S&S Family Trading Company Limited

S&S Family Trading Company Limited SHIPPING, TRANSIT, EXPORT AND IMPORT SERVICES

Ramdam Mubarak 2026!
19/02/2026

Ramdam Mubarak 2026!

🚛 နယ်စပ်ကုန်သွယ်ရေး (Border Trade) လုပ်တဲ့အခါ သတိထားရမယ့် အချက် (၄) ချက်နယ်စပ်ကုန်သွယ်ရေး (Border Trade) ဆိုတာ နိုင်ငံတစ...
24/07/2025

🚛 နယ်စပ်ကုန်သွယ်ရေး (Border Trade) လုပ်တဲ့အခါ သတိထားရမယ့် အချက် (၄) ချက်
နယ်စပ်ကုန်သွယ်ရေး (Border Trade) ဆိုတာ နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက်မရောက်သေးဘဲ နယ်စပ်ဒေသတွေမှာ ကုန်ပစ္စည်းတွေကို တာဝန်ယူစျေးနှုန်းနဲ့ လဲလှယ်ရောင်းဝယ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ဒီနယ်ပယ်မှာ လုပ်ဆောင်မယ်ဆိုရင် သတိထားရမယ့် အရေးကြီးတဲ့ အချက် (၄) ချက်ရှိပါတယ်။
၁။ 📄 စာရွက်စာတမ်းပြည့်စုံပါစေ

နယ်စပ်ကုန်သွယ်ရေးမှာ အရေးကြီးဆုံးအချက်ကတော့ တရားဝင်စာရွက်စာတမ်းတွေ ပြည့်စုံမှုပဲ ဖြစ်ပါတယ်။ Invoice (ကုန်ပစ္စည်းတန်ဖိုးပြေစာ)၊ Packing List (ထုပ်ပိုးမှုစာရင်း)၊ Import Permit (သွင်းကုန်ပါမစ်)၊ Certificate of Origin (မူရင်းထုတ်လုပ်ကြောင်းထောက်ခံစာ) စတဲ့ စာရွက်စာတမ်းတွေ တစ်ခုခု လိုအပ်နေမယ်ဆိုရင် နယ်စပ်မှာ စစ်ဆေးခံရတာ၊ ဖမ်းဆီးခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းမပို့ဆောင်ခင် စာရွက်စာတမ်းအားလုံး ပြည့်စုံမှန်ကန်ကြောင်း သေချာစစ်ဆေးပါ။

၂။ 🌐 နယ်စပ်စျေးကွက်နဲ့ စည်းမျဉ်းစည်းကမ်းကို နားလည်ထားရမယ်

နယ်စပ်ဒေသတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ ပုံမှန်မဟုတ်ဘဲ အချိန်နဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ကုန်ပစ္စည်းတင်သွင်းမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ခဏခဏ ပြောင်းလဲတတ်တယ်။ ဒါကြောင့် မကြာခဏဆိုသလို နယ်စပ်ဒေသစျေးကွက်အခြေအနေ နဲ့ နောက်ဆုံးပေါ်စည်းမျဉ်းစည်းကမ်းတွေကို အမြဲမပြတ်လေ့လာနေဖို့ လိုအပ်ပါတယ်။

၃။ 🚛 တင်ပို့နည်းလမ်းနဲ့ နယ်စပ်လမ်းကြောင်းရွေးချယ်မှု

နယ်စပ်ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းတင်ပို့ဖို့ Land Transport (ကြည်းလမ်း) ဒါမှမဟုတ် Sea-Land Combo (ရေကြောင်းနှင့် ကြည်းလမ်း ပေါင်းစပ်) စတဲ့ နည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ- ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မြဝတီ ဒါမှမဟုတ် တာချီလိတ်လမ်းကြောင်းကနေ ဝင်ရောက်တာမျိုးပါ။ ဒီနေရာမှာ ကိုယ့်ရဲ့ Logistics Partner (ပို့ဆောင်ရေးမိတ်ဖက်) ဟာ သက်ဆိုင်ရာ လမ်းကြောင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိပြီး ကျွမ်းကျင်မှုရှိ ဖို့က အရေးကြီးပါတယ်။ သူတို့ရဲ့ အတွေ့အကြုံက ကုန်ပစ္စည်းတွေကို ပိုမိုလုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

၄။ 💸မထင်မှတ်ထားတဲ့ ကုန်ကျစရိတ် (Hidden Cost) များကို ကြိုတင်ခန့်မှန်းထားပါ

နယ်စပ်ကုန်သွယ်ရေးမှာ Hidden Cost (မထင်မှတ်ဘဲ ထပ်တိုးလာနိုင်တဲ့ ကုန်ကျစရိတ်) တွေ ရှိနိုင်ပါတယ်။ ဥပမာ- နယ်စပ်မှာ ကုန်တင်ကုန်ချခ၊ ဒေသခံအာဏာပိုင်တွေက စည်းကြပ်တဲ့ အခွန်အခတွေ ရုတ်တရက် တိုးမြှင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စျေးနှုန်းသတ်မှတ်ချိန်မှာ ဒီလို မြှုပ်နေတဲ့ ကုန်ကျစရိတ်တွေ ရှိနိုင်၊ မရှိနိုင်ကို ကြိုတင်ခန့်မှန်းပြီး ထည့်သွင်းစဉ်းစားထားဖို့ အရေးကြီးပါတယ်။ ဒါမှ မမျှော်လင့်ဘဲ အပိုကုန်ကျစရိတ်တွေ ထပ်မံမပေါ်ပေါက်လာမှာပါ။

Border Trade မှာ အောင်မြင်ဖို့အတွက် ပြည်တွင်းဥပဒေများ (Local Law)၊ ယုံကြည်စိတ်ချရတဲ့ Logistics Partner (ပို့ဆောင်ရေးမိတ်ဖက်)၊ မှန်ကန်ပြည့်စုံတဲ့ စာရွက်စာတမ်း (Accurate Documentation) နဲ့ အန္တရာယ်စီမံခန့်ခွဲမှု (Risk Management) တို့အပေါ် အားထားမှုရှိဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ S&S Family Trading Company Limited မှာတော့ ဒီအချက်တွေကို အခြေခံပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အသေးစိတ် ညွှန်ကြားလမ်းညွှန်မှုတွေ ပေးနိုင်ပါတယ်။

📌 နယ်စပ်ရောက် ကုန်ပစ္စည်းတွေ အချိန်မှန်ရောက်ဖို့ကို S&S Family က သေချာစီမံပေးပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုတာတွေ၊ မေးစရာများရှိရင် 💬 Comment ထဲမှာ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်နော်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
☎️ +66 0821724546 , +66 0946100037 , +959 5158586
📩 [email protected]
🏢 1174/3 Maesot District Thailand







✈️Air Freight vs 🛳️ Sea Freight : Which one should you choose?Import/Export လုပ်ငန်းမှာ ကုန်ပစ္စည်းပို့ဆောင်ဖို့အတွက် လေ...
19/07/2025

✈️Air Freight vs 🛳️ Sea Freight : Which one should you choose?

Import/Export လုပ်ငန်းမှာ ကုန်ပစ္စည်းပို့ဆောင်ဖို့အတွက် လေကြောင်း (Air Freight) နဲ့ ရေကြောင်း (Sea Freight) ဆိုပြီး အဓိကရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ဘယ်နည်းလမ်းက မိတ်ဆွေလုပ်ငန်းနဲ့ ပိုအသင့်တော်ဆုံးလဲဆိုတာကို သိဖို့က အရေးကြီးပါတယ်။ ကျွနိတော်တို့S&S Family က ဒီနေ့ လေကြောင်းနဲ့ ရေကြောင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ရှင်းပြပြီး ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

လေကြောင်းပို့ဆောင်ရေး (Air Freight)✈️
အားသာချက်များ❗

✨မြန်ဆန်ခြင်း - အချိန်ကုန်သက်သာပြီး အရေးပေါ်လိုတဲ့ပစ္စည်းတွေ၊ ဒါမှမဟုတ် မြန်မြန်ဆန်ဆန် စျေးကွက်တင်ရမယ့်ပစ္စည်းတွေအတွက် အသင့်တော်ဆုံးပါ။

✨လုံခြုံစိတ်ချရခြင်း - လေကြောင်းလိုင်းတွေမှာ လုံခြုံရေးစည်းကမ်းတွေ တင်းကျပ်တာကြောင့် ပစ္စည်းပျောက်ဆုံးတာ ဒါမှမဟုတ် ပျက်စီးတာမျိုးတွေ နည်းပါးပါတယ်။

