Nay pyi Taxi

Nay pyi Taxi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay pyi Taxi, Taxi service, Naypyidaw.

16/05/2024

‼️‼️‼သူငယ်ချင်း မအိမွန်ကျော်ရဲ့ ဖုန်းလေး ဒီညနေ သပြေကုန်းညဈေးမှာ ပျောက်သွားခဲ့လို့ပါရှင့်
ခုရက်ပိုင်း Facebook/Messenger/Viber/Phone Massage တခုခုကနေ ဘာပဲပြောပြော ပိုင်ရှင်အမှန်မဟုတ်ပါဘူးရှင့်
တခြား ငွေကြေးကိစ္စနဲ့ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ဖြစ်မှာစိုးလို့ ကြိုပြီး အသိပေးတာပါရှင့် ☺️☺️☺️

ဆင်ဖြူတောင် ကထိန်အော်ဒါသွားရင်း မျောက်စာကြွေး
04/11/2023

ဆင်ဖြူတောင် ကထိန်အော်ဒါသွားရင်း မျောက်စာကြွေး

30/10/2023
အဲဒါ  မြန်မာကွ 😎 အမေရိကန် တိုးရစ်တစ်ယောက် မြန်မာပြည်သို့ ရောက်လာခဲ့ပြီးနောက် Taxi တစ်စီး ငှားစီး လေသည် ။Driver ကတော့ မြန...
24/10/2023

အဲဒါ မြန်မာကွ

😎 အမေရိကန် တိုးရစ်တစ်ယောက် မြန်မာပြည်သို့ ရောက်လာခဲ့ပြီးနောက် Taxi တစ်စီး ငှားစီး လေသည် ။

Driver ကတော့ မြန်မာလူမျိုးပေါ့
တံတားတစ်ခုနားရောက်တော့

😎 တိုးရစ်ကြီးက
'' အဲ့တာ ဘာတံတားလဲ ''
''ဘုရင့်နောင်ဂုံးကျော်တံတားပါ''

'' ဆောက်တုန်းက ဘယ်လောက်ကြာလဲ ''
''တစ်နှစ်ကြာပါတယ်ခင်မျာ''

😎 ''အင်း တို့ဆီမှာဆို ၆လနဲ့ အပြီးဆောက်နိုင်တယ်''

😎 ဒီလိုနဲ့ နောက်တစ်ခုကိုရောက်တော့
'' အဲ့တာရော ဘာတံတားလဲ ''
'' ရွှေဂုံတိုင်ဂုံကျော်တံတားပါ ''

'' ဆောက်တုန်းက ဘယ်လောက်ကြာလဲ ''
'' ၈ လ ကြာပါတယ် ''

😎 ''ဒီတံတားလောက်ကတော့ တို့ဆီမှာဆို
၂ လ လောက်ပဲ ကြာတယ် ''

😓 မြန်မာ taxi ဒရိုင်ဘာ မှာ ဒေါသထွက်
လာလေပြီး ဒါ သက်သက်ကြွားနေတာ ဒီတိုးရစ်တော့ နေဦးပေါ့ကွာ

😎 သို့နှင့် လှည်းတန်း ဂုံးကျော်တံတား သို့ ရောက်လာခဲ့ လေသည် ထုံးစံအတိုင်း
တိုးရစ်ကြီးက
'' အဲ့တာ ဘာတံတားလဲ ''

😓 Taxi driver လည်း
'' မသိဘူး မနက်ကလာတော့ မရှိသေးဘူးဗျ''

အော်သာအော် မတော်-----------------------ကျွန်တော်တစ်နေ့ တက္ကစီဖြင့်သွားရန်ကိစ္စပေါ်လာသည်။ ကျွန်တော်ရောက်နေသည့်နေရာက ယုဇနပ...
23/10/2023

အော်သာအော် မတော်
-----------------------
ကျွန်တော်တစ်နေ့ တက္ကစီဖြင့်သွားရန်ကိစ္စပေါ်လာသည်။

ကျွန်တော်ရောက်နေသည့်နေရာက ယုဇနပလာဇာအနီးတွင်ဖြစ်သည်။ ထိုနေ့က ထီးမပါ။ အိမ်ကထွက် ကတည်းက နေပူနေသောကြောင့် ထီးမယူလာခြင်းဖြစ်သည်။

