လှစိုးနှင့်ရောင်းရင်းများမြန်မာပြည်အနှံဘုရားဖူးနှင်အပန်းဖြေခရီးပို့ဆောင်ရေး

  • Home
  • Myanmar
  • Yangon
  • လှစိုးနှင့်ရောင်းရင်းများမြန်မာပြည်အနှံဘုရားဖူးနှင်အပန်းဖြေခရီးပို့ဆောင်ရေး

လှစိုးနှင့်ရောင်းရင်းများမြန်မာပြည်အနှံဘုရားဖူးနှင်အပန်းဖြေခရီးပို့ဆောင်ရေး လှစိုးနှင့်ရောင်းရင်းများ(မြန်မာပြ

 #မော်တင်စွန်းစေတီသည် ကမ္ဘာ့မြေပြင်ပေါ်တွင်ပထမဦးဆုံးတည်ထားသည့်စေတီဖြစ်ပါသည်။ဇေယျသေနနဂါးမင်း မြတ်မော်တင်ဆံတော်ရှင်စေတီပေါ...
26/02/2023

#မော်တင်စွန်းစေတီသည် ကမ္ဘာ့မြေပြင်ပေါ်တွင်ပထမဦးဆုံးတည်ထားသည့်စေတီဖြစ်ပါသည်။

ဇေယျသေနနဂါးမင်း မြတ်မော်တင်ဆံတော်ရှင်စေတီပေါ်ပေါက်ရေးအတွက် ဘီလူးတွေနဲ့စစ်ခင်းခဲ့ရသည်
ရှေးအခါက နဂါးရစ်တောင်၊ သရဏတောင်၊ နီရဘန်တောင်၊(ယခု)မော်တင်စွန်းနေရာဒေသသည် ဘီလူးများကြီးစိုးရာကျွန်းတစ်ကျွန်းဖြစ်ပါသည်။

အနောက်မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားပွင့်တော်မူသည့်သတင်းသည်
ဘောဂဝတီနဂါးပြည်ထိ ပြန့်နှံ့စေပြီး
ဘုရားကိုဖူးမြှော်ခွင့် တရားနာခွင့်ရရန် နတ်နဂါးတွေနည်းမျိုးစုံနဲ့ကြိုးပမ်းကြပါသည်
တချို့နတ်နဂါးတွေဆိုရင် လူယောင်ဖန်ဆင်းပြီး ဘုရားသာသနာဘောင်ထဲဝင်ကြသည်
ဘုရားဟောတဲ့တရားတွေကို ဘောဂဝတီပြည်သို့ တဆင့်ပြန်ပို့ပေးကြသည်
အဲ့ဒီထဲမှာ ဇေယျသေနနဂါးမင်းအပါအဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘုရားဆံတော်(၈)ဆူကို တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်ကို ချီးမြှင့်လိုက်ကြောင်း ထိုကုန်သည်ညီနောင်သည် ပင်လယ်ခရီးဖြင့်လာနေကြောင့်ကို ဇေယျသေနနဂါးမင်းကြားသိသောအခါ
နတ်နဂါးတွေပူဇော်ရန် ဆံတော်တောင်းယူရန်ဆန္ဒပြင်းပြနေသည်
ဘုရားဆံတော်ရရင် စေတီတည်ထားကိုးကွယ်ပါမည်ဟု အဓိဌာန်ပြုထားပြီး
ဆံတော်ရှင်စေတီတည်ရန် ပင်လယ်ကမ်းစပ်ကိုလိုက်ရှာကြည့်တဲ့အခါ ဘီလူးများကြီးစိုးရာ နဂါးရစ်တောင်(ယခု)မော်တင်စွန်းနဲ့အသင့်တော်ဆုံးမို့ ဤနေရာမှာ စေတီတစ်ဆူတည်ထားကိုးကွယ်ရန်အတွက် ဘုရားမြေအဖြစ်သတ်မှတ်ပေးဖို့ ဘီလူးတွေကို ဇေယျသေနနဂါးမင်း ခွင့်ပန်သော်လည်း ဘီလူးများကလုံးဝလက်မခံကြဘူး ဒါကြောင့် ဘီလူးနဲ့နဂါးစစ်ခင်းကြပါသည်။

ရေထဲကနဂါးကို ကုန်းပေါ်ကဘီလူးတွေက ကျောက်တောင် ကျောက်သား ကျောက်တုံးတွေနဲ့လှမ်းထုကြတယ်
နဂါးတွေကလဲ မီးလျှံမီးတောက်နဂါးငွေ့ဖြင့် ပစ်မူတ်ကြတယ် တချို့နဂါးတွေက ဒီရေလှိုင်းလုံးကြီးတွေနဲ့ ရိုက်ခတ်ကြတယ်
ဧရာပထနဂါးမင်းတို့ နမ္မဒါနဂါးမင်းတို့ပါ စစ်ကူပေးတယ်လို့ဆိုပါတယ်
ဘီလူးတွေအင်အားကြီးတဲ့အတွက် ဇေယျသေနနဂါးမင်းက စစ်ဗျူဟာခင်းဉာဏ်သုံးပြီး တောင်ကို နဂါးအမြီးတွေနဲ့ရစ်ပတ်ထားပြီး ပင်လယ်ထဲသို့ဆွဲချရန် ပြင်ဆင်ကြပါသည်။

တောင်ကုန်းပေါ်ကဘီလူးတွေ မင်းတို့ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ရေထဲရောက်ရင် နဂါးအစာပဲဟု ဇေယျသေနအော်ပြောတဲ့စကားသံကြောင့် ဘီလူးတွေကြောက်လန့်ပြီးထွက်ပြေးသွားကြသည်
ဒါကြောင့် နဂါးရစ်တောင်ဟုအမည်တွင်လေသည်
ဇေယျသေနနဂါးမင်းတို့သည် နဂါးရစ်တောင်ကို စေတီတည်ရန် ကြိုတင်သန့်ရှင်းရေးလုပ်ထားကြပြီး
တဖုဿနှင့်ဘလ္လိကညီနောင်တို့ ကုန်သည်လှေဆိုက်ရောက်လာသွားအခါ နတ်နဂါးတွေကိုးကွယ်ပူဇော်ရန်အတွက် ဘုရားဆံတော်နှစ်ဆူတောင်းခံသော်လည်း မရသဖြင့် ဘုရားဆံတော်နှစ်ဆူကို ခိုးယူလိုက်ပါသည်။