✨ခြေရာခံရလွယ်ကူခြင်း - ကုန်ပစ္စည်းရောက်ရှိမှုကို အချိန်နဲ့တပြေးညီ အလွယ်တကူ ခြေရာခံနိုင်ပါတယ်။

အားနည်းချက်များ❗

✨ကုန်ကျစရိတ်ကြီးခြင်း - အလေးချိန်များတဲ့ပစ္စည်းတွေ ဒါမှမဟုတ် ပမာဏအများကြီးဆိုရင် ကုန်ကျစရိတ်က သိသိသာသာ မြင့်တက်နိုင်ပါတယ်။

✨ပစ္စည်းအမျိုးအစား ကန့်သတ်ချက် - အချို့သော ပစ္စည်းအမျိုးအစားတွေ (ဥပမာ- မီးလောင်လွယ်တဲ့ပစ္စည်း၊ အချို့ဓာတုပစ္စည်း) ကို တင်ခွင့်မပြုတာမျိုးရှိပါတယ်။
✨သယ်ယူနိုင်သည့် ပမာဏ ကန့်သတ်ခြင်း - လေကြောင်းနဲ့ သယ်ယူနိုင်တဲ့ပမာဏက ရေကြောင်းနဲ့ သယ်ယူနိုင်တဲ့ပမာဏ ထက် နည်းပါတယ်။

ရေကြောင်းပို့ဆောင်ရေး (Sea Freight)🛳️
အားသာချက်များ❗

✨ကုန်ကျစရိတ်သက်သာခြင်း - အထူးသဖြင့် အလေးချိန်များတဲ့ပစ္စည်းတွေ ဒါမှမဟုတ် ပမာဏအများကြီးဆိုရင် ကုန်ကျစရိတ်က လေကြောင်းထက် အများကြီး သက်သာပါတယ်။

✨ပမာဏအများအပြား သယ်ယူနိုင်ခြင်း - ကွန်တိန်နာအကြီးကြီးတွေနဲ့ သယ်ယူနိုင်တာကြောင့် ပစ္စည်းအများအပြားကို တစ်ကြိမ်တည်းတင်ပို့နိုင်ပါတယ်။

✨ပစ္စည်းအမျိုးအစား ကန့်သတ်ချက်နည်းခြင်း - လေကြောင်းထက် ပစ္စည်းအမျိုးအစား ကန့်သတ်ချက် နည်းပါးပါတယ်။

အားနည်းချက်များ❗

✨အချိန်ကြာမြင့်ခြင်း ကုန်ပစ္စည်းရောက်ဖို့ ရက်သတ္တပတ် ဒါမှမဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ အချိန်အကန့်အသတ်ရှိတဲ့ပစ္စည်းတွေအတွက် မသင့်တော်ပါဘူး။

✨ကြန့်ကြာနိုင်ခြင်း - ရာသီဥတုဆိုးရွားမှု၊ ဆိပ်ကမ်းပြဿနာတွေကြောင့် ပစ္စည်းရောက်ရှိချိန် ကြန့်ကြာနိုင်ပါတယ်။

ခြေရာခံရခက်ခဲခြင်း - လေကြောင်းလိုင်းလောက် အသေးစိတ် ခြေရာခံဖို့ ခက်ခဲနိုင်ပါတယ်။

ဘယ်လိုရွေးချယ်သင့်လဲ❓

💡 စျေးကြီးပြီး ပေါ့ပါးတဲ့ပစ္စည်း၊ ပမာဏနည်းတဲ့ပစ္စည်း၊ အရေးပေါ်လိုတဲ့ပစ္စည်း (ဥပမာ- ဖက်ရှင်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ ဆေးဝါး)တွေ ဒါမှမဟုတ် ကုန်ပစ္စည်းတွေကို အမြန်ဆုံးရချင်ရင် ဒါမှမဟုတ် Budget များများသုံးနိုင်ရင် လေကြောင်းကိုရွေးချယ်သင့်ပါတယ်။

💡စျေးနှုန်းသက်သာပြီး အလေးချိန်များတဲ့ပစ္စည်း၊ ပမာဏအများအပြား (ဥပမာ- ကုန်ကြမ်း၊ စက်ပစ္စည်း၊ အိမ်သုံးပစ္စည်း)တွေ ဒါမှမဟုတ် အချိန်အကန့်အသတ်မရှိဘူး၊ ကုန်ကျစရိတ်သက်သာချင်ရင် ဒါမှမဟုတ်ဘတ်ဂျက်ကန့်သတ်ချက်ရှိပြီး ကုန်ကျစရိတ်သက်သာချင်ရင် ရေကြောင်းကိုရွေးချယ်သင့်ပါတယ်။

မိတ်ဆွေတို့အားလုံး သေချာနားလည်သဘောပေါက်သွားကြမယ်လို့ မျှော်လင့်ပါတယ်❤️

ဒီနေ့ထိ ရေးသားတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ S&S Family Pageလေးကို Like and Follow လေးလုပ်ခဲ့ပေးပါဦး နော်😚

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
☎️ +66 0821724546 , +66 0946100037 , +959 5158586
📩 [email protected]
🏢 1174/3 Maesot District Thailand







📌 အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) လုပ်တဲ့အခါ သိထားသင့်တဲ့ အချက် ၅ ချက်ဒီနေ့မှာတော့ ကျွန်တော်တို့ S&S Family က...
14/07/2025

📌 အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) လုပ်တဲ့အခါ သိထားသင့်တဲ့ အချက် ၅ ချက်

ဒီနေ့မှာတော့ ကျွန်တော်တို့ S&S Family ကနေ Customs Clearance လုပ်တဲ့အခါ သိထားသင့်တဲ့ လိုအပ်တဲ့အချက်လေးတွေကို ဝေမျှသွားမှာဖြစ်ပါတယ်။ ❤️

✨တင်သွင်း/တင်ပို့လုပ်ငန်းတွေမှာ အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) က မဖြစ်မနေကျော်ဖြတ်ရမယ့် အဆင့်တစ်ခုပါ။ ဒီအဆင့်မှာ တစ်ချက်ကလေး မှားလိုက်တာနဲ့ အချိန်ကုန်တာ၊ ဒဏ်ကြေးဆောင်ရတာ၊ ပစ္စည်းတွေ ပြန်ပို့ရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောက်ခွန်ရှင်းလင်းရေးအတွက် မဖြစ်မနေသိထားသင့်တဲ့ အချက် ၅ ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ တင်သွင်း/ထုတ်ပို့ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး စည်းမျဉ်းသိထားဖို့လိုတယ်❗

Prohibited Goods (တင်သွင်းခွင့်/တင်ပို့ခွင့် လုံးဝမပြုသော ကုန်ပစ္စည်းများ) နဲ့ Restricted Goods (တင်သွင်းခွင့်/တင်ပို့ခွင့် ကန့်သတ်ထားသော ကုန်ပစ္စည်းများ) ရှိပါတယ်။ ဥပမာ- ဆေးဝါးတွေ၊ အာဟာရဖြည့်စွက်စာတွေ၊ မီးလောင်လွယ်တဲ့ပစ္စည်းတွေ စတဲ့ပစ္စည်းတွေဟာ Special Permit မရှိရင် တင်သွင်းလို့ မရပါဘူး။ ကိုယ့်ပစ္စည်းအမျိုးအစားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာနားလည်ထားဖို့ အရေးကြီးပါတယ်။

၂။ စာရွက်စာတမ်းအပြည့်အစုံ ရှိထားဖို့ လိုအပ်တယ်❗
အကောက်ခွန်ရှင်းလင်းရေးမှာ မဖြစ်မနေလိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့-
📌Commercial Invoice
📌Packing List
📌Bill of Lading/Air Waybill
📌Certificate of Origin (လိုအပ်ရင်)
📌Import License (လိုအပ်ရင်) တို့ဖြစ်ပါတယ်။
ဒီစာရွက်စာတမ်းတွေပေါ်က အချက်အလက်တွေဟာ မှန်ကန်ဖို့ လုံးဝလိုအပ်ပါတယ်။ အချက်အလက်မှားယွင်းတာ (ဒါမှမဟုတ်) မပြည့်စုံတာတွေက လုပ်ငန်းမှာနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်ပါတယ်။

