28/10/2025
အမေရိကန် မှာ မွေး၊ ဆွစ်ဇာလန် မှာ ကြီးပြင်းလာပြီး ထိုင်းနိုင်ငံသားတွေ ကို မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ခဲ့တဲ့ သက်တော်ရှည် ဘုရင်ကြီး ဘူမိဘော
ဘုရင်ကြီး ဘူမိဘောရဲ့ မိခင်က ဆောင်ခလှ မြို့စားမျိုးရိုး ပဲ..
ဘုရင်ကြီး ဘူမိဘောကို မွေးတော့ အမေရိကန်၊ မန်ဆာချူးဆက်က ကမ်းဘရစ် ဆေးရုံ ကြီး မှာ ၁၉၂၇ ခုနှစ် December ၅ ရက်နေ့ မှာ မွေးခဲ့တယ်။ ( Sagittarius born )
နာမည်ကြိုတင်သတ်မှတ်ထားတာ မရှိသေးတော့ ဆောင်ခလှ သားလေး လို့ ပဲ အလွယ် အမည်မှတ်ထားလိုက်ကြတယ်။
ဆေးရုံ ရဲ့ မွေးစာရင်း မှတ်တမ်းမှာ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်တဲ့ ဆောင်ခလှ မျိုးရိုး မိခင် က မွေးတဲ့ သား ( မောင်ဆောင်ခလှလေး) ပေါ့။
အမေရိကားမှာ အသက် ၁ နှစ်သားလေးမှာပဲ သူဟာ ထိုင်းနိုင်ငံကို ပြန်ခဲ့ ရပါတယ်။
အသက် ၂ နှစ်မပြည့်ခင်မှာ သူ့အဖေ ဆုံးသွားပါတယ်။
ဒါကြောင့်ပဲ သူ့ဘကြီး ရာမ ၇ မင်းသား ကံတော်ကုန်တော့ သူ့အကို ဖြစ်တဲ့ မင်းသား အာနန္ဒာ သက်တော် ၉ နှစ် အရွယ်မှာ ဘုရင် ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ အဲ့ဒီ အချိန် ၁၉၃၂ မှာ ထိုင်းနိုင်ငံမှာ ဘုရင်စနစ် ပြောင်းလဲမှု ဖြစ်လာခဲ့တယ်။
သက်ဦးဆံပိုင် ဘုရင် စနစ်ကနေ ဖွဲ့စည်းပုံအရ သာ တည်ရှိတော့မဲ့ စည်းမျဉ်းခံ ဘုရင် စနစ်ကို ပြောင်းလဲ ခဲ့ရတယ်။
ရှေးရှေးက ဘုရင်တချို့ လက်ထက်မှာ တိုင်းပြည်အခြေအနေမဟန် လှတာကြောင့် ကမ္ဘာစစ် ကြီးတွေ ဖြစ်လာတော့မဲ့ စက် မှုတော်လှန်ရေးကာလ တွေမှာ ထိုင်းမှာလဲ အပြောင်းအလဲ ဖြစ်ခဲ့ရတယ်။
ဒီလိုနဲ့ အကိုဖြစ်သူဟာလည်း လုပ်ကြံ ခံရတာကြောင့် ဘုရင်ဘူမိဘောဟာ ၁၉၄၆ မှာ စတင် ပြီး နန်းတက်ခဲ့ပါတယ်။ ရာမ ၇ (သူ့ဦးလေး) မှာ သားသမီး မရှိခဲ့ပါ။
တိုင်းရေးပြည်ရေး မတည်ငြိမ်မှုတွေကြောင့် သူတို့မိသားစု ဆွစ်ဇာလန်မှာ အချိန်အကြာကြီးနေခဲ့ရလို့ ဘုရင်ကြီးဟာ ပြင်သစ်စာ နဲ့ လက်တင်ဘာသာစာပေ ထူးချွန် သူ တစ်ယောက် ဖြစ်ခဲ့တယ်။
ဆွစ်ဇာလန်မှာ နေစဉ် ပြင်သစ်သံ၇ုံး သံအမတ်ရဲ့ သမီး မင်းသမီး,သိရိခေတ် ( လွန်ခဲ့သော ရက်က ကွယ်လွန်) နဲ့ ငယ်ချစ် ဖြစ်ခဲ့ပြီး ၁၉၅၀ မှာ မိဖုရားကြီးအဖြစ် တင်မြောက်ခဲ့ပါတယ်။
ဘုရင်ကြီးရဲ့ အိမ်အပြန်လမ်း…