#စကားရပ်ရှင်းလင်းချက်။
ဗုဒ္ဓရဲ့ဓာတ်တော်စစ် ဆံတော်စစ်များကို မည်သူမှ ခိုးယူခြင်း ဖျက်ဆီးခြင်း မရကြောင်း ဓမ္မစာပေများမှာတွေ့ရပါတယ်
ဒါကြောင်း ဘုရားပရိနိဗ္ဗာန်ပြုပြီး ဓာတ်တော်မွေတော်များလုယူရန် အတိုင်းတိုင်းအပြည်ပြည်မှ စစ်ခင်းယူရန်ကြိုးပမ်းလာကြသဖြင့် အညီအမျှဓာတ်တော်ဝေခန်းကိုလည်း ဗုဒ္ဓဝင်ကျမ်းမှာတွေ့ရပါသည်။

ရန်ကုန်ဗိုလ်တထောင်ဘုရားသမိုင်းမှာ ဇေယျသေနနဂါးမင်းခိုးသွားသည့် ဆံတော်၂ဆူသည် ရွှေကြုပ်ထဲသို့ပြန်ရောက်လာကြောင့် ဖော်ပြထားပါတယ်။

တဖုဿနှင့်ဘလ္လိကညီနောင်ထံမှ ဘုရားဆံတော်ကို ဇေယျသေနနဂါးမင်း ယူမှာကို ဗုဒ္ဓဘုရားကြိုသိနေကြောင်း၊
ဤဆံတော်သည် နောင်တချိန်တွင် မော်တင်စွန်းစေတီအဖြစ် လူနတ်ဗြဟ္မာ နဂါးဘီလူးတို့ ကိုးကွယ်ရာစေတီတစ်ဆူဖြစ်လာမှာဖြစ်ကြောင်း၊ ငါဘုရားကိုယ်တော်တိုင်ကြွရောက်ဖူးမြှော်ရမည့် ဘုရားတစ်ဆူဖြစ်ကြောင်းကို ဘုရားကြိုသိကြိုမြင်သဖြင့် ဘုရားကိုယ်တိုင်ကျေနပ်စွာခွင့်ပြုခဲ့လို့သာ ဇေယျသေနနဂါးမင်း ဆံတော်ကိုပင့်ယူလို့ရသွားတာဖြစ်ပါတယ်။

တဖုဿနှင့်ဘလ္လိကတို့ ဘုရားဆံတော်ပင့်ဆောင်လာသောလှေမှာ သိကြားမင်းနှင့် နတ်စစ်သည်ပေါင်းများစွာ ခြံရံလိုက်ပါလာသဖြင့် ရန်သူမျိုးငါးပါးကို လုံခြုံစိတ်ချရသည်ဟု
သိကြားသာသနာ မှတ်တမ်းမှာပြဆိုထားပါတယ်။

ဇေယျသေနနဂါးမင်း ဘုရားဆံတော်ကို ဘာကြောင်းရယူသွားသလဲဆိုရင် ဘုရားလောင်း ဘူရိဒတ်ဇာတ်နဂါးမင်းနှင့် ဇေယျသေနနဂါးမင်းတို့ သွေးဆက်သားဆက်တော်စပ်မူကြောင့် ဇေယျသေနနဂါးမင်း ဘုရားဆံတော်ရသွားသည်ဟုဆိုပါတယ်။
(ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို စဉ်းစားတွေးခေါ် ဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်)

ဇေယျသေနနဂါးမင်း မော်တင်စွန်း ဆံတော်ရှင်စေတီ စတင်တည်သည့်နေ့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေဖြစ်ပါသည်။
၎င်းနေ့မှာ မြတ်စွာဘုရား မိဂဒါဝုန် အင်ကြင်းတော၌ ပဉ္စဝဂ္ဂီ ငါးဦးကို ဓမ္မစကြာ တရားဦးဟောသောနေ့နှင့်တိုက်ဆိုင်နေတာတွေ့ရပါသည်
ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်၊ တရားဦးဓမ္မစကြာတရားဟောကြားချိန်မှာ ဇေယျသေနနဂါးမင်း မော်တင်စွန်းဘုရားကို စတင်တည်ဆောက်နေပါပြီ။

ဒါကြောင့် မော်တင်စွန်း ဆံတော်ရှင်စေတီတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးတည်သည့် စေတီတော်ဖြစ်ပြီး ကမ္ဘာမြေပြင်ပေါ်တွင် ပထမဆုံးတည်ထားသည့် စေတီတော်အဖြစ်မှတ်တမ်းတင်ခဲ့ပါသည်။

မြတ်စွာဘုရားပွင့်တော်မူရာ မဇ္ဈိ မဒေသတွင်ပင် စေတီမတည်နိုင်သေးဘူး မော်တင်စွန်းစေတီကိုတည်ထားနိုင်သဖြင့် သာသနာတော် အစ မော်အစွန်းကဟုပင် ဆိုကြပါသည်။
ဇယျသေန နဂါးမင်းသည် ဘုရားဆံတော်နှစ်ဆူအား မော်တင်နဂါးရစ်တောင်ထိပ်၌ ဌာပနာသွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူကို ပူဇော်ထားခဲ့ပါသည်။
စိုင်တမော့အရွယ်ဆိုသည်မှာ လူတရပ်ခန့်အမြင့်ကိုဆိုလိုပါသည်။

