ရတနာအောင် - စက်သုံးဆီအရောင်းဆိုင်

  • Home
  • Myanmar
  • Monywe
  • ရတနာအောင် - စက်သုံးဆီအရောင်းဆိုင်

ရတနာအောင် - စက်သုံးဆီအရောင်းဆိုင် အရည္အေသြးၿပည့္ဝေသာ ဆီကောင်းဆီသန့်မ Local Service

မုံရွာမြို့မှ မိတ်ဆွေများရှင်...  လူကြီးမင်းတို့ အိမ်အတွက် လုပ်ငန်းအတွက် စက်သုံးဆီ လိုအပ်နေပြီလား " ရတနာအောင် " ⛽ ဆီဆိုင...
12/05/2020

မုံရွာမြို့မှ မိတ်ဆွေများရှင်...
လူကြီးမင်းတို့ အိမ်အတွက် လုပ်ငန်းအတွက် စက်သုံးဆီ လိုအပ်နေပြီလား " ရတနာအောင် " ⛽ ဆီဆိုင်ကို သတိရလိုက်ပါ

⛽ မုံရွာမြို့တွင်း ၅ဂါလံနဲ့၅ဂါလံအထက်ဆို ဖုန်းဆက်ပြီး တစ်နာရီအတွင်း လူကြီးမင်းတို့အိမ်အရောက် ဝန်ဆောင်မှုပေးနေပါပြီရှင်
❌ (တခြားဘာပို့ခမှထပ်ပေးစရာမလိုပါဘူးရှင်)

⛽ Diesel
⛽ Premium Diesel
⛽ Octane 92
⛽ Octane 95
လူကြီးမင်းလိုအပ်တယ့် စက်သုံးဆီအမျိုးအစားကို အိမ်အပြင်ထွက်စရာမလိုတော့ပဲ ဖုန်းလေးတစ်ချက်ဆက်ပြီး မှာယူနိုင်ပါပြီရှင်။

ဆက်သွယ်မှာယူရန် ☎ 071- 2022194 09-2131870

🦠🦠🦠⚠️
23/03/2020

🦠🦠🦠⚠️

12/03/2020

ကောလာဟလသတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။

ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးပါ။

ယခုအခါ မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ ထိုသို့ ပြည်သူများ၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိပါသည်။

ယနေ့ညနေတွင် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်မှုမှာ ပြည်သူတစ်ဦး၊ နိုင်ငံသားတစ်ဦး အနေဖြင့် မည်သို့မျှမလုပ်ဆောင်သင့်ပါ။

ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ထပ်မံတိုက်တွန်း နှိုးဆော်အပ်ပါသည်။

အခုကိစ္စတွေ က တော်တော်များများ နားလည်မှုလွဲနေတဲ့ပြသာနာတွေပါထောက် ထောက် ထောက် လုပ်ရုံနဲ့ဆီခိုးလို့့မရပါဘူးကွန်ပျူတာ က တစ်...
07/10/2019

အခုကိစ္စတွေ က တော်တော်များများ နားလည်မှုလွဲနေတဲ့ပြသာနာတွေပါ

ထောက် ထောက် ထောက် လုပ်ရုံနဲ့ဆီခိုးလို့့မရပါဘူးကွန်ပျူတာ က တစ်ခါထဲချိန်ထားမှခိုးလို့ရတာပါ

