Croton Travel & Tours

Croton Travel & Tours Your one-stop travel expert in Myanmar

𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌 𝐂𝐑𝐔𝐈𝐒𝐄 𝐀𝐖𝐀𝐈𝐓𝐒 🛳️၂၀၂၆ ခုနှစ်အတွင်း သွားရောက်လည်ပတ်နိုင်မယ့် Genting Dream Cruise ခရီးစဉ်များ ၂၀၂၆ ခုနှစ်အတွင်း...
26/05/2026

𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌 𝐂𝐑𝐔𝐈𝐒𝐄 𝐀𝐖𝐀𝐈𝐓𝐒 🛳️
၂၀၂၆ ခုနှစ်အတွင်း သွားရောက်လည်ပတ်နိုင်မယ့် Genting Dream Cruise ခရီးစဉ်များ

၂၀၂၆ ခုနှစ်အတွင်း သွားရောက်လို့ရတဲ့
စင်ကာပူနိုင်ငံမှ ထွက်မယ့် Genting Dream (၁၈)ထပ်
အပျော်စီးသင်္ဘောခရီးစဉ်များထဲက မိမိစိတ်ကြိုက်ခရီးစဉ်လေးတွေကို ရွေးချယ်ပြီး သွားလို့ရပြီနော်။ 💫

▪(၂) ညအိပ် - မလက္ကာခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 7, 28; Jul 5, 19, 26;
Aug 2, 16, 23; Sep 27; Oct 4, 11, 25; Nov 1, 8,
22, 29; Dec 6, 20, 27
▪(၂) ညအိပ် - ကွာလာလမ်ပူ ခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 14; Jul 12; Aug 30;
Oct 18; Nov 15
▪(၃) ညအိပ် - ပီနန်း - ကွာလာလမ်ပူ ခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 16; Jul 14; Sep 1; Oct 20; Nov 17
▪(၃) ညအိပ် - ပီနန်း - မလက္ကာ ခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 30; Jul 28*; Aug 18;
Oct 6; Nov 3; Dec 29
▪(၃) ညအိပ် - ဖူးခက် ခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 9; Jul 7, 21; Aug 4, 25; Sep 29; Oct 13, 27; Nov 10, 24; Dec 1, 8, 22
▪(၄) ညအိပ် - ကော့စမွီး - ရီဒန်း ခရီးစဉ်
ထွက်ခွာမယ့်ရက်များ - Jun 1; Aug 10
▪(၅) ညအိပ် - ဘန်ကောက် - ကော့စမွီး ခရီးစဉ်
ထွက်ခွာမယ့်ရက် - Jun 21
▪(၅) ညအိပ် - ဘာလီ - လွန်ဘော့ ခရီးစဉ်
ထွက်ခွာမယ့်ရက် - Dec 13

ခရီးစဉ်တစ်ခုချင်းစီအတွက် ဈေးနှုန်းအသေးစိတ်ကို မေးမြန်းလိုသူများအတွက်
Yangon Office : 09 9402 68666
Mandalay Office : 09 9452 86888

Korea Visit Visa 🇰🇷ကိုရီးယားနိုင်ငံ အလည်ပတ်ဗီဇာများနှင့် ပတ်သတ်ပြီး Croton မှာ မှန်ကန်တဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ဝန်ဆော...
25/05/2026

Korea Visit Visa 🇰🇷
ကိုရီးယားနိုင်ငံ အလည်ပတ်ဗီဇာများနှင့် ပတ်သတ်ပြီး Croton မှာ မှန်ကန်တဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုများ‌နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတာကြောင့် ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံလို့ ရနေပါပြီရှင်။ 🤩
ကိုရီးယားနိုင်ငံကို ခရီးသွားဖို့အတွက်လိုအပ်တဲ့
✈️Air Ticket
📜Visa
📄Insurance တို့ကို တစ်နေရာတည်းမှာ One Stop Services ပေးနေပါတယ်ရှင်။
*****************************
ဗီဇာအတွက်အသေးစိတ်စုံစမ်းမေးမြန်းရန်_
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ
☎️09 9440 68666, 09 7502 29966
ရုံးသို့ကိုယ်တိုင်လာရောက်လိုသူများအတွက်
📍ရုံးလိပ်စာ
ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အပူပင်ကင်းစွာ 𝐂𝐫𝐨𝐭𝐨𝐧 နဲ့ ခရီးသွားလိုက်ပါ။

