Drive With Fary

Drive With Fary FARY Ready

FARY Pilot အသစ်များအတွက် အသိပေးကြေညာချက် 🚨​လေးစားအပ်ပါသော FARY Pilot များရှင့်။​12-09-2026 ရက်နေ့မှစတင်၍ FARY Driver Mem...
09/09/2026

FARY Pilot အသစ်များအတွက် အသိပေးကြေညာချက် 🚨

​လေးစားအပ်ပါသော FARY Pilot များရှင့်။

​12-09-2026 ရက်နေ့မှစတင်၍ FARY Driver Member အသစ်များအတွက် ကား Model Year သတ်မှတ်ချက်အသစ် ဖြင့် စတင်လက်ခံသွားမည် ဖြစ်ပါသည်။

Model Year သတ်မှတ်ချက် 🚕

လက်ခံမည့် Model - 2000 Model နှင့် အထက် ကားများ ✅

​လက်မခံတော့မည့် Model - 2000 Model အောက် ကားများ ⛔

FARY တွင် Member အသစ် ဝင်ရောက်လိုသူများအနေဖြင့် မိမိ၏ ကား Model Year ကို ကြိုတင်စစ်ဆေးပေးပါရန် အသိပေးအပ်ပါသည်။

​အသေးစိတ် မေးမြန်းလိုပါက FARY 24-Hour Customer Support သို့ ဆက်သွယ်နိုင်ပါသည်။

​📞 Hotline: 09880911247/248/249/
09880922140

FARY နှင့်အတူ ပူးပေါင်း လက်တွဲပေးပါသဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။💙
"ပြည်တွင်းဖြစ်ကို အားပေးပါ"


#ပြည်တွင်းဖြစ်

FARY Pilot များထံသို့ အသိပေးအကြောင်းကြားခြင်း 🚨လေးစားအပ်ပါသော FARY Pilot များရှင့်။FARY ၏ System Data များနှင့် Active D...
07/09/2026

FARY Pilot များထံသို့ အသိပေးအကြောင်းကြားခြင်း 🚨

လေးစားအပ်ပါသော FARY Pilot များရှင့်။

FARY ၏ System Data များနှင့် Active Driver Account များကို စနစ်တကျ ပြန်လည်ပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။

⚠️ သတိပြုရန် အချက်များ ⚠️

သတ်မှတ်ရက်စွဲ 📅
07-09-2026 မှ 11-09-2026 အတွင်း (၅ ရက်)

ပြုလုပ်ရန် 📱
မိမိ၏ Driver Account မပိတ်သိမ်းစေရန် အနည်းဆုံး တစ်ကြိမ် (၁ စက္ကန့်) Online ဖွင့်ပေးရန် လိုအပ်ပါသည်။

အရေးယူဆောင်ရွက်ချက် 📵
အထက်ပါ ၅ ရက်အတွင်း တစ်ကြိမ်မျှ Online မဖွင့်ထားသော Account များကို 12-09-2026 တွင် အပြီးတိုင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။

အသေးစိတ် မေးမြန်းလိုပါက FARY 24-Hour Customer Support သို့ ဆက်သွယ်နိုင်ပါသည်။

📞 Hotline 09880911247/248/249/09880922140

FARY နှင့်အတူ ဆက်လက် လက်တွဲပေးပါသဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

Rating ဆိုတာဘာလဲ ? ဘယ်လိုအကျိုးရှိလဲ ?Rating ဆိုတာ ကိန်းဂဏာန်းသက်သက် မဟုတ်ပါဘူး။ ခရီးစဉ်တစ်ခုပြီးတိုင်း ခရီးသည်ဆီကနေ ရလာ...
05/09/2026

Rating ဆိုတာဘာလဲ ? ဘယ်လိုအကျိုးရှိလဲ ?

Rating ဆိုတာ ကိန်းဂဏာန်းသက်သက် မဟုတ်ပါဘူး။ ခရီးစဉ်တစ်ခုပြီးတိုင်း ခရီးသည်ဆီကနေ ရလာတဲ့ Rating တိုင်းက Pilot ကြီးတို့ရဲ့ ဝန်ဆောင်မှု ဂုဏ်ပုဒ် တွေပဲ ဖြစ်ပါတယ်။ 😉

​Rating မြင့်လေ ခရီးသည်တွေရဲ့ ယုံကြည်မှု ပိုရလေ၊ Order အဝင် ပိုမှန်လေပါပဲ။

​ဆိုတော့...ခရီးသည်တိုင်းဆီကနေ 5-Star 💫 မပျက် ရရှိအောင် ဘယ်လိုယူကြမလဲ ?