ရှင်ဘုရင်မျိုး ရိုး က ဆင်းသက်လာပေမဲ့ သူ့မျက်နှာမှာ ရိုးသားမှု၊ ကရုဏာတရားကြီးမှု ၊ ဥာဏ်ပညာ ကြီးမှုက ဖုံးကွယ်လို့မရပါဘူး။
ဥရောပ မှာ ကြီးပြင်းလာလို့ ကိုယ့် နိုင်ငံ ထိုင်းကို ပြန်ရောက်တော့ ထိုင်းနိုင်ငံဟာ ဆင်းရဲ နေရှာတယ်။
ကင်မရာ တလုံး ကို လည်ပင်းမှာ ဆွဲပြီး ကြင်ယာတော်နဲ့အတူ တနိုင်လုံး အနှ့ံ လှည့်လည်ခဲ့တယ်။
အပျော်ခရီး ထွက်တာ မဟုတ်ဘူးနော်… လူထု အခြေအနေအမှန်ကို ကွင်းဆင်း အကဲခတ်တာ။ သူ သိချင် လာရင် အိမ်တွေရဲ့ မီးဖိုချောင် တွေ ထဲ ထိပါ ဝင် ကြည့်ပြီး လူတန်းစား ကွာခြားမှု ၊ ဆင်းရဲ ချမ်းသာ စားသောက်မှု ပုံစံ တွေက အစ ဝင် ဆန်းစစ် တတ်တယ် တဲ့။ (ထိုင်း လူကြီး တွေ ပြန်ပြောပြတာ)
မြေပုံစာရွက် တရွက်ကိုင်ပြီး ကင်မရာ နဲ့ ဓါတ်ပုံတွေ ရိုက်လိုက်…လူထု နဲ့ စကားတွေ ပြောလိုက်..
အမေကြီး တို့ ဘာတွေ ချက်စားကြလဲ။ ၇ာသီဥတုကရော..ဘယ်လို ရှိလဲ၊
မိုးများသလား၊ ရေရှားသလား..
သီးနှံတွေကရော ဖြစ်ထွန်းရဲ့လား။
သူ့စိတ်ထဲက မေးခွန်းတွေကို လူတွေ ဆီကို မေးပါတော့တယ်။ ဖြေသမျှ ကို စာအုပ်ထဲ ကိုယ်တိုင်ချရေး ပါတယ်။ ဘေးလူ ပြောတာကို သံယောင်လိုက် နားထောင်တာ မဟုတ်ပဲ၊ ဓါတ်ပုံကိုယ်တိုင် ရိုက်၊ မေးခွန်း ကိုယ်တိုင်မေး၊ Notebook မှာ ချရေးပြီး နန်းတော်ပြန်ရောက်တဲ့အခါ လွှတ်တော်မှာ သူ့တွေ့ရှိမှူတွေကို ဖြန့်ဝေ ပေးပြီး အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။
နန်းတက် ကတည်းက ခရီး ထွက်လိုက်တာ သမီးတော် သိရိဒုံ အရွယ်ရောက်လူလားမြောက်သည်ထိ သူတို့မိသားစု ရဲ့ ခရီးထွက်ခြင်း ဟာ မကုန်ဆုံးသေးပါဘူးတဲ့။ ချောင်း တွေ့ရင် လှေ နဲ့ ခရီးဆက်၊ တောလမ်းတွေဆို ခြေကျင် ခရီး လျောက်ကြ နဲ့... ကျေးလက် ဒေသတွေရဲ့ အခြေအနေမှန် ဟာ လမ်းပန်း ခက်ခဲ လွန်းတာကြောင့် တိုးတက်မှု နှောင့်နှေး နေကြောင်း ကောင်းကောင်း သဘောပေါက်သွားတယ်။ ကျေးရွာချင်းဆက် ၊ ခရိုင်ချင်းဆက် လမ်းတွေ ကို မြေသားလမ်း ကွန်ကရစ်လမ်း ကတ္တရာလမ်း အသီးသီး ဖောက်လုပ်စေခဲ့တယ်။
လမိးတွေ ကောင်းမှ၊ မီးတွေ ပုံမှန် ရနေမှ ၊ အခြေခံ ကျန်းမာရေး နည်းပညာရော ကုန်ကျစရိတ်ရော သက်သာ ချောင်ချိစေမှ လူတွေ အလုပ်သေချာ လုပ်နိုင်မှာ လို့ သူ တွေးတယ်။ တွေးလဲတွေးတယ်။ မဟာဗျူဟာ မြောက် စီမံကိန်းတွေလည်း အကောင်အထည် ဖော်ခဲ့တယ်။