လူကြီးမပါဘဲ ခရီးသွားမယ့် ကလေးငယ်များအတွက် လေကြောင်းလိုင်းများ၏ စောင့်ရှောက်ဝန်ဆောင်မှု ( 𝐔𝐧𝐚𝐜𝐜𝐨𝐦𝐩𝐚𝐧𝐢𝐞𝐝 𝐌𝐢𝐧𝐨𝐫 - 𝐔𝐌 𝐒𝐞𝐫𝐯𝐢𝐜...
25/05/2026

လူကြီးမပါဘဲ ခရီးသွားမယ့် ကလေးငယ်များအတွက် လေကြောင်းလိုင်းများ၏ စောင့်ရှောက်ဝန်ဆောင်မှု ( 𝐔𝐧𝐚𝐜𝐜𝐨𝐦𝐩𝐚𝐧𝐢𝐞𝐝 𝐌𝐢𝐧𝐨𝐫 - 𝐔𝐌 𝐒𝐞𝐫𝐯𝐢𝐜𝐞 )

မိဘ သို့မဟုတ် အုပ်ထိန်းသူမပါဘဲ ကလေးငယ်တွေကို လေယာဉ်နဲ့ ခရီးစေလွှတ်ရမှာ စိတ်ပူနေပါသလား? လေကြောင်းလိုင်းတော်တော်များများမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေးငယ်တွေ တစ်ယောက်တည်း ဘေးကင်းစိတ်ချစွာ ခရီးသွားနိုင်ဖို့အတွက် Unaccompanied Minor (UM) ဆိုတဲ့ အထူးစောင့်ရှောက်မှုဝန်ဆောင်မှုကို စနစ်တကျ စီစဉ်ပေးထားပါတယ်။

ဒီဝန်ဆောင်မှုက ကလေးငယ်တွေ လေဆိပ်ရောက်တဲ့အချိန်ကစလို့ လေယာဉ်ပေါ်မှာနဲ့ ခရီးဆုံးကို ဘေးကင်းစွာ ဆိုက်ရောက်တဲ့အထိ ဘယ်လိုမျိုး ကူညီစောင့်ရှောက်ပေးလဲဆိုတာ အသေးစိတ် လေ့လာကြည့်ရအောင်လားခင်ဗျာ။

၁။ ဝန်ဆောင်မှု အသေးစိတ်
လေဆိပ်သို့ ရောက်ရှိခြင်းနှင့် Check-in ဝင်ခြင်း - မိဘ သို့မဟုတ် အုပ်ထိန်းသူက ကလေးကို လေဆိပ် Check-in ကောင်တာအထိ လိုက်လံပို့ဆောင်ပေးရပါမယ်။ ထိုနေရာတွင် လေကြောင်းလိုင်းဝန်ထမ်းများက ကလေးကို စတင်တာဝန်ယူမှာဖြစ်ပြီး ကလေးရဲ့ လည်ပင်းမှာ UM အမှတ်အသားကတ်ပြား ချိတ်ဆွဲပေးပါလိမ့်မယ်။

အဝင် Gate သို့ လိုက်လံပို့ဆောင်ခြင်း - လေဆိပ်ဝန်ထမ်းကိုယ်တိုင် ကလေးငယ်ကို လုံခြုံရေးအဆင့်ဆင့် ဖြတ်ကျော်စေပြီး လေယာဉ်စီးမယ့် Gate ပေါက်အထိ ဘေးကင်းစွာ လိုက်ပါပို့ဆောင်ပေးပါတယ်။

