Ko Thar Gyi Cargo

Ko Thar Gyi Cargo သယ်ယူပို့ဆောင်ရေး

အလည်ပြန်ဆင်းပြီး ပြန်တတ်မည့် မိတ်ဆွေများ အတွက်ပါ 🌉 တံတားကူးခြင်းတံတားပေါ်မှ တုံးကြီးထုပြီး ပြန်သွားပါက ပြန်တက်လာချိန်တွင...
17/06/2026

အလည်ပြန်ဆင်းပြီး ပြန်တတ်မည့်
မိတ်ဆွေများ အတွက်ပါ

🌉 တံတားကူးခြင်း
တံတားပေါ်မှ တုံးကြီးထုပြီး
ပြန်သွားပါက ပြန်တက်လာချိန်တွင်

အဝင်တုံးသာ ထုရသောကြောင့်
တံတားကပြန်တက်စရိတ် သက်သာပါတယ်
ဒီအချက်ကတော့ အမှန်ပါခင်ဗျာ

သို့သော် တံတားကူးရာတွင် လိုအပ်သော အထောက်အထားများကိုလည်း
ထည့်သွင်းစဉ်းစားရပါမယ်

📗 CI အစိမ်းရောင် စာအုပ်
ကိုင်ဆောင်ထားသူများအတွက်တော့
ပြန်တတ်ဖို့အတွက် နေပြည်တော်ခွင့်စာ
တင်ရန်မလိုအပ်ဘဲ အဆင်ပြေပါတယ်

လိုအပ်သော အထောက်အထားများမှာ
Passport
Visa
Work Permit
OWIC / UID Card
ဒါတွေလိုပါတယ်

📕 MOU စာအုပ်အနီ
ကိုင်ဆောင်ထားသူများကတော့
တုံးထု၍ တံတားကူးမည်ဆိုပါက

ပြန်အတတ် OWIC / UID ကဒ် လိုသလို
နေပြည်တော်ခွင့်စာလည်း
လိုအပ်ပါတယ်ခင်ဗျာ

🚤 လှေကူးခြင်း
လှေကူးလမ်းကို အသုံးပြုမည်ဆိုပါက
အဆင်းတစ်ကြိမ်၊ အတက်တစ်ကြိမ်
စုစုပေါင်း (၂) ကြိမ် ကူးရသောကြောင့်
လှေကူးခကို (၂) ကြိမ် ပေးဆောင်ရပါတယ်
အဆင်းအတတ်ခ တွက်ရင် တံတားထက်
လှေကူးက ကုန်ကျငွေများပါတယ်

လှေကူးလမ်း လိုအပ်တဲ့
အချက်လက်ကပိုမိုရိုးရှင်းပါတယ်

✔️ Passport
✔️ Visa
✔️ Work Permit
✔️ ရက် ၉၀ စာရွက်
ဒီ (၄) မျိုးသာ လိုအပ်ပြီး

OWIC / UID Card မလိုအပ်သလို
နေပြည်တော်ခွင့်စာလည်း
မလိုအပ်ပါဘူးခင်ဗျာ။

ကုန်ကျစရိတ်တစ်ခုတည်းကိုသာ
မကြည့်ဘဲ မိမိတွင်ရှိသော
အထောက်အထား လိုအပ်ချက်များနဲ့

နှိုင်းယှဉ်စဉ်းစားကြည့်ပါက
မိတ်ဆွေတချို့အတွက်
လှေကူးပြန်ခြင်းက ပိုပြီးတော့

အဆင်ပြေနိုင်တာကြောင့်
အကြံပြုပေးခြင်း ဖြစ်ပါတယ်။

မည်သည့်လမ်းကြောင်းဖြင့်
ပြန်မည်ဆိုသည်မှာတော့
မိတ်ဆွေတို့၏ အထောက်ထား နဲ့
ရွေးချယ်မှုအပေါ် မူတည်ပြီး
မိမိနှစ်သက်ရာ လမ်းကြောင်းကို
ရွေးချယ်၍ ပြန်နိုင်ပါတယ်ခင်ဗျာ 🙏

