Zwel Marine Transportation

Call Directions Contact the business

Zwel Marine Transportation Shipping Transportation

12/08/2026

"မေတ္တာဖြင့်သာ အနိုင်ယူပါ" 📌🩵

◾တကယ်တော့...
လူ့ဘဝဆိုတာ အချိန်က ခဏတာငှားပေးထားတဲ့ ခရီးစဉ်တစ်ခုသာသာပါ။
မွေးဖွားလာခဲ့တဲ့ နေ့ရက်တစ်နေ့နဲ့...
ပြန်လည်ထွက်ခွာသွားမယ့် နေ့ရက်တစ်နေ့ကြားမှာ...
ကျွန်တော်တို့ဟာ "အသက်ရှင်ခဲ့တယ်" လို့သာ မဟုတ်ဘဲ "ဘယ်လိုအသက်ရှင်ခဲ့သလဲ" ဆိုတာကို ရေးသားနေကြတာပါ။

ရှင်သန်ချိန် ဘဝတိုတိုလေးထဲမှာ...
တချို့လူတွေက အောင်မြင်မှုကို ရှာဖွေကြတယ်။
တချို့လူတွေကျတော့ ငွေကြေးကို စုဆောင်းကြပြန်တယ်။
တချို့ကတော့ ရာထူးဂုဏ်သိက္ခာကို တန်ဖိုးထားပြန်တယ်။
အချို့ကတော့ လူတွေရဲ့ ချီးကျူးသံတွေကို လိုက်လံရှာဖွေနေကြတယ်။

◾ဒါပေမယ့်...
ဘဝရဲ့ ညနေပိုင်းကို ရောက်လာတဲ့အခါ လူတိုင်းကို တိတ်တိတ်လေး မေးခွန်းတစ်ခုက စောင့်နေပါလိမ့်မယ်။
"ငါ မရှိတော့တဲ့အခါ... ငါ့ဆီက ဘာက ကျန်ရစ်မှာလဲ။" တဲ့။
အဲဒီမေးခွန်းရဲ့ အဖြေဟာ အိမ်ကြီး၊ ကားကောင်း၊ ဘဏ်စာရင်း ဒါမှမဟုတ် ဂုဏ်ထူးဆောင်ဆုတွေထဲမှာ မရှိနိုင်ပါဘူး။

တကယ်စစ်မှန်တဲ့ ကျန်ထားရမယ့်အရာဟာ...
လူတစ်ယောက်ရဲ့ တကယ့်အမွေအနှစ်ဆိုတာက...
သူ ပိုင်ဆိုင်ခဲ့တာတွေ မဟုတ်ဘဲ...
သူ ပေးခဲ့တဲ့ နွေးထွေးမှုတွေထဲမှာသာ ရှိပါလိမ့်မယ်။

◾လူတွေဟာ ကိုယ်ပြောခဲ့တဲ့ စကားတိုင်းကို မှတ်မိချင်မှ မှတ်မိကြလိမ့်မယ်။
ကိုယ်လုပ်ပေးခဲ့တဲ့ အရာအားလုံးကိုလည်း အချိန်ကြာရင် မေ့သွားကြမှာပါ။
ဒါပေမယ့်လည်း...
ကိုယ်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သူတို့ရဲ့ နှလုံးသားထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ကိုတော့ အချိန်ကတောင် ဖျက်မပစ်နိုင်ပါဘူး။
"People remember how you made them feel." ပေါ့။

◾တစ်ခါတလေကျရင်...
ဘဝကို ပြောင်းလဲပေးလိုက်တာ စကားကြီးကြီးမားမားတွေ မဟုတ်ပါဘူး။
"ရပါတယ်... ဖြည်းဖြည်းလုပ်ပါ။"
ဆိုတဲ့ စကားတစ်ခွန်း။
စိတ်ပင်ပန်းနေတဲ့ လူတစ်ယောက်ဘေးမှာ တိတ်တိတ်လေး ထိုင်ပေးခဲ့တဲ့ အချိန်လေး။
ဘယ်သူမှ မယုံကြည်တဲ့အချိန်မှာ "မင်း လုပ်နိုင်ပါတယ်" လို့ ပြောပေးခဲ့တဲ့ ယုံကြည်မှုလေးတစ်ခု။