လေယာဉ်ပေါ်တွင် ဂရုစိုက်ခြင်း - လေယာဉ်မယ် (Flight Attendants) များက ကလေးငယ်ကို လေယာဉ်ပေါ်တွင် အထူးဂရုစိုက်ပေးပြီး လိုအပ်တာမှန်သမျှကို ကူညီပေးပါလိမ့်မယ်။

ခရီးဆုံးသို့ ဆိုက်ရောက်ခြင်း - လေယာဉ်ဆိုက်ရောက်တဲ့အခါ ဝန်ထမ်းများက ကလေးငယ်ကို လေယာဉ်ပေါ်မှ စောင့်ရှောက်ခေါ်ဆောင်လာပြီး လေဆိပ်အပြင်ဘက်တွင် ကြိုဆိုမည့်သူ (Designated Adult) ထံသို့ စနစ်တကျ လက်မှတ်ထိုးလွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။

၂။ မိဘများနှင့် အုပ်ထိန်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ
တိကျသော အချက်အလက်များ ပေးရန် - ကလေးကို လာရောက်ပို့ဆောင်မည့်သူနှင့် ခရီးဆုံးတွင် လာရောက်ကြိုဆိုမည့်သူ၏ အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင် (သို့) ပတ်စပို့ စသည့် အချက်အလက်များကို လေကြောင်းလိုင်းသို့ အတိအကျ ပေးထားရပါမည်။

ကြိုဆိုမည့်သူတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားပါရမည် - ခရီးဆုံးမှာ လာကြိုတဲ့သူက လေကြောင်းလိုင်းကို မိမိရဲ့ ID (မှတ်ပုံတင်/ပတ်စပို့) ပြသပြီး လျှောက်လွှာပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ကလေးကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ် ။

ဒီဝန်ဆောင်မှုကြောင့် မိဘတွေအနေနဲ့ ရင်သွေးငယ်တွေကို အဝေးတစ်နေရာဆီ တစ်ယောက်တည်း လွှတ်ရမှာကို စိုးရိမ်ပူပန်နေစရာမလိုတော့ဘဲ စိတ်အေးချမ်းသာစွာ စေလွှတ်နိုင်မှာ ဖြစ်ပါတယ်။"ရင်သွေးငယ်လေးတွေရဲ့ လေယာဉ်ခရီးစဉ်ကို စိတ်အေးချမ်းသာစွာ စေလွှတ်နိုင်ဖို့ Croton Travel & Tours မှာ UM ဝန်ဆောင်မှုနဲ့အတူ လေယာဉ်လက်မှတ်များကို အဆင်ပြေဆုံး ဝယ်ယူရရှိနိုင်ပါပြီ။

အသေးစိတ် သိရှိလိုပါက အောက်ပါဖုန်းနံ ပါတ်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Ticketing Department
☎️09 9440 86888, 09 7502 29911
☎️09 9430 68666, 09 2608 89988
☎️09 9633 57555, 09 9410 86888
☎️09 9451 86888
ရုံးသို့လာရောက် ဝယ်ယူလိုသူများအတွက်
📍ရုံးလိပ်စာ
ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
“အပူပင်ကင်းစွာ Croton နဲ့သာ ခရီးသွားလိုက်ပါ။

𝗚𝗜𝗩𝗘𝗔𝗪𝗔𝗬 𝗧𝗜𝗠𝗘 ✨Croton Travel & Tours နဲ့အတူ ပျော်စရာ၊ စိတ်ချမ်းသာစရာ ခရီးစဉ်တွေ အတူတူ ဖြတ်သန်းခဲ့ဖူး၊Service များဝယ်ယူအာ...
22/05/2026

𝗚𝗜𝗩𝗘𝗔𝗪𝗔𝗬 𝗧𝗜𝗠𝗘 ✨

Croton Travel & Tours နဲ့အတူ ပျော်စရာ၊ စိတ်ချမ်းသာစရာ ခရီးစဉ်တွေ အတူတူ ဖြတ်သန်းခဲ့ဖူး၊
Service များဝယ်ယူအားပေးခဲ့ဖူးကြတဲ့ ကျွန်တော်တို့ရဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ .. 👋💛