သိရှိလိုသည်များရှိပါက
ကိုသားကြီးထံ အချိန်မရွေး
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ပက်စပိုစ့် အထောက်အထားဖြင့် ပြန်မည့် မိတ်ဆွေများအတွက်* Passport* Visa* Work Permit* ရက် 90စသည့် အထောက်အထားများ၏ သက်တမ်း ၂...
17/06/2026

ပက်စပိုစ့် အထောက်အထားဖြင့်
ပြန်မည့် မိတ်ဆွေများအတွက်

* Passport
* Visa
* Work Permit
* ရက် 90

စသည့် အထောက်အထားများ၏
သက်တမ်း ၂ ရက်၊ ၃ ရက်ခန့်
ကျန်ရှိနေသေးပါက တရားဝင်
ပြန်လည်ခရီးသွားနိုင်ပါသည်

သို့သော် သက်တမ်းကုန်ဆုံးသွားပြီး
၂ ရက်၊ ၃ ရက်သာ ရှိသေးသည်ဆိုလျှင်
တရားဝင်ခရီးသွားရန် အဆင်မပြေတော့ပါ

ထို့ကြောင့် လမ်းခရီးအတွက်
အခက်အခဲများ မကြုံတွေ့ရစေရန်
အထောက်အထားများ၏ သက်တမ်းကို
ကြိုတင်စစ်ဆေးကြပါနော်..

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

တံတားပေါ်ကနေ သွားမည့် မိတ်ဆွေများအနေနဲ့ အလည်ပြန်သူဖြစ်စေ အပြီးပြန်သူဖြစ်စေ တုံးထုရပါတယ်ခင်ဗျာသို့သော် ထုရမည့် တုံးအမျိုး...
16/06/2026

တံတားပေါ်ကနေ သွားမည့်
မိတ်ဆွေများအနေနဲ့

အလည်ပြန်သူဖြစ်စေ
အပြီးပြန်သူဖြစ်စေ တုံးထုရပါတယ်ခင်ဗျာ
သို့သော် ထုရမည့် တုံး
အမျိုးအစားကတော့ မတူပါနော်

အလည်ပြန်သူများအတွက်
အလည်တုံးကြီး ထုရပါတယ်

အပြီးပြန်မည့်သူများ
(စာအုပ်ကိုလည်း ဆက်မသုံးတော့သူများ)
စာအုပ်တွင် အပြီးတုံး ထုရပါတယ်ခင်ဗျာ

တုံးမထုချင်တဲ့
မိတ်ဆွေများလည်း ရပါတယ်နော်
အဲ့ဒီအခါ တံတားပေါ်ကမကူးဘဲ
လှေကူးလမ်းများမှ တစ်ဆင့်
ပြန်နိုင်ပါတယ်ခင်ဗျာ

အပြီးတုံး ထုမည့်
မိတ်ဆွေများအနေနဲ့တော့
သေချာစဉ်းစားဆုံးဖြတ်ပြီးမှ
ထုစေချင်ပါတယ်နော်

အပြီးတုံး ထုပြီးသွားရင် စာအုပ်ကို
ပြန်လည်အသုံးပြုလို့ မရတော့တဲ့အတွက်
ဖြစ်ပါတယ်ခင်ဗျာ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသညါ
Ko Thar Gyi Cargo Ko Thar Gyi Tours

စာအုပ် ဗီဇာထည့်ပြီးပြီဝတ်ပါမစ်ကဒ် မရိုက်ရသေးဘူးဆိုတာက...ဝတ်ပါမစ် စာရွက်ရှိပြီး ကဒ်မရိုက်ရသေးတာလား ?ဒါမှမဟုတ် စာရွက်တွေရှ...
16/06/2026

စာအုပ် ဗီဇာထည့်ပြီးပြီ
ဝတ်ပါမစ်ကဒ် မရိုက်ရသေးဘူးဆိုတာက...

