SAD REACT ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก SAD REACT, Bangkok.

တစ်ဖက်က နာရေးရှိရင် တစ်ဖက်က တိတ်ဆိတ်ပေးရတာက  ဘယ်စာအုပ်ညွှန်တမ်းကမှ မသင်ပေးထားတဲ့ "လူ့၀တ္တရား"ပဲ🙏🏼🙏🏼🙏🏼🙏🏼နာ‌ေရး အိမ်ထဲက ဖဲ...
01/04/2025

တစ်ဖက်က နာရေးရှိရင် တစ်ဖက်က တိတ်ဆိတ်ပေးရတာက ဘယ်စာအုပ်ညွှန်တမ်းကမှ မသင်ပေးထားတဲ့ "လူ့၀တ္တရား"ပဲ

🙏🏼🙏🏼🙏🏼🙏🏼
နာ‌ေရး အိမ်ထဲက ဖဲနိုင်သူတွေကတော့ ပျော်နေတာပေါ့


ကျမတို့မှာက မီးပဲပြတ်တာပါဟိုမှာက ဘဝတွေပါ ပျက်ကုန်ကြတာ ။ကျမတို့မှာက ရေပဲမလာတာပါ ဟိုမှာက မိသားစုဝင်တွေပါ ပြန်မလာကြတော့တာ ။...
31/03/2025

ကျမတို့မှာက မီးပဲပြတ်တာပါ
ဟိုမှာက ဘဝတွေပါ ပျက်ကုန်ကြတာ ။

ကျမတို့မှာက ရေပဲမလာတာပါ
ဟိုမှာက မိသားစုဝင်တွေပါ ပြန်မလာကြတော့တာ ။

ကျမတို့မှာက ဖုန်းအားပဲမရှိတာပါ
ဟိုမှာက ခိုလှုံစရာနေရာတွေပါ မရှိကြတော့တာ ။

ဒုက္ခရောက်နေတာချင်းတူရင်တောင်
ကျမတို့မှာက ချစ်ရသူတွေ ရှိသေးတယ် ။

သောကရောက်နေတာချင်းတူရင်တောင်
ကျမတို့မှာက ကျောချစရာနေရာလေးရှိသေးတယ် ။

ဒါ့ကြောင့်
နိုင်သလောက်ကူ
နိုင်သလောက်လှူရင်း
ခုရက်ပိုင်း
တိတ်တိတ်လေးပဲဆုတောင်းပေးကြရအောင် ။

ကိုယ်ချင်းစာတရားဆိုတာ
ကမ္ဘာကြီးရဲ့အလှပဆုံး ဘာသာဗေဒတစ်ခုပဲ မဟုတ်လား ။

တက်နိုင်တဲ့ ဘက်က ကူကြ‌ရအောင်
https://www.facebook.com/share/12FLh6RGiod/?mibextid=qi2Omg

31/03/2025

မနက်ဖြန်
၁၂:၅၁ မှာ တစ်မိနစ်
ငြိမ်သက်ပေးရမှာနော်။

ရောက်တဲ့နေရာကနေ
အောက်မေ့တသပေးကြပါ။
အားလုံးနော်။
တစ်နိုင်ငံလုံးနော်။
မီးသတ်ကလည်း ဥဩစွဲပေးလိမ့်မယ်။

Crd:

မိန်းခလေး သုံးယောက်Bobby soxer လဲမှန်တယ်Naw Phaw ကိုလဲ မblame ဘူးNan Su လဲ မမှားဖူးHP ဘက်ကသာ သစ္စာရှိနေခဲ့ရင် ots မဆန်ခဲ...
03/03/2025

မိန်းခလေး သုံးယောက်
Bobby soxer လဲမှန်တယ်
Naw Phaw ကိုလဲ မblame ဘူး
Nan Su လဲ မမှားဖူး
HP ဘက်ကသာ သစ္စာရှိနေခဲ့ရင် ots မဆန်ခဲ့ရင်
ဘာမှ မဖြစ်လောက်ဘူး
Girls are always right 👍🏼

12/11/2024

မဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို ရင်ထဲမှာ ထားပြီး
လွမ်းမယ်၊ ဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို အနားမှာ
ထားပြီး ပါရမီဖြည့်မယ်၊ ဘ၀တွေဟာ ဒီလိုပဲ ရှင်သန်ကြရတာ မဟုတ်လား အစ်ကိုရဲ့
#ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ
#မယ်ညို

30/09/2024

အချစ်ဆိုတာ ခံစားတက်ခဲ့ပြီ
အပြုံးလေးကစလို့
အသံလေးက အဆုံး
တစ်ခုမကျန်
စက္ကန့်မလပ်
လွမ်းရတယ်
fans