ခရီးစဉ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ၊ ခရီးသွားအတွေ့အကြုံလေးတွေ သို့မဟုတ် မိမိဝယ်ယူအားပေးခဲ့ဖူးသည့် သဘောအကျဆုံး ဝန်ဆောင်မှုတွေကို အားလုံးသိအောင် ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။ Croton မှ Service များကို အားပေးခဲ့ကြတဲ့ သင့်ရဲ့ စကားလုံးလေးတစ်ခွန်းဟာ ကျွန်တော်တို့ အတွက် အင်မတန် တန်ဖိုးရှိလှပါတယ်။

ဒါကြောင့်မို့လို့... Croton မှာ Service ယူဖူးတဲ့သူတွေထဲက အကောင်းဆုံးနဲ့ အစစ်မှန်ဆုံး Review ရေးပေးသူ (၅) ဦးတိတိ ကို ရွေးချယ်ပြီး ခရီးသွားရင် ဇိမ်နဲ့ အနားယူလို့ရမယ့် Travel Pillow လှလှလေးကို အမှတ်တရလက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်ဗျ။ 🥰

🎁 ပါဝင်ကံစမ်းရမယ့် နည်းလမ်း -
Croton Travel & Tours Page ရဲ့ Review Section မှာ Croton နှင့်အတူမိမိသွားခဲ့ဖူးတဲ့ ခရီးစဉ်အတွေ့အကြုံ သို့မဟုတ် ဝယ်ယူခဲ့ဖူးသည့် Services အသီးသီးမှ အဆင်ပြေမှု မပြေမှုများကို Honest Review ရေးပေးရုံပါပဲ။ (ခရီးသွားတုန်းက ဓာတ်ပုံလှလှလေးတွေပါ တွဲတင်ပေးရင် Selection ပါဖို့ အခွင့်အရေး ပိုများတယ်ဗျာ 😉)

🎁 ပေးမည့်အရေအတွက်: အကောင်းဆုံး Review ပိုင်ရှင် (၅) ဦးတိတိ

⏰ ကာလ: [ ၂၃.၅.၂၀၂၆ ] မှ [ ၀၇.၀၆.၂၀၂၆ ] အထိ

ခရီးသွားအတွေ့အကြုံတွေကိုလည်း ပြန်လည်သတိရရင်း၊ တစ်ခါတည်း လက်ဆောင်ပါ ကံထူးနိုင်မယ့် အခွင့်အရေးမို့ အမြန်ဆုံး Review လေးတွေ ရေးပြီး ပါဝင်လိုက်ကြရအောင်လားခင်ဗျာ...

လူကြီးမင်းတို့၏ အကြံပြုချက်များကို အလေးနက်ထား နားစွင့်လျက်

မိုးစက်လေးတွေကြား ဧရာဝတီမြစ်လေအေးအေးလေးတွေကို ခံစားနိုင်ဖို့ 𝐆𝐫𝐚𝐧𝐝 𝐏𝐚𝐮𝐤𝐚𝐧 Cruise Hotel ကို ယခုပဲ Croton မှာ ဘိုကင်တင်လို...
22/05/2026

မိုးစက်လေးတွေကြား ဧရာဝတီမြစ်လေအေးအေးလေးတွေကို ခံစားနိုင်ဖို့ 𝐆𝐫𝐚𝐧𝐝 𝐏𝐚𝐮𝐤𝐚𝐧 Cruise Hotel ကို ယခုပဲ Croton မှာ ဘိုကင်တင်လို့ရနေပါပြီရှင်။
တည်းနေကျ ဟိုတယ်တွေနဲ့ မတူပဲ ရေပေါ်ဟိုတယ်ပုံစံထူးခြားတဲ့ Experience နဲ့ဧရာဝတီမြစ်ရဲ့ သဘာဝအလှကို တစ်နေရာတည်းမှာ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။
ရွေးချယ်နိုင်မယ့် အခန်းအမျိုးအစားတွေကတော့_
✅Main Deck Suite ( River View )
✅Main Deck Suite ( Cruise View )
✅Upper Deck Suite ( River View )
✅Upper Deck Suite ( Cruise View )
𝐆𝐫𝐚𝐧𝐝 𝐏𝐚𝐮𝐤𝐚𝐧 နဲ့ပတ်သတ်ပြီး အသေးစိတ်မေးမြန်းလိုပါက
Page Messenger (သို့မဟုတ်)
ဖုန်းနံပါတ် 09 254 200 033 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
Office Address:
ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။