ဝတ်ပါမစ် စာရွက်ရှိပြီး
ကဒ်မရိုက်ရသေးတာလား ?

ဒါမှမဟုတ် စာရွက်တွေရှိပြီး
ကဒ်မရိုက်ရသေးတာကို ပြောတာလား ?

စာရွက်တွေရှိပြီး
ကဒ်မရိုက်ရသေးတာဆိုရင်တော့
လက်ဝယ်ရှိ ဝတ်ပါမစ်စာရွက်တွေနဲ့
ပြန်လို့ရပါတယ်ခင်ဗျာ

စာရွက်လည်း မရှိသေးဘူး
ကဒ်လည်း မရိုက်ရသေးဘူးဆိုရင်တော့
စာအုပ် ဗီဇာနဲ့ ပြန်မရသေးပါဗျ

စာအုပ် ဗီဇာနဲ့ ပြန်ဖို့ဆိုရင်
ဝတ်ပါမစ် စာရွက် သို့မဟုတ်
ဝတ်ပါမစ်ကဒ် လိုအပ်ပါတယ်ခင်ဗျာ

မိတ်ဆွေကော...
ဝတ်ပါမစ် စာရွက်ကိုင်ဆောင်ထားတာလား

ဒါမှမဟုတ် ဝတ်ပါမစ်ကဒ်
ကိုင်ဆောင်ထားတာလားခင်ဗျာ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသညါ
Ko Thar Gyi Tours Ko Thar Gyi Cargo

ဟုတ်ကဲ့ ကိုသားကြီးဆီမှာတော့ အဲ့လိုမျိုး ဝန်ဆောင်မူ့မပေးလို့ပါနော်မျဉ်းစောင်းရွေးပြီးလက်ရှိအချိန်မှာ မှတ်ပုံတင် (၁၃/) မှလ...
15/06/2026

ဟုတ်ကဲ့ ကိုသားကြီးဆီမှာတော့
အဲ့လိုမျိုး ဝန်ဆောင်မူ့မပေးလို့ပါနော်

မျဉ်းစောင်းရွေးပြီး

လက်ရှိအချိန်မှာ မှတ်ပုံတင် (၁၃/) မှလွဲပြီး
ကျန်တဲ့ မှတ်ပုံတင်များကို
ပို့ဆောင်ပေးလျက်ရှိပါတယ်

ဒါပေမဲ့ လမ်းခရီးမှာတော့
ကားသမားတွေက ကားနဲ့ ကားခအတွက်သာ
တာဝန်ယူပေးလို့ရတာဖြစ်ပါတယ်

ကိုသားကြီးအနေနဲ့လည်း
မည်သည့်မျဉ်းစောင်းပဲ ဖြစ်ဖြစ်
ကားခကို အတူတူပဲ ယူပြီး
ကြိုပို့ပေးပါတယ်ခင်ဗျာ

ဘယ်မျဉ်းစောင်းဆိုရင်
ကားခဘယ်လောက်ပိုမယ်ဆိုပြီး
သတ်မှတ်ထားတာမျိုး မရှိပါဘူး

ဒါပေမဲ့ လမ်းခရီးမှာ မျဉ်းစောင်းနဲ့
ပတ်သက်ပြီး Error တက်တာမျိုး
လမ်းကြေးပေးရတာမျိုး ရှိလာခဲ့ရင်တော့

အဲ့ဒါက ခရီးသည်ရဲ့ တာဝန်သာ
ဖြစ်ပါတယ်ဆိုတာကို
ကြိုတင်အသိပေးပြောပြပေးပါတယ်ဗျ

အဲ့ဒီအချက်တွေကို သိရှိပြီး
အဆင်ပြေတယ်ဆိုရင် ကိုသားကြီးက
ကြိုပို့ပေးတာ ဖြစ်ပါတယ်ခင်ဗျာ

ထိုင်းဘက်ခြမ်းမှာ ပတ်စပို့ အထောက်ထား
စတဲ့ အထောက်အထားတွေကို
မိမိတာဝန်ဖြစ်သလိုမျိုး

