Discover Myanmar Travels

Discover Myanmar Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Discover Myanmar Travels, Transportation Service, Khayay 2nd Street, Myakanthar Housing, Hlaing, Yangon.

19/01/2021

ချင်းပြည်နယ် မီအေပီရာဟူးတောင်နှင့် လေစိကျောက်ဂူကို ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်
https://fb.watch/36dYkwDsbV/

18/01/2021

ပဲခူးရိုးမထဲက ဆင်တို့ရဲ့နားခိုရာ မြိုင်ဟေ၀န်ဆင်စခန်း
https://fb.watch/3523WnHYqA/

20/12/2020

အပျော်စီးလေယာဉ်ခရီးစဉ်၊ မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ်တို့ကို လာမည့် ၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်မည်

14/12/2020

Myanmar Domestic Flights start operating on December 16, 2020👏ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များပြေးဆွဲမှုကို ဒီဇင်ဘာ(၁၆)ရက်နေ့ကစပြီး ပြေးဆွဲမည်

13/12/2020

နေပြည်တော် ပတ်ဝန်းကျင်ရှိတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် ခရီးစဉ်ဒေသများဖော်ဆောင်နိုင်

ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် တို့၏ “အက်မက်စ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၃)”နေ...
10/12/2020

ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် တို့၏ “အက်မက်စ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၃)”

နေပြည်တော် ဒီဇင်ဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက် ၈ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ် အမ်ဗွီ) (Cambodia-Laos-Myanmar-Viet Nam Cooperation-CLMV) ထိပ်သီးအစည်း အဝေးများသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
နိုင်ငံတော်သမ္မတက ကပ်ရောဂါအလွန် ဒေသတွင်းစီးပွားရေး အမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျသည့် အားလျော်စွာ “အက်မက်စ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၃)” ကို အကောင်အထည်ဖော်ဆောင်ရေးသည် များစွာအရေးပါကြောင်းနှင့် ပြည်ဝင်ဂိတ် များတွင် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကို New Normal နှင့်အညီ အဆင့်မြှင့် တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ်များသည် ကျန်းမာရေး လမ်းညွှန်ချက် များနှင့် ကိုက်ညီစေရေးနှင့် ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဒေသတွင်း ကုန်စည် ထောက်ပံ့မှု ကွင်းဆက်မပြတ်စေရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial Revolution)ကို အထောက်အကူပြုနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး အခန်းကဏ္ဍကို မြှင့်တင် ရေးတို့အတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကိုလည်း အလေးထားပြောကြား ခဲ့သည်။

08/12/2020

ပြည်တွင်းခရီးသွားများအတွက် ကချင်ပြည်နယ်တွင် ရေခဲတောင်ခရီးစဉ်သစ်ကို ဖော်ဆောင်

07/12/2020

COVID-19အလွန်ကာလမြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်အသစ်(၃)မျိုးကိုလျာထား

https://www.facebook.com/165529717310719/posts/935445486985801/ကိုးနာရီသာ​ မောင်းရမဲ့ရန်ကုန် - ဘန်ကောက်ကားလမ်း
06/12/2020