၃။ HS Code မှန်ကန်စွာသတ်မှတ်ထားဖို့ လိုအပ်တယ်❗

HS Code (Harmonized System Code) ဆိုတာ ကုန်ပစ္စည်းတွေကို နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ နံပါတ်စနစ်တစ်ခုပါ။ နိုင်ငံတိုင်းက အခွန်ကောက်ခံဖို့၊ ကုန်သွယ်မှုစာရင်းဇယားတွေ မှတ်တမ်းတင်ဖို့နဲ့ ကုန်ပစ္စည်းတွေကို စီမံခန့်ခွဲဖို့အတွက် ဒီကုဒ်တွေကို သုံးပါတယ်။
HS Code ကိုမှားပြီး သတ်မှတ်မိရင်
📌အခွန်ပိုဆောင်ရခြင်း
📌အကောက်ခွန်မှာ ပစ္စည်းထိန်းသိမ်းခံရခြင်း
📌ထပ်မံစစ်ဆေးခံရခြင်း တို့ဖြစ်နိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကုန်ပစ္စည်းအတွက် မှန်ကန်တဲ့ HS Code ကို သေချာစစ်ဆေး သတ်မှတ်ထားဖို့ အထူးအရေးကြီးပါတယ်။

၄။ Incoterms ကို နားလည်ထားဖို့ လိုတယ်❗

Incoterms ဆိုတာ ကုန်စည်ပို့ဆောင်ရေးမှာ ဘယ်သူက ဘယ်အချိန်မှာ (ဥပမာ- အခွန်၊ စာရွက်စာတမ်း၊ အာမခံ) တာဝန်ယူရမယ်ဆိုတာကို ဖော်ပြထားတဲ့ စည်းမျဉ်းတွေပါ။ DAP, CIF, EXW, DDP စတဲ့ Incoterms တွေကို တိတိကျကျ နားလည်ထားခြင်းက အကောက်ခွန်လုပ်ငန်းစဉ်မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။(CIF နဲ့ FOB က ကျွန်တော်တို့ Page မှာရှင်းပြထားပြီးပါပြီ ကျန်တဲ့ Terms တွေကိုလည်း နောက်ရက်တွေမှာ ရှင်းပြပေးပါမယ်ဗျ။) ကိုယ့်ကုန်သွယ်မှုအတွက် သင့်တော်တဲ့ Incoterm ကို ရွေးချယ်ပြီး သေချာသိနားလည်ထားဖို့ လိုအပ်ပါတယ်။

၅။ Clearance Agent ကိုသုံးဖို့ အရေးကြီးတယ်❗

တချို့သူတွေက Customs Clearance ကို ကိုယ်တိုင်လုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အကောက်ခွန်လုပ်ငန်းစဉ်ဟာ နည်းလမ်းနဲ့ အတွေ့အကြုံ မရှိရင် နှောင့်နှေးမှု၊ ကြန့်ကြာမှု၊ ပျက်ကွက်မှု၊ ဒဏ်ကြေး (Penalty) စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တာဝန်ယူနိုင်တဲ့ Customs Clearance Agent တစ်ဦးကို အသုံးပြုခြင်းက စိတ်သက်သာရာရစေပြီး အချိန်ကုန်ဆုံးမှုကိုလည်း လျှော့ချနိုင်ပါတယ်။ ဒီ Agent တွေဟာ အကောက်ခွန်လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်ပြီး ပြဿနာတွေကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေးနိုင်ပါတယ်။

ဒီအချက်တွေကို နားလည်ထားမယ်ဆိုရင် မိတ်ဆွေရဲ့ Import/Export လုပ်ငန်းတွေမှာ အကောက်ခွန်ရှင်းလင်းရေး (Customs Clerance) အဆင့်ကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ဖြတ်ကျော်နိုင်မှာပါ။ မိတ်ဆွေရဲ့လုပ်ငန်းအတွက် ဒီအချက်တွေက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။❤️

S&S Family Trading Co., Ltd.~

📲 +66 0821724546 (Language Thai-English)
Viber , Line , WhatsApp

+66 0946100037 (Language Myanmar - English)
Viber , Line , WhatsApp

+959 5158586 (Language Myanmar - English )
Viber , WhatsApp







❌ Freight Forwarder ရွေးချယ်တဲ့အခါ မလုပ်သင့်တဲ့ ၅ ချက်အရင်ဦးဆုံး မလုပ်သင့်တဲ့အချက်တွေကို မပြောပြခင်💡 Freight Forwarder ဆ...
10/07/2025

❌ Freight Forwarder ရွေးချယ်တဲ့အခါ မလုပ်သင့်တဲ့ ၅ ချက်

အရင်ဦးဆုံး မလုပ်သင့်တဲ့အချက်တွေကို မပြောပြခင်
💡 Freight Forwarder ဆိုတာ ဘာလဲ❓ ဘာကြောင့် အရေးကြီးတာလဲ❓ဆိုတာကိုပြောပြပါမယ်။

နိုင်ငံတကာ ကုန်သွယ်မှုတွေ လုပ်ဆောင်တဲ့အခါ ကုန်ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ ဘေးကင်းလုံခြုံစွာ ရောက်ရှိဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ဒီလို ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို အစအဆုံး စီမံခန့်ခွဲပေးတဲ့ သူတွေကိုတော့ Freight Forwarder လို့ခေါ်ပါတယ်။

Freight Forwarder ဆိုတာ ကိုယ်ပိုင်သင်္ဘော (ဒါမှမဟုတ်) လေယာဉ်တွေ ပိုင်ဆိုင်တာမျိုး မဟုတ်ပါဘူး။ သူတို့ဟာ သင်္ဘောလိုင်းတွေ၊ လေကြောင်းလိုင်းတွေ၊ ကုန်တင်ကား ကုမ္ပဏီတွေ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကြားခံလူ တွေ ဖြစ်ပါတယ်။ ကုန်ပစ္စည်းပို့ဆောင်ရာမှာ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ၊ စာရွက်စာတမ်းတွေ၊ အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်တွေ အပါအဝင် အခက်အခဲမှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ ဝန်ဆောင်မှု ပေးသူတွေပဲ ဖြစ်ပါတယ်။

မှန်ကန်တဲ့ Freight Forwarder တစ်ဦးက မိတ်ဆွေရဲ့ ကုန်ပစ္စည်းတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ စနစ်တကျ သယ်ယူပို့ဆောင်ပေးနိုင်ရုံသာမက...
✨အချိန်ကုန်သက်သာစေခြင်း
✨ကုန်ကျစရိတ်လျှော့ချပေးခြင်း
✨နိုင်ငံတကာ ကုန်သွယ်မှု စည်းမျဉ်းတွေနဲ့ အညီ ဆောင်ရွက်ပေးခြင်း
✨မျှော်လင့်မထားဘဲ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းပေးခြင်း
စတဲ့ အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေနိုင်ပါတယ်။

ခု Freight Forwarder ဆိုတာဘာလဲ သိသွားပြီဆိုတော့ ကျွန်တော့်ရဲ့ ခေါင်းစဉ်အတိုင်းပဲ ❌ Freight Forwarder ရွေးချယ်တဲ့အခါ မလုပ်သင့်တဲ့ ၅ ချက် ကိုပြောပြပါမယ်။

၁။ အတွေ့အကြုံမရှိတဲ့ Freight Forwarder ကို ရွေးချယ်ခြင်း

Logistics လုပ်ငန်းမှာ သက်တမ်းနုသေးတဲ့၊ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး အတွေ့အကြုံ အားနည်းတဲ့ Freight Forwarder တစ်ဦးကို ယုံကြည်မိမယ်ဆိုရင် ပစ္စည်းတင်ပို့မှုမှာ မျှော်လင့်ထားသလို ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် မြန်မာ–ထိုင်း တောင်ပိုင်းနယ်စပ်လို sensitive နေရာတွေမှာ အတွေ့အကြုံ မရှိခြင်းက ပြဿနာများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ စာရွက်စာတမ်း စစ်ဆေးမှု မပြည့်စုံတဲ့ Forwarder ကို ယုံကြည်ခြင်း

Freight Forwarder တစ်ဦးဟာ Commercial Invoice, Packing List, Bill of Lading (B/L) စတဲ့ အရေးကြီးစာရွက်စာတမ်းတွေကို မှန်မှန်ကန်ကန် စစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို မစစ်ဆေးပေးနိုင်တဲ့သူဟာ နောင်တစ်ချိန်မှာ အကောက်ခွန် နှောင့်နှေးကြန့်ကြာမှု (Customs Delay)၊ ဒဏ်ကြေးဆောင်ရမှု (Penalty)၊ ပစ္စည်းပြန်လည်ပို့ဆောင်ရမှု (Return Shipment) စတဲ့ ပြဿနာတွေရဲ့ အစဖြစ်နိုင်ပါတယ်။

