Mann Yar Zar Express

Mann Yar Zar Express Transportation

ခရီးသည်များ နှင့် ယာဥ်လိုင်းမိတ်ဆွေများ အားလုံးကျန်းမာချမ်းသာကြပါစေလို့ မန်းရာဇာမိသားစုမှကြိုဆိုနှုတ်ဆက်လိုက်ပါတယ်
18/10/2025

ခရီးသည်များ နှင့် ယာဥ်လိုင်းမိတ်ဆွေများ အားလုံးကျန်းမာချမ်းသာကြပါစေလို့ မန်းရာဇာမိသားစုမှကြိုဆိုနှုတ်ဆက်လိုက်ပါတယ်

13/04/2024
မန်းရာဇာအဆင့်မြင့် ခရီးသည်ပို့​ဆောင်​ရေး မိသားစုမှ           နှစ်သစ်ဆု​တောင်း
01/01/2024

မန်းရာဇာအဆင့်မြင့် ခရီးသည်ပို့​ဆောင်​ရေး မိသားစုမှ
နှစ်သစ်ဆု​တောင်း

မန်းရာဇာ အဆင့်မြင့်ခရီးသည်ပို့​ဆောင်​ရေးတွင်   တာဝန်ထမ်း​ဆောင်ရန်အတွက် Express □ယာဥ်​မောင်းအ​တွေ့အကြုံရှိသူ ၅ဦး        ...
15/11/2023

မန်းရာဇာ အဆင့်မြင့်ခရီးသည်ပို့​ဆောင်​ရေးတွင်

တာဝန်ထမ်း​ဆောင်ရန်အတွက်

Express □ယာဥ်​မောင်းအ​တွေ့အကြုံရှိသူ ၅ဦး
□ယာဥ်​နောက်လိုက် ၅ ဦး

ဆက်သွယ်ရန် ။ အမှတ်၅၂၃ ,ဝဏ္ဏသိဂီလမ်း,
​မေတ္တာညွန့်ရပ်ကွက် ,တာ​မွေ
မြို့နယ် ရုံးခန်းသို့ လာ​ရောက်ဆက်သွယ် ​​လျောက်ထားနိုင်ပါသည်။
ဖုန်းနံပါတ် ။ 09881336520

29/10/2023 သီတင်းကျွတ်လပြည့်​နေ့ အဘိဓမ္မာအခါ​တော်​နေ့မန်းရာဇာခရီးသည်ပို့​ဆောင်​ရေး မိသားစုများမှခရီးသွားမိဘပြည်သူအ​ပေါင်...
29/10/2023

29/10/2023

သီတင်းကျွတ်လပြည့်​နေ့ အဘိဓမ္မာအခါ​တော်​နေ့

မန်းရာဇာခရီးသည်ပို့​ဆောင်​ရေး မိသားစုများမှ

ခရီးသွားမိဘပြည်သူအ​ပေါင်းတို့အား ဆု​တောင်းမေတ္တာ

ပို့သလိုက်ပါတယ်ရှင်။

၁၃၈၅ခု သာသနာနှစ်၂၅၆၇ဒုတိယဝါဆိုလပြည့် ၁/၈/၂၀၂၃ ဓမ္မစကြာ​နေ့
01/08/2023

၁၃၈၅ခု သာသနာနှစ်၂၅၆၇

ဒုတိယဝါဆိုလပြည့် ၁/၈/၂၀၂၃

ဓမ္မစကြာ​နေ့

 #သင်္ကြန်အိုး (ခ)  #အတာအိုး အကြောင်း**************************သင်္ကြန်ရောက်လာခြင်းနှင့်အတူ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအရ.....
09/04/2023

#သင်္ကြန်အိုး (ခ) #အတာအိုး အကြောင်း
**************************

သင်္ကြန်ရောက်လာခြင်းနှင့်အတူ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအရ.. အတာအိုး, သင်္ကြန်အိုး (ပရိတ်အိုး)များကို အိမ်တိုင်းလိုလို ပြုလုပ်လာကြတယ်..
ဒီနေရာမှာ #ဘာသာတရားနဲ့ယဉ်ကျေးမှုကို _ရောထွေးလို့_မရပါဘူး ..

အိုးအတွင်းထိုးဖို့အတွက် အတာပန်းများမှာ
#တနင်္ဂနွေ အ-ဥ -အုန်းရွက်၊သြဇာရွက် ၊
#တနင်္လာက -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ
#အင်္ဂါဆို ဇီးရွက်၊
#ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊
#ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊
#သောကြာဆိုသပြေပန်း၊
#စနေဆို တမာရွက်၊ ဒန်းပန်း၊
အစရှိသဖြင့်......
နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့
၇ နေ့နံပန်းနဲ့ပါ။
တစ်ချို့ကလဲ ပတ်၀န်းကျင်ကိုမူတည်ပီး
ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။
သင်္ကြန် ၄ရက်လုံး
အတာအိုးနဲ့ကြိုပီး
နှစ်ဆန်းတစ်ရက်နေ့ရောက်တော့
သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး
အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ
အတာအိုး နဲ့ အတာပန်း ကနေ
ပရိတ်အိုး နဲ့ ပရိတ်ပန်း အဖြစ် အသွင်ကူးပြောင်းပီး
မိမိတို့အိမ် ပတ်ပတ်လည်မှာ
ပရိတ်ပန်း ပရိတ်သဲ တွေနဲ့ ကာရံပီး
အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ်။

