CMK Capable Logistics Co Ltd

CMK Capable Logistics Co Ltd Custom Clearance and Supply Chain Management

🙏🙏🙏🥰😘😍Warmly welcome to our SCLG! Let’s share knowledge, discuss, and understand together as we explore challenges to fi...
28/09/2025

🙏🙏🙏

🥰😘😍

Warmly welcome to our SCLG! Let’s share knowledge, discuss, and understand together as we explore challenges to find better opportunities.

Cheers 😊🥰🙏

Custom of the port လား? Customs of the port လား? ==================================  "ဆိပ်ကမ်း၏ အစဥ်အလာ၊ ထုံးစံ" (Custom...
16/10/2024

Custom of the port လား? Customs of the port လား?
==================================

"ဆိပ်ကမ်း၏ အစဥ်အလာ၊ ထုံးစံ" (Custom of the port) ဟူသော စကားရပ်သည် သင်္ဘောစင်းလုံးငှားသည့်အခါ သင်္ဘောပိုင်ရှင်က သင်္ဘောဌားသူကို ဆိပ်ကမ်းကုန်တင်၊ ကုန်ချရန်ခွင့်ပြုပေးသည့်အချိန် ( Laytime) နှင့် စပ်လျဥ်းပြီးသုံးသည့်အသုံးအနူန်းဖြစ်ပါတယ်။ ထိုစကားရပ်ရဲ့ အဓိပ္ပာယ်မှာ ဆိပ်ကမ်းတစ်ခုတွင် နှစ်ပေါင်းများစွာ ကြာရှည်စွာ အသုံးပြုခဲ့သော၊ ကုန်တင်/ကုန်ချရာတွင်အမြဲတစေလုပ်ဆောင်လေ့ရှိသည့် အလေ့အထ၊ထုံးစံတစ်ခုကိုဆိုလိုပါတယ်။

ဤအသုံးအနူန်းဟာ ယနေ့ခေတ် သင်္ဘောစင်းလုံးဌားစာချုပ်တွေမှာရေပန်းမစားတော့ဘဲ အသုံးပြုမှု နည်းလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်တင်/ ကုန်ချဖို့ခွင့်ပြုပေးသည့် Lay time ကို custom of the port ဟူသော အသုန်းအနူန်းဖြင့် ချိပ်ဆက်အသုံးပြုပါက၊သင်္ဘောပိုင်ရှင်အတွက် မသေချာမရေရာမှုတွေများစွာဖြစ်စေနိုင်သော်လည်း၊ တစ်ဖက်မှာမူ သင်္ဘောဌားသူအတွက်ကတော့ သိသာသော အခွင့်အရေးများစွာရရှိစေပါတယ်။

Laytime တွက်ရာတွင် ဤအသုံးအနူန်းနဲ့ ပါတ်သက်ပြီး အငြင်းပွားကြပါက တရားရုံးက သင်္ဘောပိုင်ရှင် ဘက်ကို အသာပေးပြီး အနက်အဓိပ္ပါယ်ကောက်လေ့ မရှိပါဘူး။ ဒါကြောင့် သင်္ဘောပိုင်ရှင်တွေအနေနဲ့ ကုန်တင်/ ကုန်ချရန်အတွက် Lay time ခွင့်ပြုပေးရာတွင် Custom of the port စကားရပ်ဖြင့်ချိပ်စက်ပေးလိုခြင်းမရှိကြပါဘူး။ သက်ဆိုင်ရာဆိပ်ကမ်းရဲ့ အစဥ်အလာ၊ ကျင့်ထုံးများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် သင်္ဘောပိုင်ရှင်တွေအတွက်ကတော့အငြင်းပွား၊ လက်မခံနိုင်ဖွယ်အချက်ဖြစ်ပါတယ်။

သင်္ဘောစင်းလုံးငှားရာတွင် ကုန်တင်ကုန်ချရန် ခွင့်ပြုပေးသည့်အချိန် ( Lay time) သည် တိတိကျကျ သတ်မှတ်ပေးထားသော အချိန် (Definite laytime) (သို့မဟုတ်) တွက်ချက်၍ သတ်မှတ်ပေးထားသောအချိန် ( Calculable laytime) မဟုတ်ပါက ကုန်တင် /ကုန်ချခြင်းကို သင့်လျော်သောအချိန် (reasonable time) အတွင်း ပြီးအောင် တင်/ချပေးရန်မှာသင်္ဘောဌားသူ၏တာဝန်ဖြစ်ပါသည်။ သင့်လျော်သောအချိန်အတွင်း ကုန်တင်/ကုန်ချဖို့ဆိုတာကလည်း၊ ထိုဆိပ်ကမ်း၏ ကုန်တင်ကုန်ချသည့် ထုံးစံ အပေါ်တွင်မူတည်နေပါတယ်။ ဒါကြောင့် Laytime မှာ reasonable time ကို according to the custom of the port “ကဲ့သို့သော စကားရပ်နဲ့ပူးတွဲ ဖော်ပြလေ့ရှိပါတယ်။