၃။ Cargo Insurance မထည့်ပေးတဲ့ Forwarder ကို ယုံကြည်ခြင်း

တန်ဖိုးကြီးပစ္စည်းတွေကို တင်ပို့တဲ့အခါ Cargo Insurance ဟာ လုံးဝမဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုပါ။ အချို့ Freight Forwarder တွေဟာ Customer က မမေးရင်တော့ Insurance အကြောင်းကို လုံးဝပြောပြလေ့ မရှိတတ်ပါဘူး။ ဒါကြောင့် ပစ္စည်းပျက်စီးမှု၊ ပျောက်ဆုံးမှု တစ်ခုခုဖြစ်ခဲ့ရင် မိတ်ဆွေဘက်က အပြည့်အဝ ဆုံးရှုံးဖို့ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Insurance ထည့်ပေးတဲ့ Forwarder ကိုသာ ယုံကြည်ဖို့ လိုအပ်ပါတယ်။

၄။ ပစ္စည်းအမျိုးအစားနဲ့ မကိုက်ညီတဲ့ Freight Forwarder ကို အသုံးပြုခြင်း

ကုန်ပစ္စည်းတစ်မျိုးစီဟာ ကိုင်တွယ်ပုံ (Handling)၊ ထုပ်ပိုးပုံ (Packaging) နဲ့ သယ်ယူပို့ဆောင်ရေး စနစ် (Transport) တွေ တစ်မျိုးစီ လိုအပ်ပါတယ်။ ဥပမာ - ပျက်စီးလွယ်တဲ့ပစ္စည်း (Fragile Goods)၊ အအေးထားဖို့လိုတဲ့ပစ္စည်း (Temperature Controlled Goods)၊ ဒါမှမဟုတ် တန်ဖိုးကြီးတဲ့စက်ပစ္စည်း (Heavy Machinery) တွေဆိုရင် အထူးသတိထားဖို့ လိုအပ်ပါတယ်။ မိတ်ဆွေရဲ့ ကုန်ပစ္စည်း အမျိုးအစားနဲ့ မကိုက်ညီတဲ့ Forwarder ကို ယုံကြည်မိရင်တော့ Customs မှာပဲ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

၅။ ဈေးနည်းတာကိုသာ ကြည့်ပြီး ယုံကြည်သွားခြင်း

"ဈေးနည်းတယ်ဆိုတာ ဝန်ဆောင်မှုကောင်းတယ်" ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ တကယ်တမ်းမှာ ဈေးနည်းတဲ့ ဝန်ဆောင်မှုကြောင့် ကုန်ပစ္စည်းထုပ်ပိုးမှု မကောင်းတာ၊ အာမခံ (Insurance) မပါဝင်တာ၊ စာရွက်စာတမ်း မပြည့်စုံတာမျိုးတွေ ဖြစ်တတ်ပြီး တန်ဖိုးကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ယုံကြည်စိတ်ချရမှုက ဈေးနှုန်းထက် ပိုမိုတန်ဖိုးရှိပါတယ်။

📌 ကျွန်တော်တို့ S&S Family က…
🔹 Thailand ↔ Myanmar အကြား Import/Export Service
🔹 Transit cargo management
🔹 Customs clearance service
🔹 Warehouse arrangement
🔹 24/7 Cargo Tracking & Support
အထိ အစအဆုံးကို တာဝန်ယူ ဆောင်ရွက်ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ Freight Forwarding Partner တစ်ဦးဖြစ်ပါတယ်။

~မိတ်ဆွေတို့ရဲ့ ဆန္ဒအတိုင်း ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးမယ့် S&S Family Trading Co., Ltd.~

📲 S&S Family ကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကတော့

+66 0821724546 (Language Thai-English)
Viber , Line , WhatsApp

+66 0946100037 (Language Myanmar - English)

Viber , Line , WhatsApp

+959 5158586 (Language Myanmar - English )
Viber , WhatsApp







04/07/2025

❌ Import လုပ်တဲ့အခါ မလုပ်သင့်တဲ့ ၅ ချက်

သွင်းကုန်လုပ်ငန်းဆိုတာ စွန့်စားခန်းတစ်ခုလိုပါပဲ။ တစ်ခါတစ်လေ အမြတ်အစွန်းတွေရသလို၊ တစ်ခါတစ်လေမှာတော့ မမျှော်လင့်ဘဲ ဆုံးရှုံးမှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဘယ်သူမဆို သွင်းကုန်လုပ်ငန်းလုပ်ဖူးတယ်ဆိုရင် အနည်းဆုံး တစ်ကြိမ်လောက်တော့ အခက်အခဲ ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ခုခုနဲ့ ရင်ဆိုင်ဖူးကြမှာပါ။ ဒီလိုမဖြစ်ရအောင် သတိပြုသင့်တဲ့ အချက် ၅ ချက်ကို S&S ကနေ ပြောပြပေးသွားမှာပါ။

၁။ ရောင်းသူ (Seller) ကို သေချာစိစစ်ခြင်းမပြုဘဲ ငွေလွှဲခြင်း
ဒါကတော့ အဖြစ်အများဆုံးနဲ့ အန္တရာယ်အများဆုံး အမှားတစ်ခုပါ။ စျေးကွက်ထဲမှာ ရောင်းသူအတုအယောင်တွေ၊ လိမ်လည်သူတွေ အများကြီးရှိပါတယ်။ မိတ်ဆွေက ရောင်းသူရဲ့ နောက်ခံအချက်အလက်၊ လုပ်ငန်းမှတ်တမ်း၊ ဝယ်ယူသူများရဲ့ ပြန်လည်သုံးသပ်ချက် (Reviews) တွေကို သေချာစိစစ်ခြင်းမရှိဘဲ ငွေလွှဲလိုက်မယ်ဆိုရင် ပိုက်ဆံဆုံးရှုံးဖို့ သေချာသလောက်ပါပဲ။

၂။ Invoice (ကုန်စည်တင်ပို့လွှာ) မပါဘဲ သဘောတူညီခြင်း

သွင်းကုန်လုပ်ငန်းမှာ Invoice ဆိုတာ အရေးကြီးဆုံး စာရွက်စာတမ်းတွေထဲက တစ်ခုပါ။ ကုန်ပစ္စည်းရဲ့ တန်ဖိုး၊ အရေအတွက်၊ အသေးစိတ်အချက်အလက်တွေအားလုံး Invoice မှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ Invoice မပါဘဲနဲ့ သဘောတူလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဥပမာ- ကုန်ပစ္စည်းအရေအတွက် မကိုက်တာ၊ ပစ္စည်းမှားတာ ဒါမှမဟုတ် အခွန်ဆောင်တဲ့အခါ အခက်အခဲရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၃။ ထုပ်ပိုးမှုနည်းလမ်း (Packing Method) ကို မသိဘဲ တင်ပို့ခိုင်းခြင်း

ကုန်ပစ္စည်းတွေရဲ့ သဘာဝပေါ်မူတည်ပြီး ထုပ်ပိုးမှုပုံစံက ကွဲပြားပါတယ်။ ကွဲလွယ်တဲ့ပစ္စည်းလား၊ အအေးခန်းထားရမယ့်ပစ္စည်းလား၊ ဒါမှမဟုတ် ရိုးရိုးပစ္စည်းလားဆိုတာကို သိပြီး သင့်တော်တဲ့ ထုပ်ပိုးမှုနည်းလမ်းကို ရွေးချယ်ရပါမယ်။ ထုပ်ပိုးမှုနည်းလမ်းကို သေချာမသိဘဲ တင်ပို့လိုက်မယ်ဆိုရင် ကုန်ပစ္စည်းတွေ ပျက်စီးတာ၊ ကျိုးပဲ့တာမျိုးတွေ ဖြစ်ပြီး ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

၄။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း (Shipping Route) ကို မသိဘဲ ပစ္စည်းရောက်မယ့်အချိန် (Delivery Time) ကို မျှော်လင့်ခြင်း