မြန်မာဘက်ခြမ်းမှာလည်း
မှတ်ပုံတင်နဲ့ မျဉ်းစောင်းဆိုင်ရာ
ကိစ္စတွေက မိမိတာဝန်သာ ဖြစ်ပါတယ်

ကိုသားကြီးဘက်ကတော့ ကားနဲ့
ကားလမ်းခရီး လမ်းကြောင်းကိုသာ
အပြည့်အဝ တာဝန်ယူ ပေးတာဖြစ်ပြီး

အထောက်အထားဆိုင်ရာ ကိစ္စများကိုတော့
ခရီးသည်ကိုယ်တိုင် တာဝန်သာ
ဖြစ်ပါတယ်ခင်ဗျာ

ဒါကြောင့်လခရီးမထွက်ခင်
အသေးစိတ် ပွင့်ပွင့်လင်းလင်း
ကြိုတင် မေးမြန်း ဆွေးနွေးပေးပါနော်

ပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ
သိလိုသည်များကို မေးမြန်း ဆွေးနွေး
နိုင်ပါတယ်ခင်ဗျာ 🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

တံတားပေါ်က ပြန်တာနဲ့လှေကူးလမ်းက ပြန်တာ ဘယ်ဟာက ပိုကုန်ကျလဲဆိုတော့...အရင်က ကိုသားကြီး ပိုစ့်တင်မျှဝေထားသလိုပါပဲနော် 😁တုံးထ...
15/06/2026

တံတားပေါ်က ပြန်တာနဲ့
လှေကူးလမ်းက ပြန်တာ
ဘယ်ဟာက ပိုကုန်ကျလဲဆိုတော့...

အရင်က ကိုသားကြီး
ပိုစ့်တင်မျှဝေထားသလိုပါပဲနော် 😁

တုံးထုပြန်တာနဲ့ လှေကူးပြန်တာက
ကုန်ကျငွေ သိပ်မကွာပါဘူးခင်ဗျာ

တံတားပေါ်က တုံးထုပြန်မယ်ဆိုရင်
ပြန်တက်ချိန်မှာ လိုအပ်တာလေးတွေ
ပိုများပါတယ်

MOU စာအုပ်အနီဆိုရင်
နေပြည်တော်ခွင့်စာ
OWIC / UID ကဒ်
ဒါတွေ လိုအပ်ပါတယ်ခင်ဗျာ

CI ဆိုရင်တော့
နေပြည်တော်ခွင့်စာ မလိုပါ
OWIC / UID ကဒ် လိုအပ်ပါတယ်

လှေကူးလမ်းနဲ့ ပြန်မယ်ဆိုရင်တော့
တုံးထုစရာ မလိုပါဘူးခင်ဗျာ
တံတားက လိုအပ်တဲ့ ၃ ချက်လဲမလိုပါ

လိုအပ်တဲ့ အထောက်အထားတွေလည်း
ပိုနည်းပါတယ်

ကုန်ကျငွေကတော့ တံတားကပြန်တာနဲ့
လှေကူးပြန်တာ သိပ်မကွာပါဘူးဗျ

တံတားကူးနဲ့ လှေကူး ကွာတာကတော့...
အလုပ်ရှုပ်တာနဲ့ အလုပ်မရှုပ်တာပဲ
ကွာပါတယ်ခင်ဗျာ 😁

မိတ်ဆွေကရော... တံတားပေါ်က
ပြန်ဖို့ စီစဉ်ထားတာလား

လှေကူးလမ်းနဲ့ ပြန်ဖို့
စီစဉ်ထားတာလားဗျ

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ပစ္စည်းယူပြန်မည့် မိတ်ဆွေများအား အသိပေးအကြောင်းကြားခြင်းလတ်တလော မြန်မာပြည်ဘက်တွင် စစ်ဆေးမှုများ ယခင်ထက် ပိုမိုတင်းကြပ်လာ...
14/06/2026