ကိုရီးယားကို ခရီးထွက်မလား? ✈️ အလည်အပတ်၊ အလုပ်ကိစ္စ၊ ဆေးကုသမှု ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုရီးယားရောက်ရင် နေထိုင်ရလွယ်...
21/05/2026

ကိုရီးယားကို ခရီးထွက်မလား? ✈️ အလည်အပတ်၊ အလုပ်ကိစ္စ၊ ဆေးကုသမှု ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုရီးယားရောက်ရင် နေထိုင်ရလွယ်ကူပြီး သက်တောင့်သက်သာရှိတဲ့ ဟိုတယ်တွေကို ရွေးချယ်ဖို့အရေးကြီးပါတယ်🏨
Croton မှာ ဆိုးလ်၊ ဘူဆန်၊ ဂျယ်ဂျူ အပါအဝင် မြို့ကြီးတွေက 5-star,4-star,3-star အသီးသီးရှိပြီး သန့်ရှင်းကောင်းမွန်တဲ့ ဟိုတယ်တွေကို တစ်နေရာတည်းမှာ ဘိုကင်တင်နိုင်ပါပြီရှင် ✨
အခန်းဘိုကင်နှင့် အသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်⬇️
☎ 09 791 502 777
☎ 09 945 089 888 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
ရုံးသို့လာရောက် ဝယ်ယူလိုသူများအတွက်
ရုံးလိပ်စာ
🏢 ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🏢 မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
“အပူပင်ကင်းစွာ Croton နဲ့သာ ခရီးသွားလိုက်ပါ။”

နိုင်ငံတကာကို ခရီးသွားတဲ့အခါ လိုအပ်တဲ့ Simcard ထည့်စရာမလိုတဲ့ Data Package (Travel E sim) နိုင်ငံခြား ခရီးသွားတဲ့အခါ အင်...
20/05/2026

နိုင်ငံတကာကို ခရီးသွားတဲ့အခါ လိုအပ်တဲ့ Simcard ထည့်စရာမလိုတဲ့ Data Package (Travel E sim)

နိုင်ငံခြား ခရီးသွားတဲ့အခါ အင်တာနက် data ကို အဆင်ပြေဆုံးနဲ့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့အတွက် Travel Data Package များ Croton မှာ ဝယ်ယူရပြီနော်။
Travel E sim အသုံးပြုခြင်းရဲ့ အားသာချက်တွေက-
Sim card ထည့်စရာမလိုခြင်း
နိုင်ငံတစ်ခုထက်ပိုပြီး ပိုအသုံးပြုနိုင်ခြင်း
Top-up အလွယ်တကူပြုလုပ်နိုင်ခြင်း
ဝယ်ယူနိုင်တဲ့ package တွေက-
နိုင်ငံတစ်နိုင်ငံချင်းသုံး package
Asia နိုင်ငံများအတွင်းသုံး package
Europe နိုင်ငံများအတွင်းသုံး package
နိုင်ငံတကာခရီးစဉ်များအတွက် အင်တာနက်အသုံးပြုဖို့ data package များ ဝယ်ယူလိုပါက-

ရန်ကုန်ရုံး - 09 9450 68666
မန္တလေးရုံး - 09 9452 86888 တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။

🇸🇬 Singaporeသွားမယ့်သူတွေ အတွက် Attraction Ticketတွေကို အချိန်ကုန်၊ လူတိုးစရာမလိုပဲ အဆင်ပြေပြေ ဝယ်ယူချင်လား? ✨ဒါဆိုရင်တေ...
19/05/2026