ကုန်ပစ္စည်းတွေကို ဘယ်လမ်းကြောင်းကနေ သယ်ယူပို့ဆောင်မှာလဲ (လေကြောင်း၊ ရေကြောင်း၊ ဒါမှမဟုတ် ကုန်းကြောင်း)၊ ကြာချိန်ဘယ်လောက်ရှိနိုင်လဲဆိုတာ ကြိုတင်သိထားဖို့ လိုပါတယ်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို မသိဘဲ Delivery Time ကို အလွယ်တကူ မျှော်လင့်ထားမယ်ဆိုရင် ကုန်ပစ္စည်းနောက်ကျတာ၊ လုပ်ငန်းကြန့်ကြာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၅။ အကောက်ခွန်ဆိုင်ရာ လိုအပ်ချက်များ (Customs Requirements) ကို မစစ်ဆေးဘဲ လျစ်လျူရှုခြင်း

နိုင်ငံအလိုက် သွင်းကုန်စည်းမျဉ်းတွေနဲ့ အကောက်ခွန်ဆိုင်ရာ လိုအပ်ချက်တွေက မတူညီပါဘူး။ အချို့ကုန်ပစ္စည်းတွေက တင်သွင်းခွင့် ပိတ်ပင်ထားတာမျိုး ဒါမှမဟုတ် အထူးလိုင်စင် လိုအပ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုလိုအပ်ချက်တွေကို သေချာမစစ်ဆေးဘဲ မျှော်လင့်ထားမယ်ဆိုရင် ကုန်ပစ္စည်း အကောက်ခွန်မှာ ကြန့်ကြာတာ၊ ဒဏ်ကြေးဆောင်ရတာ ဒါမှမဟုတ် ကုန်ပစ္စည်းကို ပြန်လည်ပို့ဆောင်ရတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

S&S Family က ဘယ်လိုတွေဆောင်ရွက်ပေးလဲ❓

ကျွန်တော်တို့ S&S Family က သွင်းကုန်လုပ်ငန်းမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို ကောင်းကောင်းကြီးနားလည်ပါတယ်။ ဒါကြောင့် ငွေမလွှဲခင် လုပ်သင့်တဲ့ အရာအားလုံးကို သေချာစစ်ဆေးပေးပါတယ်။ ရောင်းသူရဲ့ ယုံကြည်စိတ်ချရမှုကစလို့၊ Invoice စစ်ဆေးတာ၊ Packing Method အကြံပြုတာ၊ Shipping Route နဲ့ Delivery Time ကို အတိအကျခန့်မှန်းပေးတာ၊ အကောက်ခွန်ဆိုင်ရာ လိုအပ်ချက်တွေကို ရှင်းပြပေးတာအထိ အစအဆုံး ဝန်ဆောင်မှုပေးပါတယ်။

📌 S&S Family Trading Company Limited

👉 မြန်မာ–ထိုင်း နယ်စပ်ဖြတ်ကျော် Import, Export, Parcel, Trucking, Customs ရှင်းလင်းရေး အပါအဝင် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက်မိတ်ဆွေအတွက် စိတ်ချရဆုံးနဲ့ အားကိုးအားထားရတဲ့ Logistics Partner တစ်ဦးဖြစ်ပါတယ်။

📲 S&S Family

+66 0821724546 (Language Thai-English)
Viber , Line , WhatsApp

+66 0946100037 (Language Myanmar - English)

Viber , Line , WhatsApp

+959 5158586 (Language Myanmar - English )
Viber , WhatsApp







🛳️ ကုန်ပစ္စည်းတွေ ဘာလို့ပျောက်နေရတာလဲ❓ဒီလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး မိတ်ဆွေ ကြုံဖူးပါသလား။ အရေးကြီးတဲ့...
28/06/2025

🛳️ ကုန်ပစ္စည်းတွေ ဘာလို့ပျောက်နေရတာလဲ❓

ဒီလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး မိတ်ဆွေ ကြုံဖူးပါသလား။ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို ပို့လိုက်ပြီး ပျောက်သွားတာ ဒါမှမဟုတ် နှောင့်နှေးနေတာမျိုးပေါ့။ ဒါဟာ နားမလည်နိုင်တဲ့ ကိစ္စလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ မိတ်ဆွေထင်တာထက် အများကြီး ပိုရိုးရှင်းပါတယ်။ ပျောက်ဆုံးသွားတဲ့ ဒါမှမဟုတ် လမ်းကြောင်းလွဲသွားတဲ့ ကုန်ပစ္စည်းတွေရဲ့ အဓိက အကြောင်းအရင်းကတော့ -
စာရွက်စာတမ်း မပြည့်စုံခြင်း၊ မမှန်ကန်ခြင်း ဖြစ်ပါတယ်။
မိတ်ဆွေရဲ့ ကုန်ပစ္စည်းတစ်ခုချင်းစီက ပိုမိုလုံခြုံစွာ ရောက်ရှိဖို့
အောက်ပါစာရွက်စာတမ်းတွေ အထူးအရေးကြီးပါတယ်။

✅ Packing List
✅ Commercial Invoice (CI)
✅ Bill of Lading (B/L)
(ဒီစာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး Page မှာ အကျယ်တဝင့်ရှင်းပြထားပြီးသား ဖြစ်ပါတယ်။)

ဒီစာရွက်စာတမ်းတွေကို တိတိကျကျနဲ့ မှန်မှန်ကန်ကန် မပြင်ဆင်ထားဘူးဆိုရင် မိတ်ဆွေရဲ့ကုန်ပစ္စည်းတွေဟာ ကြန့်ကြာတာ၊ လမ်းကြောင်းလွဲတာ ဒါမှမဟုတ် ပိုဆိုးတာကတော့ လမ်းမှာ ပျောက်ဆုံးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ ခေါင်းကိုက်ဖို့၊ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ယုံကြည်မှု ပျက်စီးတာတွေ ဖြစ်စေနိုင်တဲ့ အဖြစ်များတဲ့ အမှားတစ်ခုပါ။

‼️ကျွန်တော်တို့ S&S Family မှာတော့မိတ်ဆွေအတွက် စာရွက်စာတမ်းတိုင်းကို အထူးဂရုစိုက်ပြီး
အမှားအယွင်းမရှိအောင် စနစ်တကျ စစ်ဆေးပေးပါတယ်။အသေးစိတ်အထိ စစ်ဆေးပေးတာကြောင့် မိတ်ဆွေရဲ့ ကုန်ပစ္စည်းတွေလုံခြုံစိတ်ချစွာ အချိန်မှီ ရောက်ရှိမှာ သေချာပါတယ်။

မိတ်ဆွေက ယုံကြည်စိတ်ချရတဲ့ Logistics Partner တစ်ဦးရှာနေပါသလား❓
စာရွက်စာတမ်းအပြည့်အစုံနဲ့ မိတ်ဆွေရဲဘ ကုန်ပစ္စည်းတွေကို စိတ်ချယုံကြည်စွာ ပို့ဆောင်နိုင်ဖို့ S&S Family ကို အခုပင် ဆက်သွယ်လိုက်ပါနော်။❤️

📲 S&S Family

+66 0821724546 (Language Thai-English)
Viber , Line , WhatsApp

+66 0946100037 (Language Myanmar - English)

Viber , Line , WhatsApp

+959 5158586 (Language Myanmar - English )
Viber , WhatsApp







📦 Packing List နဲ့ Commercial Invoice ကြားက မတူညီချက်များ 🧾✨နိုင်ငံတကာ ကုန်သွယ်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းနှစ...
17/06/2025

📦 Packing List နဲ့ Commercial Invoice ကြားက မတူညီချက်များ 🧾

✨နိုင်ငံတကာ ကုန်သွယ်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းနှစ်ခုဖြစ်တဲ့ Packing List နဲ့ Commercial Invoice တို့အကြောင်း ကွဲကွဲပြားပြား သိထားဖို့က အရမ်းအရေးကြီးပါတယ်။ တကယ်တော့ ဒီစာရွက်နှစ်ခုဟာ တူသလိုလိုထင်ရပေမယ့် တကယ်ကရည်ရွယ်ချက်ချင်း မတူညီကြပါဘူး။

✨Packing List ဆိုတာဘာလဲ❓

Packing List ဆိုတာ မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို ဘယ်လိုထုပ်ပိုးထားတယ်၊ အထဲမှာ ဘာတွေပါဝင်တယ်ဆိုတာကို အသေးစိတ်ဖော်ပြထားတဲ့စာရွက် ဖြစ်ပါတယ်။ ဈေးနှုန်းဘယ်လောက်ဆိုတာ မပါဘဲ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ (Weight,Dimensions,Description) ကိုသာ ဖော်ပြတာပါ။

