါတယ်။ မြင်သာအောင် ပြောရရင် ဗုဒ္ဓအဆုံးအမတွေကို လက်ခံတယ်။ လိုက်နာတယ်။ ကျင့်သုံးတယ်။ သို့သော် သဘာဝလွန်ဖြစ်ရပ်တွေ၊ သက်သေပြလို့ မရတာတွေကို အလေးမထားဘဲ၊ (ဒါမှမဟုတ် လုံးဝကို ငြင်းပယ်ပြီး) လက်ရှိဘဝကိုပဲ အဓိက အာရုံစိုက်တဲ့ ပုံစံမှုမျိုး ဖြစ်ပါတယ်။ ဘာသာတရား ကိုးကွယ်မှုလို့တောင် မဆိုနိုင်ဘူးပေါ့။ ဘဝနေနည်းတစ်ခုလို ကျင့်သုံးနေထိုင်တယ် ပြောရင် ပိုမှန်ပါမယ်။

◾️ဒီဆောင်းပါးမှာတော့ အဲဒီ Secular Buddhism နဲ့၊ Classical Buddhism လို့ ခေါ်တဲ့ အစဉ်အလာ ဗုဒ္ဓဘာသာ ကိုးကွယ်မှုနဲ့ ဘာတွေ ကွာသလဲ ဆိုတာကို လေ့လာမိသလောက် ရေးပြချင်ပါတယ်။

အဓိက ကွာခြားချက်ကတော့ Classical Buddhism က ကျမ်းဂန်လာ အဆုံးအမတွေ၊ ဗုဒ္ဓဟောကြားချက် (လို့ သတ်မှတ်ထားတာ) တွေကို အကုန်အစင် လက်ခံပြီး Secular Buddhism ကတော့ ဒီဘက်ခေတ် သိပ္ပံပညာ၊ စိတ်ပညာ၊ လူသားဝါဒ၊ ဒဿနတွေနဲ့ ချိန်ထိုးပြီးတော့မှ သက်သေပြလို့ ရတာတွေ၊ သဘာဝကျတာတွေကိုပဲ လက်သင့်ခံပါတယ်။

📌 သံသရာ

Classical Buddhism က သံသရာကို ယုံပါတယ်။ ရှေ့ဘဝ၊ နောက်ဘဝ၊ ၃၁ ဘုံ၊ ငရဲပြည်က တစ်ရက်က လူ့ပြည်မှာ ဘယ်နှနှစ်၊ နတ်ပြည်က စည်းစိမ်ချမ်းသာက ဘယ်လိုဘယ်ဝါ စသဖြင့်ပေါ့။ ဒီအတွက် အတိတ်ကံ ဆိုတာတွေ ပါလာတယ်။ နောက်ဘဝကို မျှော်ကိုးပြီး အလှူလုပ်တာ၊ သီလစောင့်ထိန်းတာတွေ ရှိတယ်။ နိဗ္ဗာန်ရောက်ဖို့အတွက် ကျင့်ကြံအားထုတ်ကြတယ်။

Secular Buddhism ကတော့ အဲဒါတွေကို အဓိက ဦးစားမပေးဘူး။ သက်သေပြလို့မှ မရတာ။ ဒီဘ၀ အေးချမ်းဖို့၊ တန်ဖိုးရှိရှိ နေနိုင်ဖို့ကိုပဲ စဉ်းစားတယ်။ ရည်ရွယ်တယ်။

📌 သစ္စာ ၄ ပါး၊ ပဋိစ္စသမုပ္ပါဒ်

Classical Buddhism က သံသရာကို ယုံတဲ့အတွက် သစ္စာ ၄ ပါး၊ ပဋိစ္စသမုပ္ပါဒ် စတာတွေကို သံသရာလွတ်ကြောင်း တရားအဖြစ် နာယူကျင့်သုံးကြတယ်။

Secular Buddhism ကတော့ ဒီတစ်ဘဝစာ စိတ်ငြိမ်းချမ်းမှု ရဖို့ဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်တယ်။ တကယ်ဆို သံသရာကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အားလုံးအတွက် မှန်နေတာတစ်ခုက စိတ်စွဲလမ်းမှု များလေလေ၊ ပူလောင်ရလေပဲ။ သစ္စာ ၄ ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ မဂ္ဂင် ၈ ပါး စတဲ့ တရားတွေဟာ နိဗ္ဗာန်ရောက်ဖို့မှ မဟုတ်ဘဲ လက်ရှိဘ၀ အေးချမ်းမှု ရဖို့မှာလည်း ကျင့်သုံးလို့ ရပါတယ်။