အဲဒီအရာလေးတွေကပဲ...
လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို အလင်းပြန်ပေးနိုင်တဲ့ မီးအိမ်တွေပါ။
ပန်းတစ်ပွင့်ကို လှပစေတာက အရောင်တစ်မျိုးတည်း မဟုတ်သလိုပဲ...
လူတစ်ယောက်ကို ကြီးမြတ်စေတာလည်း အောင်မြင်မှုတစ်ခုတည်း မဟုတ်ပါဘူး။

သူ့ကြောင့်...
လူဘယ်နှယောက် ပြုံးနိုင်ခဲ့သလဲ။
လူဘယ်နှယောက် မျှော်လင့်ချက် ပြန်ရခဲ့သလဲ။
လူဘယ်နှယောက် ကိုယ့်ကိုယ်ကို ပြန်ယုံကြည်လာခဲ့သလဲ။
အဲဒီအဖြေတွေကသာ လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်ကို ပြောပြပေးနိုင်ကြတာပါ။

◾ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ...
လူတွေကို ကိုယ့်နောက် လိုက်လာအောင် အမိန့်မပေးပါဘူး။
သူ့ရဲ့ စိတ်ထားကသာ လမ်းပြပါတယ်။
သူ့ရဲ့ မေတ္တာကသာ ယုံကြည်မှုကို မွေးဖွားစေပါတယ်။
သူ့ရဲ့ ရိုးသားမှုကသာ အခြားသူတွေကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ချင်စိတ် ပေးနိုင်တယ်။
ဒါဟာ Meaningful Influence ပါ။

အသံကျယ်လို့လည်း မဟုတ်ပါဘူး။
နှလုံးသားနဲ့ ထိတွေ့နိုင်လို့ပါ။
မေတ္တာနဲ့ ဦးဆောင်တဲ့သူဟာ...
လူတွေကို အသုံးချစရာ အရင်းအမြစ်အဖြစ် မမြင်ဘူး။
လူတစ်ယောက်ချင်းစီကို အသက်ရှိတဲ့ နှလုံးသားတစ်ခုအဖြစ်သာ မြင်ကြတယ်။

သူတို့ရဲ့ အိပ်မက်ကို လေးစားတယ်။
သူတို့ရဲ့ ဒဏ်ရာကို နားထောင်တယ်။
သူတို့ရဲ့ မျှော်လင့်ချက်ကို ထိန်းသိမ်းပေးတယ်။
ဒါကြောင့် သူ ထွက်ခွာသွားပြီးနောက်မှာတောင်...
သူ့ရဲ့ နေရာကို အလွယ်တကူ အစားထိုးလို့ မရတော့ပါဘူး။

◾ဗုဒ္ဓမြတ်စွာဘုရားက...
"မေတ္တာ" ဟာ ပြန်လည်ပေးဆပ်ဖို့ မလိုတဲ့ လက်ဆောင်တစ်ခုလို့ သင်ပေးခဲ့ပါတယ်။
အဲဒီမေတ္တာက...
ပေးတဲ့သူကိုလည်း အေးချမ်းစေတယ်။
လက်ခံရတဲ့သူကိုလည်း ပြောင်းလဲစေတယ်။

တကယ်တော့...
ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်ဟာ ရှည်ချင်မှ ရှည်ပါလိမ့်မယ်။
ဒါပေမယ့်...
ကျွန်တော်တို့ ပေးခဲ့တဲ့ ကြင်နာမှုကတော့...
ကိုယ်မရှိတော့တဲ့ နောက်ပိုင်းအထိ ဆက်လက်အသက်ရှင်နိုင်ပါတယ်။

◾ဖယောင်းတိုင်တစ်တိုင်ဟာ...
ကိုယ့်အလင်းကို မျှဝေပေးလို့ အလင်းလျော့မသွားပါဘူး။
အဲဒီအတိုင်း...
မေတ္တာဟာလည်း မျှဝေလေလေ ပိုပြီး ကျယ်ပြန့်လာလေလေပါပဲ။