ဒီစာရွက်မှာ ဘာတွေပါဝင်လဲ❓

• ပစ္စည်းအမျိုးအစား - ဘယ်လိုပစ္စည်းလဲဆိုတာ ဖော်ပြပါတယ်။
• အရေအတွက် - ပစ္စည်းဘယ်နှစ်ခုပါလဲ။
• တစ်ခုချင်းစီရဲ့အလေးချိန် - ပစ္စည်းတစ်ခုချင်းစီရဲ့ အလေးချိန်။
• ပုံးအရေအတွက် - စုစုပေါင်းပုံးဘယ်နှစ်ပုံးပါလဲ။
• ပုံးအရွယ်အစား - ပုံးတစ်ပုံးချင်းစီရဲ့ အတိုင်းအတာ။
• စုစုပေါင်းအလေးချိန် - အကုန်လုံးရဲ့ အလေးချိန် စတာတွေ ပါဝင်ပါတယ်။

ဘယ်နေရာတွေမှာ အသုံးပြုလဲ❓

📦 ဒီစာရွက်ကို သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှာ ပစ္စည်းတွေကို တိကျစွာ ထုပ်ပိုးဖို့၊ ထုပ်ပိုးမှု မှန်မမှန် စစ်ဆေးဖို့အတွက် သုံးပါတယ်။ ဒါ့အပြင် အကောက်ခွန် (Customs) ကလည်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်တဲ့အခါ ဒီစာရွက်ကိုပဲ အဓိကအားထားရပါတယ်။

✨ Commercial Invoice ဆိုတာဘာလဲ❓

Commercial Invoice ကတော့ ရောင်းသူနဲ့ ဝယ်သူကြား ကုန်ပစ္စည်းရောင်းချမှုဆိုင်ရာ စီးပွားရေးငွေကြေးဆိုင်ရာ စာချုပ်စာတမ်း တစ်ခုပါ။ ဒါဟာ ရောင်းဝယ်ဖောက်ကားမှုရဲ့တရားဝင်မှတ်တမ်းဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကဖော်ပြပါတယ်။

ဒီစာရွက်မှာ ဘာတွေပါဝင်လဲ❓

• ဘယ်ပစ္စည်း - ကုန်ပစ္စည်းအမည်။
• ဘယ်နှစ်ခု - ရောင်းတဲ့ပစ္စည်းအရေအတွက်။
• ဘယ်ဈေးနဲ့ - တစ်ယူနစ်ဈေးနှုန်းနဲ့ စုစုပေါင်းတန်ဖိုး။
• ဘယ်သူကိုရောင်း - ဝယ်သူအချက်အလက် စတာတွေ အသေးစိတ်ပါဝင်ပါတယ်။
• ဒါ့အပြင် ပေးချေစရာ ငွေပမာဏ၊ စုစုပေါင်းတန်ဖိုး၊ သယ်ယူပို့ဆောင်ရေးခ (Freight Charges)၊ အာမခံစရိတ် (Insurance Costs) စတာတွေလည်း ပါဝင်တတ်ပါတယ်။

ဘယ်နေရာတွေမှာ အသုံးပြုလဲ❓

💰 ဒီစာရွက်ကတော့ အကောက်ခွန် (Customs) က ကုန်ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး အခွန်အခတွေ တွက်ချက်ဖို့၊ ဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှု (Transaction) တွေကို မှတ်တမ်းတင်ဖို့နဲ့ ရောင်းသူက ဝယ်သူကို တရားဝင်ငွေတောင်းခံဖို့အတွက် အဓိကအသုံးများပါတယ်။

👉🏻🧾 တစ်စုတစ်စည်းတည်း ပြောရမယ်ဆိုရင်...

• Packing List ➤ ဘာတွေပါသလဲဆိုတာကို “အထုပ်အပိုး” အပေါ်အခြေခံပြီး ဖော်ပြတဲ့စာရွက် (ဈေးနှုန်းမပါ)။

• Commercial Invoice ➤ ဈေးနှုန်း၊ ငွေတောင်းခံခြင်းနဲ့ စီးပွားရေးအချက်အလက် အပေါ်အခြေခံတဲ့စာရွက် (တန်ဖိုးနဲ့ ငွေကြေးပါဝင်)။

‼️သင်္ဘောတင်ခြင်း (Shipping)၊ အကောက်ခွန်ရှင်းလင်းရေး (Customs Clearance) နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ဒီစာရွက်စာတမ်းနှစ်ခုစလုံးဟာ အလွန်အရေးကြီးပါတယ်။ တစ်ခုမရှိရင် တစ်ခုက အလုပ်မဖြစ်ပါဘူး။

ဒါဆို အဓိက အချက်ကိုသွားလိုက်ရအောင် ❗❗

✨ဒီနှစ်ခုက Logistics လုပ်ငန်းမှာ ဘယ်နေရာကနေ အရေးပါတာလဲ❓

👉🏻Packing List ရဲ့ အရေးပါပုံ

Packing List ဟာ ကုန်ပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို အတိအကျဖော်ပြတဲ့အတွက် Logistics လုပ်ငန်းရဲ့ လုပ်ငန်းဆောင်တာပိုင်း အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

👉🏻Commercial Invoice ရဲ့ အရေးပါပုံ

Commercial Invoice ဟာ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို ဖော်ပြတဲ့အတွက် ဥပဒေပိုင်းဆိုင်ရာ (Legal) နဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ (Financial) အတွက် အလွန်အရေးကြီးပါတယ်။

👉🏻 နှစ်ခုပေါင်းစပ်ထားတဲ့ အရေးပါပုံ (Synergy)

Logistics မှာ Packing List 📦 နဲ့ Commercial Invoice 🧾 ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး လုပ်ငန်းစဉ်ကို ဖြည့်ဆည်းပေးပါတယ်။ အကောက်ခွန်အရာရှိတွေက ဒီစာရွက်နှစ်ခုရဲ့ အချက်အလက်တွေကို တိုက်ပြီးစစ်ဆေး (cross-reference) လေ့ရှိပါတယ်။ ပစ္စည်းအမျိုးအစား၊ အရေအတွက် စတဲ့အချက်အလက်တွေဟာ နှစ်ခုစလုံးမှာ ကိုက်ညီနေရပါမယ်။
ဒီစာရွက်နှစ်ခုလုံး မှန်ကန်တိကျနေမှ ကုန်ပစ္စည်းတွေဟာ နိုင်ငံတကာနယ်နိမိတ်တွေကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပြီး သတ်မှတ်ချိန်အတွင်း ရောက်ရှိနိုင်မှာပါ။

ဒီပို့စ်လေးကနေ Packing List နဲ့ Commercial Invoice အကြောင်း ပိုမိုရှင်းလင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ သယ်ယူပို့ဆောင်ရေး ဒါမှမဟုတ် ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ တခြားသိချင်တာလေးတွေ ရှိသေးရင်လည်း မေးခဲ့လို့ရပါတယ်နော်❗

တင်ဆက်ပေးတဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်တယ်ဆိုရင် Page လေးကို Like and Follow လေးလုပ်ခဲ့ပေးပါဦး နော်😚❤️

S&S Family ကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကတော့

+66 0821724546 (Language Thai-English)
Viber , Line , WhatsApp

+66 0946100037 (Language Myanmar - English)

Viber , Line , WhatsApp

+959 5158586 (Language Myanmar - English )
Viber , WhatsApp







🚢 မိတ်ဆွေရဲ့ ကုန်ပစ္စည်းပို့ဆောင်မှုတွေ "စိတ်ပူစရာ" မလိုတော့ဘဲ "စိတ်ချမ်းသာစရာ" ဖြစ်လာဖို့ အချိန်တန်ပြီ❗စီးပွါးရေး လုပ်င...
14/06/2025

🚢 မိတ်ဆွေရဲ့ ကုန်ပစ္စည်းပို့ဆောင်မှုတွေ "စိတ်ပူစရာ" မလိုတော့ဘဲ "စိတ်ချမ်းသာစရာ" ဖြစ်လာဖို့ အချိန်တန်ပြီ❗

စီးပွါးရေး လုပ်ငန်းရှင် မိတ်ဆွေတို့ရေ... "အကောက်ခွန်က ကိစ္စရှုပ်နေလို့ ပစ္စည်းတွေ ဆိပ်ကမ်းမှာကြာနေပြီ..." ဒါမှမဟုတ် "ဒီပစ္စည်းလေးကိုတော့ မြန်မြန်ရောက်စေချင်တာ၊ ဘယ်သူ့ကို အားကိုးရမလဲ မသိဘူး..." ဆိုပြီး ညဘက်တွေ အိပ်မပျော်တာမျိုး ကြုံဖူးလား❓ကုန်သွယ်ရေးလုပ်ငန်းမှာ Logistics ကောင်းကောင်းမရှိရင် အမြတ်တွေလည်း နစ်၊ ဖောက်သည်တွေလည်း ပြေးပြီး စိတ်ပင်ပန်းရတာတွေ မလိုချင်ဘူးမဟုတ်လား❓

‼️S&S Family Logistics ကမိတ်ဆွေရဲ့ ခေါင်းကိုက်စရာတွေကို အပြီးအပိုင် ဖြေရှင်းပေးဖို့ အဆင်သင့်ရှိနေပါပြီ။ ကျွန်တော်တို့နဲ့ အတူလက်တွဲလိုက်တာနဲ့ မိတ်ဆွေရဲ့လုပ်ငန်းဟာ ပိုမို ချောမွေ့၊ မြန်ဆန်၊ လုံခြုံပြီး ကုန်ကျစရိတ်လည်း သက်သာလာမှာ အမှန်ပါ!
S&S Family Logistics နဲ့ ဘာတွေ ရရှိမလဲ?