📌 အလှူလုပ်တဲ့အခါ

Classical Buddhism က သံသရာကို ရည်ရွယ်ပြီး အလှူတွေ လုပ်တယ်။ ဝါဆိုသင်္ကန်းကပ်တာ၊ ကထိန်သင်္ကန်းကပ်တာ စသဖြင့်။ အဲ့လို ကပ်လှူခြင်းဖြင့် နတ်ပြည်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ဘဝဆက်တိုင်း ဘယ်လိုကောင်းကျိုးရတယ် ဆိုတဲ့ မက်လုံးတွေနဲ့ပေါ့။

Secular Buddhism ကလည်း အလှူလုပ်တယ်။ သို့သော် သူ့အလှူကျ သံသရာကို မရည်ရွယ်တော့ဘူး။ ကိုယ့်အကျိုးထက် အလှူခံပုဂ္ဂိုလ် အဆင်ပြေစေဖို့ ဆိုတဲ့ဘက်ကိုပဲ သွားတော့တယ်။ သင်္ကန်းတွေ တောင်လိုပုံနေတဲ့ နာမည်ကြီး ဆရာတော်တစ်ပါးကို သင်္ကန်းကပ်လှူမဲ့အစား စစ်ဘေးရှောင်စခန်းတစ်ခုကိုပဲ လှူလိုက်တာမျိုး၊ ဝါဝင်းနေတဲ့ စေတီမှာ ရွှေသင်္ကန်း ကပ်မဲ့အစား စာသင်ကျောင်းတစ်ခုကို ငွေလှူတာမျိုး လုပ်ကြတယ်။

📌 ဗုဒ္ဓ

Classical Buddhism က လောကသားတွေကို ကယ်တင်ဖို့ ဘုရားဆုပန်တာကနေစလို့ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တာတွေ၊ ဘုရားလောင်းဘဝတွေ အကုန်လုံးကို လက်ခံတယ်။ ကြည်ညိုတယ်။ နောက်ပြီး ဗုဒ္ဓရဲ့ (လိုအပ်ချက်အလျောက်) တန်ခိုးနဲ့ ဖန်ဆင်းပြတာတွေ၊ နတ်ပြည်တက်ပြီး တရားဟောတာတွေ၊ ဒါတွေကိုလည်း ယုံကြည်ကြတယ်။

Secular Buddhism ကတော့ ဂေါတမဗုဒ္ဓ ဘဝတစ်ခုတည်းကိုပဲ လက်ခံတယ်။ တန်ခိုးအစွမ်းတွေနဲ့ God (နတ်ဘုရား) ဆန်ဆန် ပုံရိပ်ထက် အင်မတန် စည်းစိမ်ဥစ္စာပေါများတဲ့ မင်းသားဘဝကိုစွန့်၊ ဖန်ရည်စွန်းတဲ့ အဝတ်ကိုဝတ်၊ ရိုးရှင်းစွာ နေထိုင်၊ မာန်မာနမရှိ၊ မေတ္တာတရား ကြီးမား၊ အသိဉာဏ် အလွန်မြင့်မားပြီး သူ့အသိတွေ၊ ဓမ္မတရားတွေကို ဟောကြားပြသခဲ့တဲ့ လူသားစစ်စစ်တစ်ယောက်အဖြစ်ပဲ လေးစားကြည်ညိုတယ်ပေါ့။

ပြောမယ်ဆို ဘုရားလောင်းဇာတ်တော်တွေမှာတောင် ဗုဒ္ဓတကယ်ဟောခဲ့တာ ဟုတ်မဟုတ် အငြင်းပွားစရာ ဖြစ်နေတာတွေ အများကြီး။ ဥပမာ ဝေသန္တရာမင်းဆို အတော်လေး လူပြောစရာ ဖြစ်တယ်။ ဆင်ဖြူတော်ကို လှူတာထား။ ကလေးတွေနဲ့ မိန်းမကိုပါ ပေးလှူပစ်တာကျ ဒီခေတ်အမြင်နဲ့ဆို အတော်လေး လက်ခံနိုင်စရာ မရှိဘူး။ Classical Buddhism အမြင်အရတော့ ဒါဟာ စွန့်လွှတ်ခြင်း၊ ပါရမီဖြည့်ခြင်း ဖြစ်ပေမဲ့ Secular Buddhism ကတော့ (ဘုရားဟောအစစ် ဖြစ်ပါတယ်ဆိုတောင်) အဲဒီခေတ်ကာလ အခြေအနေအရ လုပ်ခဲ့တာမျိုးပဲလေ ဆိုတာအပြင် ထူးပြီး ကြည်ညိုအတုယူနေတာ မရှိဘူး။