သင်္ကြန်ဆိုတာ #ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ
လွယ်လွယ် မှတ်လိုက်ကြပါစို့။

#မြန်မာသင်္ကြန်ပွဲတော်များအစပုဂံခေတ်က
ရှေးမှတ်တမ်းများအရ
ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ
ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။
ထိုမင်းသည် ရေကစားပွဲတော်တွင်
သူ၏မိဖုရား စောလုံကို
စ,နောက်မိခဲ့ဖြင့်
စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ
လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။
ဘုရင်က အချိန်မီ သိရှိသဖြင့်
အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို
မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။
သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။

#ရှောင်ကြဉ်ဖွယ်ရာအဖြာဖြာ
ရှေးပညာရှိကြီးတွေဟာ
အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့
တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။
အဲဒါတွေက သင်္ကြန်အခါမှာ ......
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။
(သူ့ခေတ် သူ့အခါ
သူ့ဓလေ့ထုံးစံ
သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။)
သင်္ကြန်တွင်းသာ မဟုတ်ဘဲ
ဘယ်အချိန်အခါမဆို
မကောင်းသော အပြုအမူ၊
အပြောအဆို၊
အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
မဟာသင်္ကြန်နှင့် တွဲဖက်၍
အတာ၊ အတာစား ဟူသော ဝေါဟာရတို့ကို
ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။
အတာဟူသည်
လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။
တနည်းအားဖြင့်
အန္တ-အဆုံးဟူသော ပါဠိပုဒ်မှ
အတာဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။
ယင်းအလိုအားဖြင့် အတာဟူသည် နောက်ဆုံးကာလ၊
အကျပိုင်းကာလကို ဆိုလိုပါတယ်။

#အတာရက္ကိုဤသို့ဆို
အတာရက်မှာ သင်္ကြန်အတက်ရက် ဖြစ်၏။
နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။
သင်္ကြန်အတက်ရက်နှင့်
မွေးနေ့တိုက်ဆိုင်သူများသည်
အတာသင့်သူများ ဖြစ်လာပါတယ်။
ဒါကိုပင် အတာစားသည်ဟု
ပြောဆို သုံးစွဲနေကြပါသေးတယ်။
အတာစားသည့် နေ့နံသားသမီးတို့သည်
အတာတက်မည့်အချိန် အတိအကျတွင်
အတာစားရပါတယ်။
အတာစားဟူသည်
အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ
ဝတ်စား ဆင်ယင်လျက်
အရှေ့တောင်အရပ်သို့ မျက်နှာမူကာ
ပူဇော်ရိုသေထိုက်သူများကို
လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း
လှူဒါန်းပူဇော်ခြင်း
ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။
#အတာစားခြင်းအကျိုးအမျိုးမျိုး
အတာစားခြင်း၏ အကျိုးကား
အတာပုည၊ ကုသလကို၊
ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည်
အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံဟု
ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ
ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား
လှူဒါန်း ပူဇော်ကြသော သူတို့သည်
ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် ဟု မှတ်သားရဖူးပါတယ်။
#အတာအိုးအတာပန်း
အတာအိုးကို သင်္ကြန်ကို
စောင့်ကြိုသည့်အနေဖြင့်
သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။
(၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍
ပန်း ၇-မျိုးဖြစ်စေ၊
အညွန့် ၇-မျိုးဖြစ်စေ
ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။
အညာနယ်ဘက်မှာတော့
သင်္ကြန်ကျသည်နှင့်တပြိုင်နက်
အတာအိုးမှ ရေကို သွန်၍
သင်္ကြန်ပန်း၊
သင်္ကြန်အညွန့်တို့ကို
အိမ်ဦး ဝင်းထရံ စသည်တို့၌
ထိုးစိုက္ကာ
နှစ်သစ်မှာ ဘေးရန်ကင်းကွာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့
ဆုတောင်းဆုယူ ပြုကြလေ့ရှိပါသည်။
Credit: Myanmar Gezette.
(အထက်ဖော်ပြသည်များကတော့ ရိုးရာဓလေ့ထုံးစံ ကဲ့သို့ဖြစ်နေသောကိစ္စရပ်များသာဖြစ်ပါသည်။)
ဓမ္မဒါနဖြင့်မြို့ဟောင်းမြီးအသျှင်ပြန်လေမျှဝေပူဇော်သည်။ #တိပိဋကမြန်မာပြန်

Years of rabbit 2023🐇🐇မန်းရာဇာ အဆင့်မြင့်ခရီးသည်ပို့​ဆောင်​ရေးမိသားစု မှ နှစ်သစ်ကူး ဆုမွန် 🐇🐇
19/01/2023

Years of rabbit 2023🐇🐇

မန်းရာဇာ အဆင့်မြင့်ခရီးသည်ပို့​ဆောင်​ရေး

မိသားစု မှ နှစ်သစ်ကူး ဆုမွန် 🐇🐇

၂၂/၁၂/၂၀၂၂
22/12/2022

၂၂/၁၂/၂၀၂၂

Address

Aung Mingalar
Yangon
00000

Alerts

Be the first to know and let us send you an email when Mann Yar Zar Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mann Yar Zar Express:

Share

Our Story

မင်္ဂလာပါရှင်

မန်းရာဇာ အဆင့်မြင့် ခရီးသွားပို့ဆောင်ရေးမှ ရန်ကုန်- မန္တလေး- မော်လမြိုင်- မုဒုံ- ရေး- ထားဝယ်- မြိတ် ခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျှက်ရှိပါသည်။