✅ အချိန်ကိုက် တိကျမှု - "ရောက်သင့်တဲ့အချိန် ရောက်ကိုရောက်မယ်!"
မိတ်ဆွေရဲ့ကုန်ပစ္စည်းတွေ အချိန်မှန်မှန် ရောက်ရှိဖို့က S&S Family ရဲ့ အဓိက ဦးစားပေးပါ။ ကျွန်တော်တို့ရဲ့ စနစ်တကျစီမံခန့်ခွဲမှုနဲ့ တိကျတဲ့ အစီအစဉ်တွေကြောင့် Delay ဆိုတာ မိတ်ဆွေအတွက် စကားလုံးတစ်လုံးပဲ ဖြစ်လာပါလိမ့်မယ်။ မိတ်ဆွေဖောက်သည်တွေ စိတ်ကျေနပ်မှုအပြည့်အဝ ရစေဖို့ အာမခံပါတယ်။

✅ အကောက်ခွန် ကိစ္စများ ကင်းရှင်းစေခြင်း - "ခေါင်းစားစရာမလိုတော့ဘူး!"
ရှုပ်ထွေးတဲ့ Customs Clearance လုပ်ငန်းစဉ်တွေ၊ မရေမရာဖြစ်နေတဲ့ Incoterms တွေ၊ ပြည့်စုံရမယ့် စာရွက်စာတမ်းတွေ... ဒီကိစ္စတွေအားလုံးကို S&S Family က တာဝန်ယူ ဆောင်ရွက်ပေးမှာပါ။ မိတ်ဆွေလုပ်စရာရှိတာက မိတ်ဆွေရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့ပဲ အာရုံစိုက်နေပါ။

✅ ကုန်ကျစရိတ် ထိန်းချုပ်မှု - "ပိုပြီး မြတ်နိုင်ဖို့!"
FCL လား၊ LCL လား... ❓မိတ်ဆွေရဲ့ကုန်ပစ္စည်းပမာဏနဲ့ အသင့်တော်ဆုံး ပို့ဆောင်မှုနည်းလမ်းကို အတိအကျ အကြံဉာဏ်ပေးခြင်းဖြင့် မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်ပါမယ်။ ပွင့်လင်းမြင်သာတဲ့ ဈေးနှုန်းတွေကြောင့် မမျှော်လင့်တဲ့ ကုန်ကျစရိတ်တွေ (ဥပမာ: Demurrage) နဲ့ ကင်းဝေးပါလိမ့်မယ်။

✅ စိတ်ချရတဲ့ ဂိုဒေါင်နဲ့ ပစ္စည်းကိုင်တွယ်မှု - "ဘေးကင်းလုံခြုံစိတ်ချ!"
မိတ်ဆွေကုန်ပစ္စည်းတွေ ကျွန်တော်တို့လက်ထဲ ရောက်ပြီဆိုတာနဲ့ "ကိုယ့်ပစ္စည်းလို" ဂရုတစိုက် ကိုင်တွယ်စောင့်ရှောက်ပါမယ်။ ခေတ်မှီတဲ့ Warehousing စနစ်နဲ့ လုံခြုံရေးအပြည့်ရှိတာကြောင့် ပစ္စည်းပျက်စီးတာ၊ ပျောက်ဆုံးတာမျိုး စိတ်ပူစရာမလိုတော့ပါဘူး။

✅ တစ်နေရာတည်းမှာ အစုံအလင် - "အကုန်အဆင်ပြေစေရမယ်!"
မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုမှာ အတွေ့အကြုံများစွာ ရှိတဲ့အပြင်၊ ပြည်တွင်းဖြန့်ဖြူးရေး၊ ပင်လယ်ရေကြောင်းနဲ့ လေကြောင်းပို့ဆောင်မှုတွေကိုပါ Seamless Solution အဖြစ် လုပ်ပေးနိုင်ပါတယ်။

👉🏻မိတ်ဆွေရဲ့ Logistics လိုအပ်ချက်အားလုံးကို S&S Family မှာ တစ်နေရာတည်းကနေ ဖြေရှင်းနိုင်ပါတယ်။

✨S&S Family Logistics ဟာ မိတ်ဆွေရဲ့ ရိုးရိုး Logistics Provider တစ်ဦး မဟုတ်ပါဘူး။ မိတ်ဆွေလုပ်ငန်းရဲ့ အောင်မြင်မှုအတွက် ဘေးကနေ တစ်သားတည်း ရပ်တည်ပေးမယ့်၊ စိတ်ချယုံကြည်ရတဲ့ Logistics Partner တစ်ဦး ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ ကုန်သွယ်ရေးလုပ်ငန်းကို နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် ယုံကြည်စိတ်ချရတဲ့ S&S Family Logistics နဲ့ ဒီနေ့ပဲ လက်တွဲလိုက်ပါ။ 🤝

📣 စီးပွါးရေး လုပ်ငန်းရှင် မိတ်ဆွေတို့ရေ... "ကျွန်တော့်လုပ်ငန်းမှာ ဒီလို Logistics ပြဿနာလေးရှိနေတယ်" ဆိုရင် Comment မှာ ပြောပြပေးခဲ့ပါဦး။ ကျွန်တော်တို့S&S Family က အကောင်းဆုံး အကြံဉာဏ်တွေ ပေးဖို့ အသင့်ပါပဲ။ ဒါမှမဟုတ်...

📞 +66 0821724546 , +66 0946100037 , +959 5158586 ကို အခုပဲ ဆက်သွယ်ပြီး မိတ်ဆွေလုပ်ငန်းအတွက် Free Consultation ရယူလိုက်ပါ။

💬 Messenger မှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။







❗Logistics ရဲ့ အယူအဆအမှားများ နဲ့ အမှန်တရားများ (Myth vs Fact) - လက်တွေ့ကျကျ လေ့လာခြင်း❗Logistics ဟာ ကမ္ဘာ့စီးပွားရေးရဲ့...
10/06/2025

❗Logistics ရဲ့ အယူအဆအမှားများ နဲ့ အမှန်တရားများ (Myth vs Fact) - လက်တွေ့ကျကျ လေ့လာခြင်း❗

Logistics ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အရေးပါတဲ့ကျောရိုးတစ်ခု ဖြစ်ပေမယ့် လူအများစုက နားလည်မှုလွဲမှားတာတွေ (Myths) ရှိနေတတ်ပါတယ်။ အမှန်တရား (Facts) ကို သိထားခြင်းက ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပါလိမ့်မယ်။

Logistics ဆိုတာ ရိုးရှင်းတဲ့ ကုန်စည်ပို့ဆောင်ရေးတစ်ခုသက်သက်ပဲ မဟုတ်ပါဘူး။ Logistics ဟာ ခေတ်မှီစီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှုပ်ထွေးတဲ့ နယ်ပယ်တစ်ခုပါ။ Logistics နဲ့ ပတ်သက်ပြီး လူသိများတဲ့ အယူအဆမှားတွေနဲ့ လက်တွေ့အမှန်တရားတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အယူအဆအမှား - Logistics ဆိုတာ ပစ္စည်းတွေကို တစ်နေရာကနေ နောက်တစ်နေရာကို ရွှေ့ပြောင်းပေးရုံပဲ။

