SPT Taxi Service Group

SPT Taxi Service Group SPT is the best services for every passengers. (ခရီးသည္မ်ားအတကြ္ အ

21/01/2023

KILO TAXI SERVICE မှ ခရီးသွားမိဘပြည်သူများသို့ အသိပေးအကြောင်းကြားခြင်း။

Kilo Taxi Service ၏ 2023ခုနှစ်တွင် ခရီးစဉ်များအတွက်

မြို့တွင်းစတက် ၁၅၀၀ကျပ်၊ ၁ ကီလို ၅၅၀ကျပ်၊

မြို့ပြင်စတက် ၁၅၀၀ကျပ်၊ ၁ ကီလို ၇၀၀ကျပ်၊

Night Charge.
ည၈နာရီမှ ည၉နာရီ ၁၀၀၀ကျပ်

ည၉နာရီမှ ည၁၀နါရီ ၂၀၀၀ကျပ်

ည၁၀နာရီမှ ည၁၁နာရီ ၃၀၀၀ကျပ်

နာရီ Order ၁နာရီ ၁၀၀၀၀ကျပ် အနည်းဆုံး ၃နာရီ အသုံးပြုပေးရပါမည်။

IDLE မိနစ်(စောင့်ဆိုင်းခ) ၁မိနစ် ၁၀၀ကျပ်
(ခရီးစဉ်အတွင်း ၁၀မိနစ် Free) ပေးပါသည်။

ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

Kilo Taxi Service ခရီးစဉ်အတွင်း အေးမြသော FULL AIRCONဖြင့်လုံခြုံစိတ်ချစွာ လိုရာခရီးကို အဆင်ပြေချောမွေ့အောင် ဝန်ဆောင်မှုပေးထားပါသည်။

21/01/2023
04/08/2022

မင်္ဂလာပါ အပါတ်စဉ်တင်ဆက်နေတဲ့ Kilo Taxi Service Story (KTSS)3 လာပါပြီ။

"မင်္ဂလာပါ" .....

ဦးကျော်မြတ်သူ ယာဥ်မောင်း၏နှုတ်ဆက်စကားကို ခေါင်းတစ်ချက်ငြိမ့်ကာ ကားနောက်ခန်းအတွင်းဝင်ထိုင်လိုက်သည်.....

"ခရီးစဥ် စတင်ပါပြီ......" ဟုဆိုကာ ဖုန်းမှမီတာဆော့ဝဲလ် ကို ဖွင့်လိုက်ပြီနောက်.....

" ........... ကုမ္ပဏီကို ပို့ပေးဖို့ပြောထားပါတယ် ကျွန်တော် ဘယ်လမ်းကြောင်းက မောင်းပေရမလဲ ခင်ဗျာ " ...

"ရတယ် အဆင်ပြေတဲ့လမ်းကမောင်းပါ"
.... ...... ...... .....

"ဒါနဲ့....ညီရေ အကိုသိချင်တာလေးတွေ မေးလို့ရမလား..... "

"ဟုတ်ကဲ့ မေးလို့ရပါတယ်"

"Kilo Taxi Service ကို ကားသုံးချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ... "

"ဟုတ်ကဲ့...ကျွန်တော်တို့ Kilo Taxi Service ရဲ့ Office ဖုန်းနံပါတ်တွေဖြစ်တဲ့......

09 255 022 713
09 255 022 731
09 790 956 430 ကို

မိနစ်(၂၀)နဲ့အထက် ကြိုတင်ဖုန်းခေါ်ဆိုပြီး ငှားလို့ရပါတယ်... "

"နောက်နေ့အတွက်ကော ရက်ကြိုပြီးခေါ်လို့ရလား"

"ဟုတ်ကဲ့... ရပါတယ်"

"ဒါနဲ့... လက်ရှိစျေးနှုန်းက.....
စတက် ...... 1200 mmk
1 kilo. ...... 550 mmk. ဆိုတော့.....
နာရီနဲ့သုံးချင်ရင်ရောရလား "

"ရပါတယ်.... နာရီနဲ့ဆိုရင်တော့ အနည်းဆုံး (3)နာရီသုံးပေးရပါတယ်..... တစ်နာရီကို 8000 mmk ပါ"