https://www.facebook.com/165529717310719/posts/935445486985801/

ကိုးနာရီသာ​ မောင်းရမဲ့
ရန်ကုန် - ဘန်ကောက်ကားလမ်း

ရန်ကုန်မှဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်တော့မည့် စီမံကိန်းစတင်
===========================
ရန်ကုန်မှဘန်ကောက်သို့ မော်တော် ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်မည့် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေအကူအညီဖြင့် စတင်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဦးကျော်လင်းက ပြောသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့်လုပ်ဆောင်နေသည့်အကြောင်းနှင့် ယင်းစီမံကိန်းကတစ် ဆင့် ရန်ကုန်မှ ဘန်ကောက်ကို အချိန် ၉ နာရီတည်းဖြင့်ရောက်ရှိနိုင်ရန် အထောက် အပံ့ပြုမည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ ရန်ကုန်သီလဝါကနေ ဘန်ကောက်ထိ မော်တော်ယာဉ်နဲ့သွား မယ်ဆိုလျှင် ၁၆ နာရီခန့်ကြာမြင့်မှာဖြစ်ပါ တယ်။ ခရီးမိုင်အနေနဲ့ အရှည် ၅၇၀ ခန့် ရှိပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးဘုရား ကြီးနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ဖို့ဆန္ဒ ရှိသလို မြန်မာနိုင်ငံသားတွေကလည်း မြ ဘုရားကို ဖူးမြော်ချင်ကြတဲ့ဆန္ဒတွေ ရှိပါ တယ်။ ဒါကြောင့်မို့လို့ ရန်ကုန်-ဘန် ကောက်ခရီးစဉ်ကို ယာဉ်မောင်းချိန် ၉ နာရီနဲ့ရောက်ဖို့အတွက် ရန်ကုန် သီလဝါ ကနေ မြဝတီနယ်စပ်ထိ ၄ နာရီခွဲနဲ့ရောက် ရှိနိုင်ဖို့ ထိုနည်းတူပဲ ထိုင်းနိုင်ငံဘက်က လည်း မြဝတီမဲဆောက်နယ်စပ်ကနေ ဘန် ကောက်ထိ ၄ နာရီခွဲတည်းနဲ့ရောက်ရှိနိုင် အောင် (ADB) အစည်းအဝေးတွေမှာ နှစ် ဖက် ဆွေးနွေးဆောင်ရွက်ပါတယ် ဟု ဒုဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ် ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် အရောက်သွားရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သော ကြောင့် မြို့ရှောင်လမ်းများကိုဖောက်လုပ် ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ဖောက်လုပ် ဆဲ မြို့ရှောင်လမ်းအချို့လည်း ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။

မြို့တွေထဲကသွားရင် ရန်ကုန်မြို့ အတွက် ထောက်ကြန့်ကတည်းက ယာဉ် ကြောပိတ်ဆို့မှုကို စတင်ကြုံရမှာဖြစ်ပါ တယ်။ လမ်းအသုံးပြုမှုတွေမှာ မော်တော် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက်နေ တဲ့အခြေအနေမှာတော့ ရန်ကုန်ကနေ ဘန်ကောက်ကို ယာဉ်မောင်းချိန် ၉ နာရီ တည်းနဲ့အရောက်သွားဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့်မို့လို့ ပဲခူးကျိုက်ထို အ မြန်လမ်းမသစ်ကြီးကို ဖောက်လုပ်ခြင်းအ ပြင် မြို့ရှောင်လမ်းများကိုလည်း ဖောက် လုပ်ဖို့လိုအပ်လာပါတယ်။
ခုဆိုလို့ရှိရင် ကျိုက်ထိုမြို့ရှောင်လမ်းဖောက်လုပ်နေ တာ မြေသားလုပ်ငန်းပြီးစီးပြီးဖြစ်ပြီး မကြာခင်မှာ လေးလမ်းသွားမြို့ရှောင်လမ်း အဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ် ဟု ယင်းကပြောသည်။

အဆိုပါ မြို့ရှောင်လမ်းအပြင် သထုံ မြို့ရှောင်လမ်းကို ဒုံသမိတံတားကစပြီး သထုံမြို့၊ ကျိုက်ကော်သိမ်ဆိပ်တို့ကို ရှောင်ကွင်း၍ ဘီးလင်းမြို့အနီးထိ ဖောက် လုပ်မည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပြု လမ်းမကြီး ကျိုက်ထိုမြို့ရှောင်လမ်းနှင့် သထုံ ကျိုက်ကော်သိမ်ဆိပ် မြို့ရှောင်လမ်း မကြီးများပြီးစီးသည့်အခါ ရန်ကုန်သီလဝါ မှ မြဝတီမြို့ထိအရောက် ၄ နာရီခွဲဖြင့် ခရီး ပေါက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်ကလည်း လမ်းများအဆင့်မြှင့်ပြီးလျှင် မဲဆောက်မြို့ နှင့်ဘန်ကောက်မြို့ကို အချိန် ၄ နာရီခွဲနှင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရဲ့ အရှေ့ဘက်အခြမ်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊သနပ်ပင်၊ ပဲခူး၊ ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမအသစ် ပေါ်ထွက်လာမှာဖြစ်ပြီးတော့ လက်ရှိဖွံ့ဖြိုး ပြီးဖြစ်နေတဲ့ ရန်ကုန်ထောက်ကြန့်၊ လှည်း ကူး၊ အင်းတကော်၊ ပဲခူးစင်္ကြံလမ်းပိုင်းနဲ့ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ရန်ကုန် ထောက်ကြန့်၊ လှည်းကူး၊ အင်း တကော်၊ ပဲခူးစင်္ကြံလမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ တစ်စတုရန်းမိုင်ဆိုရင် လူဦးရေသုံးသောင်းတစ်ထောင်ထိ နေ ထိုင်တိုးတက်နေလို့ စျေးဆိုင်တွေ လူနေ အိမ်တွေ စက်မှုလုပ်ငန်းတွေ ကုန်လှောင် ရုံတွေတိုး တက်နေတာကိုတွေ့ရမှာဖြစ်ပါ တယ်။ အဆိုပါလမ်းပိုင်းရဲ့ အကျိုးကျေးဇူး အနေနဲ့ ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP ရဲ့ ၃၃ ရာခိုင်နှုန်းထိ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ဟု ဒုဝန်ကြီးကပြောသည်။