📌 သံဃာ

Classical Buddhism က ရတနာတစ်ပါးအဖြစ် ကြည်ညိုကြတယ်။ သင်္ကန်းကို လေးစားရမယ် ဆိုတာမျိုး ပြောကြတယ်။ သံဃာကို လှူတန်းခြင်းကြောင့် ရတဲ့အကျိုးတွေကို မျှော်လင့်ကြတယ်။

Secular Buddhism ကတော့ သံဃာကို လေးစားမှုထားတယ်။ တရားကို ဖြောင့်ဖြောင့်တန်းတန်း အားထုတ်နိုင်အောင်၊ သူများကို တဆင့်ပြန်လည်ဟောကြား သင်ပြနိုင်အောင် စားဝတ်နေရေး ကူညီပေးတယ်။ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်း ၄ ပါး လှူတန်းတယ်) ဟောကြားချက်တွေကိုလည်း တလေးတစား နာယူတယ်။ သို့သော် ဝိနည်းနဲ့ မညီတာ၊ မဟုတ်တာ လုပ်နေတာတွေ့ရင် ဝေဖန်တယ်။ ကဲ့ရဲ့တယ်။

📌 သီလဆောက်တည်မှု

Classical Buddhism က ၅ ပါးသီလကို အတိအကျ လိုက်နာတယ်။ ဒီအတွက် ကုသိုလ်ရတယ်။ ဖောက်ဖျက်ရင် အကုသိုလ်ဖြစ်တယ်။ ဒီလိုမှတ်ယူတယ်။

Secular Buddhism ကတော့ သီလဆိုတာကို Moral reasoning လို့ခေါ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ချဉ်းကပ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူတွေကို ထိခိုက်နိုင်မလဲ၊ ဒီလိုလုပ်ဖို့ တာဝန်ကို ပျက်ကွက်ခြင်းအားဖြင့် ဘယ်သူတွေ အကျိုးယုတ်သွားမလဲ။ ဒီလိုဆင်ခြင်ပြီးမှ ခံယူကျင့်သုံးတယ်။

📌 တရားအားထုတ်ခြင်း

Classical Buddhism က ကမ္မဌာန်းအလုပ်ကို သံသရာလွတ်ကြောင်းအဖြစ် ခံယူပြီး လုပ်တယ်။ အားထုတ်တယ်။

Secular Buddhism ကတော့ လက်ရှိဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးစရာတွေနဲ့ မရေရာမှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္မဌာန်းအားထုတ်မှုကို လုပ်တယ်။

📌 ဘာသာရေး ထုံးတမ်းဓလေ့တွေ

ဥပမာ သီတင်းကျွတ်ဆို မြတ်စွာဘုရား နတ်ပြည်မှာ ဝါတွင်း ၃ လ အဘိဓမ္မာတရား သွားဟောပြီး ပြန်ဆင်းလာတာကို ကြိုဆိုကြတာလို့ ခံယူတယ်။ ဒါကြောင့် မီးထွန်းပူဇော်ကြတယ်။

Secular Buddhism ကတော့ အဲဒါကို ပွဲလမ်းသဘင်တစ်ခု၊ ဓလေ့ရိုးရာတစ်ခုအဖြစ်သာ လက်ခံတယ်။ နတ်ပြည်သွားပြီး တရားဟောတယ်ဆိုတာကျ Supernatural ဆန်နေတာကိုး။ ဒါကို လက်မခံတော့ သီတင်းကျွတ် လပြည့်နေ့ကလည်း အလိုလိုနေရင်း သိပ်မဆန်းတော့ဘူး ဖြစ်သွားတယ်။ ကောင်းမှုကုသိုလ် ဆိုတာကလည်း လပြည့်နေ့ပဲ ကွက်လုပ်နေရတာမျိုး မဟုတ်ဘဲ ဘယ်ရက် ဘယ်နေ့မဆို လုပ်လို့ရ၊ လုပ်သင့်တာပဲကိုး။ နေ့တွေ၊ ရက်တွေအပေါ် အစွဲအလမ်း မထားတော့ဘူး ပြောရမယ်။

