Pro Thrift House

Pro Thrift House Thrift House

💝💖💗💓💞💕💟💟❣️❣️❣️❣️❣️
12/03/2024

💝💖💗💓💞💕💟💟❣️❣️❣️❣️❣️

❤️🧡💛💚🩵💙💜🤎🖤🩶🩷🤍
12/03/2024

❤️🧡💛💚🩵💙💜🤎🖤🩶🩷🤍

11/03/2024

" နားလည်မှု "
____________

တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့...

သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာပဲ သိပ်အရေးကြီးတယ် ။

" ကိုယ်ကလည်း အဲဒီအတွေးရှိမယ်...
သူကလည်း အဲ့ဒီအတွေးရှိမယ် " ဆိုရင်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်ကိုအဆင်ပြေပါတယ် ။

တခါတေလ...
တဖက်က အရမ်းတင်းလာခဲ့ရင်တောင်
တဖက်က အရမ်းလျော့ပေးတတ်ရတယ် ။

အဲ့လိုမှ မဟုတ်ပဲ...
သူတင်း ကိုယ်တင်းနဲ့ဆိုရင်တော့
သေချာတယ်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်အဆင်မပြေတော့ဘူး..။
နောက်ပြီး...
တစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်စိတ်တွေနဲ့
အသေးအမွှားလေးတွေကအစ...
အကြီးကြီးတွေလို ချချပြနေပြန်ရင်လည်း သိပ်မဟုတ်သေးဘူး ။

တစ်ခုတော့ရှိတာပေါ့...။

ကိုယ်တစ်ယောက်ထဲအဆင်ပြေဖို့ဆိုရင်
ကိုယ့်ဘက်ကပဲအနာခံပြီး နားလည်ပေးနေရင်တော့ရတာပေါ့ ။
ဒါပေမဲ့...
နှစ်ယောက်အဆင်ပြေဖို့အတွက်ကတော့
တဖက်ထဲချည်းပဲ နားလည်ပေးနေလို့မဖြစ်ဘူး ။

တဖက်နဲ့တဖက်မျှမျှတတ
သူတလှည့် ကိုယ်တလှည့်...
သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးနားလည်ပေးတတ်ရတယ် ။

ဒီနားလည်မှုတွေက ကွဲလွဲကြပြီဆိုရင်...
အစပြန်ကောက်ဖို့ကလည်း အင်မတန်ခက်ခဲတယ် ။

တစ်ယောက်ကနားလည်းပေးပြီး နောက်တစ်ယောက်ကနားလည်မပေးပြန်ရင်လည်း ဆက်ဆံရေးတွေက အလိုလိုကြဲလာတယ် ။

ကိုယ့်ရဲ့ဆက်ဆံရေးတွေ မပြိုလဲချင်ဘူးဆိုရင်...
ကိုယ်တွဲထားတဲ့လက်တွေ မကွဲချင်ဘူးဆိုရင်...

သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတဲ့စိတ်ထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်ရမယ် " ဆိုတဲ့စိတ်ပဲ ရှိဖို့လိုတာပါ ။

တကယ်တော့
" နားလည်မှု " ဆိုတာ
စကားလုံးလှလှလေးနဲ့ခြုံထားတဲ့ အကောင်းမြင်စိတ်ကလေးပါပဲ ။

.
#ခွန်အားဖြစ်စေသောစာများ

03/07/2023
ကိုယ်လဲလှူရမယ်
03/07/2023

ကိုယ်လဲလှူရမယ်

အောင် အရဟံ လာဘံ သိဒ္ဓိ အောင် အရဟံ  ပီယံ သိဒ္ဓိအောင် အရဟံ ဓနံသိဒ္ဓိငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ🙏🙏🙏🙏🙏ဒီpostလေးကိုမနက်တိုင်းတ...
01/07/2023

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ
🙏🙏🙏🙏🙏
ဒီpostလေးကိုမနက်တိုင်းတင်မယ် တွေ့တာနဲ့တစ်ခေါက်လောက်ဖြစ်ဖြစ်ရွတ်ဖတ်ကြည့်ပါနော်

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ

" ကြာကြာပေါင်းမှအကြောင်းသိမယ် " - ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အ...
21/06/2023

" ကြာကြာပေါင်းမှအကြောင်းသိမယ် "

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့ "
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် "
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ....

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့မြှောက်ပင့်ပေးအတွင်းကြိတ်ပြီး မနာလိုဖြစ်တတ်သူတွေရှိတယ်"

- အပေါင်းအသင်းများတိုင်းမိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ် ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်...