🔷 မောင်းနှင်မှု ငြိမ့်ညောင်းခြင်း 🔷

​ဘရိတ်နဲ့ ဂီယာကို ရုတ်တရက် မနင်းဘဲ ငြင်သာစွာ မောင်းနှင်ပေးတာဟာ ခရီးသည်ကို စိတ်အေးချမ်းမှုနဲ့ လုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

🔷 ကားတွင်း သန့်ရှင်းရေးနှင့် အနံ့အသက် 🔷

​ကားအတွင်းပိုင်း သန့်ရှင်းနေပြီး သင်းပျံ့တဲ့ အနံ့အသက်ရှိနေတာက ခရီးသည်အတွက် ပထမဆုံး စိတ်ချမ်းသာစရာ အကဲဖြတ်ချက်ပါပဲ။

🔷 ယဉ်ကျေးပျူငှာသော ဆက်ဆံရေး 🔷

​ခရီးသည် ကားပေါ်တက်ချိန် နှုတ်ဆက်တာမျိုး၊ အထုပ်အပိုးတွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့ ခရီးသည်ကို ကူညီပေးခြင်းကလဲ ရင်ထဲကို ရောက်ရှိစေပါတယ်။

ဒီအချက်လေးတွေ သတိထားလိုက်ရုံနဲ့ ဆရာကြီးတို့ရဲ့ Rating တွေ 5.0 အပြည့်နဲ့ Order တွေ ဆက်တိုက် ဝင်လာတော့မှာပါ။

​ဆရာကြီးတို့ရော ဘယ်လို လျှို့ဝှက်ချက်လေးတွေ သုံးလေ့ရှိလဲ... Comment ထဲမှာ တခြား Pilot ညီအစ်ကိုတွေပါ သိအောင် မျှဝေပေးခဲ့ကြပါအုံး။...💬

ဆရာကြီးတို့ရော ဟက်ထိဖူးလား 💘တစ်နေ့တာလုံး စတီယာရင်ကိုင်ပြီး လမ်းပိတ်၊ နေပူ၊ မိုးရွာထဲ မောင်းရတာ တကယ်တော့ လွယ်မှမလွယ်တာ......
02/09/2026

ဆရာကြီးတို့ရော ဟက်ထိဖူးလား 💘

တစ်နေ့တာလုံး စတီယာရင်ကိုင်ပြီး လမ်းပိတ်၊ နေပူ၊ မိုးရွာထဲ မောင်းရတာ တကယ်တော့ လွယ်မှမလွယ်တာ...။ 😮‍💨

​ဒါပေမဲ့ ကားပေါ်က ဆင်းခါနီးမှ ခရီးသည်က

​"ကျေးဇူးပါ...အစ်ကို ဂရုစိုက်မောင်းအုံးနော်"

​ဆိုတဲ့ စကားတစ်ခွန်း၊ အပြုံးလေးတစ်ပွင့် နဲ့တင်...

​တစ်နေ့တာ ပင်ပန်းခဲ့သမျှ အကုန်လုံး ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတာပဲမလား ဆရာကြီးတို့။ 🙄

​ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ အချိန်မှီ ရောက်ရှိရေးအတွက် နေ့စဉ်တာဝန်ယူ ပို့ဆောင်ပေးနေတဲ့ FARY Pilot ကြီးများအားလုံးကို FARY Taxi မှ အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ပါရှင့်။...💙

ဆရာကြီးတို့ရော... ဟက်ထိသွားခဲ့တဲ့ ခရီးသည်ရဲ့ စကားလေးတွေ၊ အတွေ့အကြုံလေးတွေရှိရင် Comment မှာ မျှဝေခဲ့ကြပါအုံး။...💬

မိုးအေးတယ် ဆိုပေမဲ့ ကွေးနေလို့တော့ မဖြစ်ဘူးနော်...🌧️လိုင်းလေးဖွင့်ပြီး အိမ်ရှေ့ထွက်ရင်တောင် Order ရနိုင်တဲ့ အနေအထားမို့ ...
28/08/2026