သင်္ဘောဌားသူအား ကုန်တင်ရန်ဘယ်နှစ်ရက်၊ ကုန်ချရက် ဘယ်နှစ်ရက်ခွင့်ပြုပေးထားပါက Definite laytime လို့ခေါ်ပါတယ်။

"Cargo to be loaded within five weather working days o f 24 consecutive hours' or 'seven working days o f 24 consecutive hours, weather permitting, for all purposes"

တစ်ရက်ကို ကုန်တန်ချိန်ဘယ်လောက်တင်ရမယ်၊ ချရမယ်လို့ ခွင့်ပြုထားပါက သင်္ဘောပေါ်ရှိစုစုပေါင်းကုန်တန်ချိန်ကို တစ်ရက်အတွက်ခွင့်ပြုထားတဲ့ ကုန်တန်ချိန်နဲ့ စားပါကကုန်တင်/ ချရက် laytime ရပါတယ်။ Calculable laytime လို့ခေါ်ပါတယ်။

သင်္ဘောစင်းလုံးငှားစာချုပ်တွင် ကုန်တင်ကုန်ချရန်ခွင့်ပြုသည့်အချိန် Laytime တွင် (Custom of the port) "ဆိပ်ကမ်း၏ထုံးစံအတိုင်း" သို့မဟုတ် (as customary) "ထုံးစံအတိုင်း" သို့မဟုတ် (as fast as a vessel can load and discharge) " သင်္ဘောကအမြန်တင်နိုင်သလောက်/ အမြန်ကုန်ချနိုင်သလောက်" စသည့်အသုံး
အနူန်း များဖြင့်ဖော်ပြထားပါက Laytime သည် အချိန်အတိအကျ မသတ်မှတ်နိုင်ပါ။ ဒါကြောင့် Indefinite laytimeလို့ ခေါ်ပါတယ် ။

"As fast as the vessel can load and duscharge" ဆိုပါက သင်္ဘောပိုင်ရှင်ဖက်က တတ်နိုင်သလောက် မြန်မြန် တင်/ ချ ပေးရမည့် တာဝန်က သင်္ဘောပိုင်ရှင် တာဝန်ဖြစ်ပါတယ်။

Customary Quick Despatch (COD) ဆိုပါက သင်္ဘောဌားသူက အခြေအနေအပေါ်မူတည်၍ မြန်မြန်တင်/ချပေးရမည့်တာဝန်က သင်္ဘောဌားသူတာဝန်ဖြစ်ပါတယ်။

ထိုကဲ့သို့ သင်္ဘောဌားသူကို Indefinite laytime ဖြင့် ကုန်တင်/ချရန် ခွင့်ပြုပေးထားပါက၊ သင်္ဘောပိုင်ရှင်များအနေဖြင့် ဆိပ်ကမ်းတွင် အလွန်အချိန်နှောင့်နှေးမှုဖြစ်လျှင် ရက်လွန်ကြေး (Demurrage) နှင့် နစ်နာကြေး (Damage for Detention)အတွက် ခံစားခွင့်ရှိကြောင်း၊ တောင်းဆိုဖို့ သက်သေပြရန် မဖြစ်နိုင်သလောက် အခြေအနေဖြစ်ပါတယ် ။

"ဆိပ်ကမ်း၏အစဥ်အလာ၊ထုံးစံ" ဟူသောစကားစုသည် laytime တွက်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းမပြုဖို့ အတွက်ပေးထား
သည့်ခြွင်းချက်များ (Exception to Laytime)တွင်လည်းအကျုံးဝင်ပါသည်။
ဥပမာအားဖြင့် NORGRAIN 89 သင်္ဘောဌားစာချုပ် (“NORTH AMERICAN GRAIN – CHARTERPARTY 1973၏ အပိုဒ် 19(ဃ) တွင်အောက်ပါအတိုင်းဖော်ပြထားသည်-

“Notwithstanding any custom of the port to the contrary, Saturdays shall not count as laytime at loading and discharging port or ports where stevedoring labour and/or grain handling facilities are unavailable on Saturdays or available only at overtime and/or premium rates.”