◾️Secular Buddhist တစ်ယောက် ဖြစ်လာတဲ့အခါ အဓိက ဘာသိသာသွားလဲဆို လွတ်လပ်သွားတာပဲ။ ကုသိုလ်ရဖို့ဆိုတဲ့ မက်လုံး၊ အကုသိုလ်ဖြစ်တယ်၊ ငရဲကျမယ်ဆိုတဲ့ ခြောက်လုံးတွေထက် ကျိုးကြောင်းဆင်ခြင်ပြီးမှ ကျင့်သုံးနေထိုင်ရတာ သိပ်အရသာရှိတယ်။

ဥပမာ တော်လှန်ရေးပဲ ဆိုပါတော့။ Classical Buddhism နဲ့ဆို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ဝေဝါးမှုတွေ ဖြစ်နေမှာ။ တော်လှန်ရေးထဲလည်း ဝင်ကူတယ်၊ ငါတော့ ပါဏာတိပါတကံ ထိုက်နေပြီ၊ အကုသိုလ် ဖြစ်နေပြီ၊ သံသရာမှာ ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုပြီးတော့ပေါ့။

Secular Buddhism ကျ ရှင်းတယ်။ တော်လှန်ရေး လုပ်နေတာ မုန်းလို့ မဟုတ်ဘူး။ သေကြပါစေတော့ ဆိုတဲ့ စေတနာနဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ ရွာသူရွာသားတွေကို ညှင်းပန်းနေတဲ့ ဘီလူကြီးကို နှိမ်နင်းနေတာပဲ။ သူ မရှိမှ လောကကြီး အေးချမ်းအဆင်ပြေမှာ။ ဒီအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ။ ဆိုတော့ ခုနကလို စိတ်မအေးချမ်းမှုတွေ၊ နောင်တတွေ ဖြစ်မနေတော့ဘူး။

ဗုဒ္ဓဂုဏ်တော်ဆိုလည်း
• အရဟံ - ကိလေသာ ကင်းစင်တယ်၊
• သုဂတော - ကောင်းသောစကားကို ဆိုတယ်၊
• ဗုဒ္ဓေါ - သစ္စာ ၄ ပါးကို ကိုယ်တိုင်လည်း သိတယ်၊ သူများကိုလည်း ပြန်ဟောနိုင်တယ်၊ ဒီလိုလူသားဆန်တဲ့ ဂုဏ်တော်တွေကိုပဲ ပိုပြီး ကြည်ညိုမိလာတယ်။ မင်းတို့ဘုရားက မွေးကတည်းက လမ်းထလျှောက်တယ် ဆိုတာ ဟုတ်ပါ့မလား၊ နတ်ပြည်တက် တရားဟောတယ် ဆိုတာ ဟုတ်လို့လား စသဖြင့် ပြောလာရင်လည်း အေးဆေးပဲ။ အဲဒီအစွမ်းတွေကြောင့် ဗုဒ္ဓအဆုံးအမကို ခံယူကျင့်သုံးနေတာမှ မဟုတ်တာ။ ဘယ်သူနဲ့မဆို ဆွေးနွေးရ၊ စကားပြောရတာ ကောင်းလာတယ်။ အမုန်းမပွားတော့ဘူး။ ငြင်းခုန်စရာ မလိုတော့ဘူး။

အလှူလုပ်ရင်လည်း နောင်သံသရာမှာ ချမ်းချမ်းသာသာ နေရဖို့ဆိုတာထက် မေတ္တာတရားနဲ့ စွန့်လွှတ်လိုစိတ်ကို အခြေခံပြီး လုပ်ဖြစ်လာတယ်။ ကိုယ်ပေးလှူလိုက်လို့ တစ်ဖက်သား အဆင်ပြေသွားတာကို ပီတိဖြစ်တဲ့စိတ်ကလေးနဲ့ လှူရတာ သိပ်အေးချမ်းတယ်။

မြန်မာပြည်မှာ လူလာဖြစ်တာ ဝဋ်ကြွေးကြီးလို့ ဆိုပြီး အတိတ်ကံကို မပုံချတော့ဘူး။ စစ်အာဏာရှင်တွေ တစ်နေ့ ဝဋ်ပြန်လည်လိမ့်မယ်၊ သေရင် ငရဲကျလိမ့်မယ် ဆိုပြီးလည်း လက်ပိုက်ကြည့်မနေတော့ဘူး။ လုပ်စရာရှိတာကို လုပ်တယ်။ အကြောင်းတရားကို ဖြည့်ဆည်းထားရင် ဆိုင်ရာအကျိုးတရားဟာ မလွဲမသွေ ရောက်လာမှာပဲလို့ ယုံကြည်တယ်။