အလွန်ပူပြင်းသောအချိန် နွေရာသီ
ဆီဆိုင်အတွင်းသို့ လန်ခရူဇာ ကားသစ်ကြီးတစ်စီး ဝင်လာသည်။မှန်အလုံပိတ် ထားသောဇိမ်ခံကား အကောင်းစား အတွင်းမှ အေးစက်နေသာ air con အရှိန်ကြောင့် အပြင်ဘက်ကားပါတ်ဝန်းကျင်တွင် ပူခြစ်တောက်နေသည်။မှန်တံခါးပွင့်လာပြီး
ဝန်ထမ်း။ ။မင်္ဂလာပါ အကို။ ဘာဆီထည့်မလဲဗျ
ကားပိုင်ရှင်။ ။ညီလေး 95 Ron ၂၀၀၀၀ ဖိုးလောက်
ဝန်ထမ်း။ ။ဟုတ်ကဲ့ ရပါတယ် ဆီတိုင်ကီ အဖုံးလေးဖွင့်ပေးပါ အကို
ကားပိုင်ရှင်။ ။အေး ညီလေး
ဝန်ထမ်း။ ။ အော်အကို ကားစက်လေးပါ ခနလောက် သတ်ပေးပါအုံး
ကားပိုင်ရှင်။ ။ကားစက်က မရပ်လို့မရဘူးလား။air con ဖွင့်ထားလို့
ဝန်ထမ်း။ ။ဟုတ်ကဲ့ မရပါဘူးဗျာ
ကားပိုင်ရှင်။ ။အဲ့ဒါဆိုလည်းမထည့်တော့ဘူးကွာ
ဝန်ထမ်း။ ။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
ကားပိုင်ရှင်က စိတ်ဆိုးပြီးမောင်းထွက်သွားတယ်။ ဆိုင်ရဲ့ထွက်ပေါက်မရောက်ခင် ကားကိုနောက်ဆုတ်လာပီး
ကားပိုင်ရှင်။ ။ နေပါအုံးကွ မင်းတို့ကို customer right ဆိုတာသင်ပေးမထားဘူးလား မင်းတို့ကိုယ်တိုင်ရော နားမလည်ဘူးလား
ဝန်ထမ်း။ ။ ဟုတ်ကဲ့အကို customer right ဆိုတာ မှန်ပါတယ် ဒါပေမယ့် အမြဲတမ်း တော့မဟုတ်ပါဘူး
ကားပိုင်ရှင်။ ။ဘာက်ိုမဟုတ်တာလဲ ပြောပါအုံး
ဝန်ထမ်း။ ။ ဒီလိုပါအကို ကျွန်တော်တို့လုပ်နေရတဲ့အလုပ်က အရမ်းအန္တာရယ်များပါတယ်။နည်းနည်းပေါ့လျော့တာနဲ့ မီးဘေးအန္တာရာယ်ရှိနိုင်ပါတယ်။အခြားပါတ်ဝန်းကျင်တွေပါ အန္တာရာယ် အရမ်းများပါတယ်။အဲ့ဒိတော့ ကျွန်တော်တို့ အလုပ်က customet right ထက် Safety First ကို ဦးစားပေးရပါတယ်။ Safety first ပီးရင်တော့ customer right ပါဗျာ။အဲ့ဒါကြောင့် အကို့ကား အပြင်ဘက်အခြမ်းက အရမ်းပူနေလို့ ကားစက်ရပ်ခိုင်းရတာပါ စိတ်မရှိပါနဲ့
ကားပိုင်ရှင်။ ။အေးပါ အဲ့ဒါဆိုရင်လည်း ၂၀၀၀၀ ဖိုးထည့်လိုက်
ဝန်ထမ်း။ ။ဟုတ်ကဲ့အကို။ ဟိုဘက်ကညီလေးရေ ဒီက အကိုကြီးကို ရေသန့်ဗူးလေးပေးလိုက်ပါအုံး