မြတ်စွာဘုရားသည် ၈ ဝါမြောက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွလာခဲ့သောအခါ မော်တင်တောင်ထိပ်သို့ကြွရောက်လာပြီး နဂါးမင်းတည်ခဲ့သည့် မော်တင်စွန်းစေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် မြတ်စွာဘုရားသည် စေတီတော်ကို လက်ယာရစ်ပတ်ပူဇော်ခဲ့ပါသည် ဒုတိယအကြိမ် ကြွတော်မူလာသည့်အခါတွင်လည်း လက်ယာရစ်ကြွတော်မူပြီး မေတ္တာတော်ဓာတ်လွှမ်းခြုံပေးခဲ့ပါသည်။

သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဖုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြပါသည်။

ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်သောအခါ မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင်စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ရပြီးဖောင်တော်ရပ်တန့်ဖူးမြှော်ခဲ့ကြသည်။

ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။ ထိုစေတီတော်၏ အနီးတွင် မင်းမြှောက်တန်ဆာ ငါးငါး၊ သင်္ကန်းနှင့် ဓာတ်တော်များကို ဌာပနာ၍ဖောင်တော်ဆိုက်ကပ်သည့် အနေဖြင့် ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။

မော်တင်စေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ ထို့ပြင် ဖောင်တော်ဆိပ်စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။
#ဇေယျသေနနဂါးမင်းနှင့်အလောင်းစည်သူမင်း တို့ ဇာတ်လမ်းကိုစာတန်းရှည်၍ မရေးတော့ပါ။

မော်တင်စွန်းဘုရားသက်တမ်းကိုတွက်ကြည့်တဲ့အခါ
မဟာသက္ကရာဇ်(၁၀၃)ကဆုန်လပြည့်နေ့ ဘုရားပွင့်ပြီး ၃-လမြောက်မှာ ဆံရှင်တော်မြတ်မော်တင်စေတီကိုတည်ထားကိုးကွယ်ခဲ့ပါသည်
ယခုဆိုရင် သာသနာသက္ကရာဇ်၂၅၆၆နှစ်ဖြစ်သည့်အတွက်
မော်တင်စွန်းဘုရားသက်တမ်းသည် နှစ်ပေါင်း၂၆၀၀ကျော်ရှိသည်ကိုတွေ့ရပါသည်။

#ပြန်လည်မျှဝေခြင်းပါ

.

16/02/2022
" မဟာဗောဓိမြိုင်ဆရာတော်ကြီးဩဝါဒ "နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိ~~~~~~~~~~~~~~~~~~~~~~~~~ခုလူတွေ ရှေးကနဲ့စာ...
16/02/2022

" မဟာဗောဓိမြိုင်ဆရာတော်ကြီးဩဝါဒ "

နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိ
~~~~~~~~~~~~~~~~~~~~~~~~~

ခုလူတွေ ရှေးကနဲ့စာရင် တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။
နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်၀န်းကျင်မျိုး မဟုတ်တော့ဘူးဗျ။

ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊
တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။

တစ်ဘ၀နဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်း
သာသနာနဲ.ကြုံမှ ၊ တို့က သာသနာရှိနေတုန်း တခြားရောက်နေရင်
ဒီနည်းသည် တို့နဲ့မဆိုင်၊ သာသနာတို့နဲ့မဆိုင်ဖြစ်သွားမယ်နော်။

အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း
တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။

စာအဆိုက မြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မလျော.တာကိုး၊ မြေဆီမှီ၍ အစာဖြစ်ရတာ၊ဘာလို့.လျော့တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊

နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း
ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို လူလာဖြစ်ရတော့
တို့ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။

ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်း
လှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲတော့
ကောင်းတာလည်း ခံနိုင်စိတ်မရှိတော.ဘူး၊ ဆိုးတာလည်း
ခံနိုင်စိတ်မရှိတော.ဘူး။ တို့တရားအားထုတ်တဲ.ပုဂ္ဂိုလ်က
ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။
အဲတော့ တို့ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။

အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ.၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ.အစာကြမ်းရင်
အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေ
ကြီးထွားလာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။

အဲတော့ အကြိုက်တွေ့လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊
အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။အဘိဇ္စျာဆိုတဲ. အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။

ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။
အဲတော့ ဥတုပူလို့ အစာပူတယ် ၊ အစာပူလို. ရုပ်ပူတယ်၊
ရုပ်ပူလို. စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ.။
ကံနဲ.စိတ်နဲ. ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ.။
တိုးတက်ဖို. မြင်သေးသလား။ လူ့ဘုံပြန်လာချင်သေးသလား။

အဲတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊
ဒီပတ်၀န်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း
ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ဘာလုပ်ရမလဲ။

ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊
နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်
ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။

တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။
လူ့ဘဝရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊
ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ...

မဟာဗောဓိမြိုင်ဆရာတော်ကြီး

🙏🙏🙏သီတင်းကျွတ်ရာသီမှာချစ်ခင်သူအပေါင်းကျန်းမာချမ်းသာလိုရာပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏
20/10/2021

🙏🙏🙏

သီတင်းကျွတ်ရာသီမှာချစ်ခင်သူအပေါင်း
ကျန်းမာချမ်းသာလိုရာပြည့်စုံပါစေကြောင်း

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏

မဂ်လာပါ ။
17/08/2021

မဂ်လာပါ ။

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ...
23/12/2020

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်

နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ #ရွှေဘတောင်

ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ #ရွှေဘတောင်

နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့် #ရွှေဘတောင်

ရွှေဘတောင်
မုံရွာတစ်ဘက်ကမ်း
ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း
ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။

အံသြရပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။

ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။

ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။

ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီး နေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။

နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။
ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။

ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း #ဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။

ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲ #လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။

ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။
ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။
လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသောကျောက် ဖြစ်ပါတယ်။

လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။

ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။

Credit

ဇွဲကပင်တောင်က လမ်းပြလေးတွေ====================================ညအချိန်  ဖြစ်ရသည့် အထဲ   ရာသီဥတုက လည်း   ဆိုးနေတာ ကြောင့် ...
25/09/2020

ဇွဲကပင်တောင်က လမ်းပြလေးတွေ

==================
==================

ညအချိန် ဖြစ်ရသည့် အထဲ ရာသီဥတုက လည်း ဆိုးနေတာ ကြောင့် ဦးစိုးအောင်အလှူခံ မဏ္ဍပ်ကို မသိမ်းသေးဘဲထိုင်နေ မိသည်။ ညနေကတည်းက ရွာ လိုက်သည့်မိုး ည ၉ နာရီထိုးခါနီး ထိတိုင်မတိတ်သေး။ တစ်ချက် တစ်ချက်လေကပါ ခပ်ပြင်းပြင်း ၀င်လာတော့ လေတိုက်လိုက် တိုင်း သစ်ပင်ကြီးများကလည်း တရှဲရှဲမြည်သံပေးကာ ယိမ်းကနေ သည်။ ဦးစိုးအောင်နေထိုင်သည့် နေရာမှာ ဇွဲကပင်တောင်ခြေဖြစ် ၍ အခြားနေရာများထက် သစ် ကြီးဝါးကြီး၊ အရိပ်ကြီးထိုးနေ သည့်နေရာ။ ဖျတ်ခနဲလျှပ်စီး လက်လိုက်ချိန်ဆို လေနှင့်မိုး၏ ခေါ်ဆောင်ရာ သစ်ပင်များဟို ယမ်းသည်ခါနေသည်ကို အထင်း သားမြင်နေရသည်။ ထိုအချိန် တွင် မိုးရေစက်များကြား တောင်ခြေ လမ်းအတိုင်း ဆင်းလာသောအရိပ် လေးတစ်ခုကို ဦးစိုးအောင်မြင် လိုက်ရသည်။ ထိုအရိပ်ကလေး၏ နောက်တွင်တော့ အရိပ်နှစ်ခု။

တောင်ပေါ်မှ ခပ်သုတ်သုတ် ဆင်းလာသော အရိပ်လေးများ တဖြည်းဖြည်း ဦးစိုးအောင်၏အ လှူခံမဏ္ဍပ်ထဲ ပြေး၀င်လာကြ သည်။ အနားအရောက် ကြည့် လိုက်တော့ လူနှစ်ယောက်နှင့် ခွေးတစ်ကောင်။ အသက်(၄၀) ကျော်အရွယ် လင်မယားနှစ် ယောက်က မိုးရေတွေရွှဲရွှဲစိုလို့။ ဇွဲ ကပင်တောင်ခြေလည်းရောက်၊ မိုးလုံလေလုံ အလှူခံမဏ္ဍပ်ထဲ ရောက်လာသော်လည်း သူတို့ ခမျာစိတ်ချလက်ချမနားနိုင်ရှာ။

ထမင်းဆိုင်ကိုအသည်းအ သန်လိုက်ရှာကြသည်။ ဦးစိုး အောင်ကိုလည်း ထမင်းဆိုင်ဘယ် နားရှိလဲဟုမေးသည်။ အချိန်က ည ၉ နာရီကျော်နေပြီမို့ ထမင်း ဆိုင်များပိတ်နေပြီဟု ပြောပြ တော့ ယောက်ျားဖြစ်သူက မိန်းမ ကိုထားကာ ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ် အပြင်ဘက်သို့ ထမင်းထွက်၀ယ်သည်။ သူတို့ ထွက်၀ယ်သည့်ထမင်းမှာ သူတို့ စားရန်မဟုတ်။ သူတို့နှင့်အတူ တောင်ပေါ်မှဆင်းလာသော ခွေး လေးအတွက်။ မိုးရေတွေစိုရွှဲနေ သည့် ခွေးလေးအားထမင်းကျွေး နေသည့် လင်မယားနှစ်ယောက် ၏ ပုံရိပ်ကိုဦးစိုးအောင် ခုထိမှတ် မိနေသေးသည်။

‘‘သူတို့လင်မယားနှစ် ယောက်တောင်ပေါ်ကဆင်းလာ တော့ မိုးနဲ့၊ လေနဲ့ လမ်းမမြင်ရပေ မယ့် ခွေးလေးက အောက်ရောက် အောင်ခေါ်လာပေးဖို့ ကျေးဇူး တွေတင်နေကြတာ’’ ဟုဆံတော် ရှင်ဇွဲကပင်ဘက်စုံအလှူခံဌာနမှ ဦးစိုးအောင်က မိုးညတစ်ည၏ အ ဖြစ်အပျက်ကို ပြန်ပြောပြသည်။