🇸🇬 Singaporeသွားမယ့်သူတွေ အတွက် Attraction Ticketတွေကို အချိန်ကုန်၊ လူတိုးစရာမလိုပဲ အဆင်ပြေပြေ ဝယ်ယူချင်လား? ✨
ဒါဆိုရင်တော့ Croton မှာ Singapore ရဲ့ နာမည်ကြီး Attraction Ticket တွေကို စျေးနှုန်းသက်သာစွာနဲ့ အလွယ်တကူ ကြိုတင်ဝယ်ယူနိုင်ပါပြီ 🙌
စင်ကာပူမှာ ရရှိနိုင်တဲ့ Attraction Tickets တွေကတော့_
• Adventure Cove WaterparkTM
• Museum of ice-cream
• KidZania SG
• SkyPark Observation Deck at Marina Bay Sands
• Gardens by the Bay
• Oceanarium
• Universal Studios Singapore
• River Wonders စတာတွေ အပြင် တခြားလည်ပတ်စရာ နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်တွေကိုလည်း ကြိုတင် ဝယ်ယူလိုပါက Croton Travel & Tours ကိုသာ ယုံကြည် စိတ်ချ စွာ ဆက်သွယ်နိုင်ပါတယ်ရှင်။
အသေးစိတ် စုံစမ်းမေးမြန်းရန်
💬 Page Messenger (သို့မဟုတ်)
💢 Croton Outbound Department
☎ 09 945 168 666,
☎ 09 945 268 666
☎ 09 943 086 888
ရုံးသို့လာရောက် ဝယ်ယူလိုသူများအတွက်
ရုံးလိပ်စာ
ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
“အပူပင်ကင်းစွာ Croton နဲ့သာ ခရီးသွားလိုက်ပါ။”




မလေးရှားနိုင်ငံရဲ့ "အစားအသောက်မြို့တော်"အရှေ့တိုင်းရဲ့ ပုလဲမုဒ်ဦး အဖြစ်တင်စားရတဲ့ ပီနန်း (Penang) ကို ဘာကြောင့် သွားသင့်...
18/05/2026

မလေးရှားနိုင်ငံရဲ့ "အစားအသောက်မြို့တော်"
အရှေ့တိုင်းရဲ့ ပုလဲမုဒ်ဦး အဖြစ်တင်စားရတဲ့
ပီနန်း (Penang) ကို ဘာကြောင့် သွားသင့်လဲ ?

ပီနန်းမြို့ဟာ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေ၊ ခေတ်ပြိုင်အနုပညာတွေနဲ့ သဘာဝအလှအပတွေ စုံလင်စွာ ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်သည့်အပြင် လမ်းဘေးစာစရာ (Street Food) တွေဟာ ကမ္ဘာ့အဆင့် သတ်မှတ်ခံရလောက်အောင် နာမည်ကြီးပြီး မလေး၊ တရုတ်၊ အိန္ဒိယ ယဉ်ကျေးမှု သုံးခုပေါင်းစပ်ထားတဲ့ အရသာရှိလှတဲ့ စားသောက်ဖွယ်ရာတွေ စုံလင်လွန်းလို့ "အစားအသောက်သမားတွေရဲ့ ပရဒိသု" (Food Paradise) လို့လည်း တင်စားကြသည့်အလျောက်သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

🌟 မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာ (၃) ခု
ဂျော့ချ်တောင်း (Georgetown): ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဖြစ်ပြီး ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေ၊ နာမည်ကြီး လမ်းဘေးနံရံပန်းချီ (Street Art) တွေ၊ ကူးဖတ်စီ အိမ်တော်ကြီး (Cheong Fatt Tze Mansion) လို သမိုင်းဝင် နေရာတွေကို လေ့လာနိုင်ပါတယ်။

ပီနန်းတောင် (Penang Hill): ကေဘယ်ရထားစီးပြီး တောင်ပေါ်ကနေ ပီနန်းကျွန်းရဲ့ တစ်မြို့လုံးအလှကို မြင်ကွင်းကျယ် ရှုစားနိုင်ပါတယ်။ ရာသီဥတု အေးအေးလူလူနဲ့ သဘာဝတောတောင်အလှကို ခံစားနိုင်မယ့် နေရာပါ။

