15/10/2023
အိမ်ရှိလူကုန်လျောက်ကြပါ❤️
🇺🇸🇺🇸🇺🇸 ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန် နိုင်ငံ ကို လာဖို့နည်းလမ်းများစွာထဲကမှ တရားဝင်ဖြစ်ပြီး အလွယ်ကူဆုံးနဲ့ မျက်နှာငယ်စရာမလို ခေါင်းမော့ရင်ကော့ပြီး ဝင်လာလို့ရတဲ့ Visa အမျိုးအစားကတော့ Diversity Visa လို့ခေါ်တဲ့ အမေရိကန်ပြည်ဝင်ခွင့် ကံစမ်းဗီဇာ ပါ။
ကိုယ်တိုင်ကိုယ်ကျလျှောက်ဖို့ လည်း အရမ်းကိုလွယ်ကူပါတယ်။
အမေရိကန် DV 2025 ကံစမ်းလျှောက်ထားရန်အတွက် ပြင်ဆင်ထားရမယ့် အဓိကလိုအပ်သော အချက်အလက်များ ✅
DV 2025 Program ကို အောက်တိုဘာလ ၄ရက်နေ့ ည ၁၀:၃၀ မှ စ၍ နိုဝင်ဘာလ ၇ ရက်နေ့ အတွင်း https://dvprogram.state.gov မှာ အခကြေးငွေပေးစရာမလိုဘဲ မိမိကိုယ်တိုင် ရောက်ရာအရပ်ကနေ လွယ်ကူစွာ လျှောက်ထားနိုင်ပါတယ်။
အဓိကအချက်အနေနဲ့ 💁🏻♀️
🗽လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် မွေးဖွားသူ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
🗽ပညာအရည်အချင်း အနိမ့်ဆုံး ၁၀တန်းအောင်ရပါမယ် သို့မဟုတ် လွန်ခဲ့သော ၅နှစ်အတွင်း သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံအနည်းဆုံး ၂နှစ်ရှိရပါမယ်။
အထက်ပါအချက်များနဲ့ ပြည့်စုံပြီဆိုရင် DV လျှောက်ထားနိုင်ပါပြီ။
လျှောက်ထားတဲ့အခါမှာ အောက်ပါအချက်အလက်များကို မှန်ကန်တိကျစွာ ဖြည့်သွင်းဖို့လိုပါတယ်။
1. Name ➡️ အမည်ကို ပတ်စပို့စာအုပ်သို့မဟုတ်မှတ်ပုံတင်၊ မွေးစာရင်း၊ သန်းခေါင်စာရင်း မှာပါတဲ့အတိုင်း တိတိကျကျဖြည့်ရပါမယ်။ (ဥပမာ- Shwe Bhone Luဆိုရင် last/family name နေရာမှာ Lu, first name နေရာမှာ Shwe Bhone လို့ထည့်ပါ။ middle name မထည့်ဘဲထားလို့ရပါတယ်။ ဒါမှမဟုတ် first name မှာ Shwe, Middle name မှာ Bhone, Last Name နေရာမှာ Lu။ အမည်က Moe တစ်လုံးထဲဆို last name နေရာတစ်ခုထဲမှာပဲ Moe လို့ ဖြည့်ပေးရပါမယ်)
2. Gender ➡️ male/female ကျား ဆို male၊ မ ဆို female လို့ရွေးပါ။
3. Birth Date ➡️ မွေးနေ့ သက္ကရာဇ် ဖြည့်ရပါမယ်။
4. City where you were born ➡️ မွေးဖွားရာမြို့ (ဥပမာ Yangon) မွေးစာရင်းထဲကအတိုင်းဖြည့်ရပါမယ်။
5. Country where you were born ➡️ မွေးဖွားရာနိုင်ငံ (ဥပမာ Burma)
6. Country of eligiblity for the DV Program ➡️ DV လျှောက်ထားဖို့ အကျုံးဝင်တဲ့နိုင်ငံထဲမှာBurmaပါတဲ့အတွက် yes ကို ရွေးရပါမယ်