◾️အပေါ်က စာတွေဖတ်လိုက်ရင် Classical Buddhism က တော်တော်မကောင်းသလို ဖြစ်နေတယ်။ တကယ်တော့ အားလုံးက အဲဒီအတိုင်း ဖြစ်နေတာတော့ မဟုတ်ဘူး။ ဥပမာ သံဃာကို ဝေဖန်ထောက်ပြလို့ ရတယ်ဆိုတာမျိုး သံဃာတော်တွေကိုယ်တိုင် ပြောနေကြတာပဲ။ သံသရာကို ယုံကြည်လက်ခံပေမဲ့ အလှူလုပ်တဲ့အခါ သံသရာမှာ အကျိုးပြန်ရဖို့ မဟုတ်ဘဲ အလှူခံပုဂ္ဂိုလ် အဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ လှူနေတဲ့သူတွေလည်း ရှိတာပဲ။ သို့သော် အများအားဖြင့်ကတော့ အဲဒီအတိုင်းပဲ ဖြစ်နေကြတယ်ပေါ့။

ခု တော်လှန်ရေးကာလမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လူတွေ ဝေဖန်လာကြတာ၊ ဘာသာမဲ့တောင် ဖြစ်ချင်လာပြီ ဆိုပြီး ပြောနေကြတာဟာလည်း ကိုးကွယ်သူတွေရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ အများကြီး ဆိုင်ပါတယ်။ သံသရာအကျိုးကို ရည်ရွယ်ပြီး လှူကြတာ၊ သံဃာဆိုရင်ကို မျက်စိမှိတ် ကိုးကွယ်ကြတာတွေကြောင့်လည်း တချို့ဆရာတော်တွေဟာ နာမည်ကြီးခြင်း၊ လာဘ်လာဘပေါခြင်း၊ အ​ခြွေအရံများခြင်း ဆိုတဲ့ လောကဓံတွေကို မခံနိုင်တော့ဘဲ ဖောက်ပြန်ကုန်ကြတယ် ပြောလို့ ရနိုင်ပါတယ်။

ဒါကြောင့် ကောင်းတာကို ယူ၊ မကောင်းတာကို ပြုပြင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်လည်း သံသရာကို ယုံပါတယ်။ နိဗ္ဗာန်ဆိုတာကိုလည်း (ကိုယ် မလိုချင်သေးပေမဲ့) ယုံသလို၊ ဘုရားရှိခိုး၊ တရားထိုင်ပြီး အမျှဝေတာမျိုးတွေ လုပ်တာပါပဲ။ သို့သော် တတ်နိုင်သမျှတော့ Classical Buddhism ရဲ့ အားနည်းချက်တွေကို ရှောင်ရှားပြီး နေထိုင်ဖြစ်လာပါတယ်။

◾️တစ်ကိုယ်စာအမြင်အရ ပြောရရင် ဒီခေတ်လူငယ်တွေ၊ ကလေးတွေကလည်း Secular Buddhism ဘက်ကို ပိုရောက်လာကြပါလိမ့်မယ်။ သိပ္ပံခေတ်၊ AI ခေတ်မှာ ကြီးပြင်းလာတဲ့ ကလေးတွေကို Supernatural တွေ ယုံခိုင်းဖို့ဆိုတာ အတော်ခက်လာမှာကိုး။ ခုနောက်ပိုင်း လူငယ်လူလတ်ပိုင်း သံဃာတော်တွေဆိုလည်း အဲ့လို Secular Buddhism ဆန်တဲ့ဘက်ကနေ ရေးလာ၊ ဟောလာကြတာ သတိထားမိကြမှာပါ။

အရင်ကတော့ မိဘက ဗုဒ္ဓဘာသာမို့လို့ ကိုယ်လည်း အဲ့လိုဖြစ်သွားတယ် ဆိုတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာထက် ဘာသာရေးအကြောင်းကို ခြေခြေမြစ်မြစ် သိတဲ့ မိရိုးဖလာလွန် ဗုဒ္ဓဘာသာကို ပိုနှစ်သက်ခဲ့တယ်။ ကလေးတွေဆိုလည်း ငယ်ရွယ်စဉ်ကတည်းက ရင်ထဲမှာ ဘုရားတည်ထားပေးသင့်တယ်။ ဒါမှသာ ဘာသာရေးအသိ အခြေခိုင်မှာ ဆိုတာမျိုးပေါ့။