ဒါကြောင့် ဘုရင်ကြီးတို့ ဇနီးမောင်နှံ ကို ချစ်ကြသလို သမီးတော် သိရိဒုံဟာလည်း အဖေ့ လို တော်တဲ့ သမီး ပဲ။ သီရိဒုံ သွားခဲ့တဲ့ နိုင်သံတကာ ခရီးစဉ်ပေါင်း ရာ ချီ ပြီး ရှိတယ်။ နိုင်ငံတကာက Foundation တွေနဲ့ ချိတ်ဆက်ပြီး ထိုင်းမှာ လည်း လာရောက် တည်ထောင်ကြဖို့ ဆော်ဩနေတာ. ဒီနေ့ထိပဲ။
အခု မယ်တော် ကွယ်လွန်တော့ ဟိုး နယ်စွန်နယ်ဖျားက သက်ကြီး ရွယ်အိုတွေဟာ နန်းတော်ရှေ့ မှာ လာရောက် ထိုင်ငို နေကြတယ်။
ထိုင်းနိုင်ငံ ဒီနေ့ ဒီအခြေအနေ ရောက်အောင် ဘုရင်ကြီး ဟာ ဆင်းရဲတဲ့ ဒေသ မှာ ဘာ
တွေ ထွက်သလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ။ ရှုခင်းလှ တဲ့ ဒေသ ကို ခရီးသွားဇုန်တွေ ဖန်တီးစေတယ်။
ဒေသခံ တွေ အသက်မွေးဝမ်းကြောင်း ခိုင်မာစေဖို့ ဘုရင်ကြီး နှစ်ရာနဲ့ချီ ခိုင်မာစေတဲ့ ဆေးရုံတွေ စာသင်ကျောင်းတွေ တက္ကသိုလ်တွေ၊ တည်ထောင် ပေးပြီး အခမဲ့ ပညာရေးတွေ၊ မူလတန်းကျောင်းသားတွေကို နွားနို့တွေ မုန့်တွေ စာအုပ်တွေ အပတ်စဉ် နေ့စဉ် ထောက်ပံ့ေစ တယ်။
နိုင်ငံရဲ့ နောင်မျိုးဆက် ထူးချွန်ထက်မြက်ဖို့ လက်ရှိ လူတွေ အပင်ပန်းခံ အနစ်နာခံ ပြုစု ပျိုးထောင်ကြဖို့လိုတယ်လို့ တဖွဖွ မှာတယ်။
ဘုရင့်ဆေးရုံ ၊ မိဖုရားဆေးရုံ ၊ သမီးတော်ဆေးရုံ စသဖြင့် ဘုရင်ကြီးဟာ သူတင်မကပဲ သူ့မိသားစုဝင်တွေ အမည်နဲ့ပါ ဆေးရုံ တွေ အနယ်နယ် အရပ်ရပ်မှာ ဆောက်လုပ်ပေးစေခဲ့တယ်။
၁၉၄၆ မှာ နန်းတက်ခဲ့တာ ၂၀၁၆ သူ့အသက် ၈၉ နှစ် မှာ ကံတော်ကုန်တယ်။
နန်းစံသက် နှစ် ၇၀ ကြာခဲ့တယ်။ ထိုင်း ချက္ကရီ မင်းဆက် တွေ ထဲမှာ နန်းစံသက်တမ်း အရှည်ကြာဆုံး မင်း ပါ။
မြန်မာနိုင်ငံဟာ ၁၉၄၈ မှာ လွတ်လပ်ရေး ရပါတယ်။ ပြောရရင် မတိမ်းမယိမ်းအခြေအနေတွေမှာ နှစ်ပေါင်း ၈၀ ကြာတဲ့အခါ အစစအရာရာ ကွာခြားသွားပါတော့တယ်။
ဒီလိုဖြစ်ခြင်းက ဘုရင် မို့ လို့ လို့ မဆိုင်ပါဘူး။
အမျော်အမြင်ကြီးခြင်း၊ ကမ္ဘာ့အမြင်ကို ထိရောက်အောင် အသုံးချနိုင်ခြင်း ၊ တိုင်းသူပြည်သားကို ရင်ဝယ် သားလို ချစ်မြတ်နိုးခြင်း က အဓိက ကျတယ် လို့ ဆိုရမယ်။
ဘုရင်ကြီးဟာ သူမသေခင် ၂၀၀၀ ခုနှစ် ကာလ ကတည်းက ထိုင်းနိုင်ငံမှာ ဘုရင့်လေတပ်ကနေ မိုးအတု ရွာသွန်းစေတဲ့ နည်းပညာ ကို အသုံးချပြီး မိုးခေါင်ဒေသတွေမှာ စိုက်ပျိုးရေ အားမနည်းဖို့ မိုးအတုတွေ ရွာစေတဲ့ နည်းကို စတင် ခဲ့တဲ့သူပါ။