7. Entrant Photograph ➡️ ဓာတ်ပုံက အရမ်းအရေးကြီးပါတယ်။ DV တင်တဲ့အခါ ဓာတ်ပုံက ကိုယ့်လျှောက်လွှာရဲ့ အသက်ပါပဲ။ အထူးသတိထားစေချင်ပါတယ်။
* ၂လက်မပတ်လည် ရောင်စုံဓာတ်ပုံဖြစ်ရပါမယ်
* ကြည်လင်ပြတ်သားရပါမယ်
* လွန်ခဲ့သော ၆လအတွင်းရိုက်ထားသော ဓာတ်ပုံဖြစ်ရပါမယ်
* ကင်မရာ တည့်တည့်ကို သေချာစွာ ကြည့်နေရပါမယ်
* နောက်ခံ Background က အဖြူပြောင် သို့မဟုတ် အဖြူအဖျော့ ဖြစ်ရပါမယ်
* ပုံမှန် ဝတ်နေကျ သပ်ရပ်သော အဝတ်အစားနဲ့ ရိုက်လို့ရပါတယ်။ ကော်လံပါတဲ့ အရောင် အဖျော့ဆို ပိုကောင်းပါတယ်။ Uniform ဝတ်ထားတဲ့ပုံမဖြစ်ရပါဘူး
* ဦးထုပ်၊ မျက်မှန်၊ နားကြပ်၊ Bluetooth နားကြပ် အစရှိသည်များလုံးဝ တပ်ဆင်ထားခြင်းမရှိဘဲ နားရွက်ဖော်ပြီး မျက်နှာ တစ်ခုလုံးပေါ်အောင် သေချာစွာ ရိုက်ရပါမယ်
* Online ကနေတင်မှာဖြစ်တဲ့အတွက် JPEG file အမျိုးအစားဖြစ်ရပါမယ်
* File size 240KB ထက်နည်းပြီး 600 x 600 pixels dimension ရှိရပါမယ်
* ကလေးဓာတ်ပုံရိုက်မယ်ဆိုရင် ကလေးရဲ့ ခေါင်းက မတ်မတ်လေးထောင်နေပြီး ကင်မရာကို မျက်လုံးဖွင့် တည့်တည့်ကြည့်နေတဲ့ပုံဖြစ်ရပါမယ်။ လသားအရွယ်ကလေးကို ဓာတ်ပုံရိုက်မယ်ဆိုရင် အကောင်းဆုံးကတော့ car seat သို့မဟုတ် ကလေးထိုင်ခုံမှာ အဖြူရောင် ပိတ်စခံပြီး ခေါင်းမတ်မတ်အနေအထားနဲ့ရိုက်တာ ပို အဆင်ပြေပါလိမ့်မယ်
အရေးကြီးလို့ ဓာတ်ပုံဆိုင်ကောင်းကောင်းမှာ အပေါ်က အချက်တွေနဲ့ ကိုက်ညီအောင် သေချာသွားရိုက်ပြီး memory stick နဲ့ ထည့်သိမ်းခဲ့ပါ။
ဓာတ်ပုံနမူနာ https://travel.state.gov/content/travel/en/us-visas/visa-information-resources/photos/photo-examples.html
Photo စစ်ရန် https://tsg.phototool.state.gov/photo
8. Mailing Address ➡️ နေထိုင်ရာလိပ်စာ in care of (optional မို့လို့ ဖြည့်ရန်မလိုပါ) Address line 1 နဲ့ 2 မှာ အိမ်နံပါတ် အခန်းနံပါတ်၊ လမ်းအမည်၊ မြို့နယ် အစရှိသဖြင့် အိမ်ထောင်စုစာရင်းတွင်ပါသည့်အတိုင်း တိကျစွာဖြည့်ပါ။ City မှာ ဥပမာ Pathein, District/State မှာ ဥပမာ Ayeyarwaddy, Postal Code (နေထိုင်ရာ မြို့နယ်ရဲ့ zip code မသိရင် google ခေါက်ပြီးရှာပါ။ ရန်ကုန်လမ်းညွှန် ကဲ့သို့သော yellow pages မှာလည်းပါတတ်ပါတယ်) zip code မရှိရင် မရှိလို့ box မှာ အမှတ်အသားလုပ်နိုင်ပါတယ်
