Myanmar Highway Freight Transportation Service Association

Myanmar Highway Freight Transportation Service Association I -37,Khattar Street,BayintNaung Warehouses,Mayangone,
Yangon,Myanmar.Ph. 09888868910, viber 09789102776

🌏🚚  မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း 🌏🚚သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ...
29/04/2026

🌏🚚 မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း 🌏🚚

သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ၂၅.၄.၂၀၂၆ ရက် တွင် မင်းဓမ္မလမ်း၊ Myanmar Convention Centre ( MCC ) တွင် ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကြွရောက်ချီးမြှင့် အမှာစကားပြောကြား ပေးပါသော ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ မျိုးသော် ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ( UMFCCI ) ဥက္ကဌ ဦးအေးဝင်း၊ အလုပ်အမှုဆောင်များ အတည်ပြုပေးပါသော ရွေးချယ်တင်မြှောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုးနိုင်၊ UMFCCI ညီနောင်အသင်းများ၊ တိုင်းနှင့်ပြည်နယ်ကိုယ်စားလှယ်များနှင့် အသင်းသူ၊ အသင်းသားများအား အထူးကျေးဇူးတင်ရှိအပ်ပါသည်။

အဆိုပါအစည်းအဝေးသို့ Diamond Sponsor အဖြစ် ပူးပေါင်းကူညီပံ့ပိုး ပေးပါသော

1. Pyae Sone Win Aung Co., Ltd ( DONGFENG & FAW )
2. EXCELLENT FORTUNE GENERAL INSURANCE CO.,LTD ( EFI ) 3.UNITED TYRE GROUP CO.,LTD ( WEST LAKE တာယာ )

Platinum Sponsor အဖြစ်ပူးပေါင်းကူညီပံ့ပိုးပေးပါသော

1. Max Energy Co., Ltd
2.Innovix Solutions Co., Ltd
3.TalYouGo Co., Ltd

Gold Sponsor အဖြစ်ပူးပေါင်းကူညီပံ့ပိုးပေးပါသော

1.သိမ်းငှက်သုံးကောင် စိန်၊ ရွှေ၊ ရတနာဆိုင်
2. မုဒုံမောင်မောင် ( GS BATTERY )
3.AYA PAY
တို့အား အထူးကျေးဇူးတင်ရှိအပ်ပါသည်။

အစည်းအဝေးပွဲ အောင်အောင်မြင်မြင်နှင့် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးအောင် ပံ့ပိုးကူညီ၊ အပင်းပန်းခံ လုပ်ဆောင်ပေးသူအားလုံးအား အထူးကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားအပ်ပါသည်။

အသင်းသားစုံညီ အစည်းအဝေးသို့ သိက္ခာရှိစွာ ကြွရောက် ချီးမြှင့်ပေးကြသော မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသူ၊ အသင်းသားများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပြီး အသင်းကြီး၏လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါရန် အနှူးအညွတ်တောင်းဆိုအပ်ပါသည်။

26/04/2026
26/04/2026

25.4.2026
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး

၂၆-၄-၂၀၂၆ နံနက် ၉:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံဝန်း၊ ကံ့ကော်လမ်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်ခန်းမတွင်  ...
26/04/2026

၂၆-၄-၂၀၂၆ နံနက် ၉:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံဝန်း၊ ကံ့ကော်လမ်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်ခန်းမတွင် မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ၁/၂၀၂၆ ပထမအကြိမ် အစည်းအဝေး ကျင်းပရာ အသင်းနာယက၊ ဥက္ကဌ၊ အလုပ်အမှုဆောင်များ နှင့် တိုင်းနှင့်ပြည်နယ်မှ ဥက္ကဌများ၊ အမှုဆောင်များ တက်ရောက်၍ တိုင်းနှင့်ပြည်နယ် အသင်းများ၏ အတွေ့အကြုံများ၊ လုပ်ဆောင်ချက်များ၊ ရှေ့ဆက်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

#1/2026-MHFTSA

25.4.2026မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံ...
26/04/2026

25.4.2026
မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး MCC ခန်းမတွင် ညီနောင်အသင်းများ၊ အသင်းဝင်များဖြင့် စည်ကားအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

နှစ်ပတ်လည် အခမ်းအနား ကျင်းပရန်ပြင်ဆင်ထားပါပြီအသင်းသား ညီအစ်အကို များ ညနေ ၄:၃၀ နာရိ ထက် နောက်မကျဘဲ အရောက်လာပေးကြပါရန် နို...
25/04/2026

နှစ်ပတ်လည် အခမ်းအနား ကျင်းပရန်
ပြင်ဆင်ထားပါပြီ
အသင်းသား ညီအစ်အကို များ
ညနေ ၄:၃၀ နာရိ ထက် နောက်မကျဘဲ အရောက်လာပေးကြပါရန် နိုးဆော် အပ်ပါသည်။

25 Apri 2026 4:30 PM MCC ခန်းမနှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အတွက် အဆင်သင့် ဖြစ်နေပါပြီး
23/04/2026

25 Apri 2026
4:30 PM
MCC ခန်းမ
နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အတွက် အဆင်သင့် ဖြစ်နေပါပြီး

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအ...
22/04/2026

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး ဖိတ်ကြားလွှာ

အသင်းသားတစ်ဦးလျှင် ဖိတ်စာတစ်စောင်
လူတစ်ဦးသာ ဖိတ်စာနှင့်တကွ ကြွရောက်ကြပါရန်နှင့် ဖိတ်စာနောက်ကျောတွင် QR သို့ ကြိုတင် scan register ပြုလုပ်ထားနိုင်ပါသည်။

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၂၀၂၆ - ၂၀၂၈အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက်...
24/09/2025

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
၂၀၂၆ - ၂၀၂၈
အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ( ၂၂ ) ရက် ( စနေနေ့ ) တွင်ကျင်းပပြုလုပ်ပါမည်။

Address

I-37, Khattar Street, BayintNaung Warehouses, Mayangone
Yangon

Alerts

Be the first to know and let us send you an email when Myanmar Highway Freight Transportation Service Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Highway Freight Transportation Service Association:

Share