ကျွန်တော့်အလုပ်ကိစ္စပြီးသဖြင့် လမ်းထဲမှ အပြင်ကိုထွက်သည့်အခါတွင် တစ်မိုးလုံး မှောင်မည်းနေပြီ။

ကျွန်တော်က ဘတ်စ်ကားဂိတ်မှ တက္ကစီတစ်စီးကို တားစီးလိုက်သည်။

“လှည်းတန်းစင်တာကို သွားချင်လို့ ဘယ်လောက်ပေးရမလဲ”

“၆၀၀၀”

မိုးကဖွဲဖွဲလေး ရွာလေပြီ။ ကျွန်တော် သူ့နောက်ခန်း ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။ သူက ကားကိုထွက်မှ ရွာလိုက်သည့်မိုးမှာ သည်းသည်းထန်ထန်ဖြစ်သည်။ ကျွန်တော် ပြတင်းပေါက်မှန်ကို ပိတ်လိုက် ရသည်။

ကားတွေပိတ်သဖြင့် ကားကလည်းမရွေ့။ အတွင်းထဲတွင် ပိတ်လှောင်ပြီး မွန်းကျပ်သလိုဖြစ်နေသည်။ တံခါးဖွင့် မည် ပြုသော်လည်း ကားဆရာက

“မိုးတွေရွာနေတာ မဖွင့်နဲ့လေ” ဟုဆိုသည်။

ကျွန်တော် ချွေးပြန်နေပြီ။

“ဦးလေး အဲကွန်းဖွင့်မလား”

“ဖွင့်လေ ကောင်းတာပေါ့”

“အဲကွန်းဖွင့်ရင် ၂၀၀၀ ထပ်ပေးရမယ်”

“မဖွင့်နဲ့တော့”

ကျွန်တော် အတော်လေးကို စိတ်ပျက်သွားသည်။

လှည်းတန်းဘက်ရောက်ခါနီးတွင်တော့ နေပူနေသည်။ ကျွန်တော် ပြတင်းပေါက်ဖွင့်လိုက်သည်။

“ဟူး ... တော်ပါသေးရဲ့”

လှည်းတန်းစင်တာရောက်ပြီးနောက် ကျွန်တော်က သူ့ကို ပိုက်ဆံ ၆၀၀၀ ပေးလိုက်သည်။ ထို့နောက် ကိုယ်သွား ချင်သည့် နေရာကို ဆက်သွားသည်။ မိတ်ဆွေတစ်ဦးနှင့်ချိန်းထားသည့် ကော်ဖီဆိုင်တွင်ထိုင်ကာ သူ့အလာကိုစောင့်ရင်း တွေးမိသည်။

ကျွန်တော်ဖတ်ဖူးသည့် အိန္ဒိယနိုင်ငံသား စာရေးဆရာ ရှိ ခီရာရေးသည့် အကြောင်းအရာလေးတစ်ခုကို အမှတ်ရ သွားသည်။ ရှိ ခီရာက သူကိုယ်တိုင် စင်ကာပူနိုင်ငံတွင် ကြုံတွေ့ဖူးသော တက္ကစီ စီးရသည့် အတွေ့အကြုံ လေးကို ပြန်ရေးပြထားသည့် စာဖြစ်သည်။

ရှိ ခီရာသည် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များကိုရေးသားပို့ချရာတွင် နာမည်ကျော်တစ်ဦးဖြစ်သည်။

သူပြောပြသည့် အကြောင်းဖြစ်သည်

လွန်ခဲ့သည့် ၆ နှစ်လောက်က ကျွန်တော် တက္ကစီကားမောင်းသူတစ်ဦးကို လိပ်စာကတ်ပေးကာ သွားလိုသည့် ခရီးကို မောင်းခိုင်းခဲ့ပါသည်။

ကျွန်တော် သွားချင်သည့် အဆောက်အအုံကိုတွေ့ပြီ။ သူက ထိုအဆောက်အအုံကို ရောက်ရန် ကားကို လှည့်ပတ်မောင်းနေသည်။ ကျွန်တော် သွားလိုသည့် နေရာကို ရောက်ပြီ။ ကားမီတာတွင်ပြသည့် ကျသင့်ငွေမှာ ၁၁ ဒေါ်လာဖြစ်သည်။ သို့သော် သူက