ခုတော့ Secular Buddhism ကို ပိုသဘောကျလာပါတယ်။ အစဉ်အလာ ကိုးကွယ်မှုထက်စာရင် ပိုပြီးလည်း လက်တွေ့ကျတယ်။ လူသားဆန်တယ်။ လူမှုပတ်ဝန်းကျင်အတွက် အကျိုးပိုပြုနိုင်တယ်လို့ မြင်မိတယ်။ နှစ်ခုလုံးကတော့ ဗုဒ္ဓအဆုံးအမတိုင်း ကျင့်ကြံနေထိုင်ကြတာချည်းပါပဲ။ အနည်းငယ်သာ ကွာခြားသွားတယ် ပြောရမယ်။

◾️တကယ်တော့ ဘယ်ဘာသာကိုပဲ ကိုးကွယ်သည် ဖြစ်ပါ​စေ၊ ဘယ်ဘာသာကိုမှ မကိုးကွယ်သည် ဖြစ်ပါစေ၊ အဓိကက တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် နေနိုင်ဖို့ကသာ အရေးကြီးဆုံးပါ။ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားပြီး လူတွေကို ဒုက္ခလိုက်ပေးနေတဲ့သူတွေထက် အများအကျိုးကို နိုင်သလောက် လုပ်နေတဲ့ ဘာသာမဲ့တစ်ယောက်က အများကြီး တန်ဖိုးရှိတာပေါ့။

အင်တာဗျူးတစ်ခုမှာ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ပြောသွားသလိုပါပဲ။ ဘာသာမဲ့တာ ပြဿနာ မရှိဘူး။ ရင်ထဲမှာ ဓမ္မ မမဲ့ဖို့သာ လိုတာပါ။

ဒေါက်တာ ဖြိုးသီဟ
၂၈.၉.၂၀၂၂

Ref:
1) What is a Secular Buddhist, and What Do They Believe? – Dana Nourie
2) Traditional vs secular Buddhism – Ven. Bhikkhu Bodhi (Secular Buddhist Network)
3) Secular Buddhism: Eastern Thought for Western Minds – Noah Rasheta

Photo credit

19/09/2022

✅ကောင်းလိုက်တဲ့စကား✅

သေချာတွေးကြည့်ပါ
ထပ်ခါထပ်ခါဖတ်ကြည့်ပါ
သင်သိလာပါလိမ့်မယ်

သင့် ပိုက်ဆံအိတ်ထဲမှာ
ငွေ ရှစ်သောင်း
ခြောက်ထောင့်လေးရာ
(၈၆, ၄၀၀) ကျပ်ရှိတယ်။
လူတစ်ယောက်က
သင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။
ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့
အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက်
သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)
လုံးကို ပုံပြီးသုံးမလား။
ဒါမှမဟုတ်
မေ့မေ့ပျောက်ပျောက်နေမလား။

အဖြေ ကတော့ ရှင်းပါတယ်။
စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။
၁၀၀လောက်လျော့သွားတာ အတွက်
ဘာကြောင့် မအိပ်နိုင်
မစားနိုင်ဖြစ်နေမလဲ။

ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့တနေ့တာမှာ
စက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။
အဲဒီထဲက တစုံတယောက်ကြောင့်
စိတ် အနှောင့်အယှက်ဖြစ်ရတဲ့
အချိန် တစ်မိနစ်ကျော်ကျော်
(စက္ကန့် ၁၀၀လောက်) အတွက်နဲ့
ဘာကြောင့်များ
စိတ်ဆိုးဒေါသတွေ ထွက်ပြီး
ကျန်တဲ့ တနေ့တာရဲ့လက်ကျန်
၈၆, ၃၀၀စက္ကန့် လုံးလုံးကို
အဆင်မပြေဖြစ်အောင် လုပ်မလဲ။

ဘ၀ဟာ ကျယ်ပြန့်ပါတယ်။
အသေးအမွှား
ကိစ္စလေးတွေကြောင့်
အနှောင့်အယှက် အဖြစ်မခံပါနဲ့

#ဘဝနေထိုင်ရေးနည်းလမ်းများ
Credit To Original author.
#မင်းဆော့ဝဲလ်နှင့်နည်းပညာ

Address

Monywa

Telephone

+959792132385

Website

Alerts

Be the first to know and let us send you an email when U Aung Moe Kyaw ရေကြောင်းသယ်ယူပို့ဆောင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share