တစ်နေ့မှာ...
ကျွန်တော်တို့အားလုံး ဒီဇာတ်ခုံပေါ်ကနေ ဆင်းသွားကြရမယ်။
ရာထူးတွေ ကျန်ခဲ့မယ်။
ပစ္စည်းတွေ ကျန်ခဲ့မယ်။
ငွေကြေးတွေ ကျန်ခဲ့မယ်။

ဒါပေမယ့်...
ကိုယ့်ကြောင့် မျက်ရည်တိတ်သွားခဲ့တဲ့ လူတစ်ယောက်ရဲ့ နှလုံးသားထဲက ကျေးဇူးတရားကတော့ မကျန်မဖြစ် ကျန်နေဦးမှာပါ။
ကိုယ့်ကြောင့် ပြန်လည်ရပ်တည်နိုင်ခဲ့တဲ့ ဘဝတစ်ခုဟာ...
ကိုယ့်အတွက် အကောင်းဆုံးသော သမိုင်းစာမျက်နှာ ဖြစ်လာပါလိမ့်မယ်။

◾ဒါကြောင့်မို့...
ဘဝကို အောင်မြင်ဖို့သာ မကြိုးစားပါနဲ့။
အမှတ်တရ ကျန်ရစ်ဖို့ ကြိုးစားပါ။
ချမ်းသာဖို့သာ မရုန်းကန်ပါနဲ့။
နှလုံးသားတွေ ကြွယ်ဝအောင် အသက်ရှင်ပါ။
လူတွေ သင့်နာမည်ကို မှတ်မိဖို့ထက်...
သင့်ကြောင့် ရခဲ့တဲ့ နွေးထွေးမှုကို မမေ့နိုင်အောင် နေထိုင်ပါ။

အဲဒီလို ဘဝဟာ...
အောင်မြင်တဲ့ဘဝထက်တောင် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးကို ကျောက်တိုင်တွေက မရေးသားပေးနိုင်ပါဘူး။
မှတ်တမ်းစာအုပ်တွေကလည်း အပြည့်အဝ မဖော်ပြနိုင်ပါဘူး။

◾အချိန်ကသာ အရာအားလုံးကို ဖျက်ပစ်နိုင်တယ်လို့ ထင်ရပေမယ့်...
မေတ္တာနဲ့ ထိတွေ့ခဲ့တဲ့ နှလုံးသားတွေထဲမှာတော့...
ကောင်းမွန်မှုဟာ အမြဲတမ်း အသက်ရှင်နေတတ်ပါတယ်။
နှလုံးသားထဲမှာ ကျန်ရစ်နိုင်တဲ့ လူတစ်ယောက် အဖြစ်ပါ။

အဲဒါဟာ...
လူတစ်ယောက် ရရှိနိုင်တဲ့ အမြင့်ဆုံးသော အမွေအနှစ်ဖြစ်သလို...
"မေတ္တာဖြင့်သာ အနိုင်ယူပါ" ဆိုတဲ့ ဘဝဒဿနရဲ့ အလှပဆုံး အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

ချစ်ခြင်းများစွာဖြင်။
– Professor Dr Sai Naw Jar
"မေတ္တာဖြင့်သာ အနိုင်ယူပါ"
Tuesday. 11. August. 2026

04/07/2026

ဘဝမှာ အောင်မြင်ချင်တယ်။
စိတ်လည်း ချမ်းသာချင်တယ်။

ဒါဆို အသစ်တစ်ခု ထပ်ရှာဖို့ မလိုပါဘူး။
ရှိပြီးသား အမှား ငါးခုကို ရှောင်လိုက်ရုံပါ။

၁။ ဦးတည်ချက်မရှိဘဲ အလုပ်များနေခြင်း

အလုပ်များတာနဲ့ တိုးတက်တာ မတူပါဘူး။
ဦးတည်ရာ မသိဘဲ မြန်မြန်ပြေးရင်
မြန်မြန် ပင်ပန်းတာပဲ ကျန်ခဲ့မယ်။

လမ်းမှန်ပေါ်ရောက်မှ အရှိန်က အဓိပ္ပါယ်ရှိတယ်။
Clarity is Power.