နောက်တနေ့ ပရိုဘောက် Taxi တစ်စီးဝင်လာသည်။ ဒီတခါတော့ သူကစပီးတော့
ကားဆရာ။ ။ညီလေး 92 အပြည့်ဖြည့်မယ်
ဝန်ထမ်း။ ။ဟုတ်ကဲ့အကို
ဆီထည့်နေရင်း " ထောက် ထောက် ထောက်" အဲ့ဒိအသံကြားတော့ ကားဆရာက ဆင်းလာပီး
ကားဆရာ။ ။မင်းဘာလို့လက်ကို ကစားနေတာလဲ တထောက်ထောက်နဲ့ ဆီခိုးနေတာလား
ဝန်ထမ်း။ ။မဟုတ်ပါဘူးအကိုရယ် အကို့ကားက ဆီပြည့်ခါနီးဆိုတော့ ကားဆီတိုင်ကီထဲကလေကြောင့် ဆီကအပေါ်ကိုတက်လာတယ် အဲ့ဒိတက်လာတဲ့ဆီနဲ့ အခုကျွန်တော်ဆွဲညှစ်ထားတဲ့ Nozzle ရဲ့ထိပ်နဲ့လာထိလို့ Nozzle က အော်တို ဖြတ်ပေးတာပါ
ကားဆရာ။ ။Nozzle ကဘာလို့ အော်တို ဖြတ်ရတာလဲ
ဝန်ထမ်း။ ။ဒီလိုပါ ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ Nozzle တွေရဲ့ထိပ်မှာ Drip Stop လေးတွေတပ်ထားပာတယ်။သူကဘာလုပ်ပေးလဲဆိုတာ့ ကားဆီတိုင်ကီထဲမှာရှိတဲ့ဆီက အပြင်ကို လေဖိအားကြောင့် ပြန်ကန်ထွက်လာတဲ့အခါ Drip Stop ကို ဆီကထိတာနဲ့ အလိုအလျောက် ဆီထွက်နေတာကို ရပ်တန့်ပေးပါတယ်။အလွယ်ပြောရရင်တော့ ဆင်ဆာ ဖြတ်လိုက်တာလို့လည်းပြောလို့ရပါတယ်။
ကားဆရာ။ ။အဲ့ဒါကြီးကိုဖြုတ်ထားလိုက်လို့မရဘူးလား။အဲ့လိုခဏခဏဖြစ်နေရင် ဆီအပြည့်မဝင်ဘူးကွ
ဝန်ထမ်း။ ။အဲ့ဒါကိုဖြုတ်လိုက်ရင် ဆိုးကျိုးတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ အကိုတို့လိုအပြည့်ဖြည့်တဲ့ကားတွေဆိုရင် အန္တာရယ်များပါတယ်။ ဘာလို့လဲဆိုတော့ ဆီပြည့်သွားခဲ့ရင် ဆင်ဆာ မဖြတ်တဲ့အတွက် ဆီတွေအပြင်ဘက်ကို လျံကျလာနိုင်ပါတယ် နောက်ပီး ကားကိုလည်းဆီတွေပေသွားမှာပါ အဲ့လိုပေနေလို့ သေသေချာချာ ပြန်ပီးမသုတ်ပဲ ဒီအတိုင်းကားကိုမောင်းပီးထွက်သွားရင် ကားမီးလောင်နိုင်ပါတယ်။ နောက်ပီးအဲဒိလို ခနခန "ထောက်ထောက်ထောက်" နဲ့ဖြစ်တာဟာ တမင်သက်သက်လုပ်တာ၊ ခိုးတယ်ဆိုတာလုံးဝမဟုတ်ပါဘူး
ကားဆရာ။ ။ဟေ့ကောင် ငါဆီလောကမှာ နေလာတာကြာပီ အဲ့လိုလုပ်ရင်ဆီက အတိအကျမဝင်တော့ဘူးကွ နားလည်လား
ဝန်ထမ်း။ ။အဲဒါတွေကအခုခေတ်ကြီးမှာ မရှိသလောက်ဖြစ်သွားပါပီ။အခုနောက်ပိုင်းသုံးတဲ့ စက်တွေက အဆင့်မြင့်ဆီဆိုင်ကြီးတွေမှာဆိုရင် ဥရောပ နဲ့ အမေရိကား ကလာတဲ့ စက်တွေကိုအသုံးပြုနေကြပါပီ ဥပမာတစ်ခုပြောပြပါမယ် အကိုကြီးနောက်နောင် သတိထားလို့ရအောင်
ကားဆရာ။ ။ပြောပါအုံး
ဝန်ထမ်း။ ။နောက်ပိုင်းစက်တွေမှာ ဆီခိုးချင်တယ်ဆိုရင် ဆိုင်မန်နေဂျာ ပန့်ကိုင်ဝန်ထမ်းတွေက ခိုးလို့မရပါဘူး။ဆီခိုးချင်နေတဲ့ဆိုင်တဆိုင်က သူ့စက်တွေကို အစကတည်းက မပြည့်အောင်ချိန်ထားပီးသားပါ မန်နေဂျာတွေ ပန့်ကိုင်တွေတောင်မသိရပါဘူး အဲ့ဒါဆိုရင်တော့ ကားသမားတော်တော်များများက ကီလိုမှတ်ပီးမောင်းကြည့်ရင်သိပါတယ် ဒီဆိုင်ကဆီ ပြည့်လား မပြည့်ဘူးလားပေါ့။ နောက်တခု အကိုပြောတဲ့ "ထောက်ထောက်ထောက် " ဖြစ်လို့ ခိုးလားမခိုးလားဆိုတာ သိချင်ရင် အဲ့လို"ထောက်ထောက်ထောက်" ဖြစ်တဲ့အချိန်မှာ ဆီပန့်တိုင်မှာ သွားနေတဲ့ အမှတ်လေးတွေကိုကြည့်ပါ "ထောက်ထောက်ထောက်"ဖြစ်တာနဲ့ ဆီပန့်ကအမှတ်လေးတွေက ဆက်သွားနေတယ် ဆိုရင် သေချာပါတယ် အဲ့ဒါခိုးနေပီ။ ထောက်ထောက်ထောက် ဖြစ်နေချိန် ဆီပန့်တိုင်ကအမှတ်ကလည်း ဆက်မသွားပဲရပ်နေမယ်ဆိုရင်တော့ ပုံမှန်အခြေနေပါပဲ။ ဘာလို့လဲဆိုတော့ ခုနကပြောတဲ့Drip Stop ကအားလုံးကိုဖြတ်ချပေးလိုက်တာပါ ဆီပန့်ကအမှတ်လေးတွေကလည်း ဆီမထွက်တော့တဲ့အတွက် ဆက်ပီးသွားနေစရာ အကြောင်းမရှိပါဘူး အကို သတိထားကြည့်ပါဗျာ
ကားဆရာ။ ။အေးပါ နောက်ဆိုငါလည်းသတိထားကြည့်ရတော့မယ် အခုဘယ်လောက်ကျလဲ
ဝန်ထမ်း။ ။၂၅၀၀၀ ပါဗျာ ကျေးဇူးတင်ပါတယ်