" ကုန်တင်/ကုန်ချ ဆိပ်ကမ်းများ၌၊ စနေနေ့များတွင် ကုန်တင်/ကုန်ချ လုပ်သားများ နှင့်/သို့မဟုတ် စပါးကဲ့သို့ အစေ့အဆန်များကို သင်္ဘောတင်/ချမည့်စက်ယန္တရားများမရရှိနိုင်သော်ကြောင့် စနေနေ့ကို ထိုဆိပ်ကမ်း၏အလုပ်ပိတ်ရက်ဖြစ်သတ်မှတ်ထားသော်လည်း
စနေနေ့များတွင် အချိန်ပိုကြေးပေးကာ အချိန်ပိုဆင်း၍ကုန်တင်/ကုန်ချပြုလုပ်ပါက၊ ထိုဆိပ်ကမ်း၏ထုံးစံနှင့် ဆန့်ကျင်ကွဲလွဲနေသော်လည်း၊ စနေနေ့ကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကာ Laytime တွက်ရာတွင် ထည့်မတွက်ပါ။"

ထိုကဲ့သို့ စနေနေ့သည် Custom of the port အရ ဆိပ်ကမ်း အလုပ်ပိတ်ရက်ဖြစ်သော်လည်း သင်္ဘောဌားသူက အချိန်ပိုကြေးပေး၍ကုန်တင်/ ကုန်ချ လုပ်ခဲ့ပါက အလုပ်ချိန်ကို Laytime တွက်ရာတွင်ထည့်မတွက်သည့်အတွက် သင်္ဘောဌားသူအတွက် အခွင့်အရေးပိုရသွားစေပါတယ်။

၁၉၈၇ ခုနှစ် က လန်ဒန် အနုညာတခုံရုံးရဲ့ ဆုံးဖြတ်ချက်(LMLN 209, 7 Novembet , 1987 မှာဖော်ပြထားတာက-
ဒီဇင်ဘာလ ၃၁ ရက် ကို New Year's Eve (နှစ်သစ်ကူးရုံးပိတ်ရက်) နဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကို( Clarence Henry's birthday) ရုံးပိတ်ရက်တွေကို အမေရိကန်တောင်ပိုင်းပြည်နယ်တွေမှာရုံးပိတ်ရက်အဖြစ်မသတ်မှတ်ပါဘူး။ ဒါပေမယ့် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများအတွက် အလုပ်ပိတ်ရက်အဖြစ် အလုပ်သမားသမဂ္ဂနဲ့ အလုပ်ရှင်များကသဘောတူထားကြပြီး၊ ထိုရက်မှာအလုပ်လုပ်ပါက အချိန်ပိုကြေးပေးရပါမယ်။
Laytime ထည့် မတွက်တဲ့ exception မှာ SHEX ( Sunday and Holidays Excepted) လို့ဖော်ပြထားပါက၊ အလုပ်ပိတ်ရက်မှာ အချိန်ပိုပေးပြီး အလုပ်လုပ်သော်လည်း၊ ပိတ်ရက်ဖြစ်လို့ Lay time မှာထည့်မတွက်ပါဘူး။

"Customs of the port" ဆိုတဲ့ စကားရပ်ကတော့ ကုန်တင်သွင်း/ တင်ပို့မှူများသည် သက်ဆိုင်ရာ ဆိပ်ကမ်း၏ အကောက်ခွန်ဥပဒေ၊ စည်းမျဥ်း၊ စည်းကမ်းများ နှင့် အညီဖြစ်ရမည်လို့ ဆိုလိုပါတယ်။
( အကောက်ခွန် Customs တွင် "s" ပါ ပါ တယ်)
"the rules and practices to which export and import will be subjected to customs of the port."
သို့သော်လည်း ဒီစကားလုံး၊ အသုံးအနူန်းကတော့ အားလုံးသိနေကြလို့ ဖွင့်ဆိုရှင်းပြဖို့ မလိုအပ်ပါဘူး။

Special Credit Sayar
သန့်ဇင် ( MICS-UK)
အောက်တိုဘာလ ၁၅ရက်၊ ၂၀၂၄

07/01/2024

💢 သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်
💢 အဆင့်(၈)ဆင့်

💓 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

💓 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလဲရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

💓 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

💓 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

💓 ၅။ စည်းကမ်းရှိပါ

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ။ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

💓 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

💓 ၇။ လူရွေးပေါင်းပါ

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ်ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

💓 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှု
တွေ အမြဲလုပ်ပါ

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ကျဆုံးမှာပဲ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ။

လူရာဝင်ခြင်းမှတ်စုများ

Credit to ဒေါက်တာသူရိန်လှိုင်ဝင်း

(အ​ပြောင်းအလဲမှာ
စိတ်ရှည်ပါ၊စည်းကမ်းရှိပါ၊သင်ယူပါ)

01/01/2024

မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်
ပြည့်စုံပါစေ။

စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီး ပြည့်စုံကြပါစေလို SCLG အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Capable Logistics Services
Group Admin