မိုးလေသည်းထန်သည့်အ ချိန်တွင်ပင်တောင်ပေါ်တွင်မနေခဲ့ဘဲ သူတို့လင်မယားနှင့်အတူ လိုက်ဆင်းသည့်အပြင် တောင် ဆင်း လမ်းတစ်လျှောက်လုံးစောင့် ခေါ်ကာ တောင်ခြေသို့ အန္တရာယ် ကင်းကင်းပို့ဆောင်ပေးခဲ့သဖြင့် အဆိုပါလင်မယားက ခွေးလေး ကို ကျေးဇူးတင်နေကြခြင်းဖြစ် သည်။ အဆိုပါလင်မယားကဲ့သို့ ပင် ဇွဲကပင်တောင်သို့တက်ဖူးကြ သူအများစုသည်လည်း တောင် ပေါ်သို့ လိုက်တက်ပေးသောလမ်း ပြခွေးလေးများကို တစ်ကြိမ် မဟုတ်တစ်ကြိမ်တော့ ကြုံတွေ့ ဖူးကြပါလိမ့်မည်။ တိတိကျကျ ဆိုရလျှင် ၂၀၁၇ မှစ၍ အဆိုပါ လမ်းပြခွေးလေးများ ဧည့်သည် များနှင့်အတူတောင်ပေါ်လိုက် တက်ခြင်းဖြစ်သည်။ ၂၀၁၇ မတိုင်မီကတော့ ဇွဲကပင်တောင် ပေါ်တွင် ခွေးမကြီးတစ်ကောင်ရှိ သည်။ ယင်းခွေးမကြီးက တောင် ပေါ်မှတောင်အောက်ဆင်းသည့် ဧည့်သည်များနှင့်အတူပါလာလေ့ ရှိသည်။ သို့သော် သူကတောင် ခြေသို့ ဧည့်သည်နှင့်လိုက်လာ လျှင် ဇွဲကပင်ဘက်စုံအလှူခံ မဏ္ဍပ်ကိုကျော်လေ့မရှိ။ ယင်း အလှူခံမဏ္ဍပ်မှပင်တောင်ပေါ် သို့ ပြန်တက်သွားလေ့ရှိသည်။ ၂၀၁၇ အတွင်းမှာ အဆိုပါခွေးမ ကြီးအဆိပ်မိ၍ သေသွားပြီး နောက် တောင်ခြေမှ အသက် (၂) နှစ်ခွဲခန့်ရှိသည့် ခွေးလေးနှစ် ကောင်က ခွေးမကြီး၏တာ၀န်ကို ပခုံးပြောင်း ယူလိုက်ခြင်းဖြစ် သည်။

လမ်းပြခွေးဟုဆို၍ အခြား နိုင်ငံတွေမှာလို စနစ်တကျလေ့ ကျင့်ပေးထားသည့် တန်ဖိုးကြီး ခွေးများတော့မဟုတ်။ တန်ဖိုး ကြီးအစားအစာ၊ အသားငါးစသ ဖြင့် ဆီဦးထောပတ်ကျွေး၍မွေးရ သောခွေးလေးများလည်းမဟုတ် ပါ။ သက်သတ်လွတ်ထမင်းစား နိုင်သော၊ ကိတ်မုန့်အလွန်ကြိုက် သောအုန်းခွံရောင်ပိန်ပိန်ကျစ် ကျစ်ဗမာခွေးလေးများသာဖြစ် သည်။ သူတို့မှာ ကြင်နာတတ် သည့် ဧည့်သည်များနှင့်အတူ တောင်ပေါ်သို့လိုက်တက်ရင်း လမ်းပြဖြစ်မှန်းမသိ ဖြစ်သွားကြ သည့် ခွေးလေးများဆိုလျှင်ပိုမှန်ပါ လိမ့်မည်။

အဆိုပါခွေးနှစ်ကောင်သည် တောင်ခြေတွင် မွေးပြီးတောင်ခြေ တွင်ပင် ကြီးပြင်းလာကြခြင်းဖြစ် သည်။ မွေးချင်းခွေးသုံးကောင်အ နက် အမနှစ်ကောင်က တောင် တက်ဧည့်သည်များအား နေ့စဉ် လမ်းပြပေးလေ့ရှိသည်။ ဧည့် သည်များနှင့်အတူတောင်ပေါ် လိုက်တက်သည်။ ဧည့်သည်များ နှင့်အတူ ဆင်းသည်။ ဧည့်သည် များတောင်ပေါ်တွင် အိပ်လျှင် သူ တို့ပါတောင်ပေါ်တွင် လိုက်အိပ် တတ်သည်။ ထူးခြားချက်မှာ သူ တို့နှင့်အတူတောင်ပေါ်သို့တက် သည့်ဧည့်သည်ဖြင့်သာ ခရီးဆုံး အထိလိုက်လေ့ရှိသည်။ လမ်း တွင် အခြားဧည့်သည်များတွေ့၍ ခေါ်လျှင်လည်း လိုက်လေ့မရှိ။ စတက်သည့်ဧည့်သည်တောင် ပေါ်တက်၍ တောင်ပေါ်မှ ပြန် ဆင်းကာ တောင်ခြေရောက် သည်အထိ အတူလိုက်လေ့ရှိ သည်။ ပေ ၂,၀၀၀ ကျော်မြင့်သော ဇွဲကပင်တောင်သို့ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ဧည့်သည် လာရောက်မှုများလေ့ရှိပြီး ယင်း အချိန်များတွင် ခွေးကလေးနှစ် ကောင်လည်းနေ့စဉ်အကြိမ်ရေ များများအတက်အဆင်းလုပ်ကြ ရသည်။ ဧည့်များသောနေ့တွင် တစ်နေ့တည်းနှင့် သုံးခေါက်(အ တက်အဆင်း ခြောက်ခေါက်) လိုက်သည်များလည်းရှိကြောင်း ဦးစိုးအောင်က ပြောပြသည်။

တောင်ခြေသို့ ခရီးသွားကား များဆိုက်သည်နှင့် သူတို့မှာ ဖင် တကြွကြွ၊ ဧည့်သည်များနောက် က မယောင်မလည်လိုက်ကြည့်၍ သူတို့ကို အရေးလုပ်ယုယကြင်နာ လျှင်တော့ အဆိုပါဧည့်သည်များ နှင့်အတူတောင်ပေါ်ထိပါသွား လေ့ရှိသည်။

တောင်တက်လမ်းတစ် လျှောက်တွင် ဧည့်သည်များ၏ ရှေ့မှဦးဆောင်သွားသည်။ အချို့ နေရာများတွင် တောင်တက်လမ်း နှစ်သွယ်ဖြစ်နေလည်း စိတ်ပူစရာ မရှိ။ လမ်းမသိ ခွေးနောက်လိုက် ဆိုသလို သူတို့နောက်ကိုသာ စိတ်ချလက်ချလိုက်သွားရုံပင်။ ဧည့်သည်များက ရှုခင်းကြည့် ဓာတ်ပုံရိုက်လျှင် ခွေးလေးက မလှမ်းမကမ်းတွင် မယောင်မ လည်လုပ်ရင်း စောင့်နေတတ် သည်။ ဧည့်သည်များက မုန့်ကျွေး လျှင် စားပြီးရေတိုက်လျှင်သောက် သည်။ မုန့်မကျွေးလည်း ပြဿနာ မရှိ။ ဧည့်သည်များနှင့်အတူ တောင်ပေါ်အထိလိုက်သည်။ အ ချို့နေရာများတွင် တက်ရသည် မှာ မတ်စောက်သဖြင့် ဧည့်သည် များမောပန်း၍ နားကြလျှင်ခွေး လေးကလည်း ဧည့်သည်များအနီး တွင် လှဲအိပ်ရင်းစောင့်နေတတ် သည်။ ဧည့်သည်များအမောပြေ၍ ထလျှင်တော့ သူကလှဲအိပ်ပြီး ကျန်နေခဲ့လေ့မရှိ။ တက်တက်ကြွ ကြွပင် ရှေ့မှဦးဆောင်တက်သွား တတ်သည်။

‘‘ဇွဲကပင်တောင်ခြေရောက် တာနဲ့ အဲဒီခွေးလေးကအနားမှာ ရစ်သီရစ်သီလုပ်နေတာ။ ထင် ထားတာက တောင်ပေါ်တက်ရင် သူလှည့်ပြန်သွားလောက်မယ် ထင်တာ။ တောင်ကအမြင့်ကြီး လေ။ တကယ်တမ်းခရီးလေးပုံ တစ်ပုံလောက်ရောက်တဲ့အထိ လိုက်လာတုန်း။ သူကအရှေ့က သွားလိုက်၊ ဓာတ်ပုံရိုက်နေရင် အရှေ့အနားမှာ စောင့်ပေးလိုက် လုပ်နေတာ။ သွားတာက မိန်း ကလေးချည်းပဲသုံးယောက်။ ခွေး လေးက လမ်းပြပေးသလိုဖြစ်နေ တော့ တောင်ပေါ်တက်ရတာ စိတ်လုံခြုံမှုတစ်ခုတော့ ရသွား တယ်’’ ဟု ဇွဲကပင်တောင်တက် ခဲ့သည့် မထက်ထက်မိုးမြင့်က သူ တွေ့ခဲ့သည့် လမ်းပြခွေးအ ကြောင်းကို ပြောပြသည်။