"အကိုတို့ ကုမ္ပဏီတွေမှာ လုပ်ငန်းလိုအပ်ချက်အရ ခေါ်သုံးပြီးရင် ကားအသုံးပြုခကို စာရင်းပြန်တင်ဖို့အတွက် အထောက်အထား ဘာပြန်ပေးနိုင်လဲ"

"ဒီအတွက် မပူပါနဲ့အကို ကျွန်တော်တို့ Kilo Taxi Service က Taxi ယာဥ်မောင်းတွေစီက ပြေစာတောင်းယူလို့ရပါတယ်"

"အဲ့ဒါဆို... တော်တော်အဆင်ပြေတာပဲ... "
"ဟော... ပြောရင်းဆိုရင်း ကုမ္ပဏီတောင်ရောက်ပြီ..... ညီလေး အရှေ့ဆင်ဝင်အောက်ရပ်ပြီး ဟွန်းလေး နှစ်ချက်လောက်တီးလိုက်"

"ကဲ အခုလို သိချင်တာတွေကို စိတ်ရှည်ရှည်နဲ့ ပြည့်ပြည့်စုံစုံဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ"

"ဟုတ်ကဲ့ ကောင်းသောနေ့လေးဖြစ်ပါစေ"

ဦးကျော်မြတ်သူ ကျေနပ်စွာပြုံးပြပြီး လာကြိုသောသူနှင့် အတွင်းသို့ ဝင်သွားသည်ကို ကြည့်နေရင်း...........

Office ရေ 005................... မှာရှိပါတယ်...

😁😁😁😁😁😁😁😁😁😁😁😁😁😁

Kilo Taxi Service Story
(K T S S)

21/07/2022

Kilo Taxi Service Story (KTSS)(1)

ဒီီနေ့ ဂျူလိုင်လရဲ့ ဝါဆိုမိုးလေးက
တဖွဲဖွဲနဲ့ရွာနေတာ ညနေ လေးနာရီတောင်ထိုးတော့မယ် မတိတ်သေးဘူး...

ဟူး...........😥

လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်းက
MD ဦးကျော်မြတ်သူ နာရီကိုတစ်ချက်ကြည့်လိုက်ပြီး အလုပ်တွေကိုလက်စသတ်ဖို့လက်တော့ပ်ကွန်ပျူတာ ဘက်လှည့်ကာ အာရုံစိုက်နေတဲ့ သူ့ရဲ့နဖူးပြင်မှာ ချွေးလေးများက ရုံးခန်းအဲကွန်းနဲ့ ရာသီဥတုကို လှောင်ရယ်နေသလို တွဲခိုနေကြလေသည်...........

ဒေါက်...... ဒေါက်......

ဘယ်သူလဲ ကွ... 😤

ကျွန်တော် မင်းမင်းပါ ဆရာ... 😊

အေး... ဝင်ခဲ့ကွာ..........

မင်းမင်း ဆိုတာ ဦးကျော်မြတ်သူ စွယ်စုံ အားကိုးရတဲ့ မန်နေဂျာ တစ်ယောက်...........
တစ်ခါတလေ မပွင့်တပွင့်နဲ့လုပ်တတ်လို့ စိတ်မြန်တတ်တဲ့ MD ရဲ့အပြောကမလွတ်......

ဘာကိစ်စလဲ....

အရှေ့ရောက်နေတာတောင် ဘာမှမပြောတာကြောင့် ဦးကျော်မြတ်သူ စိတ်မရှည်တော့..........😤

ဗျာ...... ဆရာ.....

ဒီနေ့ လေးနာရီ အစည်းအဝေးရှိတယ်လေ အဲဒါ ကျွန်တော်လာခေါ်တာ... ဆရာမေ့နေတာလား?...

ဟိုက်............ သေစမ်း............

မလုပ်ပါနဲ့ဆရာရယ် ကျွန်တော် မိန်းမတောင် မရသေးဘူး......ကလေးပဲရှိသေးတယ် (တစ်ယောက်) ... 😁😁

မင်းကိုပြောတာမဟုတ်ဘူး.....
ငါတော့ပြဿနာ အကြီးကြီးတက်ပြီ.....