ပစ္စည်းယူပြန်မည့် မိတ်ဆွေများအား
အသိပေးအကြောင်းကြားခြင်း

လတ်တလော မြန်မာပြည်ဘက်တွင်
စစ်ဆေးမှုများ ယခင်ထက်
ပိုမိုတင်းကြပ်လာသည့်အတွက်

ပစ္စည်းများ ယူဆောင်ပြန်မည့်
မိတ်ဆွေများအနေဖြင့် မဖြစ်မနေ
လိုအပ်သော ပစ္စည်းများကိုသာ
ယူဆောင်သွားကြရန် အကြံပြုလိုပါတယ်ဗျ

ကျွန်တော်တို့ဘက်မှ ပစ္စည်းများကို
ကားဖြင့် တင်ဆောင်ပေးသွားလို့ရပေမဲ့
သက်ဆိုင်သည့် စစ်ဆေးမှုများ
တာဝန်ယူမှုများမှာ ပစ္စည်းပိုင်ရှင်များနှင့်သာ
သက်ဆိုင်မည်ဖြစ်ကြောင်း
ကြိုတင်အသိပေးအပ်ပါတယ်နော်

ယခုအချိန်တွင် စစ်ဆေးမှုများ
ပိုမိုတင်းကြပ်လာသည့်အတွက်
မိတ်ဆွေများအနေဖြင့်

ကြိုတင်စဉ်းစားပြင်ဆင်နိုင်စေရန်
စေတနာဖြင့် အသိပေးတင်ပြခြင်း
ဖြစ်ပါသည်

အထက်ပါအချက်များကို
နားလည်သဘောတူနိုင်ပါက
ယိုးဒယားထုတ်ကုန်များကို
ယူဆောင်သွားနိုင်ပါကြောင်း
လေးစားစွာ အသိပေးအပ်ပါတယ်

မြန်မာပြည်ဘက် ပစ္စည်းစစ်ဆေးရေး
ပိုမိုတင်းကြပ်လာတာကြောင့်
အားနာစွာနဲ့ဘဲ ပြောလိုက်ရပါတယ်
နားလည်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ 🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Tours

ပစ္စည်းပါမယ့် ခရီးသည်များအတွက် ဟုတ်ကဲ့...ကိုသားကြီးဆီက ခရီးသည်များကိုပစ္စည်းယူသင့်သလောက် ယူလို့ရအောင်စီစဉ်ပေးထားပါတယ်ဗျဒ...
14/06/2026

ပစ္စည်းပါမယ့် ခရီးသည်များအတွက်

ဟုတ်ကဲ့...
ကိုသားကြီးဆီက ခရီးသည်များကို
ပစ္စည်းယူသင့်သလောက် ယူလို့ရအောင်
စီစဉ်ပေးထားပါတယ်ဗျ

ဒါကလည်း လက်ရှိမှာ
ပစ္စည်းသီးသန့်ပို့တဲ့ ဝန်ဆောင်မှု
မရသေးတာကြောင့်ပါ

အထောက်အထားရှိတဲ့သူဖြစ်ဖြစ်
အထောက်အထားမရှိတဲ့သူဖြစ်ဖြစ်
ပြန်တဲ့အခါ မိမိနဲ့အတူ ပစ္စည်းတွေ
ယူပြန်လို့ရပါတယ်ခင်ဗျာ

ဒါပေမယ့် ယူမယ့်ပစ္စည်းတွေကိုတော့
Messenger ကနေ ကြိုတင်ပို့ပေးပြီး

ဘယ်လိုယူလို့ရမလဲ
ဘယ်ပစ္စည်းတွေ ယူလို့ရမလဲ

ဆိုတာတွေကို အသေးစိတ်
ကြိုတင်မေးမြန်းပေးကြပါနော်

ကြိုတင်အသိမပေးဘဲ ကားရောက်မှ
ပစ္စည်းတွေပါတယ်ဆိုရင် စီစဉ်ရတာ
အခက်အခဲလေးတွေ ဖြစ်နိုင်လို့ပါ