၂။ ကိုယ့်ဘဝကို သူများဘဝနဲ့ နှိုင်းခြင်း

ကိုယ့်ရဲ့ Day 1 ကို
သူများရဲ့ Year 10 နဲ့ မတိုင်းပါနဲ့။

ပြိုင်ရမယ့်သူက သူများ မဟုတ်ဘူး။
မနေ့က ကိုယ့်ကိုယ်ကိုယ်ပါ။

ချမ်းသာချင်ရင် နှိုင်းတာ ရပ်လိုက်ပါ။
ကိုယ့်လမ်းကြောင်းပေါ် ပြန်တက်လိုက်ပါ။

၃။ အပြစ်တင်တဲ့စိတ် (Victim Mentality)

“စီးပွားရေး မကောင်းလို့…”
“ကံ မကောင်းလို့…”
“သူတို့ကြောင့်…”

ဒီစကားတွေက စိတ်ကို ခဏ သက်သာစေပေမယ့်
ပြဿနာကိုတော့ တစ်လုံးမှ မဖြေရှင်းပေးဘူး။

Epictetus ပြောခဲ့တာ ရှိတယ်။
ဖြစ်တာက အရေးမကြီးဘူး၊ တုံ့ပြန်ပုံကသာ အရေးကြီးတယ်တဲ့။

တာဝန်ယူတဲ့နေ့က
ဘဝက ကိုယ့်လက်ထဲ ပြန်ရောက်လာတယ်။

၄။ Perfect ဖြစ်မှ စမယ်ဆိုတဲ့စိတ်

Perfect ဆိုတာ လောကမှာ မရှိပါဘူး။
ရှိသမျှ အရာတိုင်း အနိစ္စ ဖြစ်နေတာ။

စမှ တိုးတက်မယ်။
လုပ်ရင်း ပြင်ရတာ။
Done is better than perfect.

၅။ အပျက်သဘော ဆောင်တဲ့ ပတ်ဝန်းကျင်

အနီးဆုံးလူ ငါးယောက်က
ကိုယ့်ရဲ့ အတွေး၊ အကျင့်၊ အနာဂတ်ကို ပုံဖော်တယ်။

အမြဲ ညည်းညူနေတဲ့သူတွေထက်
အမြဲ သင်ယူ ကြိုးစားနေတဲ့သူတွေနဲ့
ပိုနီးကပ်ပါ။

ဘဝပြောင်းဖို့ဆိုတာ
ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခု မဟုတ်ဘူး။

နေ့တိုင်း ရှောင်သင့်တာကို ရှောင်နိုင်တဲ့
သေးငယ်တဲ့ အလေ့အကျင့်လေးတွေ စုလိုက်တာပါ။

အောင်မြင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းက
သီးခြားလမ်း နှစ်ခု မဟုတ်ဘူး။
တစ်ခုတည်းသော အလေ့အကျင့်ရဲ့ အသီးအပွင့် နှစ်မျိုးပါ။

ကျွန်တော်ကိုယ်တိုင်လည်း
ဒီငါးချက်ကို နေ့တိုင်း ပြန်ရှောင်နေဆဲပါ။
ပြီးပြည့်စုံလို့ ရေးတာ မဟုတ်ပါဘူး။
နားလည်သလောက် ကြိုးစားပြီး မျှဝေတာပါ။

အခု မိတ်ဆွေအတွက်
ဒီငါးချက်ထဲက ဘယ်အချက်က အခက်ခဲဆုံးလဲ။
Comment မှာ ရေးခဲ့ပါ။

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က
လုပ်ချင်တာလုပ်ပြီး ရချင်တာရနေတာဖြစ်ပါတယ်။