“၁၀ ဒေါ်လာပဲ ပေးပါခင်ဗျာ” ဟု ဆိုသည်။

သူ့နာမည်က ဟင်နရီဖြစ်သည်။ ကျွန်တော်က

“ဟင်နရီ ... မီတာမှာ ၁၁ ဒေါ်လာလို့ ပြနေတယ်လေ ဘာကြောင့် ၁၀ ဒေါ်လာတည်း တောင်းရတာလဲ” ဟု မေးမိသည်။

“ဆရာ ... ကျွန်တော်ဟာ တက္ကစီမောင်းတဲ့သူပါ။ ကျွန်တော့်တာဝန်က ဆရာ့ကို ခရီးစဉ် ဖြောင့်ဖြောင့်တန်းတန်း ရောက်အောင် ပို့ပေးဖို့ပါ။ ကျွန်တော်က အဲဒီ အဆောက်အအုံကြီးကို ဘယ်လမ်းက ဝင်ရမှန်း မသိတာနဲ့ လှည့်ပတ်မောင်းနေမိပါတယ်။ အမှန်တော့ လမ်းတကယ်သိရင် ၁၀ ဒေါ်လာလောက်ပဲ ကျသင့်ပါလိမ့်မယ်။ ဒါကြောင့် ၁၀ ဒေါ်လာပဲ ပေးပါခင်ဗျာ”

“တစ်ဒေါ်လာလောက်လေးပဲဗျာ ယူလိုက်ပါ”

“အမှန်တော့ မီတာဒိုင်ခွက်မှ ပြတဲ့အတိုင်းဆိုရင် ကျွန်တော် ၁၁ ဒေါ်လာ တောင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကျင့်တရားအရဆိုရင် ကျွန်တော် ၁၀ ဒေါ်လာပဲ ယူသင့်ပါတယ်ခင်ဗျာ”

ကိုယ်ကျင့်တရားကို လေးစားတန်ဖိုးထားတတ်သူများ။

ကျွန်တော်မှတ်မိသလောက် ဖတ်ဖူးသည့် စာလေးကို ပြန်ရေးပြခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ စင်ကာပူကိုကျော်ရမည်တွေ၊ ဘာတွေ အော်နေကြသည်။

ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုတွေကို ကျော်ဖို့နေနေသာသော စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လိုက်နာစောင့်ထိန်းအပ်သည့် စံနှုန်းတွေကိုပင် ကျော်တက်နိုင်အောင် များစွာ ကြိုးပမ်းတည်ဆောက်ကြရ ပေလိမ့်ဦးမည်။

Full Credit to
တင်ညွန့်

၂၁.၁၀.၂၀၂၃

#တိုက်ပြန်ပြီဟေ့

27/09/2023

ဒီမြို့လေးကို ဘယ်လောက်လွမ်းကြောင်း
ဒီမြို့လေးရဲ့ အမှတ်တရတွေနဲ့
ဒီမြို့လေးရဲ့အလှအပတွေက
ပြောပြစရာမလိုလောက်အောင်
အလွမ်းဓာတ်တွေ ပေးလို့ပေါ့
ဒီမြို့ရဲ့ မိုးရာသီနဲ့အေးဆတ်ဆတ်လေးတွေက
စိတ်ကို ကြည်နူးလန်းဆန်းစေလို့ပေါ့.......


#နေပြည်တော်_naypyitaw

ကားမောင်းစားရတာ တစ်ခုထဲအဆင်မပြေတော့ အထွေထွေအကြိုးဆောင်ပါ တွဲလုပ်မှဖြစ်မယ်
20/07/2023

ကားမောင်းစားရတာ တစ်ခုထဲအဆင်မပြေတော့ အထွေထွေအကြိုးဆောင်ပါ တွဲလုပ်မှဖြစ်မယ်

Taxi Kyaw Zino Oo (09250203879) အိမ်နားလေးမှာနီးတယ်
20/06/2023

Taxi Kyaw Zino Oo (09250203879)
အိမ်နားလေးမှာနီးတယ်

မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေဗျနေပြည်တော် Taxi Kzo (09250203879)
04/03/2023

မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေဗျ
နေပြည်တော် Taxi Kzo (09250203879)

Address

Naypyidaw

Telephone

+959250203879

Website

Alerts

Be the first to know and let us send you an email when Nay pyi Taxi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category