9. Country where you live today ➡️ လက်ရှိရောက်နေတဲ့နိုင်ငံ ဥပမာ Burma, Singapore, Japan စသဖြင့် ကိုယ်ရောက်နေတဲ့နိုင်ငံကိုဖြည့်ပါ။ အကယ်၍ DV ပေါက်ခဲ့ရင် အဲ့ဒီ့ဖြည့်ထားတဲ့နိုင်ငံက ရဲစခန်းထောက်ခံစာတွေ အလုပ်ထောက်ခံစာတွေပါ အကုန်တန်းစီ တင်ပြရမှာပါ။
10. Phone Number ➡️ Optional မို့လို့ မထည့်လည်းရပါတယ်။ ထည့်မယ်ဆိုရင် country code နဲ့တွဲပြီး +959...ထည့်ရပါမယ်
11. Email Address ➡️ အလွန်အရေးကြီးပါတယ်။ လက်ရှိမှာ အမှန်တကယ် တောက်လျောက်သုံးစွဲနေတဲ့ Email လိပ်စာကိုထည့်ပါ။ မိမိကိုယ်ပိုင်နာမည် အရင်းနဲ့ ဖွင့်ထားတဲ့ လိပ်စာဆို အကောင်းဆုံးပါ။ မဲပေါက်ခဲ့ရင် သံရုံးကနေ ပေါက်ကြောင်းဆက်သွယ်လာမှာမဟုတ်ပါဘူး။ မိမိဘာသာ ပေါက်မဲနံပါတ်ကို စစ်ကြည့်ပြီး DVထိုးစဉ်က ထည့်သွင်းထားခဲ့တဲ့ email address ကိုအသုံးပြုပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်လို့ သူများemail ကို မသုံးဘဲ ကိုယ်ပိုင် email address ကိုသာထည့်သွင်းဖို့ တိုက်တွန်းချင်ပါတယ်။ gmail, yahoo, hotmail ဘာဖြစ်ဖြစ် လက်ရှိအသုံးပြုနေတဲ့ ကြိုက်တဲ့ email ကိုပေးလို့ရပါတယ်။
12. Highest Level of Education ➡️ ပညာအရည်အချင်းမှာ အမှတ်စဉ် ၁ ကနေ ၁၀အထိရွေးဖို့ပေးထားပါတယ်။ စကတည်းက အနိမ့်ဆုံး ၁၀တန်းအောင်ရမယ် လို့ ပြောထားတဲ့အတွက် High School Diploma level အနည်းဆုံးရှိရပါမယ်။ ဘွဲ့ရပြီးဆို University Degree, Master Degree အစရှိသဖြင့် ရွေးရပါမယ်။ ပညာတတ်လေ ပေါက်ဖို့ အခွင့်အရေးများလေလို့ သိထားပါတယ်။
13. Current Marital Status ➡️ အပျို လူပျို အိမ်ထောင်ရှိ/မရှိ အိမ်ထောင်ရှိရင် မိမိအိမ်ထောင်ဖက်ရဲ့ အချက်အလက်တွေကိုလည်း အပေါ်မှာ ဖြည့်ထားတဲ့အတိုင်းတိကျစွာဖြည့်ပေးရပါမယ်။ အကယ်၍ အိမ်ထောင်ရှိလျက်နဲ့ unmarried လို့ ရွေးပြီး ပေါက်မှ အိမ်ထောင်ရှိနေမယ်ဆိုရင် မကိုက်ညီလို့ ပယ်မဲဖြစ်သွားပါလိမ့်မယ်။ လျှောက်တဲ့အချိန်က အိမ်ထောင်မကျသေးဘူး မဲမထွက်ခင်မှ ကျသွားတာဆိုရင်တော့ လက်ထပ်စာချုပ်ပြပြီး KCC နဲ့ ညှိနှိုင်းလို့ရနိုင်ပါတယ်။