ဧည့်သည်များ၏ ရှေ့မှ လမ်းပြရင်း ခွေးကရှေ့ရောက် လွန်းနေ၍ တစ်ခါတစ်ရံမျက် ခြည်ပြတ်ကျန်ခဲ့သည့်အခါမျိုး တွင်လည်း ပြန်လှည့်လာပြီးလာ ခေါ်တတ်သည်။ မိုးရာသီကာလ များတွင် တောင်တက်လမ်းအချို့ နေရာများ၌ တောင်ကျရေများ ကြောင့် ချောနေလျှင်လည်း ရေ ခြောက်သည့်ဘက်မှ ဦးဆောင် ခေါ်သွားတတ်သည်။

‘‘ခုမှတွေ့ရတဲ့ အစိမ်းသက် သက်ပေမယ့် သူက တောင်တက် လမ်းတစ်လျှောက် နီးနီးကပ်ကပ် နဲ့ သူ့သခင်လိုမျိုး အိမ်မှာမွေးထားလို့ အဖော်ခေါ်လာတဲ့ပုံစံနဲ့ လိုက်လာတာ’’ဟု ဘားအံတွင် နေထိုင်ကာ ဇွဲကပင်တောင်သို့မကြာခဏတက်လေ့ရှိသော ကို ညွန့်၀င်းက တောင်တက်ခွေးလေးများ အကြောင်းကို ပြောပြသည်။

တောင်ပေါ်သို့ရောက်လျှင် ဧည့်သည်က တောင်ပေါ်ဆိုင်မှ ကိတ်မုန့်၀ယ်ကျွေးသည်။ လမ်းပြ ခွေးနှစ်ကောင်စလုံးက ကိတ်မုန့် အလွန်ကြိုက်ကြောင်း တောင် ပေါ်မှ ဆိုင်ရှင်အမျိုးသားကဆို သည်။ ထို့ကြောင့် တောင်ပေါ် ရောက်သည့် ဧည့်သည်မှန်သမျှ လမ်းပြခွေးများကို ကိတ်မုန့်သာ ကျွေးကြသည်။ ကိတ်မုန့်အ၀စား ပြီးလျှင်တော့ သူလိုက်ခဲ့သော ဧည့်သည်အနီးတွင် ငြိမ်သက်စွာ အမောဖြေ လဲလျောင်းနေတတ် သည်။

‘‘သူတို့က အရမ်းဉာဏ် ကောင်းတယ်။ ကိတ်မုန့်ကျွေးရင် ချက်ချင်းစားတယ်။ ပေါင်မုန့်ဆို လျှင် ချီပြီးသွားဝှက်တယ်။ နေ့ဖို့ ညစာလေ။ ကိတ်မုန့်ကျတော့ သဲ ပေတော့ ချက်ချင်းစားတယ်။ အ လည်တွေ’’ဟု ဇွဲကပင်တောင် နှစ်ကြိမ်တက်ခဲ့သည့် မဝေမာ ထွန်းက လမ်းပြခွေးလေးများ၏ အမူအကျင့်ကိုပြောပြသည်။

ဧည့်သည်က အနားယူအ မောဖြေ၊ ရှုခင်းကြည့် ဘုရားရှိခိုး ပြီး၍ တောင်အောက်ဆင်းဖို့ပြင် လျှင်တော့ လမ်းပြခွေးလေးလည်း တောင်အောက်လိုက်ဖို့ပြင်ပြီ။ လဲ လျောင်းနေရာမှထကာဧည့်သည် ရှေ့မှဆင်းတော့သည်။ လိုက်ခဲ့ ဟုခေါ်စရာလည်းမလို။ သူနှင့်အတူတက်ခဲ့သော ဧည့်သည်၏ အရိပ်အကဲကိုကြည့်၍ ရှေ့မှ ဦး ဆောင်ဆင်းတော့သည်။ တောင် ဆင်းလမ်းတစ်လျှောက်လုံး ဦး ဆောင်ခေါ်လာပြီး တောင်ခြေဆံ တော်ရှင် ဘက်စုံအလှူခံမဏ္ဍပ်ကို ကျော်လျှင်တော့ ဧည့်သည်များက မုန့်ဆိုင်ထဲကို ဦးစွာ၀င်တော့သည်။ မုန့်ဆိုင်မှ ကိတ်မုန့်၀ယ်၍ လမ်းပြခွေးလေးကို ကျွေးပြီးတော့ နှုတ်ဆက်ကာ လမ်းခွဲကြ သည်။

‘‘တချို့ဧည့်သည်ကျတော့ လည်း ဆင်းလာတာနောက်ကျ၊ ဆိုင်ကပိတ်နေတော့ ခွေးလေးကို မုန့်ကျွေးပေးပါဆိုပြီး ငွေပေးသွား တယ်။ ကျွန်တော်တို့ပဲ မုန့်၀ယ်ပြီး ကျွေးရတာပေါ့’’ ဟု ဦးစိုးအောင် က ပြောသည်။

ယင်းမှာ လမ်းပြခွေးနှစ် ကောင်၏ နိစ္စဓူ၀ သူတို့ဘာသာယူထားသောတာ၀န်။ မိုးရွာရွာ၊ နေပူပူ တောင်ပေါ်မတက်သည့် နေ့ဟူ၍ မရှိကြောင်း ဇွဲကပင်တောင်ခြေတွင် နေထိုင်သည်မှာသုံးနှစ်ရှိပြီဖြစ်သည့် ဦးစိုးအောင်ကပြောသည်။

ထူးခြားချက်အနေဖြင့် အဆို ပါ ခွေးနှစ်ကောင်သည် နိုင်ငံခြား သားဧည့်သည်များနှင့်အတူလိုက် လေ့မရှိဘဲ ပြည်တွင်းဧည့်သည် များနှင့်သာ လိုက်လေ့ရှိကြောင်း ဦးစိုးအောင်က ပြောသည်။ နိုင်ငံ ခြားသားများကလည်း သူတို့ကို အရေးမလုပ်သဖြင့် မလိုက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏အမြင်ကို ပြောသည်။

‘‘မိုးတွင်းကျတော့ ဧည့်သည် နည်းတယ်။ ဧည့်သည်နည်းတော့ သူတို့သက်သာတာပေါ့။ ဒါပေမဲ့ အနည်းဆုံး တစ်ခေါက်တော့ တက်ရတာပါပဲ’’ဟု ၎င်းကပြော သည်။

ခွေးလေးများမှာ တောင်ခြေ လုမ္ဗိနီဥယျာဉ် ဆွမ်းစားကျောင်း များတွင် ထမင်းစားသည်။ သာ သနာ့နယ်မြေအတွင်း သက်သတ် လွတ်စားကြသည်ဖြစ်၍ ကန်စွန်း ရွက်ကြော်၊ ရုံးပတီသီးကြော်၊ ပဲ ဟင်း စသည်တို့နှင့် နယ်ကျွေး ကြောင်း၊ တစ်နေ့နှစ်ကြိမ်ကျွေး ကြောင်း ဦးစိုးအောင်က ပြောပြ သည်။

ညဘက်ရောက်လျှင်တော့ လမ်းပြခွေးလေးများ၏ နားခိုရာ မှာ ကေဘယ်လ်အလှူခံမဏ္ဍပ် နောက်ကျောဘက်ရှိ သစ်စက် တွင်ဖြစ်သည်။ နေ့စဉ် နံနက် ၆ နာရီလောက်ဆို ဇွဲကပင်ဘက်စုံ အလှူခံမဏ္ဍပ်အတွင်းရှိ ခုံဘေး တွင်ထိုင်ကာ ဧည့်သည်များ လာ ရာလမ်းကို မျှော်ကြည့်နေလေ့ရှိ သည်။

‘‘ဧည့်သည်တွေ ကားထိုးတဲ့ ဘက်ကို မျှော်ကြည့်နေတာ။ ပြီး ရင် အနားသွားပြီးလိုက်နမ်းကြည့် တယ်။ သူတို့ကို မလိုလားတဲ့ပုံစံ မပြဘူးဆိုရင်တော့ အဲဒါလိုက် တက်သွားတော့တာပဲ’’ ဟု ဦးစိုး အောင်က ပြောသည်။

ယခင်အဆိပ်သင့်သေဆုံးခဲ့ သော ခွေးမကြီးကပဲ သူတို့ကို မှာ ကြားခဲ့သွားလေသလား၊ ခွေးမ ကြီးဆီကပဲ ကောင်းသောအမွေ ကို သူတို့ဘာသာ သင်အံဆက်ခံ ခဲ့လေသလားတော့မသိ။ သာသ နာ့မြေဇွဲကပင်တောင်တွင် သူတို့ ၏အပြုအမူက စိမ်းစိုနေသော တောရိပ်၊ တောင်ရိပ်များနှင့် အ ပြိုင်လှပနေသည်။