‼️အမှန်တရား - Logistics ဆိုတာ ရိုးရိုးရှင်းရှင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်သက်သက်ထက် အဆပေါင်းများစွာ ပိုပြီး ကျယ်ပြန့်နက်နဲပါတယ်။ Logistics ဟာ ကုန်ပစ္စည်းလက်ကျန်တွေကို ထိထိရောက်ရောက် ထိန်းချုပ်တာ၊ ကုန်လှောင်ရုံတွေကို စနစ်တကျ စီမံခန့်ခွဲတာ၊ ဖောက်သည်တွေရဲ့ မှာယူမှုတွေကို အပြည့်အဝ ဖြည့်ဆည်းပေးတာ၊ ပစ္စည်းတွေကို သေချာ ထုပ်ပိုးတာကအစ ပစ္စည်းပြန်လည်ပို့ဆောင်ခြင်း (reverse logistics) လိုမျိုး ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေအထိ အားလုံးကို လွှမ်းခြုံထားပါတယ်။

အနှစ်ချုပ်ပြောရရင် Supply Chain (ကုန်ထုတ်လုပ်ငန်းမှ Customer လက်ထဲသို့ရောက်သည်အထိ ကုန်ပစ္စည်းစီးဆင်းမှု ကွင်းဆက်) ရဲ့ အဆင့်တိုင်းမှာ စီမံခန့်ခွဲမှု (Management)၊ ပူးပေါင်းဆောင်ရွက်မှု (Coordination) နဲ့ နည်းစနစ်ကျကျ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မှု (Strategic Optimization) တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။

၂။ အယူအဆအမှား - Supply chain management ဆိုတာ ကုမ္ပဏီအားလုံးအတွက် အတူတူပဲ။

‼️အမှန်တရား - ကုမ္ပဏီတိုင်းအတွက် Logistics ဖြေရှင်းနည်းတွေဟာ မတူညီပါဘူး။ လုပ်ငန်းအမျိုးအစား၊ အရွယ်အစားနဲ့ သယ်ယူပို့ဆောင်ရေးပုံစံအပေါ် မူတည်ပြီး ကုမ္ပဏီတစ်ခုစီနဲ့ ဖောက်သည်တစ်ဦးစီရဲ့ လိုအပ်ချက်တွေနဲ့အညီ သီးသန့်ပြုလုပ်ထားပါတယ်။ ဥပမာအားဖြင့်၊ e-commerce လုပ်ငန်းတစ်ခုရဲ့ supply chain နဲ့ ကုန်ထုတ်လုပ်ငန်းကြီးတစ်ခုရဲ့ supply chain ဟာ လုံးဝကွဲပြားခြားနားပါတယ်။

၃။ အယူအဆအမှား - Logistics လုပ်ငန်းအပေါ် မမျှော်လင့်တဲ့ အဖြစ်အပျက်တွေဖြစ်ပေါ်ခြင်းက သက်ရောက်မှု မရှိဘူး။

‼️အမှန်တရား - Supply chain တွေဟာ မတော်တဆမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ (ဥပမာ - ရာသီဥတုဖောက်ပြန်မှုတွေ) ဒါမှမဟုတ် နိုင်ငံရေးအခြေအနေတွေ (ဥပမာ - ကုန်သွယ်ရေးပဋိပက္ခများ၊ ရေကြောင်းလမ်းကြောင်းပိတ်ဆို့မှုများ) ကြောင့် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ လက်ရှိ နိုင်ငံရေးနဲ့ စီးပွါးရေး အခြေအနေတွေအရ Supply Chain Resiliency (supply chain ခံနိုင်ရည်ရှိမှု) ဟာ ယခင်ကထက် ပိုမိုအရေးကြီးလာပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ အတွေ့အကြုံနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလိုအပ်ပါတယ်။

၄။ အယူအဆမှား - Logistics မှာ နည်းပညာ ရင်းနှီးမြှုပ်နှံမှု နည်းတယ်။

‼️အမှန်တရား - Logistics ဆိုတာ ရိုးရိုးလက်လုပ်လက်စား စနစ်နဲ့ သွားလို့ရတဲ့ နယ်ပယ် မဟုတ်တော့ပါဘူး။ နည်းပညာဟာ Logistics ရဲ့ နှလုံးသား၊ အဓိက အင်အားတစ်ခု ဖြစ်လာပါပြီ။ ကုန်လှောင်ရုံစီမံခန့်ခွဲမှုစနစ် (WMS)၊ အလိုအလျောက်စနစ် (Automation)၊ အချိန်နှင့်တပြေးညီ ခြေရာခံခြင်း (Real-time Tracking) စတဲ့ နည်းပညာတွေဟာ Logistics လုပ်ငန်းတွေရဲ့ ထိရောက်မှု (Efficiency) ကို တိုးတက်စေရုံသာမက ပြိုင်ဘက်တွေကြားမှာပါ ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) ကိုပါ မြှင့်တင်ပေးပါတယ်။

ဒါကြောင့် နည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်တဲ့ ကုမ္ပဏီတွေဟာ ပြိုင်ဘက်တွေထက် နောက်ကျကျန်ခဲ့ရပြီး ဈေးကွက်မှာ နေရာမရတော့ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ နည်းပညာဟာ Logistics ရဲ့ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။

၅။ အယူအဆအမှား - Logistics ဆိုတာ ကုမ္ပဏီကြီးတွေအတွက်ပဲ သက်ဆိုင်တယ်။

‼️အမှန်တရား - ထိရောက်တဲ့ Logistics ဟာ လုပ်ငန်းအရွယ်အစားအားလုံးအတွက် အကျိုးရှိပါတယ်။ လုပ်ငန်းငယ်လေးတွေ (SMEs) တွေအတွက်ဆိုရင် ကုန်ကျစရိတ်လျှော့ချဖို့၊ လုပ်ငန်းထိရောက်မှု တိုးတက်စေဖို့နဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ယခုခေတ်တွင် 3PL (Third-Party Logistics) ဝန်ဆောင်မှုပေးသူများ ပေါများလာခြင်းကြောင့် လုပ်ငန်းငယ်များလည်း ကုန်ကျစရိတ်သက်သာစွာဖြင့် Logistics ဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ပါတယ်။

၆။ အယူအဆအမှား - Transportation Management Systems (TMS) တွေက အရမ်းဈေးကြီးပြီး အနှောင့်အယှက်များတယ်။

‼️အမှန်တရား - TMS ဖြေရှင်းနည်းတွေဟာ ကုမ္ပဏီရဲ့ လိုအပ်ချက်အတိုင်း ချိန်ညှိနိုင်ပြီး ကုန်ကျစရိတ်သက်သာစေတာကြောင့် ရင်းနှီးမြှုပ်နှံမှုကနေ အကျိုးအမြတ်ပြန်ရနိုင်ပါတယ်။ Cloud-based TMS တွေ ပေါ်ပေါက်လာတာနဲ့အမျှ သေးငယ်တဲ့လုပ်ငန်းတွေအတွက်လည်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းတွေ ဖြစ်လာပါတယ်။ အကောင်အထည်ဖော်တာကိုလည်း လုပ်ငန်းကို အနှောင့်အယှက်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီး အချိန်ကြာလာတာနဲ့အမျှ အကျိုးကျေးဇူးတွေ တိုးလာပါတယ်။ ခေတ်မီ TMS တွေက ဒေတာလုံခြုံရေးကိုလည်း ဦးစားပေးပါတယ်။

ဒီအချက်အလက်တွေက Logistics ရဲ့ ရှုပ်ထွေးတဲ့သဘောသဘာဝ၊ နည်းပညာအပေါ် မှီခိုအားထားမှုနဲ့ Logistics အရေးပါပုံကို ပိုမိုနားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။ Logistics ကဏ္ဍဟာ ဆက်လက်ပြောင်းလဲတိုးတက်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တာကြောင့် ခေတ်ရေစီးကြောင်းနဲ့အညီ သိရှိနားလည်ထားဖို့အရေးကြီးပါတယ်။

မိတ်ဆွေတို့အားလုံး Logistics နဲ့ ပတ်သက်ပြီး သေချာနားလည်သဘောပေါက်သွားကြမယ်လို့ မျှော်လင့်ပါတယ်❤️
ရေးသားတင်ဆက်ပေးတဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ S&S Family Pageလေးကို Like and Follow လေးလုပ်ခဲ့ပေးပါဦး နော်😚

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
☎️ +66 0821724546 , +66 0946100037 , +959 5158586
📩 [email protected]
🏢 1174/3 Maesot District Thailand







ที่อยู่

Asia Hiway Road 1
Ban Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ S&S Family Trading Company Limitedผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์