ဘာဖြစ်လို့လည်း...... ဆရာ...😂

ဒီနေ့ နယ်ကလာတဲ့ မိန်းမရဲ့မိဘတွေကို ကြိုပေးမယ်လို့ မိန်းမကိုကတိပေးထားတယ်...
ခက်ပြီ... ကိုယ်ကလည်းမအား.... နယ်ကလာတဲ့သူတွေဆိုတော့ မလည်မဝယ်နဲ့ .... ကားငှားလာခိုင်းဖို့ကလည်း အဆင်မပြေ... ငါတော့ တိုင်ပတ်ပြီး..... ဟူးးးးးးးး

အော်... ဒါလေးများဆရာရယ်....

ရော့............

မင်းမင်း ပေးသောကဒ်ကလေးကိုကြည့်ရင်း ......

Kilo Taxi Service ဆိုပါလား.....

ဟုတ်တယ်လေ ဆရာ...
သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့... အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Taxi Service လေ.... ကျွန်တော်တို့မိသားစုတွေတော့ ဘယ်ကိုပဲသွားသွား Kilo Taxi Service ကို မိနစ် (၂၀)ကြိုပြီး ဖုန်းဆက်ထားလိုက်တယ်....
ကားခကို သွားတဲ့ Kilo နဲ့ပဲ ကျသလောက်ပဲပေးရတာ.....

ဟ နေပါဦး Kilo နဲ့ဆိုတော့ ကားခတွေများနေမှာပေါ့....... ယာဥ်ကြောတွေကကြပ်ကကြပ် မီတာတွေတက်နေမှာပေါ့ .....

ဒီအတွက်လည်း စိတ်မပူပါနဲ့ .... ကားခကို Kilo ကျသလောက်တွက်ယူတယ်ဆိုပေမဲ့..... အခုလို လောင်စာဆီစျေးနှုန်းတွေ မြင့်တတ်နေတဲ့အချိန်မှာတောင်.....

ခရီးစဥ် စတက် ... 1200 mmk
1 Kilo. ... 550 mmk
နှုန်းနဲ့ပဲ သင့်တင့်မျှတစွာ ယူတာပါ
လာကြိုခလည်းမပေရဘူး ......
ခရီးသည် ကားပေါ်ရောက်မှ Kilo Meter စတာ.......... ယာဥ်ကြောကြပ်လို့ ကားဘီးမလိမ့်ရင် မီတာမတက်ပါဘူး ဆရာ...

ကျွန်တော့သမီးလေးတောင် aircon အေးပြီး သဘောကောင်းတဲ့ ဦးလေးကြီးတွေမောင်းတဲ့ ကားကိုပဲ ခေါ်ပေးနော် ဖေဖေ လို့ အပြင်ထွက်ခါနီတိုင်း ပြောတတ်နေပြီး.....

ဟေ...... မင်းပဲပြောတော့ မိန်းမ မရသေးဘူးဆို 😀😀😀

ဟီးဟီး... ဆရာကလည်း ကလေးတစ်ယောက်ပဲ ရှိသေးတယ်လို့ ပြောထားတယ်လေ..... 😁😁

ဟုတ်ပါပြီ... ဟုတ်ပါပြီ....
မင်းဒီလောက်တောင် မမောနိုင် မပန်းနိုင်ရှင်းပြနေပုံထောက်ရင် ငါသဘောပေါက်ပါပြီ...
ဒီတော့ မင်းကိုယုံကြည်ပြီး ပုံအပ်ခဲ့ပြီ.......
မင်းအဆင်ပြေအောင် စီစဥ်ပြီး အစည်းအဝေခန်းထဲ လိုက်ခဲ့တော့...ငါသွားနှင့်ပြီ.. 😊😊

ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် အစည်းအဝေးခန်း သို့ထွက်သွားသော သူ့ဆရာ၏ ကြောပြင်ကို မင်းမင်းပြုံး၍ကြည့်ရင်း.......

ဟဲလို .. မင်္ဂလာပါ Kilo Taxi Service ကပါခင်ဗျာ.....

ဟုတ်ကဲ့ ... မကြာခင် ယာဥ်မောင်း ဆက်သွယ်လာပါလိမ့်မယ် .....

ကျေးဇူးတင်ပါတယ် ခင်ဗျာ ..... 😌😌😌

* K * T * S. *

ဆက်ရန်

Address

Yangon
11411

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SPT Taxi Service Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category