ဒါကြောင့် ထိုင်းတွေဟာ ဘုရင် အစစ် တစ်ပါးရဲ့ လက်အောက်မှာ နေ့ချင်းညချင်း တိုးတက် လာတာ မျက်မြင် ဖြစ်လာတော့တာပါပဲ။
ဒါတောင်မှ သူ့ရဲ့ သက်တမ်း တလျောက်မှာ နိုင်ငံရေး အကွဲအပြဲ တွေ အကြိမ်များစွာ ဖြစ်ခဲ့တယ်။ အာဏာလုတာတွေ၊ အာဏာသိမ်းလိုက်တာတွေ၊ ကို သူလည်း ရင်ဆိုင်ခဲ့ရတယ်။ သွေးထွက်သံယို မှုတွေ လည်း ရှိခဲ့ဖူးတယ်။ သတိထားမိသလောက် ဘယ်သူပဲ တက်လာတက်လာ ဘုရင် ကိုတော့ မော်ဖူး ခဲ့ကြရတာ ချည်းပါပဲ။
နဖူးပြောင်ပြောင် မျက်မှန် တပ်လျက်၊ ကင်မရာ တစ်လုံး လည်မှာ ဆွဲ မြေပုံ စာရွက် ကိုင်ပြီး မတ်တပ် ရပ်နေလျက် ရှိသူဟာ ထိုင်းနိုင်ငံတော် ရဲ့ ကျေးဇူးရှင် ဘုရင် ဘူမိဘော အတုလရာဇ (ရာမ ၉) ပဲ ဖြစ်ပါတော့တယ်။
{ ထိုင်း နိုင်ငံတွင်း နေထိုင်သူများ က ဘုရင်စနစ်အပေါ် negative comments တွေ မရေးခြင်း အားဖြင့် သတိပြုစေချင်ပါတယ်။ ကောင်းတဲ့ အပိုင်းတွေ ရှိသလို ခေတ် စနစ် တွေ ရဲ့ အားပြိုင်မှု တွေ ရှိခဲ့ကြတာကိုလည်း ငြင်း လို့မရပါဘူး။
သူလည်း ခေတ် အပြောင်းအလဲ မှာ ဘုရင် အဖြစ် မွေးလာခဲ့ရလို့ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ပက်သက်ခဲ့ရပါလိမ့်မယ်။ ဒီ post ရဲ့ လိုရင်းက ဒါတွေ မဟုတ်လို့ အဲ့အပိုင်းတွေကို နောင် ကြုံကြိုက်မှ ထပ် ဖြည့်စွက်ပေးပါမယ်။ Victoria ဘုရင် မကြီး အကြောင်း ရိုက်ထားတဲ့ Crown Series ထဲကလိုပါပဲ။ နားလည်ပေးပါ။ }
ဖြည့်စွက်
ဘုရင်က လုပ်တာမဟုတ်ဘူး။ ဆိုင်ရာ အစိုးရက လုပ်ပေးတာ ဆိုသူတွေ နားလည်အောင် ပြောပြမယ်။
ဘုရင်က နှစ် ၇၀ သက်တမ်း အုပ်ချုပ်ခဲ့တာဆို အစိုးရ လွှတ်တော် ၁၂ ကြိမ် ထက်မနည်း သူ တွေ့ခဲ့ရပြီးပြီ။ တက်လာသမျှ လူတွေက သူတို့ ၅နှစ်တာကာလ လေးမှာ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ကတိပေး မဲဆွယ်ပြီး ပဲ တက်လာတာ၊ အာဏာ ရပြီးရင် လုပ်ပေးလား မလုပ်ဘူးလား၊ ဘသူမှ ဘာမှ မတတ်နိုင်ဘူး။ အဲ့တာတွေကို ဘုရင်က လွှတ်တော်ကို အမြဲ သတိပေးနေတာ တွေ ရှိတယ်။ လိုအပ်ရင် ဝန်ကြီးချုပ် နဲ့တွေ့ပြီး ဆွေးနွေး မှာပေါ့။ သူသာ နေတတ်ရင် ကမ်ပူးချားက ဘုရင် သီဟာနု ကိုပဲ ကြည့်။ အရုပ်ပဲ။ လူထု ပြံုးပြနှုတ်ဆက်ရုံ ထက် ပိုပြီး ဘာမှ မလုပ်ဘူး၊
Crd:စာပေပျို