ဒီစာအုပ်လေး အစအဆုံးမဖတ်ရ‌သေးပေမဲ့မေ ကို သနားမိတယ် အိမ်ထောင်ရှိတဲ့ အကို ကိုလဲ  မပိုင်ဆိုင်ခဲ့ရဘူးမေ ကို သိပ်ချစ်ပါတယ်ဆိုတ...
09/09/2024

ဒီစာအုပ်လေး အစအဆုံးမဖတ်ရ‌သေးပေမဲ့
မေ ကို သနားမိတယ်
အိမ်ထောင်ရှိတဲ့ အကို ကိုလဲ မပိုင်ဆိုင်ခဲ့ရဘူး
မေ ကို သိပ်ချစ်ပါတယ်ဆိုတဲ့ အမျိုးသားက်ိုလဲ ဆုံးရှုံးရတယ်
ကိုယ်တိုင် လောင်ကျွမ်း ခံပြီး
ကိုယ် ချစ်ရတဲ့သူတွေ ပျော်ရွှင်စေခဲ့တာဟာလဲ
မပိုင်ဆိုင်ရလဲ ချစ်တဲ့ ချစ်ခြင်းမေတ္တာ တစ်ခုပါပဲ

05/05/2024

အတိတ်ကံကြောင့် ဒို့တွေ ဆုံဖြစ်ခဲ့ကြတယ်ဆိုရင်
ဒီဘ၀ဒီမျှပါပဲကွယ်
မင်းနဲ့ဆုံဖို့ အပစ်မလုပ်သလို ထပ်‌ကြုံဖို့လဲ
ကုသိုလ်တွေ မပြုတော့ပါဖူး
ကံအကြောင်းတရားကြောင့်ဆိုပေမဲ့
ကံတွေ ဖြစ်လာဖို့ ငါတို့ကိုယ်တိုဂ်ပဲ ပြုခဲ့ကြတာမလား

နှစ်သစ်ဆုတောင်း 🍀🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ🍀အပူအပင်ကင်းကင်းအိပ်စက်ပ...
17/04/2024

နှစ်သစ်ဆုတောင်း 🍀

🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍

ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ

🍀အပူအပင်ကင်းကင်းအိပ်စက်ပြီး အေးချမ်းစွာနိုးထနိုင်ပါစေ

🍀ရင်တွင်းတေးသံကြည်လင်၍ အမုန်းတရားများလည်းကင်းပါစေ

🍀ရရှိသောမေတ္တာချိုမြိန်၍ စိတ်နေမြင့်သူနဲ့သာ ဆုံတွေ့ပါစေ

🍀ထပ်တူမျှတဲ့ချစ်ခြင်းတွေနဲ့ ချစ်သူများလည်းပျော်ရွှင်ပါစေ

🍀ပန်းကလေးများမွှေး စမ်းကလေးများအေးသလို သာယာတဲ့ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ




10/02/2024

💔💔💔💔

ပျော်ရွှင်မှုမှာ Expire Date ရှိတယ် အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ ရီမုဒ် ကားလေး ဝယ်နိုင်ပြီ ဒါပေမဲ့ မလိုချင...
14/01/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ ရည်စားကိုပေါ်တင်တွဲလို့ ရပြီ
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။

winthtetaung

တာထွက်ချိန်ချင်းမတူကြပါအိုဘားမားက အသက်၅၅နှစ်မှာ အနားယူတယ်။ဒေါ်နယ်ထရမ့်ပ်က အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။ဘန်ကောက်က စင်က...
12/01/2024

တာထွက်ချိန်ချင်းမတူကြပါ

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

ဘန်ကောက်က

စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်

⏩ဘန်ကောက်တစ်နေ့တာနဲ့

⏩စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က

ပို..........မ်မန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်တော်အခု

ဒီစာကိုရေးနေတဲ့အချိန်က

သောကြာနေ့ နေ့လယ်၁၁နာရီဝန်းကျင်။

အိမ်မှာစျေးရောင်းနေတယ်

ဒါပေမယ့်

လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့

ကြာသပတေးနေ့ည၁၀နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။

ကျွန်တော်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့

ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

⏩ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

⏩နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......

⏩ဘယ်နေရာကစပြီးတာထွက်တယ်

⏩ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

ကျွန်တော်တို့က

ကျွန်တော်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

မူရင်းရေးသူကိုလေးစားလျက်ပါ
ထပ်ဆင့်မျှဝေပါတယ်ခင်ဗျာ

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 19:00
อังคาร 09:00 - 19:00
พุธ 09:00 - 19:00
พฤหัสบดี 09:00 - 19:00
ศุกร์ 09:00 - 19:00
เสาร์ 09:00 - 19:00
อาทิตย์ 09:00 - 19:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SAD REACTผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์