Credit စည်းကမ်းမဲ့မော်တော်ယာဉ်များ

01/10/2019

ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့
-------------------------------------
မဖတ်အားလျှင် Share ထားပါ။📣📣📣

အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် ``ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

*၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

**၂။ တာယာပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ
အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

***၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ
ကားတာယာပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

****၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ
ရှေ့ကားဘီးပွင့်ပါက သင့်ကား၏ တည်ငြိမ်မှုကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကားမှာ လမ်းအတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

*****၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်
အဓိကအချက်ဖြစ်သော ကား၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကားကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

******၆။ ကားအရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း
ကားကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကားရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

Credit >>>> Pyi

25/04/2019

ရာသီဥတုအရမ်းကိုပူပြင်း​နေတယ်​.. သက်​ကြီးရွယ်​အို​တွေ တဖြုတ်​ဖြုတ်​..
မ​နေ့က တစ်​​ယောက်​ပို့ပြီးပြီ..
ဒီ​နေ့တစ်​​ယောက်​လိုက်​ပို့ရဦးမယ်​..
အပြင်​ထွက်​တဲ့အခါ ကိုယ့်​ကားက အဲရ်​ကွန်း​ကောင်းတယ်​ဆိုပြီး ၁၈ံ ၂၀ံ ​ထားပြီးမစီးပါနဲ့.. သူ့​ဖော်​မြူလာအတိုင်း အပြင်​မှာ၄၀ံရှိရင်​ -4÷2+10 fomula အတိုင်းဆိုရင်​ 28ံ ထားစီးရင်​ အပြင်​ရာသီနဲ့အကိုက်​ ခံနိုင်​ရည်​ရှိပါမယ်​.. 18ံ- 20ံ ထားစီးပြီးအပြင်​ 40ံနဲ့တိုက်​ရိုက်​ကြုံရင်​ ​ရှော့ခ်​ ဖြစ်​နိုင်​​ခြေရှိလို့ သတိထားကြပါ..

အိမ်​မှာ​နေရင်​လည်း ထိုနည်း၎င်းပါဘဲ..

credit
Kyin Laychu

12/04/2019
မုံရွာမြို့အတွင်း ၅ဂါလံနှင့်အထက်ဝယ်ယူသူတိုင်းကိုအိမ်အရောက်ပို့စနစ်📣📣📣
09/04/2019

မုံရွာမြို့အတွင်း ၅ဂါလံနှင့်အထက်ဝယ်ယူသူတိုင်းကိုအိမ်အရောက်ပို့စနစ်📣📣📣

ရတနာအောင် စက်သုံးဆီအရောင်းဆိုင်မှ 24.12.2018 နေ့တွင်ရောင်းချပေးနေသောဈေးနှုန်းလေးတွေဖြစ်ပါတယ်
24/12/2018

ရတနာအောင် စက်သုံးဆီအရောင်းဆိုင်မှ 24.12.2018 နေ့တွင်ရောင်းချပေးနေသောဈေးနှုန်းလေးတွေဖြစ်ပါတယ်

Address

Monywa Road
Monywe
50301

Telephone

9592131870

Website

Alerts

Be the first to know and let us send you an email when ရတနာအောင် - စက်သုံးဆီအရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share