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်"

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နှိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာမတတ် သူတွေရှိတယ်"

-သတိထားပါ သစ်ပင် ကောက်တာ မြင်ရပေမယ့်
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ "

- အပေါ်ယံ ချိုမြိန်မှုတွေကကြာကြာဝါးမှခါးမှန်းသိလာသလို"
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို ကြာကြာပေါင်းကြည့်မှသာ
အကြောင်းသိ လာပါလိမ့်မယ် ""

Credit #

( ၁ ) ပြတ်သားပါ _ အားမနာပါနဲ့  ၊ဈေးရောင်းတဲ့အခါ ၊ ချေးငှားတဲ့အခါပြတ်ပြတ်သားသား ပြောဆိုပါ။( ၂ ) သတ္တိရှိပါ _ မကြောက်ပါနဲ့...
21/06/2023

( ၁ ) ပြတ်သားပါ _ အားမနာပါနဲ့ ၊

ဈေးရောင်းတဲ့အခါ ၊ ချေးငှားတဲ့အခါ
ပြတ်ပြတ်သားသား ပြောဆိုပါ။

( ၂ ) သတ္တိရှိပါ _ မကြောက်ပါနဲ့ ၊

စွန့်စားရမှာ မကြောက်ပါနဲ့
ကြောက်တဲ့သူတိုင်း အခါခါ ကျရှုံးရတယ် ။

( ၃ ) မခံချင်စိတ်ထားပါ _ မာနမထားပါနဲ့

အထင်သေးခံရတဲ့အခါ မပျော့ညံ့ပါစမ်းပါနဲ့
လက်စုံ ခြေစုံရှိနေတာပဲ
ဖြစ်အောင်လုပ်ပြလိုက်စမ်းပါ ။

( ၄ ) ရင်းနှီးပါ _ဆုံးရှုံးရမှာမကြောက်ပါနဲ့

အချိန်တန်လာရင် အောင်မြင်လာမှာပါ
သင်သာ နောက်မဆုပ်ဘဲ အထပ်ထပ်ကြိုးစားနေဖို့
လိုတာပါ ။

( ၅ ) ပွင့်လင်းပါ _ မလိမ်ညာပါနဲ့

အမှန်တရားဆိုတာ တစ်နေ့မဟုတ် တစ်နေ့ ပေါ်လာစမြဲမို့
မိတ်ဆွေတွေအပေါ် မလိမ်မိပါစေနဲ့ ၊
ပွင့်ပွင့်လင်းလင်းပြောပြပါ လူတိုင်းက လိမ်ညာခံရတာကို မကြိုက်ကြပါဘူး ၊ အမှန်တိုင်းပြောပြခြင်းက
အပြစ်ပေါ့ပြီး ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးပါလိမ့်မယ်၊
ဒါပေမယ့် လိမ်ညာတာ သိတဲ့တစ်နေ့
အရာအားလုံးကို ဆုံးရှုံးရပါလိမ့်မယ်။

#ခွန်အားဖြစ်စေသောစာများ

ဆားနှင့်တူသော မိန်းမဆရာဝန်.... ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ..... ကျွန်တော် ဘဏ်စာရေး တစ်ယောက်ပါ ဆရာဝန်... ...
21/06/2023

ဆားနှင့်တူသော မိန်းမ

ဆရာဝန်.... ခင်ဗျား ဘာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပါသလဲ
..... ကျွန်တော် ဘဏ်စာရေး တစ်ယောက်ပါ

ဆရာဝန်... ခင်ဗျား မိန်းမရော?

သူ အလုပ်အကိုင်မရှိပါဘူး။ သူက အိမ်ရှင်မတစ်ယောက်ပါ

ဆရာ၀န် .... အိမ်မှာ မနက္စာကို ဘယ်သူလုပ်ပါသလဲ..?
.. မိန်းမလုပ်ပါတယ် သူ အလုပ်အကိုင်မရှိတော့ သူလုပ်ပါတယ်

ဆရာ၀န် ... ခင်ဗျား မိန်းမဘယ်အချိန်လောက်ထပြီး မနက်စာပြင်ဆင်တတ်သလဲ ?
.. မနက် ၆နာရီလောက်ပါ ဧည့်ခန်းတွေ သန့်ရှင်းရေးလုပ်ပြီးမှ သူမနက်စာလုပ်လေ့ရှိပါတယ်

ဆရာ၀န် ... ခင်ဗျား ကလေးတွေ ဘယ်လိုကျောင်းသွားသလဲ ?
.. ကျွန်တော့်မိန်းမ သွားပို့ပါတယ် သူက အလုပ်အကိုင်မရှိတော့ သူပဲ ပို့ပါတယ်