ကတ်လော့ဆီ ဘုရားကျောင်း (Kek Lok Si Temple): အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ အလှပဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းကြီးတွေထဲက တစ်ခုဖြစ်ပြီး လက်ရာမြောက် ဗိသုကာပညာရပ်တွေနဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်ပါတယ်။

✈️ လေကြောင်းလိုင်းနှင့် ခရီးစဉ် အချက်အလက်
Myanmar Airways International (MAI) နဲ့ ရန်ကုန်-ပီနန်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တိုင်း အောက်ပါအတိုင်း ပျံသန်းပေးနေပါတယ်။

ရန်ကုန် ➡️ ပီနန်း (8M 505): မွန်းလွဲ ၀၂:၄၅ နာရီ ထွက်ခွာ ➡️ ညနေ ၀၆:၁၅ နာရီ ရောက်ရှိ

ပီနန်း ➡️ ရန်ကုန် (8M 506): ည ၀၇:၁၅ နာရီ ထွက်ခွာ ➡️ ည ၀၇:၄၅ နာရီ ရောက်ရှိ

💵 လေယာဉ်လက်မှတ်ခ (Economy Class)
တစ်ကြောင်းစာ (One way): ၆၅၂,၅၀၀ ကျပ် မှ စတင်၍

အသွားအပြန် (Roundtrip): ၁,၁၈၆,၉၀၀ ကျပ် မှ စတင်၍

သက်သောင့်သက်သာရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်ဖို့ MAI နဲ့အတူ ပျံသန်းပြီး ခရီးသွားဝန်ဆောင်မှုတွေအတွက် Croton Travel & Tours ကို ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။
Ticketing Department
☎️09 9440 86888, 09 7502 29911
☎️09 9430 68666, 09 2608 89988
☎️09 9633 57555, 09 9410 86888
☎️09 9451 86888
ရုံးသို့လာရောက် ဝယ်ယူလိုသူများအတွက်
📍ရုံးလိပ်စာ
ရန်ကုန်ရုံးချုပ် - အမှတ် ၁၅(ခ)၊ ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

🚌ပုဂံမှာ အေးဆေးအပန်းဖြေပြီ အနားယူချင်သူများအတွက် Croton ရဲ့ Bagan Free & Easy Package လူအများနဲ့စောင့်ဆိုင်းသွားလာရတာမျိ...
16/05/2026

🚌ပုဂံမှာ အေးဆေးအပန်းဖြေပြီ အနားယူချင်သူများအတွက် Croton ရဲ့ Bagan Free & Easy Package
လူအများနဲ့စောင့်ဆိုင်းသွားလာရတာမျိုးမဟုတ်ဘဲ ချစ်ရတဲ့သူတွေနဲ့သီးသန့်လေး သွားချင်ကြတဲ့ ဧည့်သည်တော်များအတွက် သွားမယ့်လူဦးရေ ( ၂ )ဦးတည်းရှိရုံဖြင့် ဒီ Packageလေးကို ဝယ်ယူလို့ရနေပါပြီ။😊
💁‍♀️Package လေးထဲမှာ ပါဝင်တာတွေကတော့ -
- ရန်ကုန် - ပုဂံ အသွားအပြန် Expressကားလက်မှတ်။
- ဟိုတယ်တွင် (၂) ည တည်းခိုခွင့်။( မနက်စာပါဝင်သည်)
- ပုဂံ ကားဝင်း မှ ဟိုတယ် သို့ Tuk Tuk ဖြင့် အကြို အပို့။
- ပုဂံ ဘုရားများကို E bikeဖြင့် (၂) ရက် လည်ပတ်ခွင့်တို့ ပါဝင်ပါတယ်ရှင် ။
E Bike မစီးချင်ကြတဲ့ ဧည့်သည်တော်တွေအတွက်လည်း ကား (သို့မဟုတ်) Tuk Tuk များကို သက်သာသော အထူးစျေးနှုန်းများဖြင့် Croton မှ ဝန်ဆောင်မှုပေးနေပါပြီရှင်။
အသေးစိတ်မေးမြန်းသိရှိလိုပါက
ဖုန်းနံပါတ်
☎ 09 941 068 666
☎ 09 254 200 033 သို့ဆက်သွယ်နိုင်ပါတယ်။
ရုံးသို့လူကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
🏢 ရန်ကုန်ရုံး - အမှတ် ၁၅/ခ ၊ပထမထပ်၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
🏢 မန္တလေးရုံး - အမှတ် ၁၂၊ ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။