14. Number of Children ➡️ ကလေးရှိရင် အိမ်ထောင်မရှိသူလူလွတ်အသက် ၂၁နှစ်အောက် ကလေးတွေအကုန်တန်းစီပြီးထည့်ပေးပါ။ မိဘပေါက်ရင် သူတို့အကုန်တပါတည်းလိုက်ခွင့်ရှိပါတယ်။ ကလေးလို့ဆိုတဲ့ နေရာမှာ မိမိရင်မှဖြစ်တဲ့ ရင်သွေးအပြင် ဥပဒေနဲ့အညီ မွေးစားထားတဲ့ ကလေး၊ အိမ်ထောင်ဖက်ကနေပါလာတဲ့ကလေး အစရှိတဲ့ မိမိအုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ အသက် ၂၁နှစ်အောက် ကလေးအကုန်လုံး အကျုံးဝင်ပါတယ်။ အသက် ၂၁နှစ်ကျော်ဆိုရင်တော့ သူတို့ အမည်နဲ့ တစ်စောင်သက်သက်လျှောက်ထားပေးလို့ရပါတယ်။
အခုဆိုရင်တော့ အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရမယ့် DV ကံစမ်းမဲကို ဘယ်လိုလျှောက်ထားရမလဲဆိုတာ သိကြပြီလို့ထင်ပါတယ်။
စိတ်ဝင်စားလို့ ကံစမ်းလျှောက်ထားချင်တယ်ဆိုရင် အောက်တိုဘာ ၄ ရက်ကနေ နိုဝင်ဘာ ၇ ရက်အတွင်း လျှောက်ထားဖို့ နဲ့ သတ်မှတ်ရက်နားနီးလာရင် လျှောက်တဲ့သူ အရမ်းများလို့ website error တွေဘာတွေ ဖြစ်မှာ စိုးရိမ်ရတာကြောင့် နောက်ဆုံး deadline အထိမနေဘဲ အားတဲ့အချိန်မှာ အမြန်ဆုံးလျှောက်ထားဖို့ သတိပေးပါရစေ။ လျှောက်ပြီးရင်လည်း Confirmation Number စာရွက်ကို print out ထုတ်ပြီး သေချာသိမ်းထားဖို့ မမေ့ပါနဲ့နော်။
DV instructionshttps://travel.state.gov/content/dam/visas/Diversity-Visa/DV-Instructions-Translations/dv-2025-instructions-translations/DV-2025_Instructions-faqs.pdf
⚠️ US DV instruction မှာ အချက်တစ်ချက်ကို ထည့်သွင်းဖော်ပြသတိပေးထားပါတယ်။ အဲ့ဒါကတော့‼️ “ဗီဇာအတိုင်ပင်ခံ၊” “ဗီဇာအေးဂျင့်” သို့မဟုတ် အကူအညီပေးမည့် အခြားသူမပါဘဲ သင်ကိုယ်တိုင် ဝင်ခွင့်ဖောင်ကို ဖြည့်စွက်ရန် အလေးအနက် တိုက်တွန်းပါသည်။ ‼️လို့ ရေးထားပါတယ်။ DV ကို ကိုယ်တိုင်ကိုယ်ကျလျှောက်ကြစေချင်ပါတယ်။ မိမိကိုယ်တိုင် မိမိရဲ့ အချက်အလက်တွေကို သေချာ ဖြည့်သွင်းလျှောက်ဖို့၊ မိမိရဲ့ Data တွေကို သူများကို အလွယ်တကူမပေးလိုက်ဖို့ Wifey က ထပ်မံသတိပေးပြောကြားလိုပါတယ်။
DV နဲ့ ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းလေးတွေကိုလည်း ပြန်တင်ပေးပါမယ်။ ဒီမှာဆို တရုတ်၊ဖိလစ်ပိုင်၊ ဗီယက်နမ်အစရှိတဲ့လူမျိုးတွေအရမ်းများလာပြီမို့ သူတို့နိုင်ငံသားတွေဆို DV လျှောက်ခွင့်ကို ပိတ်ထားပါပြီ။ ကိုယ့်မြန်မာနိုင်ငံသားတွေကိုလည်း DV လျှောက်ထားခွင့်ရှိတုန်းမှာ ကောင်းမွန်တဲ့ အခွင့်အရေးကို လက်မလွတ်ရအောင် သတင်းကောင်းပါးလိုက်ပါတယ်နော်။
အားလုံးပဲ ကံကောင်းကြပါစေ
Credit to original Author.
အချစ်များစွာဖြင့်
#နိုင်ငံခြား
#အမေရိကန်
Wifey ❤️