မကျွေးလည်း မငြူစူ။ သူ့ တာ၀န်သူ ပြီးဆုံးသည်အထိ လုပ် ဆောင်ရင်း တန်ဖိုးရှိလှသော ခွေး များအဖြစ် ဇွဲကပင်တောင်သို့ လာသည့် ဧည့်သည်များကို မျှော် နေဦးမည်မှာ အသေအချာပင်ဖြစ်သည်။ ။

===========

By မေဇင်၀င်း

7Day News Journal

http://7daydaily.com/story/128341

 #ဘယ်သွား..... #  ဘာလုပ်...... # ဘာတွေစားနေကြပါလိမ့်နော် 😍😍😍
26/07/2020

#ဘယ်သွား.....

# ဘာလုပ်......

# ဘာတွေစားနေကြပါလိမ့်နော် 😍😍😍

🙏🙏မန္တလေး စစ်ကိုင်း ရွှေဘို ဇလုံတောင် မြစ်ကြီးနား အင်းတော်ကြီး မြစ်ဆုံ မိုးကုတ် ခရီးစဥ်လေးက ၆ /၃/၂၀၂၀ညထွက်ပါမည်။ ၇ ရက်ခရ...
02/03/2020

🙏🙏မန္တလေး စစ်ကိုင်း ရွှေဘို ဇလုံတောင် မြစ်ကြီးနား အင်းတော်ကြီး မြစ်ဆုံ မိုးကုတ် ခရီးစဥ်လေးက
၆ /၃/၂၀၂၀ညထွက်ပါမည်။
၇ ရက်ခရီး ထမင်း ၁၂ နပ်ကျွေး ၁၂၀၀၀၀ ကျပ်
📞📞📞09423536005
📞📞📞09408408601

🙏🙏 မင်္ဂလာပါ🙏🙏💗💗💗💗💗💗💗💗💗💗💗💗💗💗💗💛လှစိုးနှင့်ရောင်းရင်းများဘုရားဖူးပို့ဆောင်ရေးမှ ဓမ္မမိတ်ဆွေအပေါင်းတို့ကို မင်္ဂလာပါလိုနူတ်...
25/02/2020

🙏🙏 မင်္ဂလာပါ🙏🙏
💗💗💗💗💗💗💗💗💗💗💗💗💗💗💗
💛လှစိုးနှင့်ရောင်းရင်းများဘုရားဖူးပို့ဆောင်ရေးမှ ဓမ္မမိတ်ဆွေအပေါင်းတို့ကို မင်္ဂလာပါလိုနူတ်ခွန်ဆက်သလိုက်ပါတယ် 🚙ဘုရားဖူးအပန်းဖြေခရီးစဥ်များကိုတင်ပေးမယ်နော်
⏭⏭⏭⏭⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၁။
28-2-2020 မော်တင်စွန်း ဟိုင်ကြီးကျွန်း ချောင်းသာ 2 ညအိပ် 3ရက် ခရီး ထမင်းကျွေး ၄၀၀၀၀ကျပ်။
⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၂။
28-2-2020 အလောင်းတော်ကဿပသီးသန့် ၂ည၃ရက်ထမင်းကျွေး ၄၅၀၀၀ကျပ်။
⏭⏭⏭⏭⏭⏩
😊ခရီးစဥ် ၃။
29-2-2020 ရွှေစက်တော် သီးသန့် ၁ည ၂ရက် ထမင်းကျွေး ၃၅၀၀၀ကျပ် ။
⏭⏭⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၄။
6-3-2020 (က ) မန္တလေး စစ်ကိုင်း ရွှေဘို ဇလုံတောင် မြစ်ကြီးနား အင်းတော်ကြီး မြစ်စုုံ မိုးကုတ် ခရီးစဥ်
၆ညအိပ်၇ရက် ထမင်းကျွေး ၁၂၀၀၀၀ ကျပ်။
⏭⏭⏭⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၅ ။
6-3-2020 (ခ) တောင်ကြီး လွိုင်ကော် ခရီးစဥ်။
ကလော အောင်ပန်း ပင်းတယ မိန်းမရဲတောင် ရေပြာအိုင်
ပင်းတယရွှေဥမင်လိူင်ဂူ ကုံလုံ အင်းလေး တောင်ကြီးထမ်ဆန်လိူင်ဂူ တောင်ပေါ်ဘုရား စုဠာမုနိ မွေတော်ကပ်က္ကူ ကယားပြည်နယ် ထီစဲခါရေတံခွန်း လွိုင်ကော်တောင်ကွဲစေတီ ထီးပွင့်ကန် ငွေတောင်ဆည် ကြၽဂူနှင်တောင်ပေါ်တန်ဘုရားများ စုံလင်စွာပို့ဆောင်ပေးပါမည်။
၄ည၅ရက် ထမင်းကျွေး ၆၅၀၀၀ ကျပ်။
-⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၆ ။
13-3-2020 ရွှေစက်တော်နှင့်အလောင်းတော်ကဿပ
၅ ရက်ထမင်းကျွေး ၆၀၀၀၀ကျပ်။
⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭
😊ခရီးစဥ် ၇ ။
26-3-2020 (က ) မြဝတီ မဲဆောက် ဘားအံဂူ ၅ ဂူ
၃ရက်ခရီး တဆင့်သွားကားခငြိမ်း ၅၀၀၀၀ ကျပ်
( ခ ) တောင်ကြီးလွိုင်ကော်ဘုရားစုံဖူးခရီးစဥ်
ကလော အောင်ပန်း ပင်းတယ မိန်းမရဲတောင် ရေပြာအိုင်
ပင်းတယရွှေဥမင်လိူင်ဂူ ကုံလုံ အင်းလေး တောင်ကြီးထမ်ဆန်လိူင်ဂူ တောင်ပေါ်ဘုရား စုဠာမုနိ မွေတော်ကပ်က္ကူ ကယားပြည်နယ် ထီစဲခါရေတံခွန်း လွိုင်ကော်တောင်ကွဲစေတီ ထီးပွင့်ကန် ငွေတောင်ဆည် ကြၽဂူနှင်တောင်ပေါ်တန်ဘုရားများ စုံလင်စွာပို့ဆောင်ပေးပါမည်။
၄ည၅ရက် ထမင်းကျွေး ၆၅၀၀၀ ကျပ်။
😊😊😊😊😊😊😊😊😊😊😊
အထက်ပါခရီးစဥ်အားလုံး ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Ph.....09423536005........09408408601
09408408602📞📞📞

Address

East Dagon No(724/Ka 8 Quater) Near Of 2 Market , Na Htwe Yu Street
Yangon
0124

Telephone

+959423536005

Website

Alerts

Be the first to know and let us send you an email when လှစိုးနှင့်ရောင်းရင်းများမြန်မာပြည်အနှံဘုရားဖူးနှင်အပန်းဖြေခရီးပို့ဆောင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

လှစိုးနှင့်ရောင်းရင်းများ(မြန်မာပြည်အနှံ့ဘုရားဖူးနှင့်အပန်းဖြေခရီးပို့ဆောင်ရေး)

နွေးထွေးသော၀န်ဆောင်မှုတွေနဲ့သက်သာတဲ့စျေးနှုန်းနဲ့ လှစိုးနှင့်ရောင်းရင်းများ(မြန်မာပြည်အနှံ့ဘုရားဖူးနှင့်အပန်းဖြေခရီးပို့ဆောင်ရေး)မှ ကြိုဆိုပါတယ်ခင်ဗျာ