&easy

𝗙𝗟𝗬 𝗠𝗘 𝗧𝗢 𝗠𝗔𝗟𝗗𝗜𝗩𝗘𝗦 ✈️ မော်ဒိုက်(Maldives) သို့ (၅)ညအိပ် (၆)ရက် အိပ်မက်ဆန်ဆန် ခရီးစဉ် 🏝🌊အပြာရောင်ပင်လယ်ကြီး၊ သဲဖြူဖြူကမ်း...
15/05/2026

𝗙𝗟𝗬 𝗠𝗘 𝗧𝗢 𝗠𝗔𝗟𝗗𝗜𝗩𝗘𝗦 ✈️

မော်ဒိုက်(Maldives) သို့ (၅)ညအိပ် (၆)ရက် အိပ်မက်ဆန်ဆန် ခရီးစဉ် 🏝
🌊အပြာရောင်ပင်လယ်ကြီး၊ သဲဖြူဖြူကမ်းခြေများ👣နဲ့ Romantic ဆန်တဲ့ Maldives ကို သွားရောက်လည်ပတ်ဖို့အတွက်ဘန်ကောက် မော်ဒိုက် (၅)ညအိပ် (၆)ရက် အပြီးအစီး package လေးရှိနေပြီနော်✨
🕘ဘယ်အချိန်သွားရမလဲဆိုတော့?🕘
👉 မိမိအားလပ်ရက်နဲ့အဆင်ပြေတဲ့ရက်ကို ရွေးပြီး သွားလို့ရပါတယ်။
💲ဈေးနှုန်းက?💲
👉ရန်ကုန်မှ ခရီးသည်များအတွက် - Starting from 𝐔𝐒𝐃 𝟐,𝟐𝟐𝟔 /per person
👉မန္တလေးမှ ခရီးသည်များအတွက် - Starting from 𝐔𝐒𝐃 𝟐,𝟐𝟎𝟕 /per person

မှတ်ချက်။ ။ သွားမယ့်ရက်၊ တည်းခိုမယ့်အခန်းနဲ့ လေယာဥ်လက်မှတ်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်ရှင့်။
Package မှာ ဘာတွေ ပါဝင်လဲ?
✅ ရန်ကုန်(သို့) မန္တလေးမှ မော်ဒိုက်သို့ လေယာဉ်လက်မှတ် အသွားအပြန် (၄)ကြောင်း (မိမိရွေးချယ်တဲ့ ခရီးသွားကာလ၊ လေကြောင်းလိုင်းနှင့် transit နိုင်ငံပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲလေးရှိနိုင်ပါတယ်)
✅ ဘန်ကောက်တွင် အသွားအပြန် ညအိပ်ရန် ဟိုတယ် နှင့် လေဆိပ်ကြို/ပို့(မနက်စာပါပြီး)
✅ Club Med - Maldives ကျွန်းတွင် (၃) ညအိပ် ဟိုတယ်
✅ ကျွန်းပေါ်တွင် သုံးဆောင်ရန် မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် အဆာပြေ snack များ
✅ free flow drinks များ
✅ ကျွန်းပေါ်က water and land activities များ
✅ Speedboat ကြို/ပို့
✅ Green Tax (or) Maldivian Tax
✅ Wi-Fi Service
Package အသေးစိတ်လေး သိရှိလိုပါက-
📞ရန်ကုန်ရုံး - 09 9402 68666
📞မန္တလေးရုံး - 09 9452 86888 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Address

No15B, Dhammazedi Road, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959780068666

Alerts

Be the first to know and let us send you an email when Croton Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Croton Travel & Tours:

Share