စီးပွားရေးစင်္ကြံဖြစ်သော သန်လျင် သီလဝါ၊ သုံးခွ၊ ခရမ်း၊ သနပ်ပင်၊ ပဲခူး ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းပြီးစီးသွား ပါက ရန်ကုန်အရှေ့ဘက်ခြမ်းတွင် စီးပွား ရေးစင်္ကြံလမ်းမသစ်ကြီးပေါ်လာပြီး နိုင်ငံ အတွင်း ဆက်စပ်သွားလာမှုသာမက ကုန် သွယ်မှုပမာဏ ပျှမ်းမျှတစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိသော မြန်မာ့ ဒုတိယအများဆုံး ကုန်သွယ်ဘက် ထိုင်းနိုင်ငံ မဟာမဲခေါင် ဒေသတွင်းနိုင်ငံ များဖြစ်ကြသော လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအ တွင်းဖြတ်သန်း၍ ရန်ကုန်မြို့ သီလဝါ စက်မှုဆိပ်ကမ်း၏ ပင်လယ်ထွက်ပေါက် ကတစ်ဆင့် အခြားပြည်ပနိုင်ငံများကို လွယ်လင့်တကူ ကုန်စည်စီးဆင်းစေမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ သယ်ယူပို့ဆောင်ရေးလုပ် ငန်းများကြောင့် လမ်းဖြတ်သန်းသွားလာ အသုံးပြုခများနှင့် အခြားအခွန်အခတွေပါ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုစီမံကိန်းဖြစ်တဲ့ ပဲခူးကျိုက် ထို အမြန်လမ်းမကြီးပြီးစီးရင်တော့ လက် ရှိ ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်လုပ် ငန်းများ စတင်တော့မှာဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့အရှေ့ဘက်စင်္ကြံသန်လျင်၊ သုံးခွ၊ ခရမ်း သနပ်ပင် ပဲခူးလမ်းနဲ့ ချိတ်ဆက်ပြီးတော့ သီလဝါဆိပ်ကမ်းထိ ခရီးသည်နဲ့ ကုန်စည် များ လွယ်လင့်တကူ လျင်မြန်စွာ သွား လာနိုင်တော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်စီးပွားရေးစင်္ကြံလမ်းမသစ် ကြီးဖြစ်လာမယ့် သန်လျင်၊ သီလဝါ၊ ခရမ်း၊ သုံးခွ၊ သနပ်ပင်၊ ကျိုက်ထိုလမ်းတစ် လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေး ဇုန်တွေ၊ သိုလှောင်ရုံတွေနဲ့ ကုန်းတွင်း ဆိပ်ကမ်း Dry Port တွေ ဖြစ်ပေါ်လာနိုင် ပြီးတော့ အဲဒီစင်္ကြံလမ်းတစ်လျှောက် မြန် မာနိုင်ငံအတွင်း အခြားဒေသမှလာရောက် သူများအတွက်ပါ အလုပ်အကိုင်အခွင့်အ လမ်းတွေ များစွာပေါ်ပေါက်လာမှာ ဖြစ်ပါ တယ် ဟု ဒေါက်တာဦးကျော်လင်းက ပြောသည်။

Credit : မေငယ်

Address

Khayay 2nd Street, Myakanthar Housing, Hlaing
Yangon
11052

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Telephone

+9595032952

Website

Alerts

Be the first to know and let us send you an email when Discover Myanmar Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Discover Myanmar Travels:

Share