30/10/2023

ဘဝမှာ သင့်ကို ငွေရှာပေးနိုင်တာ (၃)ခုရှိပါတယ်။

ခွန်အား၊ အတွေ့အကြုံနဲ့ ပညာပါ။

ခွန်အားဆိုတာ ကန့်သတ်ချက်ရှိပါတယ်။
အတွေ့အကြုံနဲ့ ပညာကတော့ အကန့်အသတ်မရှိ သိမ်းဆည်းလို့ရပါတယ်။

ငယ်ရွယ်စဉ်မှာ ခွန်အားကသာ ငွေရှာပေးနိုင်ပေမယ့် အသက်တဖြည်းဖြည်းကြီးလာတဲအခါ အတွေ့အကြုံနဲ့ ပညာကသာ ငွေရှာပေးမှာဖြစ်ပါတယ်။

သင်အသက်ကြီးလာတဲ့အခါ ခွန်အားနဲ့ ဝင်ငွေရှာလို့ မရတော့ပါဘူး။ ငတ်ပါမယ်။
အသက်အရွယ်နဲ့ မျှတဲ့ ပညာနဲ့ အတွေ့အကြုံရှိတဲ့အခါ သင့်အတွက် ငွေမရှားပါဘူး။

တချို့ အသက်ကြီးတာတောင် ပိုက်ဆံမရှိတာဟာ ပညာနဲ့ အတွေ့အကြုံမရှိလို့ပါ။

လစာနည်းလို့ စိတ်မညစ်ပါနဲ့။ အတွေ့အကြုံနဲ့ပညာရတယ်လို့မှတ်ပါ။
နောက်လိုက်ကောင်းဖြစ်ပါစေ။ အတွေ့အကြုံကောင်းတွေယူပါ။
တနေ့သင် ခေါင်းဆောင်ဖြစ်တဲ့အခါ လူတွေကလေးစားတာခံရတဲ့အပြင် ဝင်ငွေလဲကောင်းပါလိမ့်မယ်။

Credit

Dear All,We would like to inform you that we have shared information to do the Custom Clearance with as many details as ...
15/10/2023

Dear All,
We would like to inform you that we have shared information to do the Custom Clearance with as many details as well,
Thanks & Best Regards

Capable Logistics Co Ltd
Supply Chain Logistics Group

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ-

ကျွန်တော်များ CMK Capable Logistics Co Ltd ထဲတွင်ရှိနေသော Team Customers များ အတွက်လိုအပ်နေသော အောက်ဖော်ပြပါ Services များကို ဝန်ဆောင်မှု့ပေးနိုင်ရန် စတင်စီစဉ်နေပါသည်။

We would like to inform and provide information to all we have about our plans to provide the following services to our customers as follows,
(1) Export Import Custom Clearances Services(Sea and Air Cargoes).
(2) Border Trade Transportation Services(Muse and Myawaddy and Manipur Border) If yes we will arrange for Door To Door.
(3) Supplier Sourcing Services (Import)
(4) Documentation arranged for Export Services(Agriculture Products)
(5) Supplier Evaluation Services
(6) Supplier Contracting Services
(7) Guide for Sourcing with the Right Quantity, Right Quality, and Right Choice Supplier.
(😎 Transportation Services for Local Handling.(Inland Transport).
If you need more inquiry information from us please kindly contact group admin Ko Kyaw Thu Soe.
Thanks and Best Regards,
Group Admin
More Contact 959 962659455, 792922441(Via Viber and WhatsApp)

Supply Chain Logistics Group

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ-ကျွန်တော်များ CMK Capable Logistics Co Ltd ထဲတွင်ရှိနေသော Team Customers များ အတွက်လိုအပ်နေသေ...
15/10/2023

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ-

ကျွန်တော်များ CMK Capable Logistics Co Ltd ထဲတွင်ရှိနေသော Team Customers များ အတွက်လိုအပ်နေသော အောက်ဖော်ပြပါ Services များကို ဝန်ဆောင်မှု့ပေးနိုင်ရန် စတင်စီစဉ်နေပါသည်။

We would like to inform and provide information to all we have about our plans to provide the following services to our customers as follows,
(1) Export Import Custom Clearances Services(Sea and Air Cargoes).
(2) Border Trade Transportation Services(Muse and Myawaddy and Manipur Border) If yes we will arrange for Door To Door.
(3) Supplier Sourcing Services (Import)
(4) Documentation arranged for Export Services(Agriculture Products)
(5) Supplier Evaluation Services
(6) Supplier Contracting Services
(7) Guide for Sourcing with the Right Quantity, Right Quality, and Right Choice Supplier.
(😎 Transportation Services for Local Handling.(Inland Transport).
If you need more inquiry information from us please kindly contact group admin Ko Kyaw Thu Soe.
Thanks and Best Regards,
Group Admin
More Contact 959 962659455, 792922441(Via Viber and WhatsApp)

Supply Chain Logistics Group

Address

Yangon Myanmar
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when CMK Capable Logistics Co Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share