ဒါကြောင့် ပစ္စည်းတွေပါမယ်ဆိုရင်
ကြိုတင်အကြောင်းကြားပေးကြပါနော်🙏

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ခုလိုလေး ပြန်လည်မျှဝေပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🙏မိတ်ဆွေတို့ရဲ့ အားပေးမှုတွေကြောင့်ကိုသားကြီးလည်း ဒီထက်မကပိုကေ...
14/06/2026

ခုလိုလေး
ပြန်လည်မျှဝေပေးသွားတာ
ကျေးဇူးအများကြီးတင်ပါတယ်ဗျ 🙏

မိတ်ဆွေတို့ရဲ့ အားပေးမှုတွေကြောင့်
ကိုသားကြီးလည်း ဒီထက်မက
ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ
ပေးနိုင်အောင် အမြဲတမ်း
ကြိုးစားနေပါတယ်ခင်ဗျာ

ဒီထက်မကလည်း မေတ္တာ
လက်ဆောင်လေးတွေ ပေးနိုင်အောင်
ပိုကောင်းတာတွေ ဖန်တီးပေးနိုင်အောင်
ဆက်လက်ကြိုးစားသွားပါမယ်ဗျ

ခဏတာ တွေ့ဆုံရတဲ့
ရေစက်လေးဖြစ်ပေမယ့်
ကောင်းတဲ့အမှတ်တရတွေပဲ
ကျန်ခဲ့စေချင်တာပါဗျာ 😊

ရောက်လာပြီး ပြန်ထွက်သွားကြပေမယ့်
ကိုသားကြီး စိတ်ထဲမှာတော့
မိတ်ဆွေတစ်ယောက်အဖြစ်
အမြဲအမှတ်ရနေမှာပါနော် ❤️

နောက်တစ်ခေါက် အိမ်ပြန်ချိန်လဲ
ကိုသားကြီးကို သတိရပေးပါဦးဗျ 🤝😊

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ကိုသားကြီးဆီမှာတော့ပက်စပိုစ့်နဲ့ ပြန်သူများဘတ်ကဒ်နဲ့ ပြန်သူများလဝက အစီအစဉ်နဲ့ ပြန်သူများမှတ်ပုံတင် မရှိသေးသူများဘာအထောက်...
13/06/2026

ကိုသားကြီးဆီမှာတော့

ပက်စပိုစ့်နဲ့ ပြန်သူများ
ဘတ်ကဒ်နဲ့ ပြန်သူများ
လဝက အစီအစဉ်နဲ့ ပြန်သူများ
မှတ်ပုံတင် မရှိသေးသူများ
ဘာအထောက်အထား မရှိသောသူများ

စတဲ့ မိတ်ဆွေများကို
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ

ကိုသားကြီးမှ နေ့စဉ်
ကားထွက်ရှိတာကြောင့်

ပြန်ချင်တဲ့အချိန် ပြန်နိုင်ဖို့
သိချင်တာရှိတဲ့အချိန် မေးနိုင်ဖို့
အမြဲအသင့်ရှိနေပါတယ်ဗျ

မိတ်ဆွေတစ်ယောက်နဲ့ တစ်ယောက်
အထောက်အထားအခြေအနေ
မတူကြတာကြောင့်

လမ်းကြောင်း၊ လိုအပ်ချက်၊
ကုန်ကျစရိတ်တွေကလည်း
မတူနိုင်ပါတယ်နော်

ဒါကြောင့်...
Messenger မှာအသေးစိတ်
မေးမြန်းနိုင်ပါတယ်ခင်ဗျာ

လိုအပ်တာတွေကို အသေးစိတ်
ရှင်းပြပေးပါမယ်ခင်ဗျာ

မိတ်ဆွေကရော...
ဘယ်အထောက်အထားနဲ့
ပြန်ဖို့ စီစဉ်ထားပါသလဲဗျ... 😊

#ခရီးသွားများအဆင်ပြေစေရေးဦးစားပေးသည်
Ko Thar Gyi Cargo Ko Thar Gyi Tours

ที่อยู่

Bangkok
Bangkok
14150

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Thar Gyi Cargoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์