Phyo Paing @ Derek


Credit

28/04/2026
27/04/2026

မိုးရွာမည် 🌧

လာမယ့် ဧပြီလ ၂၉ရက်မှ မေလ ၄ရက်နေ့အတွင်း မကွေးတိုင်း ဒေသကြီးထဲက ဒေသအားလုံးမှာ နေရာအနှံ့ မိုးတွေရွာပါမယ်။ မကွေးတိုင်းထဲက ပူလို့အိုက်လို့ မိုးမျှော်နေကြသူတွေ၊ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဝမ်းသာစေမယ့် မင်္ဂလာ သတင်းကောင်းလေး ဖြစ်ပါတယ်။ စိုက်ခင်း ရေသွင်းမယ့်သူတွေ ဆီဖိုးသက်သာသွားရင် မိုးလေဝသဒေတာ ဝယ်ယူတွက်ချက်ဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးဖို့ မမေ့ကြနဲ့ဦးနော်။ ပိုစ့်တိုင်းမှာ ထည့်ထည့်ပြောရတာလဲ ဖတ်ရှုသူများကို အားနာပါတယ်။ မိုးချစ်သူလေးတွေ ဝမ်းသာနိုင်စေဖို့ ကြိုတင်သတိပေးလိုက်ပါတယ်။ မိုးကြိုး မိုးသီး အန္တရာယ် ရှိတာမို့ မိုးတိမ်မဲမဲကြီးတွေ မြင်တာနဲ့ သစ်ပင်အောက်တွေ ကွင်းပြင်တွေမှာ မနေကြဘဲ လုံခြုံရာ အဆောက်အအုံထဲမှာ နေကြဖို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင်၊ မကွေးခရိုင်နဲ့ ချောက်ခရိုင်တွေမှာ နေရာကွက် မိုးများမယ်နော်။

27-04-2026/6:00PM
Data Soure:GFS/GEM/JMA/ICON/UKMO/ECMWF/USAI
Dr. Sai Khun Arkar
Professional Research Meteorologist
Atmospheric Scientist
#တိကျသေချာ #ဒေါက်တာစိုင်းခွန်အာကာ #မကွေးတိုင်း #မကွေး #မင်းဘူး #မိုးလေဝသ

24/04/2026

ကြိုးစားတိုင်းမအောင်မြင်ဘူး။
ကြိုးစားတာက
အမြဲမပြတ် လမ်းလျှောက်တာနဲ့တူတယ်။

ဥာဏ်ကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ဥာဏ်ကောင်းရင်လမ်းမြင်မယ်။
မလျှောက်ရင် မရောက်ဘူး။

ကံကောင်းတိုင်းလဲ မအောင်မြင်ဘူး။
ကိုယ်ရှိတဲ့နေရာနဲ့ အခွင့်အရေးတခါတွေ့လို့
အဆင်ပြေသွားကောင်း ကောင်းမယ်။
အမြဲတော့ ကံကောင်းနေမှာ မဟုတ်ဘူး။

ဥာဏ်ကောင်းရင် သွားရမည့်လမ်းမြင်မယ်။
ကံကောင်းရင် သွားတဲ့လမ်းမှာ
အခွင့်အလမ်းတွေ တွက်ချက်ထားတာထက်
ပိုများမယ်။
ဝိရိယကောင်းရင် အခွင့်အလမ်းနဲ့
ပြင်ဆင်ကြိုးစားမှုနဲ့တွေ့မယ်။

အောင်မြင်တယ်ဆိုတာ
ကိုယ်လိုချင်တာရတာ။
မလိုချင်တာ မရတာ။

လူတွေဘာတွေလိုချင်လဲ
ငွေ၊ အချစ်၊ တိုးတက်ရေး၊ ဂုဏ်၊ တရား။

Phyo Paing @ Derek

MV ZMMH-9 Dock
23/04/2026

MV ZMMH-9 Dock

Address

615S Marlar Street , Pyay Road
Yangon

Telephone

+951505075

Website

Alerts

Be the first to know and let us send you an email when Zwel Marine Transportation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zwel Marine Transportation:

Shortcuts

Share