ဆရာ၀န် .... ကလေးကျောင်းပို့ပြီးနောက် သူ ဘာလုပ်သလဲ ?
.. စျေးသွားပါတယ် စျေးဝယ်ပြန်ပြီး ထမင်းဟင်းချက် အဝတ်လျှော်ပါတယ် သူက အလုပ်အကိုင်မရှိဘူးလေ

ဆရာ၀န် ... ည အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ရင် ခင်ဗျားဘာလုပ်သလဲ..?
..အိမ်ပြန်ရောက်ရင် ကျွန်တော်နားပါတယ် တစ်နေကုန် ပင်ပန်းထားတာကိုးဗျာ

ဆရာ၀န် ... အဲဒီအချိန်မှာ ခင်ဗျားမိန်းမ ဘာလုပ်နေလဲ ?
.. တစ်အိမ်သားလုံး ညစာစားဖို့အတွက် သူပြင်ဆင်နေပါတယ် ကလေးတွေကို ထမင်းကျွေးတယ် ပြီးရင် အိုးခွက်ပန်းကန်ဆေးတယ် မီးဖိုဆောင်သန့်ရှင်းရေးလုပ်ပြီး ကလေးတွေ အိမ္စာလုပ္တာကို စောင့်ကြည့်တယ် ပြီးရင် ကလေးတွေအိပ်ဖို့ သိပ်ပါတယ်

ဒါဟာ အိမ်ရှင်မ(အလုပ်အကိုင် မှီခို) ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့တစ်နေ့တာအလုပ်ပါ

ဒါကို အလုပ်အကိုင်မရှိဘူး (မှီခို) လို့ ပြောရက်သလား...!!😞

ကျွန်မက အိမ်ရှင်မတစ်ဦးပါ

ကျွန်မရဲ့အလုပ်က တစ်နေ့ ၂၄နာရီ တစ်ပတ် 7ရက်ဖြစ်ပြီး ပိတ်ရက်မရှိပါ

ကျွန်မက မိခင်တစ်ဦးဆိုလည်း ဟုတ်တယ်

ကျွန်မက ဇနီးတစ်ဦးလည်းဖြစ်တယ်

ကျွန်မက သမီးတစ်ယောက်လည်းဖြစ်တယ်

ကျွန်မက ချွေးမတစ်ယောက်လည်းဖြစ်တယ်

ကျွန်မက နှိုးစက်နာရီဆိုလည်း ဟုတ်တယ်

ကျွန်မက စားဖိုးမှူ း တစ်ယောက်ဆိုလည်း ဟုတ်တယ်

ကျွန်မက အခိုင်းအစေတစ်ယောက်ဆိုလည်း ဟုတ်တယ်

ကျွန်မက ကလေးထိန်းလည်းဟုတ်တယ်

ကျွန်မက ဆရာမလည်းဖြစ်တယ်

ကျွန်မက သူနာပြုဆိုလည်း ဟုတ်တယ်

ကျွန်မက Sexual partner ဆိုလည်း ဟုတ်တယ်

ကျွန်မက အိမ်စောင့်လည်း ဟုတ်တယ်

ကျွန်မက တောက်တိုမယ်ရလည်း ဟုတ်တယ်

ကျွန်မက အကြံပေးလည်း ဟုတ်တယ်

ကျွန်မမှာ နားရက်တွေ ခွင့်တင်တာတွေမရှိပါဘူး

ကျွန်မမှာ နှစ်တစ်နှစ်ပိတ်ရက်တွေဆိုတာမရှိပါဘူး

ကျွန်မ အလုပ္က နေ့ရယ် ညရယ်လို့ခွဲလို့မရပါဘူး

အဲဒီအတွက်ရတဲ့အကျိုးအမြတ်က 😑😑
"နေ့တိုင်း အိမ်မှာနေပြီး ဘာလုပ်နေသလည်း" ဆိုတဲ့ မေးခွန်းကြီးဖြစ်နေတယ်

🙋 မိန်းမဆိုတာ ထမင်းစား စားပွဲပေါ်ကဆားနဲ့တူတယ် သူ့အရေးပါမှုကိုလူတွေသိပ်ဂရုမစိုက်မိကြပါဘူး
ဒါပေမယ့်သူလျော့နေရင် အစားအစာတွေကအရသာမဲ့သွားတတ်သလိုပါပဲနော်

သင့်ဘေးက မိခင် မိန်းမ ချွေးမ သမီး အမတွေကိုကျေးဇူးတင်စကားတစ်ခွန်းလောက် ပြောပေးဖို့ မမေ့ပါနဲ့။

💃💃💃💃💃💃
20/06/2023

💃💃💃💃💃💃

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 15:00

Telephone

+959254344751

Website

Alerts

Be the first to know and let us send you an email when Pro Thrift House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share