မိုးအေးတယ် ဆိုပေမဲ့ ကွေးနေလို့တော့ မဖြစ်ဘူးနော်...🌧️

လိုင်းလေးဖွင့်ပြီး အိမ်ရှေ့ထွက်ရင်တောင် Order ရနိုင်တဲ့ အနေအထားမို့ စက္ကန့်တိုင်း၊ မိနစ်တိုင်းက ရွှေပဲနော်...။😉

ကဲ ဒါဆို အချိန်ရှိခိုက်၊ လုံ့လစိုက်လိုက်ရအောင်...💪
အခုပဲ FARY App မှာ Online ဖွင့်လိုက်တော့နော် ဆရာကြီးတို့...။
#မိုးရာသီ

26/08/2026

New Features 💙

22/08/2026

FARY နဲ့ဆို လုံခြုံစိတ်ချရ 💙

20/08/2026

3000ks ပိုရမယ့်ခရီးလမ်းကြောင်း

နားညည်းလွန်းလို့ခက်​"အိမ်က မိန်းမထက် ပိုနားညည်းတဲ့ အသံ တစ်ခုရှိတယ်... 🗣️"​လူပျိုတွေကတော့ မသိဘူးပေါ့ဗျာ... အိမ်ထောင်သည် က...
23/07/2026

နားညည်းလွန်းလို့ခက်

​"အိမ်က မိန်းမထက် ပိုနားညည်းတဲ့ အသံ တစ်ခုရှိတယ်... 🗣️"

​လူပျိုတွေကတော့ မသိဘူးပေါ့ဗျာ... အိမ်ထောင်သည် ကားဆရာကြီးတွေဆိုရင် အိမ်က မိန်းမ ‘ပွစိပွစိ’ သံကို အကြောက်ဆုံး မဟုတ်လား။

​ဒါပေမဲ့ အခုချိန်မှာ အဲ့ဒီအသံထက် ပိုကျယ်၊ ပိုမြည်ပြီး ပိုနားညည်းမဲ့ အသံ တစ်ခု ပေါ်လာပြီဗျ။ အဲ့ဒါကတော့ FARY App ထဲက "တဒေါင်ဒေါင်" နဲ့ ခဏ ခဏ မြည်နေတဲ့ Order Alarm အသံပါပဲ။

​"အိမ်ကမိန်းမရဲ့ ပွစိပွစိအသံကို FARY ရဲ့ Order Alarm အသံက ကောင်းကောင်း ဖြေရှင်းပေးနိုင်ပါတယ်။" 😉

#အိမ်ထောင်သည်ကားဆရာကြီးများ

တန်ဖိုးရှိလွန်းတဲ့အချိန်တွေကို အလဟဿ အဖြစ်မခံပါနဲ့။မနက်မိုးလင်းတာနဲ့ ရေမိုးချိုးပြီး မနက်စာလေး စားခဲ့ရုံပါပဲ၊ တစ်နေ့တာလုံ...
02/07/2026

တန်ဖိုးရှိလွန်းတဲ့အချိန်တွေကို အလဟဿ အဖြစ်မခံပါနဲ့။

မနက်မိုးလင်းတာနဲ့ ရေမိုးချိုးပြီး မနက်စာလေး စားခဲ့ရုံပါပဲ၊ တစ်နေ့တာလုံးရဲ့ Order တွေကို FARY က ရှာဖွေပေးသွားမှာနော်။...

အချိန်ကုန်ရတာနဲ့အမျှ ဝင်ငွေတွေ ပြန်ရနေမှာမို့ အိမ်ပြန်ချိန်တိုင်းက ပိုက်ဆံအိတ်ဖောင်းနေတော့မှာပေါ့။...

အချိန်တွေကို အကျိုးရှိရှိ ဝင်ငွေအဖြစ် ပြောင်းလဲပစ်ဖို့ မနက်စာစားပြီးတာနဲ့ FARY ကို အမြန်ဆုံး ဖွင့်လိုက်ကြရအောင် ဆရာကြီးတို့ရေ။...

#မိနစ်တိုင်းကရွှေ

Address

No. 115, Waizayandar Garden Housing, Waizayandar Main Road, Mi Kyaung Kan (1) Ward, Thingangyun Township, Yangon
Thingangyun
11441

Telephone

+959880911248

Website

Alerts

Be the first to know and let us send you an email when Drive With Fary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share